ကိုခင်ခနဲ့ ရွာသူား အပေါင်းတို့ရေ…
ဒေဝေါအကြောင်း ကျနော် သိသလောက်ကတော့….ဂလိုဗျ…

 

ကိုခင်ခပြောခဲ့တဲ့

စာအုပ်တစ်ခုကို ထုတ်ဝေလိုက်တယ် အဲဒီစာအုပ်ကို တတ်နိုင်တဲ့သူက ၀ယ်ဖတ်တယ်၊ မတတ်နိုင်တဲ့သူက ဌားဖတ်ကြတယ်။ အဲဒီမှာ တစ်ခုရှိတာ ၀ယ်လိုက်တဲ့သူက အဲဒီစာအုပ်ကို သတ်မှတ်တန်ရာ တန်ကြေး ပေးပြီးဝယ်လိုက်တာမို့ သူအနေနဲ့ အဲဒီစာအုပ်ကို ပြန်လည်ဝေဌ လိုက်ဖတ်စေတယ်။ ဒီလို ဖြန့်ဝေတာမျိုးက(အခကြေးငွေမယူဘူးနော်) မူပိုင်ခွင့်ချိုးဖောက် သူလို့ ပြောလို့ရလား။ မရဘူးနော် သူက စာအုပ်ရဲ့ တန်ရာတန်ကြေးကို ပေးခဲ့ပြီးသားပါ။ အဲ အခကြေးငွေယူပြီး ဖြန့်ဝေခြင်း စီးပွားရှာခြင်းမှသာ မူပိုင်ဆိုတာနဲ့ ညှိမယ်ထင်ပါ၏။

ငွေကြေး ပါသလား မပါသလား ဘက်ကပြောပါ့မယ်..
ဆိုပါစို့ ….နာမည်ကြီး စာရေးဆြာ ၂ယောက် စာ ၂အုပ်ထွက်တယ် ..
ဥပမာ ကိုခင်ခ နဲ့ ကျနော်တို့ အိမ်နီးချင်း၂ယောက် ၁ယောက် ၁အုပ်စီ ၀ယ်ဖတ်ပြီး
တယောက်မ၀ယ်တဲ့ ၁အုပ် ကို ဖလှယ်ပြီး ဖတ်တယ်…
အဲ့သည့်လောက်ထိ အိုကေ ဗျာ…(မငြိဘူး ငြိတယ် ခန ထား .. သန်း-၅၀ ကို ရည်စူးပြီးရောင်းတဲ့စာမို့ ၁ယောက်၂ယောက်လောက်
မရောင်းရတာ ထူးပြီး ထိခိုက်နစ်နာသွားတယ် ပြောပလောက်အောင် ဖြစ်သွားတယ် မဟုတ်ဘူး လို့ ဆိုလိုပါတယ်.)
ဆက်ပြောရရင် ကျနော်တို့ ဗျာ .. အနှီစာအုပ်ကို ဒါက ကလေးသူငယ်တွေအတွက် အကျိုးများတဲ့ စာတွေ
ဖတ်သင့်တယ် အိမ်တိုင်း ရှိသင့်တယ်ဆိုပြီး ကိုယ့်ပိုက်ပိုက်နဲ့ကိုယ် စာအုပ်ကိုမိတ္တူပွားပြီး ရပ်ကွက်ကို ဝေတယ် …. အိမ်နားကကျောင်းမှာဖြန့်တယ်
ဆိုရင်တော့ အတိုင်းအတာတခုထိ ရှော့ခ် ရှိလာပြီ ဖြစ်ပါတယ်။ (လူ ဆယ်ဂဏန်း-ရာဂဏန်းကနေ ထောင်ဂဏန်းလောက်ထိ impact ဖြစ်ပြီကိုး)
အွန်လိုင်းကနေ ရှဲပြီဆိုရင်တော့ ပိုဆိုးသပေါ့ဗျာ ..ပိုကျယ်ပြန့်နိုင်တာကိုး …။ ကိုယ်က ရောင်းစားတာမဟုတ်ဘူး မေတ္တာနဲ့ ဖြန့်တာပါလို့
ပြောလည်း တဖက်မှာ မူရင်း ရေးသူ စာအုပ်ရောင်းအားကို သွယ်ဝိုက်သောအားဖြင့် (သူထည့်တွက်မိနိုင်လောက်တဲ့ ပမာဏ) ထိခိုက်နေပြီကိုး
ဒီလောက်ဆို .. ပြန်ရောင်းစားတာမှမဟုတ် မေတ္တာနဲ့ ဖြန့်တာပါ (မူရင်းရေးသူနာမည်ထည့်သွင်းဖော်ပြထားလျက်) က
မူပိုင်ခွင့် အရ ဖောက်ဖျက်မိသလို ဖြစ်နေမယ်ဆိုတာ သိနိုင်ပါရဲ့….။
ဒီအထိက ကျနော်တို့ အိမ်နီးချင်း၂ယောက် စာအုပ်ဝယ်ဖတ် ပြန်ရှဲတဲ့အဆင့်လောက်ကတော့ အိုကေခင်ဗျ။ အဲ့သည့်ထက်ကျော်ရင်တော့ သိတဲ့အတိုင်း
ဒေဝေါဗျို့ ..။ ဒီစာအုပ်လေးမှာ ဒီစာရေးဆြာက ဒါလေးတွေ ရေးထားတာ စိတ်ဝင်စားဖို့ကောင်းပါတယ် ဆိုပြီး စာအုပ်မိတ်ဆက် ပုံစံ
ပရိုမိုးရှင်းပုံစံ လုပ်ရင်တော့ (မူရင်းစာရေးဆြာလည်း သဘောကျမယ်) ကင်းလွတ်တယ်ဗျ…။ နိုင်ငံတကာ စာနယ်ဇင်းတွေမှာ အသစ်ထွက်
ဝတ္ထု ၊ရုပ်ရှင်စတာ တွေကို ပရီဗျူးရေးသလိုပေါ့ဗျာ ..။အခမဲ့ရေးသလား ကော်လံစားပုံစံ ရေးသလား နဲ့တော့ နည်းနည်းဆိုင်မယ်ခည ..။
ဆက်ပြောရရင် မှီငြမ်းကိုးကား ဆိုတဲ့ စကား ကို ဆက်သွားကြတာပေါ့…။
ငယ်ငယ်ကရေးတဲ့ စာစီစာကုံး က စလို့ မငယ့်တငယ်က ရေးတဲ့ ရဲဇားစာ အလယ် အသက်ရလာမှ ရေးလာတဲ့ ယခု ပိုစ့်တွေအဆုံး
အကိုးအကား တွေ ယူသုံးကြပါတယ်ခည…။ ဆိုပါစို့ ဗျာ စာ တပုဒ်မှာ မုဆိုးအကြောင်း သရုပ်ဖော်ဖို့ လိုလာချိန်
မုဆိုးလူပျက် ဖုတ်သဘက် လို့ စလေဦးပုညက ဖွဲ့ခဲ့သည့်အလား လို့ ဥပမာအလင်္ကာ နဲ့ သုံးရင် သုံးခွင့်ရှိပါတယ်။ သို့သော် ၀တ်လစ်စလစ်
လမ်းမကြီး လို့ ယူသုံးထားပြီး ကိုယ်ကပဲ အဲ့သည့်စာလုံးကို တီထွင်ခဲ့သယောင် အယောင်ဆောင်ရင်တော့ ဒါဟာ ငြိပြီဗျို့ ..။
ဒါဆိုရင် ဘာသာပြန်တွေကရော လို့ မေးစရာ ရှိတယ်..။ (ခုရက်ပိုင်းလည်း ခေတ်စားနေသကိုး …)။
ဘာသာပြန်ရင် ငြိပြီလား .. ဘာသာပြန်ဆိုရင် ခိုးကူးလား .. ??
မမေ့ဖို့က နိုင်ငံတိုင်းမှာ ဘာသာပြန်စာပေ ရှိပါတယ်…။
တိုးတက်တဲ့တိုင်းပြည်တွေမှာတော့ မူရင်းရေးသူကို ထိုက်သင့်တဲ့အခကြေးငွေပေးပြီးမှ
ဘာသာပြန်ဆိုလေ့ရှိပါရဲ့.. ဥပဒေရေးရာပိုင်း မပြည့်စုံသေးတဲ့ တိုင်းပြည်တွေမတော့ ဒီတိုင်းသာဘာသာပြန်ကြပါတယ်..။
သို့သော် အထက်က ဆွေးနွေးခဲ့တဲ့ စာ၂အုပ် ဟိုဘက်အိမ် သည်ဘက်အိမ် လဲဖတ်သလောက်
(ကမ္ဘာသုံး ဘာသာနဲ့ ထုတ်ထားတာ သန်း၇၀၀၀ ကို တားကတ်ထားလို့ အဲ့သည့်ထဲကမှ သန်း ၅၀မရှိတရှိကိုသာ ဖဲ့ယူသမို့)
မထောင်းသာလှ တဲ့ပမာဏမို့လို့ .. ထူးမခြားနားမို့ မပြောဘူး ဆိုတာလောက်ရယ်ပါ။
နောက်တချက်က သွယ်ဝိုက်ပြီးတော့ ထောက်ပံ့သယောင် ဖြစ်နေလို့လည်း မပြောတာပါပါတယ်။
မှန်တာ တော့ မမှန်ဘူး သို့သော် မူရင်းသမားက ပြဿနာမရှိဘူး ကျေနပ်တယ် ဆိုတဲ့သဘောဗျာ…။
ဥပမာဗျာ .. မြန်မာပြည်မယ် ဂျက်လန်ဒန် ဆိုတဲ့ နာမည် အတန်းပညာ ရှိသူတိုင်း ကြားဖူးနားဝရှိမယ် သိမယ် … ။ ဘိုလို မကြွယ်ဝရင်တောင်
ဂျက်လန်ဒန် စာတွေ ဘာသာပြန်တွေ ဖတ်ဖူးနားထောင်ဖူးနေကြတာကိုး …။ အဲ့ဒါ ဂျက်လန်ဒန်(ရှိမယ်ဆိုရင်တောင်)က သူ့စာတွေ ဘာသာပြန် ရေးတဲ့လူတွေ ကို
မင်းတို့ဆီက စာမူခ မရလို့ ဆိုပြီး ပြဿနာ မရှာဘူး ..။ သူ ရမယ့်စာမူခ နဲ့ သူ့နာမည် လူသန်း၎-၅၀ သိအောင် မ၀ယ်နိုင်ဘူး ဆိုတာ
သူသိတယ်လေ..။ ဒီသဘောပါပဲ ..။
ခနခန လူဦးရေပမာဏ နဲ့ % ပါတ်သတ်ပြီး ဆွဲဆွဲပြောနေရတာ ဂလိုပါဗျာ…။ ဆြာမင်းလူတခါရေးဖူးတယ်.. % တွေ ဟာ ကိန်းဂဏန်းကြီးလာ
လေလေ မယုံရလေလေပါပဲ တဲ့ ..။ (မှတ်မိသလောက် ပြန်ရေးရရင် )သူငယ်ချင်း တယောက်ကို မင်းမှာ ၁၀၀ ရှိရင် ၅ကျပ်ဖိုး ဆေးလိပ်ဝယ်တိုက်
မလားဆို တိုက်မယ် ပေါ့ဗျာ… ၁၀၀၀ ရှိလို့ ၅၀ ပေးမလား ဆိုလည်း မတွန့်တိုဘူးပေါ့ဗျာ ၁၀၀၀၀ ရှိလို့ ၅၀၀ ဆိုလည်း ..(အောင့်သက်သက်
နဲ့ဖြစ်စေ) ပေးမပေါ့ …။ ဟုတ်ကဲ့ သိန်း၁၀၀၀ ရှိလို့ သူငယ်ချင်းမင်းငါ့ကို သိန်း ၅၀ လာထား တော့ သွားပြောမရကောင်းသလို တဲ့ခည..။
ဆိုလိုချင်တာ ..လူသန်း-၇၀၀၀ အတွက်ထုတ်တဲ့ စာ ကို သန်း ၅၀ လောက် ရှိတဲ့တိုင်းပြည်မှာ မူပိုင်ခွင့်မပေးဘဲ (ပလိန်း) ဘာသာယူပြန်ပီး
ထုတ်ဝေတာ ..မူရင်းဆြာသမားက မျက်ကွယ်ပြုနိုင်ပေမယ့် … သန်း၁၀၀၀ နေတဲ့ တရုတ်ပြည်တို့ သန်း ၇-၈၀၀လောက်ရှိတဲ့ ကုလားပြည်တို့
ဆိုရင်တော့ သူပြောတော့မပေါ့ …။ ဒါဆို % ကိုလိုက်လို့ ပေါ်လစီ မတူဘူးလားမေးရင် ..ဟုတ်ပါတယ် ပေါ်လစီမတူပါဘူး …။
လူဦးရေ နဲ့ပတ်သတ်လို့ ဆက်ဆွဲရရင်တော့ ငွေယူသလား မယူသလား ဆိုတဲ့ကိစ္စ …နဲ့ရော ပရော်ဖက်ရှင်နယ် နဲ့ အမေချာ နဲ့ ရော
ဆက်စပ်မယ်ဗျ..။ကျနော်တို့ ဖဘပေါ်မှာ ပျမ်းမျှ သူငယ်ချင်း ၅၀၀-၁၀၀၀ လောက်ရှိတဲ့ လူတယောက် ရှဲတယ် မျှတယ် ဆိုတာနဲ့
၅၀၀၀-၁၀၀၀၀ လောက်ရှိတဲ့ယူဇာ ရှဲတာ မျှတာ မတူသလို (သာမန်အကောင့်တခုရဲ့ လစ်မစ်က ၅၀၀၀ ပါ ၁သောင်းလို့ ရေးထားတာက
မိတ်ဖွဲ့လာမယ့်လူ ၁သောင်းလောက်ထိ ရှိလာနိုင်သော်ငြား လစ်မစ် အရ ၅၀၀၀ နဲ့ ရပ်နေရတဲ့ (ဆီမီး)-ဆယ်လစ်ဗရစ်တီအဆင့်ပေါ့ဗျာ.)
၁သောင်းအထက် ရှိမယ်ဆိုရင်တော့ ဖန်ပေ့ခ်ျ လိုမျိုးသာ ဆောက်ဖို့ ရှိတော့သကိုး ….။သည်တော့ သည်လို အဆင့်-၃ဆင့်မှာ …
ဘယ်အဆင့်လောက်ထိ ကိုယ် ရှဲတဲ့စာရဲ့ မူပိုင်ရှင်က ခွင့်လွှတ်ထားမယ် မပြောဘဲနေမယ် ဆိုတာ ရှိပါတယ်။ သိသလောက် ပထမအဆင့်လောက်
တော့ မပြောတတ်ကြပါဘူး။
ဘာလို့လဲဆိုတော့ သာမန် ၅၀၀-၁၀၀၀ လောက်ဟာ (အမေချာ)အပျော်တမ်း သုံးစွဲသူဖြစ်နေပြီးတော့ ဖန်ပေ့ခ်ျလို ဟာများကတော့
(ပရို)ငွေကြေး ၀ါ အကျိုးအမြတ်တစုံတရာအတွက် ဒီစာတွေကို အသုံးချသလိုဖြစ်နေတာကိုး .
နိုင်ငံခြား ရုပ်ရှင် ကိုကော်ပီလုပ်ရင် နိုင်ငံခြား ဂီတကို ကော်ပီလုပ်ရင် ဝေဖန်တာကဲ့ရဲ့တာ ခနခနကြုံဖူးကြားဖူး (ကိုယ်တိုင်လည်း)
ရှိပေမယ့် ကျုပ်တော့ တခါမှ ဘာသာပြန်စာပေ ကို မီးဒုတ်ရှို့တာ မမြင်ဖူးဘူးဗျ.. .(ဒီရွာထဲရောက်မှ မြင်ဖူးတာ)
ဒီနေရာမှာ ဂီတ ဘက်က ဆြာ စိုင်းခမ်းလိတ် ပြောဖူးတာ တခု ယူသုံးပါရစေ(ဘယ်ထဲက လဲတော့မမှတ်မိတော့ပါ)
ဂီတ ကို ကော်ပီလုပ်တဲ့အကြောင်းနဲ့ ပါတ်သတ်ပြီး ဆွေးနွေးထားတာတခု ဖတ်ဖူးတာပါ…။ကော်ပီ ဂီတ ကို လက်မခံပါဘူးတဲ့ ..။
ဘာသာပြန် ဆိုရင်တော့ ပုံစံတမျိုး ဆိုပြီး (ဘာသာပြန်ဆိုတဲ့ စကားလုံးကို)တခုတ်တရ ထည့်သွင်း ဆွေးနွေးသွားတယ်။
နောက်ပိုင်းဆက်ပြောတာကတော့ .. ဂီတ မှာ အရောင်တွေရှိပါတယ်။ (စပီဗျို့ …မျက်စိကနေငါကြားတယ် တွေ လာတော့မယ်)
အရောင်တွေကို ဘယ်အရောင်ဆို ဘာအဓိပ္ပါယ် ကိန်းတယ် လူတွေ ဖွင့်ဆိုထားကြတယ်လေဗျာ..။ ဆိုပါတော့ သီချင်းတပုဒ်ဖန်တီးတယ်
ဖန်တီးသူက မူရင်းစာသားမှာ ညီအစ်ကိုချင်းကြားက ချစ်မေတ္တာကို ဖော်ပြမှာလား ..ရဲဇား မျှော်မှာလား စတာကိုလိုက်လို့..
ဒီနေရာမှာ လေမှုတ်တူရိယာ သုံးမယ် ဒီမှာတော့ ကြိုးတပ်တူရိယာသုံးမယ် စသည်ဖြင့် မူလဖန်တီးသူက စဉ်းစားဆုံးဖြတ်တယ်ခည….
ကောင်းပါပြီတဲ့ ဆိုလို မှာ အီလက်ထရစ်ဂီတာ သုံးတယ် ဘာအက်ဖက်သုံးမှာလဲ ..အက်ဖက်ကို ဘယ်လောက်ချိန်မှာလဲ. ..
ဂိန်း ဘယ်လောက်ထည့်မလဲ နွိုက်စ် ဘယ်လောက် သုံးမှာလဲ .. တီးမယ့်မယ်လိုဒီက ဘာစကေးလ်လဲ စသည်ဖြင့်ဗျာ ချိန်တယ်..
အရောင် သဘောနဲ့ ပြန်ရှင်းပါဆိုရင်တော့ ..အတ္တမာန ကိုပြ ဖို့ အနီရောင် သုံးမဟဲ့ ဆိုရင်တောင် ပန်းရောင်နားနီးတဲ့အနီလား နီဝါ၀ါ လား
ခိုသွေးလား.. နီညိုလား ကြက်သွေးလား ရွေးသလို ရွေးရတယ် ဆိုပါတော့ …အိုက်ဒီလိုချိန်ညှိထားတာတွေ ပေါင်းစပ်ပါဝင်တဲ့ သီချင်းတပုဒ်ကို
ကော်ပီ ယူဆိုတယ် (စာသားကတခြား)။ တလောက အတော်စိတ်ပိန်ရတဲ့ သီချင်းတပုဒ် နားထောင်ရရဲ့ဗျို့ …။
မူရင်းအဆိုတော်က အမျိုးသမီး ဖွဲ့ထားတဲ့အကြောင်းအရာက ရှင်ဟာကျမရဲ့ တဦးတည်းသောသူဖြစ်တယ် ရှင့်အိမ်ရှင်မဖြစ်ချင်တယ်
အိမ်ထောင့်တာဝန်ကို သူဘယ်လိုထမ်းဆောင်မယ် ဆိုတာမျိုးကို ဆွေးဆွေးမြေ့မြေ့ ဆိုထားတာ ..။ ကော်ပီလုပ်တဲ့ဆြာက အမျိုးသားအဆိုရှင်
ကိုဆိုစေတယ်.. အကြောင်းအရာက အမေဘွဲ့ … (တိန်-သေဟ..) အကြောင်းရာပိုင်းက ပိုမြင့်မြတ်မယ် ထင်ရပေမယ့် ….
မူလ သံစဉ် တေးသွား နဲ့ တီးခတ်ပုံ ကာလာဒွေက ဘယ်လိုမှ မအပ်စပ်တော့ဘူး … ။ မူရင်းနားမထောင်ဖူးရင် တော့ ဘယ်သိမတုန်းလို့
စောဒက တက်စရာရှိပေမယ့် အနည်းငယ် တီးမိခေါက်မိရင်ကို ကာလာတွေ မမှန်ဘူး ဆိုတာ သိနိုင်ပါရဲ့ဗျာ..။
ဟိုတေးရေးဆြာကြီးက ကော်ပီနဲ့ ပါတ်သတ်လို့ ဘာသာပြန် ဆိုရင်တော့ တမျိုးပေါ့ဗျာ ဆိုခဲ့တာ ဒီလိုကိစ္စ တွေကို (ဥပမာမတူ)ဆွေးနွေးသွားခဲ့တာပါ။ ဒီလောက်ဆိုရင် ဘာသာပြန် ဆိုတဲ့အရာမှာ ဘယ်လို သတ္တိကိန်း တယ် ဆိုတာ သိပါလိမ့်မယ်..
အရောင် ကိစ္စပါဗျာ…။ မူရင်းရေးသူက ဆိုလိုချင်တာ သိစေချင်တာကို သိအောင် (မူလတန်ဖိုး နဲ့ မတူညီရင်တောင်) ရေးနိုင်မယ်ဆိုရင် ဒါရိုက်ရှင်တူရင်
ဘာသာပြန်ဟာ လက်ခံရမယ့် အရာတခုဖြစ်ရဲ့ဗျို့ (ဘာသာပြန်ကို ကော်ပီလို့ ပြောနေသူတွေ အသေအချာ ဖတ်ပါနော)

ဘာသာပြန် ကိစ္စ အချုပ်ပြောရရင် ကျုပ်တို့ တိုင်းပြည်မယ် ဘာသာမပြန်ရသေးတာ (အခြေခံလူတန်းစား) မဖတ်ရသေးတာတွေ
များလွန်းလို့ ဒုက္ခရောက်နေတာလား ဘာသာပြန်စာပေ နှိပ်စက် လို့ နလံမထူတာလား ချိန်ဆ ပေါ့ဗျာ …။
ကြုံလို့ ပြောပါဦးမယ် ဆြာမပြုံးရဲ့ ၁၉၈၄ ကို ဘာသာပြန် အနေနဲ့ ဖတ်ခဲ့ရလို့ ကျေးဇူးတင်သဗျို့ ..။တစုံတယောက်က
မူရင်းစာအုပ် အိမ်ပေါ် အလကားပို့ပေးမယ် ဆိုရင်တော့ နှစ်ပေါက်အောင် မနဲ ဖတ်ရင်း ရူးမလား သေမလားပဲ ..။
ဂလောက်မြင့်တဲ့စာကို မိခင်ဘာသာစကားမဟုတ်တာနဲ့ ဖတ်တာကိုးး။
သည်တော့ မူပိုင်ခွင့်လာရင် မူလပိုင်ရှင်ကို ထိုက်သင့်တာပေးပြီး ပြန်မယ်
မူပိုင်ခွင့်မလာသေးခင် ဒီတိုင်းရေးမယ်ပြဿနာမရှိသေး လို့ ပဲ အကြမ်းဖြင်း ပြောနိုင်ရဲ့ (၇၀၀၀ Vs ၅၀ ကိစ္စ အောက်မှာ ဆက်လာပါ့မယ်)
ကုန်ကုန်ပြောကြေးဆို ဘုရားဟောသမျှက ပါဠိကနေ အနက်ပြန်ထားတာတွေ ကိုး ..။

ဒါက ဒုတိယပိုင်း ပါ .. နည်းနည်း Nationalism ဘက် ရောက်မယ်ဗျို့ …
ကြောင်ဝတုတ်က တော့ ဂလို ဆိုထားလေရဲ့

လောလောဆယ် နိုင်ငံတကာကော်ပီရိုက်ကို အကန့်ကိုခဏလေးထားပြီး
နိုင်ငံတွင်းကိစ္စလေးကို အရင်စဉ်းစားကြည့်ရအောင်လားဗျာ…
မြန်မာနိုင်ငံက စာရေးဆရာတွေ… Best Seller ဖြစ်တဲ့စာရေးဆရာတွေ…
လုံလောက်အောင်ဝင်ငွေရပြီလား….
လုံလောက်အောင်ဆိုတဲ့နေရာမှာ စာရေးလို့ရတဲ့ဝင်ငွေဟာ ၀မ်းစာမပူရအောင် ရေးချင်တဲ့စာပဲကုန်းရေးလို့ရအောင် လုံလောက်တဲ့ဝင်ငွေဖြစ်ပြီလား…

ကျနော် အထက်မှာ နှစ်သက်ပါတယ် ဆိုတဲ့ ဘာသာပြန်စာပေ တခုဖြစ်တဲ့ ၁၉၈၄ ပေါ့ဗျာ … ။ ဟိုဘက်အိမ်သည်ဘက်အိမ် စာအုပ်လဲဖတ်တာက
ပြဿနာမဟုတ်ပေမယ့် အဲ့ဒါကို စကင်ဆွဲပြီး အွန်လိုင်းတင်တာတော့ ပြဿနာ ခည..။ဆိုလိုသည်မှာ မူရင်းဆြာကြီး ဂျော့ခ်ျအိုဝဲ ရဲ့1984 ကိုရှဲတာ
ထက် ဘာသာပြန်ထားတဲ့ ၁၉၈၄ ကို ရှဲတာ ပိုရက်စက်တဲ့ လုပ်ရပ် ပေါ့ဗျာ …။ ၂ခုစလုံးဟာ ကော်ပီရိုက်ကို ဖောက်ဖျက်တာချင်းအတူတူ
အပေါ်က ကြောင်ဝတုတ် ကောမန့်ကို ဖတ်ရင် ပိုသိသာပါတယ် Nationalism ကိစ္စ ..။ အမျိုးသားစီးပွား ကိစ္စပေါ့…။

ချိုးဖောက်တာချင်းအတူတူ သန်း-၇၀၀၀ ကိုတားဂတ်ထား ရောင်းနေသူတွေကို (သန်း၅၀ဆိုတာမပြောပလောက်လို့)
မျက်နှာမထောက်ရင်တောင် သန်း-၅၀ လေးကိုပဲ တားဂတ်ထားရောင်းနေရသူတွေ (ကိုယ့်နိုင်ငံသားအချင်းချင်း) မျက်နှာ
ထောက်သင့်ပါရဲ့ဗျို့..
ဒီအပြောက ကော်ပီကို အားပေးသယောင် ကော်ပီ လုပ်တာ ဘာဖြစ်လဲ မပြောပဘူး လုပ်ချင်လုပ် ဆိုတာကိုထောက်ခံသယောင် ရှိမယ်ဆိုရင်
ဒီစာစုရဲ့ ပထမပိုင်းကို ပြန်ဖတ် စေလိုပါတယ်..ဘာသာပြန် နဲ့ ကော်ပီ ကွာတာတွေ ကိုပါ..။

သည်တော့ ထပ်ပြီး သတ္တုချကြည့်ရင် ကော်ပီ လုပ်လို့ ရသေးလို့ လုပ်နေတယ် လုပ်ချင်လုပ် မတားပါဘူး သို့သော် ..
အပေါ်က အရောင်တွေ ကွာတာ သိတဲ့လူတွေကတော့ အားပေးမှာမဟုတ်ဘူး ။ ဒုတိယတချက် ကော်ပီပဲဖြစ်စေ မူရင်းပဲဖြစ်စေ
ကိုယ့်အမျိုးသားချင်း စီးပွားထိခိုက်မယ့် အလုပ်ကို ကိုယ် မလုပ်ဖို့ လိုပါသေးတယ်။

တခါကကြုံဖူးတာလေးပါ။ ယနေ့ခေတ် ထိပ်တန်း ရောက်နေတဲ့ အဆိုတော်တယောက် ရှေးက အဆိုတော်ကြီးတယောက်ရဲ့
သီချင်း ပြန်ဆိုတယ်။ ယနေ့ခေတ် ကာလသားသမီးတွေ ကြွေတာပေါ့ ..။ ကြိုက်တာပေါ့ …။ ကောင်းလိုက်တာ ကောင်းလိုက်တာနဲ့
နေရာတကာမှာ ကြားရတာပေါ့…။ အဲ့ .. .ဒီထိအဟုတ်။ ခေတ်ဟောင်းကိုဖြတ်သန်းလာသူ လူကြီးတွေကတော့ မြင်ပြင်းကပ်သပေါ့လေ
(ကပ်ခွင့်ရှိပါတယ်) နင်တို့အကောင်က ဘာကောင်းလို့တုန်း သူများဟာယူဆိုတာ ..ငဒို့ ခေတ်ကမူရင်းအဆိုတော်ကြီးကမှ
ပိုတော်တာ ဖန်တီးနိုင်တာ အောက်သက်ကျေတာ ..မယုံရင် ယှဉ်နားထောင်ကြည့်ပါလား စသည်ဖြင့်ပြောတယ် ဆိုတယ်ပေါ့ဗျာ။(ဒီထိလည်း
ကိုယ်ထင်တာကိုယ်ပြောခွင့် ရှိသေးတယ်ဗျ) အဲ.. အဲ့သည့်အဆင့်မှာမရပ်ဘဲ …ရော့ကွာ ဆိုပြီး မူရင်းအဆိုတော် ကြီး ရဲ့ အခွေကို ရှာဖွေပြီး တခုတ်တရ
တင်ပြီ ရှဲပြီ ဟေ့ ဆိုရင်တော့ မူပိုင်ခွင့်အရ ထိခိုက်စေမှု ဖြစ်လာပါပြီ။ မူရင်းအဆိုတော် တပြားမှ မရတဲ့အပြင် ခေတ်ပေါ်အဆိုတော် အခွေပါ
မရောင်းရမယ့် အနေအထား ဖြစ်လာနိုင်လို့ပါပဲ။

အထက်ကပြောတဲ့ (သန်း၅၀)အတွင်းက ကိစ္စ ဖြစ်နေလို့ပါပဲ။
နောက်ထပ်တချက် အဆိုပါသီချင်းက မူလကတည်းက ကော်ပီ ဖြစ်နေတယ် ဆိုပါစို့ ….။
ကော်ပီ ကိစ္စ ဆန်းဆန်းတင့်ဖြစ်တဲ့ နေရာ(တိုင်းပြည်မှာ) မူရင်းပိုင်ရှင် ရှိနေတဲ့ နေရာ တွေမှာ သွားတင်ထားရင် သွားတင်ရင် ပြဿနာများနိုင်တဲ့ အကြောင်းပါ။

မသဲနုအေး ပြောခဲ့တဲ့ ဟောသည့်စကား ကို ပြန်လည် ကိုးကားရရင်
အဲတော့ မူပိုင်ခွင့်ဆိုတာကတော့ ဒီနိုင်ငံမှာ အခုမှစလုံရေစတုန်းမို့ တော်တော်တော့လုပ်ယူရအုံးမယ်ထင် ပါတယ်။ မိုက်ကယ်လန်းကြီးတောင် သူ့သီချင်းတွေပြန်ဆိုတာဂုဏ်ယူပါတယ်လို့ ပြောသွားတာမို့ ဒီနိုင်ငံဟာ သနားစရာကောင်းနေတဲ့နိုင်ငံအဖြစ်မြင်နေကြဆဲပဲဆိုတာကို စိတ်မကောင်းဖြစ်ရမှာလား ဂုဏ်ယူရမှာလား

ဟဲဟဲ … ဒီလူကြီးက အလိမ်မာနဲ့ အချိုသတ်သွားတာခည.. ပြောရရင် သည်ဘဲတွေက ကမ္ဘာတန်း ထိပ်တန်းအဆင့် မဟုတ်ဘူး
(သူတို့ကို စော်ကားတာ မဟုတ်ဘူးနော အမှန်ကိုပြောပြချင်လို့)
သူတို့တွေက ဒိန်းမတ်တွေပါ… ဒန်းနစ်စ် လိုမဆိုဘဲ အလွန်ရှင်းလင်းလွယ်ကူတဲ့ အင်္ဂလိပ်စာနဲ့ ရေးပါဆိုပါတယ်
ဆိုတော့ အာရှက အင်္ဂလိပ်စာ လေ့လာသင်ယူသူတဲ့ တိုင်းပြည်တွေမှာ ပေါက်ပါတယ်။ (သန်းချီရောင်းရတာ ဟုတ်ပါတယ်
သို့သော် အာရှ အထူးသဖြင့် အရှေ့အာရှဈေးကွက်မှာပါ) ။ ယူရိုပီယံတွေမို့ ကျုပ်တို့ အေးရှန်းတွေထက် အင်္ဂလိပ်လို ဆိုတာ တပုံကြီး ပီတာကိုးဗျ.။
ဥပဒေရေးရာအရလည်း မူပိုင်ခွင့်က အားမကောင်းတဲ့တိုင်းပြည်ဖြစ်တာလည်း သိနေ … သူဘယ်သူဘယ်ဝါဆိုတာကို ကော်ပီဆြာတွေက
ကြော်ငြာပေးထားသလို ဖြစ်နေတာလည်း သိနေ (အထက်က ဆိုခဲ့သလို မူပိုင်ခွင့် နဲ့ ဆွဲလို့ရစေဦး သူရမယ့် ငွေကြေးနဲ့ သန်း-၅၀ ကသူ့ကို
သိအောင် ၀ယ်လို့မရဘူး ဆိုတာ သိနေလေတော့) မချိသွားဖြဲ ဂလိုလေး ပြောရတာပေါ့ဗျာ..။ငွေအမောင့် က သူ့အနေနဲ့ သိပ်မရနိုင်ဘူး ပြောတာ မြန်မာလို ဆိုထားလို့ပါ။
ဘိုလို ဆိုရင်တော့ သန်း၇၀၀၀ တားဂတ်ထားသလို ဖြစ်သွားလို့ ကွိုင် ခပ်ထွားထွားတက်မပေါ့ဗျာ ဟိုတလောက ရုပ်ရှင်ထဲယူသုံးတဲ့အသံတွေနဲ့
ပတ်သတ်လို့ ၀ယ်တယ်ခြမ်းတယ် ဟဲ့ ဈေးချိုသတော့ ဆိုတာမျိုးတောင် ကြားဖူးပါတယ်။ (သူတို့က အပိုဝင်ငွေရတာလေဗျာ…သူတို့ဘယ်သူ
ဆိုတာကို ကြော်ငြာပေးတဲ့အပြင် ပိုက်ဆံတောင် ပြန်ပေးနေသေးတာ..) သည်တော့ မူပိုင်ခွင့် ရှိလာပြီ ဆိုရင်တောင် ၀ယ်ဆိုတဲ့ ဟာတွေ ရှိလာဦးမှာပါပဲ..။

အဲ့သည်မှာ exclusive ဆိုတဲ့ စကားလုံး ကို ခပ်ကျယ်ကျယ်ကြားရမယ်ခည..ခုတောင် အခပေးရုပ်သံလိုင်းတွေမှာကြားနေရပြီ
ဘာတဲ့ ..မြန်မာပြည် တဦးတည်းကိုယ်စားလှယ် ဆိုပြီး …အဟိ.. မြင်ယောင်သေးတယ်.. ကော်ပီ (နိုင်ငံတကာမှာတော့ Cover လို့ခေါ်)
သမားအချင်းချင်းတောင် ငါက၀ယ်ဆိုတာ သူက ခိုးဆိုတာ ဆိုပြီး ။ မူရင်းသမားကတော့ ရီနေမလားမသိ ။ အဲ … ဒါမှမဟုတ်လည်း
ရောင်းစဉ်ကတည်းက ဘာသာပြန်ပဲ ခွင့်ပြုမယ် တို့ စာသားရေးချင်ရာရေး ခွင့်မပြုဘူးတို့ …။တီးတဲ့ ကီးရော မယ်လိုဒီပါ သူ့သီချင်း နဲ့ ထပ်တူညီရမယ်
တို့ ကွန်ဒစ်ရှင်တွေနဲ့ ပြဿနာတွေ ရှာမလား မသိဘူး…။သို့တည်းမဟုတ်လည်း ကာရာအိုကေ ထုတ်ပေးလိုက်မပေါ့လေ…ကောင်းလေစွ..

ပြောလို့ပြောတာမဟုတ်ပါဘူး ..ကမ္ဘာပါတ်ရှာရင်တောင် ရှာမှရှားတဲ့ ပါရမီရှင်တွေ လုပ်ထားတဲ့အရာတွေကို
သန်း-၅၀ထဲက လူတွေကပြန်လုပ်တာမို့ … ကီးလေးလျှော့ပါဟ ဟိုအလုံးလေး ဖြုတ်ပါဟ တွေက ရှိတာကိုး…။

အထက်ကဆိုခဲ့တဲ့ .. ကိုယ့်တိုင်းပြည်သားအချင်းချင်းဟဲ့ ဆိုတဲ့ စိတ်ဓါတ်နဲ့ ပြန်ကြည့်လိုက်တော့
ရိုးလင်းစတုန်း ကို ရှဲချင်ရှဲပါဗျာ .. ရိုးလင်းစတုန်း ကာဗာ ဆိုတဲ့ (၀ယ်ဆိုဆို ခိုးဆိုဆို) ကိုယ့်နိုင်ငံသားအချင်းချင်းတော့
ချမ်းသာပေးကြပါ…။

သူတို့ ၀ယ်ဆိုလို့ရတဲ့ခေတ်မှာ ဆက်ခိုးနေသေးရင် အနှီအနုပညာသမား အတု ကို ကျုပ်တို့ ၀ိုင်းဆဲကြတာပေါ့…
ထိုနည်းတူစွာ သူတို့ ရဲ့ ရပိုင်ခွင့် ရသင့်သလောက်ရဖို့လည်း ကျုပ်တို့ ကိုယ်စီ တာဝန်ရှိသပေါ့…

အပေါ်က မသဲနုအေးပဲ ပြောခဲ့တဲ့ ဟိုအဆိုတော်ကိစ္စ ကတော့ ကျနော် မကြားမိဘူးခည…
ဒါပေသိ ..ပရို-အမေချာ ကိစ္စ က သည်နေရာမှာ အတော်လေး စကားပြောသဗျ….။
မနေ့ကတောင် နောက်နေပါသေးရဲ့ … ကျုပ်ဗျာ ဟာမိုနီကာတလက်ဝယ်ပြီး ဘော့ဘ်ဒီလင်န် သီချင်းမှုတ်မယ်
ကျုပ်ဟာကျုပ် အိမ်မှာ ရေချိုးခန်းမှာ လမ်းဘေးမှာ မိတ်ဆွေတွေရှေ့မှာ မှုတ်ပြ ပြဿနာမရှိဘူး
မကျေနပ်လို့ ဘော့ဘ်ဒီလင်န် ကာဗာ ဆိုပြီး ယူတုမှာမတင် ကွိုင်မတက်ဘူး (အယောင်ဆောင်မှုမဟုတ်- ကာဗာမှန်းဖော်ပြထား)
ငွေကြေး ရရှိမှုမရှိ။ ထုတ်လုပ်ရောင်းချတာ မဟုတ်လို့ …။အဲတကယ်လို့သာ… အဲ့ဒါကို ထုတ်ရောင်းရင်တော့ ခိုးဝှက်တယ် ချိုးဖောက်တယ် ဖြစ်ပြီဗျို့ …။
တချို့-တချို့သော တိုင်းပြည်တွေမှာ လမ်းဘေး သီချင်းသည် (ဆီမီးပရို) တွေရှိသဗျ. ..။ သူတို့က သူတို့ပိုင်သီချင်းသူတို့ ဆိုတယ် တီးတယ်
သူတို့ အခွေလေးဘာလေးတွေလည်း ရောင်းတတ်သေး သဒ္ဒါကြေးလေးလည်း ယူတတ်သေးတယ်ဗျ…။ သူတို့က တခါတလေမှာ ..
သူတို့ဘယ်လို ဘယ်လောက် ဆိုတတ် တီးတတ်ကြောင်း ပြချင်တဲ့အခါမှာ နာမည်ကြီး သီချင်းတပုဒ်တလေကို တီးပြဆိုပြကြလေ့ရှိတယ်။
နာမည်ရ အဆိုတော်ကတော့ လမ်းဘေးအဆိုတော် ခွက်ထဲက အကြွေစိ ၀င်မနှိုက်ပါဘူးလေ..သူ့အတွက် မက်လောက်စရာ ပမာဏ ရဖို့ မရှိသလို
မခံမရပ်နိုင်လောက်စရာ ထိခိုက်မှုလည်း မရှိဘူးကိုးးး..
အဲ့… အထက်က အဆိုတော်ကိစ္စကတော့ ကိုယ့်သီချင်း မတောင်းဘဲယူဆိုပြီး နိုင်ငံကျော် ဖြစ်လာတယ် (အနာဂါတ် ပြိုင်ဘက် တောင် ဖြစ်လာနိုင်တဲ့
အနေအထားမို့…) ဒီလောက်အနေအထားမို့ …ပိုင်ရှင်ရှိတယ် ။ဝယ်ဆိုပါ့လား … အသုံးပြုခွင့် ပေးရမယ် ဆိုတာမျိုးဖြစ်လာတယ် ပေါ့ဗျာ..။
ဒါဟာ နာမည်ရ အဆိုတော်တွေတောင် သီချင်းဟောင်းတွေကို Tribute အနေနဲ့သော်လည်းကောင်း သူဘယ်လို ဘယ်လောက်ဆိုတတ်တယ်ဆိုတာ
မှတ်ကျောက်တိုက်ပြချင်လို့သော်လည်းကောင်း ၀ယ်ဆိုကြတယ်ခည..။ အထက်ကပြဿနာက အဲ့သည့် ကာလချာ ကနေ ပေါက်ဖွားကူးစက်လာတယ်
ယူဆတာပါပဲ …။
သတင်း ဘက် ဆက်ကြပါစို့ … သတင်းအကြောင်းပြောရင် ခရက်ဒစ်ပေးတာ မပေးတာ အသာထား
(ခရက်ဒစ်ပေးနိုင်ရင်တော့ အကောင်းဆုံး အသင့်တော်ဆုံးပေါ့)
လူတွေကြားထဲ ရောက်အောင် ပျံ့အောင် လုပ်ကို လုပ်ယူရတဲ့ သတင်းမျိုးတွေရှိတယ်.. ဗျို့ ..
ဆိုပါစို့ .. ဧရာမမုန်တိုင်းကြီးတစ်လုံး လာမယ် လူတွေ ပြင်စရာရှိတာ ပြင်ဖို့လိုတယ်..
(မုန်တိုင်းကို သိခဲ့တာက ပရိုက်ဗိတ် မိုးလေ၀သ ကန်ပနီတခုဖြစ်ချင်ဖြစ်မယ် မီဒီယာ တခုခု ဖြစ်ချင်ဖြစ်မယ်)
သူက သူသာ ဒီသတင်းကို ရေးမယ် ရောင်းမယ် ဆိုတာမျိုး လုပ်ခွင့်မရှိတာပါ..
ကျယ်ကျယ် ပြန့်ပြန့် မပြန့်နှံ့လေ ဒုက္ခများနိုင်လေမို့ … ခရက်ဒစ်ပေးပြီး ရှဲကြ (ဖွကြ ရပါတယ်။)
ဘာနဲ့ တူသလဲဆိုတော့ ဆေးပညာ ဘက်ကလိုပေါ့ ..။
အေအိုင်ဒီအက်စ် ကို အတိုင်းတာတခုထိ တောင့်ခံနိုင်မယ့် ဆေးတမျိုး ဆေးကန်ပနီတခုက ရှာဖွေတွေ့ရှိပြီဆိုပါတော့..
မူပိုင်ခွင့်ယူပြီး သူ့စိတ်ကြိုက် ဈေးနဲ့ (ဒေါ်လှ ၁သောင်းလောက်ဆိုပါစို့) ရောင်းခွင့်ပေးလိုက်မယ်ဆိုရင် …မဖြစ်ပါဘူး
သည်အနေအထားမှာ သက်ဆိုင်ရာ အစိုးရတို့ ကုလ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ တို့လိုအဖွဲ့အစည်းမျိုးတို့ကနေ
သည်ဖော်မြူလာကို ၀ယ်ယူပြီး ဈေးသက်သာစွာနဲ့ mass production လုပ်ပေးကြရပါတယ်။မူလ ရှာဖွေတွေ့ရှိသူ
ဘယ်သူ ဆိုတာတော့ ဖော်ပြပြီး သူတဦးတည်း exclusive စီမံခွင့်ကိုတော့ မပေးအပ်ပါဘူး။

တချို့ သတင်းမျိုးတွေကတော့ သတင်းရင်းမြစ် ကိုယ်တိုင်ကိုက လိုလိုလားလား ဖော်ပြခံချင်
ရေးသားစေချင်မှု ရှိနေတတ်ပြန်ပါတယ်။ ဥပမာ Public Relation လို ဟာမျိုးတွေနဲ့ ကုန်စည်သစ်
မိတ်ဆက်သတင်းလို ဟာမျိုးတွေပါ..။ သူတို့ဘက်ကတောင် မပွပွအောင် ဖွကြ ပါသေးတယ်။
(ဆက်စပ်အားဖြင့် သတင်းကို သတင်းထောက်ကို တစုံတရာ ပေးပြီးတောင် ရေးခိုင်းတာမျိုးတွေ ရှိသေးရဲ့။
ဒါကလည်း ကောင်းတဲ့အလုပ်တော့မဟုတ်)

တချို့သတင်းမျိုးတွေမှာတော့ တားမြစ်ကန့်သတ်ချက်တွေ ရှိနေပါတယ်..
သတင်းဌာန တခုခုက ကိုယ်တိုင် ငွေကုန်ကြေးကျခံ ပြီး လိုက်ထား ရေးထားတဲ့ သတင်းကို
တိုက်ရိုက်ကူးယူဖော်ပြတာမျိုး ဖြစ်ပါတယ်။ ဒီနေရာမှာ လည်းပဲ ပရို နဲ့ အမေချာ ထပ်ကွဲပြန်ပါသေးတယ်..
ကိုယ်ပိုင် နေရာ မှာ ဟိုမီဒီယာကတော့ ဟိုလိုရေးထားပြီ ဒီမီဒီယာကတော့ ဒီလိုရေးထားပြီ ဆိုပြီး
လင့်ချိတ် ဖော်ပြခွင့် ရှဲ ခွင့် ရှိနေပါတယ်.. (မော်ဒန်သတင်းဝက်ဘ်ဆိုက်အတော်များများ SNS Plugin
ထည့်သွင်းထားရှိပြီး SNS ပေါ် Fan Page သဘောမျိုးဆောက်ထားကြပါပြီ)
အဲ့. ..တခုပဲ တခြားမီဒီယာမှာ ကူးတင်မှသာ ပြဿနာ ရှိတာပါ။ (ကိုယ်ပိုင် ဖေ့စ်ဘုတ်မှာ မျှဝေတာက ကိုယ့်ထမင်းကိုယ်စားပြီး
သူတို့ကို အခမဲ့ ကြော်ငြာပေးသယောင်ဖြစ်လို့ လက်ခံပေမယ့် အခြားမီဒီယာမှာတင်တာကို လက်မခံနိုင်ကြတာကတော့
မီဒီယာ-မီဒီယာ ပြိုင်ဖက်အသွင်ဆောင်လို့ အကျိုးထိခိုက် စေလာနိုင်လို့ ပါပဲ)
ဆိုတော့ အီလဲဗင်းက သတင်းကို ကိုယ်ပိုင် ဖေ့စ်ဘုတ်မှာ လင့်ချိတ် မျှဝေတာနဲ့ ဒီရွာထဲ လာကူးတင်တာ မတူတာဟာ ဒါပါပဲ။

သတင်းမဟုတ်ဘဲ ..ဆောင်းပါးတပုဒ် စာမူတပုဒ် ဆိုလည်း အလားတူပါပဲ။ ဆောင်းပါးတပုဒ်ကို ဖတ်ပြီး ဘယ်ဂျာနယ် ဘယ်ဆောင်းပါးမှာ
ဘယ်လိုရေးထားတာဖတ်ပြီး ဘယ်လိုခံစားရတယ် ဘယ်လို မြင်တယ် ဘယ်လိုတွေးမိတယ် ဆိုတာမျိုးရေးတာ ရေးလို့ ရပါမယ်..
ဒါဟာ သဂျီးပြောထားတဲ့
4. အခြားမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။
5. သတင်း၊စာမူတွင် မှီငြမ်းကိုးကားခြင်း၊ ဘာသာပြန်ခြင်းပါက မူလSourceနှင့် မူရင်းစာ တပိုဒ် ကိုဖော်ပြရန်။

နဲ့ကိုက်ညီမယ် ဖြစ်ပါတယ်။

ရွာသူားတွေ အယူအဆလွဲနိုင်ဖွယ်ရှိတဲ့ သဂျီးရဲ့ အရေးအသား အောက်ကဟာကတော့..

ပြောရရင်..
သတင်း.. စာမူ.. ဓါတ်ပုံ.. တပိုဒ်.. တပုဒ်.. ရှယ်ခွင့်မရှိပါ…။
ကိုးကားမှီငြမ်းပြီးရင်.. ခရက်ဒစ်တူ.. ဆိုပြီးလည်း.. လုပ်ခွင့်မရှိပါ… အဲလိုလုပ်လို့.. မူပိုင်ခွင့်ကနေလွတ်မသွားပါ…။
လုပ်ခွင့်ထဲ.. (အင်မတန်ပါးလှပ်လှပ်ကလေး..) ဖဲယူစ့်ဆိုပြီးတော့ရှိပါတယ်..
သိချင်ရင်ဖတ်ကြည့်ပါ…။
http://en.wikipedia.org/wiki/Fair_use

ဒီရွာထဲမှာ မှီငြမ်းကိုးကား ခွက်ဒစ်တူ ရေးခွင့်မရှိ လို့ ဆိုလိုတာမဟုတ်ဘဲ
မှီငြမ်းကိုးကား ခွက်ဒစ်တူ ဘယ်လောက်ပေးပေး မူပိုင်ခွင့်က ကင်းလွတ်သွားခြင်းမရှိ
(မူရင်းပိုင်ရှင် ပိုင်ဆဲ ဆိုင်ဆဲ ဖြစ်နေသေး) တယ် လို့ ဆိုလိုချင်ပါတယ်။ လို့ ယူဆပါတယ်..။
မူရင်းပိုင်ရှင် ကရုတ်သိမ်းစေလိုခွင့်ရှိပါတယ်။ သို့သော်အထက်က ဆိုခဲ့သလိုပေါ့လေ..။

အယ်ရိုစမစ် က သူ့သီချင်း ကို ဂီတာလေး တလုံးလောက်နဲ့ ကာဗာ လုပ်ပြီး ယူတုမှာရှဲတဲ့ ချာတိတ်တွေတိုင်းသာ
လိုက်တရားစွဲရရင် တခြား ဘာမှမလုပ်နဲ့တော့ တရားရုံးမှာသာနေတော့ ဖြစ်သွားမှာပါ… အဲ ..တခုတော့ရှိတယ်..
သူ့သီချင်း သူဆိုထားတာကို လျှောက် ရှဲရင်တော့ သူဆွဲမပေါ့ဗျာ.

ဆိုပါစို့ ဟို တောင်ကိစ္စ ဟိုဂျာနယ်က ဟိုသွဲ့ကို အင်တာဗျူးတာကို ၏သည်မလွဲ ကူးတင်တယ် ပြီးတော့ ကိုယ်ပိုင်အမြင်ကိုရေးတယ်
ဂျာနယ်က သူတို့မူပိုင်ဗျူးထားသမို့ ဖျက်စေချင်တယ် ဖျက်ရမှာပါပဲ. .. အဲ .. တခုတော့ ရှိတယ် ၏ သည် မလွဲတော့မဟုတ်ဘဲ
ရေးရင်တော့ (ဖြစ်စဉ်တခုကို ဗျူးတာလိုမျိုးမှာ တခြားမီဒီယာတွေ ပုံစံတူ မေးခွန်းမျိုးမေးခဲ့ရင် လည်း ပုံစံတူပဲ ဖြေမှာ မို့ ) ဖျက်ခိုင်းဖို့ရာ
မတတ်သာတာမျိုးလည်း ဒုနဲ့ ဒေးပါ။

ဆော့ဖွဲ တွေကိစ္စကတော့ Fair-Use ၏ အခြားမဲ့၌ လို့ ပြောရမလား မဆိုနိုင် (ဟိုစာရေးဆြာမ မတွေ့ဇီရ)
ကန်ပနီတွေဘက်ကလည်း ဆားဗစ်မပေးဘူး (ကိုယ့်ဘာသာကို ထည့်မထုတ်ဘူး) အရောင်းစင်တာ ကိုယ်စားလှယ်မရှိသေးဘူး
ကိုယ်တွေကလည်း ကူးသုံး ပွားသုံး ခိုးသုံးတယ်။အရင်ကတော့ ဆန်ရှင်တွေ စပါးရှင်တွေ ရှိလို့ သူတို့ မ၀င်ဘူး
အခု ၀င်မဟေ့ ဆားဗစ်ပေးမဟေ့ ရောင်းမဟေ့ ဆိုရင်တော့ ၀ယ်သုံးရတော့မှာပါ။ EULA ခေါ်တဲ့ end user licenese agreement
ဆိုတာ ရှိပါတယ်။ ဆော့ဖွဲတခုခု မသုံးခင် ကျနော်တို့ Next, Yes စတာတွေ နှိပ်နှိပ်ပြီး ကျော်သွားလေ့ရှိတဲ့စာမျက်နှာပါ။
အဲ့သည့်မှာ ဒါသုံးရင် ဒါလိုက်နာရမယ် ဒါမလုပ်ရဘူး မလိုက်နာရင် ဘယ်ကထုတ်တဲ့ ဘာဥပဒေနဲ့ ဘယ်မှာ ဘာဖစ်မယ်
ဆိုတာ တခါတည်း ခြည်ပြီး တုပ်ပြီးသား ပါ။
ဒါပေမယ့် သိပ်တော့ စိတ်ပူဖို့မလိုပါဘူး ဈေးချိုတဲ့ Reagional License မျိုးတွေ ရှိတတ်ပါတယ် Fair Use အရလည်း
ဝီကီပိဒိယ တည်ထောင်သလိုမျိုး သုတဘဏ်တိုက်မျိုးတွေ ပေါ်လာဦးမှာပါ။
အရီးလတ် ပြောခဲ့သလိုလည်း Open Source တွေကလည်းတခြားဘက်မှာ ရွေးချယ်စရာ ရှိနေပါသေးတယ်။

Open Source ဆိုလို့ အလကားရတဲ့ Software ပဲလေ တင်ချင်သလိုတင်မယ် ရှဲချင်သလို ရှဲမယ် ဆိုတာတောင်
တကယ်က ကော်ပီရိုက်နဲ့ မလွတ်ပြန်ပါဘူး။ Developer တွေဘက်က လူများများ အခမဲ့ သုံးစေချင်လို့ တည်ထားတာ
ကြိုက်သလို တင် ကြိုက်သလို ရှဲ ခွင့်ပြုရင်တော့ တမျိုး ဖြစ်ပေမယ့် မဟုတ်ဘူး သူတို့ယူဇာ ဘယ်လောက်ရှိတယ် ဆိုတာကို
track လုပ်ချင်တာမို့ သူတို့ ဆိုက်ဒ် ကပဲ ဒေါင်းစေချင်တယ် သူတို့ဆီပဲ ညွှန်းပေးပါ သီးခြား တနေရာမှာ မတင်ပါနဲ့ ဆိုတာမျိုး
ရှိတတ်ပါတယ်။ အဲ့လို ဟာမျိုး တင်ထားမိရင် သူက လာပြီး တောင်းဆိုတဲ့အခါ ဖျက်ရပါတယ်။
နောက်တခုက တချို့ Open Source တွေက ကိုယ်ပိုင် ပြင်ဆင်ဖန်တီးခွင့် customize ပြုထားပေမယ့်
တချို့ တွေကတော့ သူတို့ ပြင်ပေးတဲ့အတိုင်းသာ သုံးစေတာပါ။ (နည်းပညာပိုင်းအရ ပြင်လို့ ရတယ် သို့သော်
စည်းမျဉ်းပိုင်းအရ ပြင်ခွင့်မရှိဘူး) ဆိုတဲ့သဘောပါ။ ဒါကတော့ အဖွဲ့အစည်းရဲ့ မူဝါဒပိုင်းနဲ့ ဆိုင်ပီး ကွာခြားမှာပါ။

နောက်ဆုံးပိုင်း ပြောချင်တာက data အချက်အလက်ကိစ္စပါ။ တချို့ အချက်အလက်တွေက တော့ ၀ယ်မှ ကို ရမယ့် အချက်အလက်မျိုးဖြစ်ပါတယ်။
ဆိုပါတော့ ကိုကိုကြောင်ဟာ မီးညောင်ကိုလက်ဒ် အမည်နဲ့ အမှတ်-၁၀ မန်ဟတ်တန်အရပ် နျူးယောက်မြို့မှာ ရုံးစိုက်တယ် ဆိုပါစို့ ..။အလဲ့ ..။
အဆိုပါရုံးခန်းကို သူပိုင်ပါမယ်။ သည့်ထက်ပိုအုံး အနှီ ရုံးရှိရာ အဆောက်အဦကို သူပိုင်ချင်ပိုင်ပါမယ်။ မြေကို လည်း ပိုင်ချင်ပိုင်ပါမယ်။ သို့သော် အဆိုပါ ရုံးခန်းလိပ်စာကို
ရေးသားဖော်ပြပိုင်ခွင့်ကိုတော့ သူမပိုင်ပါဘူး ။ (သူကတောင် PR အနေနဲ့ ၀က်ဆိုက်ဖွင့် ရေးသားဖော်ပြရပါဦးမယ်) တစုံတယောက်က
မီးညောင်ကိုလက်ဒ် အမှတ်-၁၀ မန်ဟတ်တန်အရပ် နျူးယောက်မြို့ လို့ ညွှန်းရင် ရေးရင် ရေးခွင့်ရှိပါတယ်။ ဒီအထိကတော့ ဟုတ်သေးတယ်..
ဝယ်မှရမယ့်ဒေတာဆိုတာ ဂလိုပါ။ ဦးလေးစတုန်း က ကိုကိုကြောင်နဲ့ အလုပ်လုပ်လိုတယ် ဆိုပါတော့ …ကိုကိုကြောင့် ကန်ပနီအကြောင်း အသေးစိတ်
သိချင်တယ်။ ၀က်ဆိုက်မှာ ရေးထားမယ့် အကြမ်းဖျင်းအချက်အလက် (မတည်ငွေဘယ်လောက် ယမန်နှစ် အမြတ် ဘယ်မျှ) ဆိုတာလောက်နဲ့
စိတ်မချဘူး ။ ကိုကိုကြောင် ပြောတာလောက်နဲ့လည်း မတင်းတိမ်နိုင်ဘူး။ သည်တော့ ဦးလေးစတုန်းဟာ ဒေတာရီဆာ့ခ်ျ စင်တာ လိုဟာမျိုးကနေ
ကန်ပနီ ပရိုဖိုင် ကို ၀ယ်ရပါတော့တယ်။

အဲ့သည်မှာ ဒီကန်ပနီအကြောင်း အသေးစိတ် ထွက်ကျလာပါတော့တယ်။ ငွေကြေးဆိုင်ရာအချက်အလက်တွေအပြင်
အင်ဒတ်စထွီ ရန့်ကင် တွေ ကုန်သွယ်ဘက်က ဘယ်သူတွေ ဆပ္ပလိုင်ယာတွေ ရင်းနှီးမြှုပ်နှံထားသူတွေ မိတ်ဖက်တွေ
စတာတွေ အကုန်ရလာမှာဖြစ်ပါတယ်။ အဆိုပါ ဒေတာမျိုး က
၁။ ၀ယ်မှကို ရမယ့်ဒေတာမျိုးဖြစ်ပြီး
၂။ သူတပါးကို ပြန်ရှဲခွင့်လည်း မရှိပြန်ပါဘူး

လုပ်မိရင် ဒါဟာ ကိုယ်ပိုင် သတင်းအချက်အလက်ပေါက်ကြားမှု ဆိုတဲ့ ပြဿနာ ပါ။ ရီဆာ့ခ်ျ နဲ့ရော ကိုကိုကြောင်နဲ့ပါ ကွိုင်တက်မယ့် ကိစ္စ ဖြစ်ပါတယ်။
ဒီနေရာမှာ ဟိုဘက်အိမ် သည်ဘက်အိမ် ယနေ့ငှားတဲ့အခွေချင်း လဲ ကြည့်ကြတယ် ဆိုတာမျိုးတောင် အူးလေးစတုန်း က သူ့ မိတ်ဆွေ
ဒေါ်ချိုချဉ်ကို ကိုကိုကြောင့်ကန်ပနီ ဒေတာတွေ ပေးလို့ ပြလို့ မရပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ဒီဒေတာတွေကို ကောက်ထားတဲ့ ရီဆာ့ခ်ျက
ပိုင်ရှင် အဖြစ် ဖြစ်နေရှိနေဆဲ ဖြစ်သလို .. ဦးလေးစတုန်းကိုရောင်းချလိုက်တာက ဒီဒေတာ ကိုဖတ်ခွင့် နဲ့ ဒီဒေတာကို ထည့်ထားတဲ့
စာရွက်စာတမ်း (၀ါ) အခွေ စသည် ပဲ ဖြစ်ပါတယ်။ ဦးလေးစတုန်းဟာ ဒေတာကို မပိုင်သွားပါ ဒေတာကိုအသုံးချခွင့် ကို ဒေတာထည့်ထားတဲ့
မီဒီယံနဲ့အတူသာ ပိုင်သွားတာပါ။ သည်တော့ သူတပါးကိုဖလှယ်ရင် မူရင်းပိုင်ရှင်(စင်တာ)က တရားစွဲနိုင်ပါတယ်။ တဖန် စင်တာ ကိုလည်း
ဒေတာ ထဲပါဝင်သူ(ကိုကိုကြောင့်ကန်ပနီ) က ပြန်စွဲပါလိမ့်မယ်။ ကြားထဲကနေ၀င်ပြီးတော့လည်း ဘာ အသင်း ညာ ကော်မတီ စတဲ့
အဖွဲ့အစည်း ကသော်လည်းကောင်း အခြား ယူဇာများ ကသော်လည်းကောင်း ပါတ်လည် ၀င်စွဲ ၀င်ကန့်ကွက် လာနိုင်ကြပါသေးတယ်။
သဂျီးပြောတဲ့ ရှေ့နေ လက်ခမောင်းခတ်တဲ့ ကိစ္စဆိုတာ အဲ့ဒါတွေပါ။ ပိုင်ရှင်ရှိတဲ့ အနုပညာတခု ကို လည်း မရှဲသင့်ဘူး ပိုင်ရှင်ပြောမှမဟုတ်ဘူး
ဆိုတာ ဒါကြောင့်ပါပဲ။

မူပိုင်ခွင့်နဲ့ ပါတ်သတ်ရင် ပန်းသီး ကို ပြန်ညွှန်းရမှာပဲ …
ကန်ပနီတွေ အန်ပီသရီးပလေယာ လို(အိပ်ဆောင်သီချင်းဖွင့်စက် တမျိုးမျိုး )တော့ ထုတ်ရောင်းတတ်ကြတယ်…
အမ်ပီသရီးထဲကို သီချင်းတွေ ဘယ်လိုသွင်းထုတ်မလဲ ဆိုတာကိုတော့ အလေးနက်ထား
မစဉ်းစားခဲ့ကြဘူး ဒါကို ပန်းသီးက ၀င်လုပ်စားသွားပါတယ်။ လုပ်ပုံက
ပန်းသီးကထုတ်တဲ့ ပလေယာထဲကို အမှန်အကန် ၀ယ်ယူထားတဲ့ တေးသီချင်းတွေ သာ ထည့်သွင်းနိုင်မယ့် နည်းနဲ့
ထည့်ပြီးသားတွေကို ပြန်ကူး ပြန်ပွားလို့ မရအောင်ပိတ်တဲ့နည်းပါ ။ ကမ္ဘာမှာ ပထဆုံး တေးဂီတ ကို တရားဝင်
ဝယ်ယူ (ဒေါင်းလုပ်ချ) နားဆင်နိုင်တဲ့နည်းပါ။ စက်မပျက် လူမသေ မချင်း (နောက်ပိုင်းတော့ ကလောက် ပေါ်လာသပေါ့လေ)
ဝယ်ယူထားတဲ့ တေးဂီတကို ထာဝရ နားထောင်ခွင့် အပြည့်ရသလို ရောင်းသူဘက်ကလည်း ရောင်းချငွေအပေါ်
(အရေး အတီး အဆို အဖမ်း ထုတ်လုပ်)ပိုင်ဆိုင်သူ အဆင့်ဆင့် ဝေပုံကျ ရစေတဲ့နည်း ဆိုပါတော့။
တလောက ဟောလိဝုဒ် ရုပ်ရှင်မင်းသားကြီး တယောက်က ပန်းသီးကို တရားစွဲတယ် ဖတ်ရပါတယ်။
စွဲတဲ့အကြောင်းရင်းက သူဝယ်ထားတဲ့ သီချင်းတွေ သူ့သားသမီးတွေကို ပေးလို့မရလို့တဲ့ …။
သူ့ကြွယ်ဝမှုနဲ့က သူပေးချင်တာတွေ နောက်ထပ်(သားသမီးအကောင့်နဲ့) ဖြစ်စေ ထပ်ဝယ်လိုက်လို့ မပွန်းပဲ့သွားပါဘူး။
သို့သော် သူဝယ်ယူထားတဲ့ရပိုင်ခွင့် အပြည့်အ၀ မရလို့ စွဲတာလို့ သုံးသပ်ကြလေရဲ့။

ဒါကို ဝေဖန် လေကန်ကြတဲ့ အထဲမှာ တဖက်က ဟ .. ပေးရမှာပေါ့.. ရုပ်ရှင်သွားကြည့်တဲ့အခါမှာ မိသားစု ၄ယောက်သွားရင်
၎ယောက်စာ ပေးရတယ် မဟုတ်လား ပြောကြရဲ့.။ တဖက်ကလည်း ဘယ်ဟုတ်မလဲ ရုပ်ရှင်ခွေ ၀ယ်ကြည့်တဲ့အခါ တခွေဝယ်ပြီး
မိသားစု အားလုံး တူတူထိုင်ကြည့်နိုင်တာပဲ ပြောကြပြန်ရဲ့..။ အဲ…နောက်တဖက်က ကျတော့လည်း ကိုင်းဒါ ဆို
တမိသားစုလုံး Account တခုတည်း ဘုံ သုံးကြရင် ကိုယ့် Device ကိုကိုယ် ပြန် Sync လုပ်ယူနိုင်သမို့ သည်နည်းနဲ့ ဖြေရှင်းနိုင်ရဲ့
ပြောကြပြန်တယ်။ (ခုတလောတော့ အဲ့သည့်ကိစ္စ မကြားတော့ပြန်)

ပြောချင်တာက ကျနော်တို့ရော ဘောင်အတွင်းက ရှဲကြမယ်ဆိုရင် ကိုယ့် အိုင်ပေါ့ သူများကို ခနပေးနားထောင်သလို ..
ကိုယ့် ယူဇာနိမ်းပါ့စ်ဝါ့ဒ် ကို ပေးပြီး Sync ပေးလုပ်သလို လုပ်နိုင်ကြ မလား သဘောထားကြီးနိုင်ကြမလား ပေါ့ဗျာ။

အဲ့ဒါလေးပါဗျို့ ..။

နောက်ဆုံး အပိတ်အနေနဲ့တော့ ယူတု ရုပ်သံလိုင်းတွေ နဲ့ အသံလွှင့် ဘရော့ကတ်စတင်းတွေအကြောင်းပါပဲ …။
ဒါတွေကြောင့် ဂီတ ရုပ်ရှင် တွေ ထိခိုက်သလား ရောင်းအားကျသလား ဆိုရင်တော့ …မကျဘူး လို့ ဖြေရပါမယ်။
နားထောင်(ကြည့်)ချင်တဲ့ အရာ ကို နားထောင်(ကြည့်)ချင်တဲ့ အချိန် နားထောင်(ကြည့်)ချင်တဲ့နေရာမှာ ကြိုက်သလောက်
နားထောင်(ကြည့်)ခွင့် ကိုရောင်းချတာဖြစ်လို့ …သူ့အချိန်နဲ့ သူသာ အကန့်အသတ်နဲ့ လွှင့်တဲ့ ဟာတွေရှိတယ်
သို့သော် အမှန်တကယ် နားထောင်(ကြည့်)လိုသူဟာ ၀ယ်ကိုယ်ဝယ်မှာ ဖြစ်လို့ပါပဲ
ဘရော့ဒ်ကတ်စတင်း တွေကို ဒေါင်းရင် သိမ်းရင် တခြားသူ အတွက် ဒေါင်းနိုင်အောင် တနေရာမှာ ပြန်တင်ပေးရင်သာ
ငြိတာပါ။ မြူးဇစ် ဗီဒီယို အကြောင်းကတော့ ကမ္ဘာနဲ့ မြန်မာခွဲပြောရရင် ဟိုက ဆြာတွေက တခွေ၁၂ပုဒ် မှာ ထုတ်လုပ်ရေးစားရိတ်က
ပရိုမိုးရှင်း မြူးဇစ်ဗီဒီယို ရိုက်ဖို့ပါပါပြီးသား (၁၂ပုဒ်အနက် ၂ပုဒ်-၃ပုဒ်ပေါ့ဗျာ) အဲ့ဒါကို အမ်တီဗီ လို ယူတု လို နေရာမျိုးတွေကို
အရောင်းမြှင့်တင်ဖို့ ပေးတယ် တင်တယ် ။ အဲ့သည့် တင်တဲ့နေရာတွေက လူတွေကို ဖရီး ပြန်ပြပေးတယ်။ အလှူလုပ်နေကြတာမဟုတ်လို့
သူတို့ တတွေ ဘယ်ကရတဲ့ပိုက်ဆံနဲ့ ရပ်တည်သလဲ ဆိုတော့ ကြော်ငြာနဲ့ခည။
အဲ… နောက်ဆုံးကြော်ငြာတွေကလည်း သူတို့ရောင်းချင်တာကို ပြတဲ့အပြင် ဘာကိုပြန်ယူကြသလဲ ဆိုတော့
ဘယ်လို အသက်အရွယ် ဘယ်လို ယူဇာ ဗဟေဗီယာ ရှိသူ အုပ်စုဟာ ဘယ်လို စရိုက်လက္ခဏာ ရှိမယ်ဆိုတဲ့ ဒေတာကို ပြန်ယူပါတယ်။
ထားပါတော့ ကြော်ငြာဘက် … လူတွေ ဘက်ပြန်သွားရင်

ကြည့်လူတွေကကြည့်လို့ ကြိုက်ရင် အနှီ ဆင်ဂယ် (မြူးဇစ်၊ မြူးဇစ်ဗီဒီယို)ကို ၀ယ်ပေါ့ဗျာ
…အဲ့သည့်ထက်ကြိုက်ရင် ၁ခွေလုံး (မြူးဇစ် အုံးသီး) ကို ၀ယ်ပေါ့။

ကျုပ်တို့ ဆီမတော့ အသံသက်သက် တခွေထုတ်ရောင်း အရုပ်နဲ့အသံ ကို (ကာရာအိုကေသော်လည်းကောင်း အမ်တီဗီသော်လည်းကောင်း)
လုပ်ပြီးရောင်း။ ဆိုတော့ ၂သီးစားပေါ့လေ… (ဒါပေသိ..၂သီးတောင် ၀၀မစားရပါဘူး)

ဒါဆို တခြား တရားမ၀င်တဲ့ ဟိုစတင်ဆိုက်တွေကော ဘာနဲ့ ရပ်တည်သလဲ ဆိုရင် သူတို့သည်လည်း ကြော်ငြာနဲ့ပဲ
ဖြစ်ပါတယ်။ အဲ့သည့်အပြင်ပိုတာက ယူဇာတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ခိုးယူမယ့် အကောင်ပလောင်တွေပါ
တင်ထားတတ်ပြီး သူက တင်ခ စား ဟိုက ကိုယ်ရေးအချက်အလက်တွေ မသမာတဲ့နည်းနဲ့သုံး စသည်ဖြင့်ပေါ့ဗျာ..
တချို့လည်း မန်ဘာရှစ်အတင်းဝင်ခိုင်းပီး လစဉ်ကြေးနှစ်စဉ်ကြေးတွေ တောင်းတတ်ပြန်ပါသေးတယ်

တရားမ၀င်တဲ့ ဟိုစတင် လုပ်ကြတာတွေ ဖိုင်ရှဲယားရင်း ကို ဂူဂယ်တို့လို ဂျိုင်းယန့်ကြီးတွေ က ဘာလို့ လိုက် သမ သလဲ
ဆိုတော့ အလကားနဲ့ လွယ်လွယ်ဒေါင်း လို့ရနေရင်သူတို့ ဆီ လူမလာလို့ပါပဲ လူမလာရင် ကြော်ငြာအရနည်းပါမယ်။
ကြော်ငြာအရနည်းလို့ ၀င်ငွေကျတဲ့အခါ စီးပွားကျပါမယ်။ အစိုးရက မူပိုင်ခွင့် အကာအကွယ်တွေကို နှစ်စဉ်နဲ့အမျှ ထပ်ပြီးထပ်ပြီး
တိုးမြှင့်ပေးနေတာ ဂူဂယ်တို့ကို ထောက်ကူပြုပေးနေတာ ..ဂူဂယ်စီးပွားကျရင် အစိုးရ အခွန်အရနည်းပါမယ်။
အစိုးရအခွန်အရနည်းလို့ ပတ်ဘလစ်ကို ဆားဗစ်ပေးတာတွေ လျှော့ချရရင် နောက်ဆုံး လူတွေ လမ်းပေါ်တက်ပါမယ်။

ဒါတွေမဖြစ်ချင်လို့ပဲ ..အဲ့သည်မှာပဲ ဒေဝေါ ကော်ပီရိုက် ဇာတ်ထုတ်ကို ရိုက်ပါတော့တယ်ခင်ဗျားး…..။

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011