သဂျီးနောက်ကနေ ဘယ်သူထိုး who?

ပိတ်သက်ကျီးတို့ရေ.. (ဒေါ်မာမာအေး လေသံဖြင့်ဖတ်) ဧရာဝတီမဂ္ဂဇင်း အင်တာဗျူးမှာ စာရင်းစစ်ချုပ်ဟောင်း ဗိုလ်ချုပ်လွန်းမောင်က သူ့နောက်ကျော ဓါးနဲ့ထိုးသွားသူဟာ လွှတ်တော်အုတ်ကထ သူရဦးရွှေမန်းဖြစ်ကြောင်း ပြောလိုက်ပြီးနောက် ဂေဇက်ရွာသဂျီး အယာတိုလာ မာမွတ်ခိုမ်ကို နောက်ကနေ ထိုးသွားသူ ဘယ်သူဖြစ်မလဲ ဖြေကြည့်ဂျပါအုံး…. ခရက်ဒစ်တူ http://burma.irrawaddy.org/archives/40167

 

 

 

 

 

 

အမေးဆိုပေမဲ့ ဂျွတ်တက်နေတဲ့ သဂျီးနှစ်လုံးပြူး အနာ္တရာယ်ကြောက်ပြီး မဖြေရဲမှန်း သိနေလို့ ကိုယ်ပဲမေး ကိုယ်ပဲဖြေပေးလိုက်ပါတယ်ကွယ် .. သွပ် သွပ်…

 

 

 

 

 

 

 

အဖြေမှန်က အများထင်နေသလို မိုက်ကယ်ဂျော်လကီအောင်ပု ဟုတ်ရှာပါဘူး၊ (ဒင်းလည်း အထိုးခံရသူပါပဲ) .. ဒါဆို ဘယ်သူဖြစ်မဲ.. နှုတ်တရာ စာတလုံး၊ စာလုံးတထောင် ပုံတပုံ စာချိုးရှိတဲ့အတိုင်း… ဟောသည့်ဓာ့ပုံလေး ကြည့်ဆုံးဖြတ်ကြပါ…. ကွယ်ရို့…. :harr:

ရဲကား ဆွဲစား ပဲများ သဲယား
ရဲကား ဆွဲစား ပဲများ သဲယား

10 comments

  • မင်းမင်း

    May 22, 2013 at 9:23 am

    သဂျီးနောက်ကအထိုးခံရတာဆိုတော့ ဟီးးးးး
    ကောင်းလားးးးးးးဟင် ! !

    ဒါအတော်ခံရခတ်တဲ့လုပ်ရပ်ပဲ။
    သဂျီးတကယ်ခံရတာလားးးးးး

  • TNA

    May 22, 2013 at 11:42 am

    သဂျီးကိုယ့်ဖာသာကိုယ်မှန်နှစ်ချပ်ကြည့်ပြီး ( ရှေ့တချပ်နောက်တချပ် ) ကိုယ့်နောက်ကို ကိုယ့်ဖာသာကိုယ် ကိုယ့်ကျောကိုပြန်ထိုးပါကြောင်း။

  • awra-cho

    May 22, 2013 at 1:40 pm

    ဥရွှေမမ်းက အဲ့ထမင်းဆိုင် ဘယ်တော့မှ စားတော့ဘူးတဲ့ဂျ။ အကြွေးမရောင်းလို့ တဲ့၊

  • ဆူး

    May 22, 2013 at 2:51 pm

    အနောက်က ဆိုတော့ အလျှော်တော့ ရမှာပေါ့.. (ကားးးးးးးးးး ဆိုရင်ပြောပါတယ်)
    အာမခံ ကုန်ပါပီ နဲ့ ညှိပြီးရောပေါ့..

  • Wow

    May 22, 2013 at 3:24 pm

    အော်.. မီးထိုးမှန်ထိုးခံရဒါဂိုး.. တော်သေးတာပေါ့.. :mrgreen:

  • Mr. MarGa

    May 22, 2013 at 5:31 pm

    နောက်ကနေတောင် အထိုးခံရတယ်ဆိုတော့
    သဂျီး အမှုတစ်ခုခု လုပ်ထားတဲ့ပုံ
    အာမခံမှ လောက်ပါ့မလားမသိ :kwi:

  • အရီးခင်လတ်

    May 22, 2013 at 8:03 pm

    WELL …. WELL …. WELL …
    Here he is …..

    ——————————————-
    North Korean leader Kim Jong-un has sent a special envoy to Beijing, state media has announced, amid cooling relations between the two neighbours.

    http://www.bbc.co.uk/news/world-asia-22620600

  • Ma Ma

    May 23, 2013 at 7:25 am

    ဒေါက်တာဆိတ်ဖွားတောင် ကိုယ့်ကိုယ်ကို ဝန်ခံသွားပြီး။
    အတွေးမမှားနဲ့ မောင်ကြောင်ကြီး ဝန်ခံလိုက်တော့ :harr:

  • kyaw hteik

    May 26, 2013 at 8:05 pm

    သဂျီးကို​နောက်​က ရဲကိုကို မှဒုတ်​မီးဖြင်​့ထိုးတာပါ။သဂျီး​ဟာ​နောက်​မီးလင်​း​နေလို့ပါ။​အော်​တမျိုးမထင်​ပါန​ဲ့။
    သဂျီးရဲ့ လင်​ဆာကားပါ။စိတ်​မဆိုး​နော်​ ခန္တီးပါရမီ ရှိတဲ့သူမို့စတာပါ။

Leave a Reply