သြော် ဒီနေ့ မေလ ၂၂ ရက်နေ့ဆိုတော့ ရွာထဲရောက်တာ ၄ လကြာခဲ့ပြီပဲ ၊

ဒီဂဇက်က စာတွေ ၊ ဓါတ်ပုံတွေကို ဖတ်ခဲ့ မြင်ခဲ့တာ ၂၀၁၂ ကတည်းကပါ ၊

အထူးသဖြင့် ကိုပေါက် ၊ M လုလင်၊ ဆရာအုပ် တို့ရဲ့ပုံတွေကိုသဘောကျခဲ့ပါတယ်၊

ငါလည်း စိတ်ကူးပေါက်တာလေးတွေ ရင်ထဲရှိတာလေးတွေ ဝင်ရေးလို့ ရတာပဲဆိုပြီး

ရွာသားဘဝခံယူမိတာ ၂၀၁၃ ဇန်နဝါရီ ၂၂ ရက်နေ့ပါ ၊

၎ လ တဲ့ ၊

ဒါပေမယ့် စိတ်ထဲမှာ ၄ ဘဝ ကြာပြီလို့ ထင်ရလောက်အောင်ပါပဲ ၊

ရွာသူ ရွာသားတွေနဲ့ ပြောဆိုဆက်ဆံရတာတွေဟာ သိပ်ကို ရင်းနှီး နွေးထွေးလွန်းလို့ပါ ၊

ဒီရွာထဲမှာ လူချင်း စတွေ့ဖူးတာ ကိုပေါက်ပါ ၊ ရန်ကုန်ပြန်ခါနီး ကျွဲဆည်ကန်ကားဂိတ်ကို

မအားလှတဲ့ကြားက မရောက်ရောက်အောင်လာတွေ့ခဲ့ပါတယ် ၊ ကျေးဇူးပါ ကိုပေါက်ရေ ၊

ဒုတိယမြောက် လူချင်းတွေ့ဖို့ အကြောင်းဖန်လာတာက ကိုကြီးမိုက်နဲ့ပါ ၊

အဲဒီမှာ ကိုရင်ရှုံး ( အခုတော့ မိန်းမရသွားလို့ ကိုရင်နိုင် ဖြစ်ပြီထင်ပါ့ ) ၊ ကိုဘလက်ချော ၊ ကိုကမ်းဝေး တို့နဲ့ ဆုံခဲ့ကြပါတယ် ၊

နောက် ပြည်သူ့ရင်ပြင်မှာ ဒါဇင်ပလက်စ်ပွဲလုပ်မယ်ဆိုတော့ သားကိုခေါ်ပြီး သွားခဲ့ပါတယ် ၊

ကိုအမတ်မင်းတို့ မရောက်သေးခင် ဆိုင်တစ်ခုမှာ ထိုင်နေတုန်း ဖုန်း ဝင်လာပြီး ဟဲလို ကိုမျိုးသန့်လား ၊ ကျနော် ကိုပီချိုကြီးပါ ၊ ဘယ်နားမှာလဲဗျ တဲ့ ၊

ဒီ အကျယ်ကြီးထဲမှာ မမြင်ဘူးသေးတဲ့ လူ ၂ ယောက်ဟာ ဖုန်း အခါခါသုံးကြရပါတယ် ၊

သူက ဘာဝတ်ထားတယ် ကိုယ်ကတော့ ဘုန်းကြီးလူထွက်မို့ ကတုံးဗျို့  အဲသလိုနဲ့ ခန့်ချောကြီး ကိုပီချို နဲ့ ဆုံခဲ့ရပါတယ် ၊

သူက အချိန်သိပ်မရသူမို့ ခဏနေပြီး ပြန်သွားပါတယ် ၊ အဲဒီနောက်မှာမှ ကိုအမတ်တို့ အဖွဲ့နဲ့ တွေ့ဖြစ်ခဲ့တာပါ ၊

အဲ  နောက်တစ်ခါ ကိုထွန်းဝင်းလတ်ရဲ့ အလှုခံ ဖလားကြီး ကိစ္စပေါ်လာတော့ ကိုအမတ် ၊ မရွှေအိတို့နဲ့ ထပ်ဆုံဖို့ ဖြစ်ပြန်ရော ၊

အဲဒီနေ့မှာ ကျနော့်ဆီ လာဖြစ် မလာဖြစ် ဖုန်းနဲ့ လှမ်းမေးသူက ကောင်းကင်ပြာပါ ၊ ကျနော်က နောက်ကျနေလို့ သူနဲ့တော့ မတွေ့ဖြစ်ခဲ့ပါဘူး ၊

ဂဇက်မှာ ဖေ့စ်ဘုတ်မှာ သိပ်ကို ရင်းနှီးနေပြီ ဖြစ်ပေမယ့် အပြင်မှာ မဆုံဘူးသေးသူတွေကိုလည်း တွေ့ချင်လှပါတယ် ၊

ကျနော့်ကို သူသိနေပေမယ့် သူ့ကိုကျနော် မသိရသေးတဲ့ ဟို အံစာတုံး ကိုလည်း တွေ့ချင်လှပါရဲ့ ၊

တွေ့လို့ကတော့ ၆ မျက်နှာကနေ ၈ မျက်နှာဖြစ်အောင် လုပ်ပစ်ဦးမယ်ဗျာ ၊

 

1a

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..