ဘဝမှာ ဘာအရေးကြီးဆုံးလဲဆိုတော့…..

who whoMay 22, 20131min1756

ညီမငယ်တစ်ယောက် မေးလာတဲ့ မေးခွန်းလေးတစ်ခု.. “ What is the most important thing in life ? ” ဆိုတာလေး။ ဒါလေးကို ကျနော့်အမြင်အရ ကိုယ့်ခံစားချက်နဲ့ဖြေကြည့်မယ်နော်။ In my opinion , the most important thing in life is “ wisdom ” . ဒါဆို ဒီ wisdom အကြောင်းကို ရှင်းပြပါမယ်နော် ။ ဗမာလို သိကြတာက “ဉာဏ်ပညာ” ပေ့ါ ။ တကယ့် အနှစ်သာရ ကတော့ True wisdom သည် …
ကိုယ့်ကိုကိုယ် ကောင်းစွာနားလည်နိုင်ခြင်း လို့ပဲ ပြောချင်ပါတယ်။

တကယ်တော့ လူတိုင်းဟာ ကိုယ့်ကိုကိုယ် အမြဲစမ်းစစ်နိုင်တဲ့ ဉာဏ်မျိုး ရှိနေသင့်တယ်။ ကိုယ်ဒေါသ ထွက်ရင် ထွက်နေတယ် သိရမယ် ၊ လောဘတွေ ကြီး နေပြန်ရင် လောဘ ဖြစ်နေပြန်ပြီ လို ့ သိနေရမယ် ။ မောဟလည်း ဒီတိုင်းပဲ ။ တကယ့် တကယ်တန်း တစ်ခုခု ဖြစ်ရင် ကိုယ့်ကိုကိုယ် ပြန်မစမ်း စစ်ပဲ သူများကိုသာ ဝေဖန်ပြစ်တင်ခြင်း အလုပ်နဲ ့ပဲ အချိန်တွေ ကုန်နေကြတာခပ်များများ။ သူများ အကြောင်းတွေ ပြောလို ့ အချိန်ဖြုန်းနေပြီး ကိုယ့်အကြောင်း ကို သိအောင် လုပ်ဖို ့ အချိန်မရကြဘူးလေ။

ဒီနေရာမှာ ဉာဏ်ဟာ သိပ်အရေးကြီးသွားပြိီနော်။ ကျနော်ပြောချင်တာက ဘွဲ ့တွေ ၊ ရာထူးတွေ နဲ ့ဘာမှ မဆိုင်ပါ ဘူး ။ သူကတော့ PhD ရထားတာ ဉာဏ်ကြီးမှာပဲလို ့ ယူဆလို ့မရပါဘူး ။ သူ ့ ကိုယ်သူ ဘယ်လောက်နားလည် နိုင်သလဲ ဆိုတဲ့ ဉာဏ်လေး ရှိဖို့ ပဲ အရေး ကြီးတယ်။ ဉာဏ်ကောင်းတာနဲ ့လည်း မဆိုင်ဘူးနော်။ ဒီအခု ပြောတဲ့ ဉာဏ် ကတော့ လူတွေ သတ်မှတ်ပေးလို ့မရတဲ့ ကိုယ်သာ သိတဲ့ ဉာဏ် မျိုးပေ့ါ ။ ပြဿနာ တစ်ခုဖြစ်လာတယ်။ ကိုယ့်ကိုကိုယ်ပြန်မေး။ ငါ ဖြစ်နေတာဘာလဲ ? ။ ငါ ဘာကို လိုချင်နေတာလဲ ? ။ ဘာလို ့လိုချင်တာလဲ ? ။ Why တွေသာ ဆက်မေးကြည့်လိုက် ဘာမှ မဟုတ်တာကို ပုံကြီးချဲ့နေပါလားလို ့မြင်လာ လိမ့်မယ် ။

နောက်တစ်ခုက လူတိုင်းဟာ ဘဝမှာ ဘာအရေးကြီးဆုံးလဲလို့မေးရင် “ စိတ်ချမ်းသာမှု့ ” ပဲလို ဖြေချင်ကြပါ တယ် ။ ကျနော်စဉ်းစားကြည့်တယ် ။ စိတ်ချမ်းသာဖို့ဆိုတာ စိတ်အစဉ်မှာကိလေသာအနောက်အကျိတွေ ကင်းဝေး နေမှ စိတ်ချမ်းသာတာပါ။ တကယ့် “ စိတ်ချမ်းသာမှု့အစစ် ” ရဖို ့ကျတော့ “ ဉာဏ်ချမ်းသာ” မှ ကို ဖြစ်မှာနော်။ ကိုယ်လုပ်ချင်ရာ လုပ်တိုင်း စိတ်ချမ်းသာမှု့ မရနိုင်ပါဘူး ။ ကိုယ့်ကိုကိုယ် ဘာပဲ ဖြစ်လာဖြစ်လာ ကိုယ့်စိတ်ကလေးကို နားလည်အောင် ကြည့်တတ်၊ ဆုံးမတတ်၊ ခိုင်းတတ်တဲ့ ဉာဏ်ရှိမှ အရာရာ အဆင်ပြေပါလိမ့်မယ်။

ဒါကြောင့် ကျနော့် အတွေးအခေါ်အရ ကတော့ “ ဉာဏ် ” ဟာ ဘဝမှာ အရေးကြီးဆုံးပဲလို ့ဆိုချင်ပါတယ်။ တနည်း ပြောရရင် ကိုယ့်စိတ်ကို တိုက်ရိုက် ကြည့်တတ်ပြီး control လုပ်နိုင်တဲ့ဉာဏ်ကို ပြောချင်ပါတယ်နော်။ ဒီလို ဉာဏ်လေးသာ ရှိထားရင် ဘယ်နေရာသွားသွား ၊ ဘယ်သူနဲ ့ တွေ့တွေ ့၊ ဘာကိစ္စပဲ ပေါ်ပေါ် အားလုံး အပေါ်မှာ ထားတဲ့ ကိုယ့်စိတ်လေးကို ထိုးထွင်းပြီး နားလည်နေလို့ သူ့ကို ဘယ်သူကမှ ထူးပြီး စောင့်ရှောက်စရာမလိုပဲ သူ ့ကိုယ်သူ စောင့်ရှောက်နိုင်သွားပါပြီ ။

ဉာဏ်ပါတဲ့သူဟာ သူများပြောတဲ့ စကားကို နားထောင်ရင်တောင် ဉာဏ်နား လေးနဲ့နားထောင်နိုင်လို့ ကိုယ့်နဲ့အယူအဆမတူတဲ့ လူပြောတဲ့ အပေါ်မှာ လည်း view မျိုးစုံ ကနေ လက်ခံနားထောင်ပြီး စဉ်စားတတ်နေတာပေ့ါ။ ကိုယ့် အယူအဆသာ မှန်ရမယ် ကျန်တာတွေ မှားကို မှားတယ်ဆိုတာမျိုး “ အတ္တ ” တွေနဲ ့ သူများ အယူအဆကို နားထောင်လက်ခံခြင်း မရှိဘူး ဆိုရင်တော့ ဒါဉာဏ်နား မရှိသေးဘူးပေ့ါ။ အဲ ဉာဏ်နားလေးနဲ ့ နားထောင်လို ့ အမှား၊ အမှန် ခွဲခြားလို ့၊ ဘာကွာသွားလဲ ဘယ်ဟာက ဖြစ်နိုင်တယ်၊ ဘယ်ဟာ ဆိုရင်တော့ ပိုပြီးပြည့်စုံနိုင်တယ်လို့မှန်ကန်တဲ့ နည်းလမ်းနဲ ့ တွေးလို ့ ကိုယ့်ဘက်က ပြင်သင့်တာတွေ ထွက်လာရင်လည်း တန်းပြီး ပြင်နိုင်ပါလိမ့်မယ်။ ကိုယ်လက်ကိုင် ထားတာဟာ အမြဲမှန်နေမယ်လို့ပြောလို့မရပါဘူး။ ဘက်ပေါင်းစုံကနေ ကိစ္စ တစ်ခု အပေါ် လက်ခံစဥ်းစားမှ သာ အဖြေမှန်ထွက်လာမှာပါနော်။

ကိုယ်ကိုကိုယ် နားမလည်နိုင်သောသူသည် သူတစ်ပါးအပေါ် နားလည်ပေးဖို ့ဆိုတာ မဖြစ်နိုင်ပါဘူး ။ ကိုယ့်စိတ်ကလေးကို အထင်းသား ၊ အရှင်းသားနားလည်နိုင်တဲ့ ဉာဏ်မျိုးရမှာသာ သူတစ်ပါးမှာ ဒီလို အခြေအနေ တွေတွေ့လာရင် ဒီလို စိတ်ကလေးတွေ ဝင်သွားနိုင်တယ် ဆိုတာ ထည့် စဉ်းစားနိုင်မှာပါနော်။ ဒါက တော့ ကျနော့် ရဲ့ idea ပေါ့လေ။ ကျနော့်အနေနဲ ့ တခြားလူတွေ ကပေးတဲ့ idea လေးတွေလည်း သိချင် ၊ ကြားချင် ပါသေးတယ် ။ ကိုယ့်အတွက် ကတော့ ငွေကြေးချမ်းသာတာ ၊ ဆင်းရဲတာလည်း အဓိက မဟုတ်ပါဘူး။ ဘွဲ ့ထူး၊ ရာထူးတွေကလည်း အဓိက မဟုတ်တော့ဘူး ၊ အရာရာအပေါ် စဉ်းစားဆင်ခြင် သုံးသပ်လို ့ဖြစ်သင့်တာနဲ ့ ဖြစ်ချင်တာတွေအပေါ် မှန်ကန်စွာ ဦးစားပေး နိုင်တဲ့ ဆုံးဖြတ်ချက်လေးချနိုင်တဲ့ ဉာဏ်လေးသာ အဓိက ဖြစ်နေပါတယ် ။

အကယ်၍ ကိုယ့်ကိုကိုယ်သာ ဂရုစိုက်စောင့်ရှောက်နိုင်ရင်၊ ပြောချင်တာက အပြစ်မဖြစ်အောင် နေနိုင်ဖို ့ သတိလေး ဉာဏ်လေးနဲ ့ ကိုယ့်စိတ်ကို ပဲ့ကိုင်လို ့မှားနေရင် ပြင်လို့ ၊ကောင်းနေရင် ပိုကောင်းအောင် ကြိုးစားလို့၊ ကိုယ်နဲ့ ဆက်စပ်သမျှ လူတိုင်းအပေါ် အေးချမ်းသွားအောင် ကူညီနိုင်တဲ့ ပညာဉာဏ်လေးသာရှိရင် စိတ်ချမ်းသာမှု့ အစစ် ဆိုတာ ကိုယ်လည်းရမယ် ကိုယ်နဲ့နီးစပ်တဲ့လူလည်း ရကြမှာမို ့wisdom သာလျှင် ဘဝမှာ အရေးပါဆုံးလို့ ပြောချင်ပါတယ်နော် ။

အကယ်၍ စာဖတ်သူများရဲ့ important things လေးတွေ သိခွင့်ရမယ်ဆိုရင်လည်း သိချင်ပါသေးတယ်။ ကျနော့်ကိုလည်း reply လေးနဲ ့ ဝေမျှပေးဦးနော်။

“ ကိုယ့်ကိုကိုယ် ကြည်ညိုနိုင်တဲ့ လူတစ်ယောက် ဖြစ်ဖို ့က အရေးကြီးဆုံးပါ ” ဒါကတော့ ကျနော့်ရဲ့ အတွေးအခေါ် အယူအဆလေးပါပဲ ။

6 comments

  • KZ

    May 22, 2013 at 5:40 pm

    မှန်တယ်။ မှန်တယ်။
    ကျုပ် ဆီမှာ နောက်ဆုံးအကောင်းပကတိကျန်ဟေ့ဆိုရင်လည်း အတွေးအခေါ်မှန်ကန်တဲ့ ဦးနှောက်လေးရယ်၊ ဆင်ခြင်ဉာဏ်လေးရယ်ပဲကျန်ချင်တယ်။

    တခြားမသိဘူး။

    ((အကယ်၍ ကိုယ့်ကိုကိုယ်သာ ဂရုစိုက်စောင့်ရှောက်နိုင်ရင်၊ ပြောချင်တာက အပြစ်မဖြစ်အောင် နေနိုင်ဖို ့ သတိလေး ဉာဏ်လေးနဲ ့ ကိုယ့်စိတ်ကို ပဲ့ကိုင်လို ့မှားနေရင် ပြင်လို့ ၊ကောင်းနေရင် ပိုကောင်းအောင် ကြိုးစားလို့၊ ကိုယ်နဲ့ ဆက်စပ်သမျှ လူတိုင်းအပေါ် အေးချမ်းသွားအောင် ကူညီနိုင်တဲ့ ပညာဉာဏ်လေးသာရှိရင် စိတ်ချမ်းသာမှု့ အစစ် ဆိုတာ ကိုယ်လည်းရမယ် ကိုယ်နဲ့နီးစပ်တဲ့လူလည်း ရကြမှာမို ့wisdom သာလျှင် ဘဝမှာ အရေးပါဆုံးလို့ ပြောချင်ပါတယ်နော် ။))

    အဲဒါလေးကို ထောက်ခံသွားတယ်လို့။

    :hee:

  • အရီးခင်လတ်

    May 22, 2013 at 5:43 pm

    တန်ဖိုးရှိတဲ့ စကားစာသားတွေပါ ဟူးဟူး ရေ။
    အောင်မြင်ခြင်းတွေထဲမှာ ကိုယ့်စိတ်ကို အောင်နိုင်ဖို့ က အခက်ခဲဆုံးလို့ ကြားဖူးတာဘဲ။
    ဒီတော့ ကိုယ့်စိတ်ကို အမြဲ စမ်းစစ် နေနိုင်ဖို့က တင် တော်ရုံမလုပ်နိုင်/ မလုပ်တတ်ကြဘူး။
    သတိမပြတ်ဖို့ အကျင့်အကြံ ဆိုတာ ဘာသာရေးအတွက်မှ မဟုတ် နေ့စဉ် လောကမှာပါ ထည့်သုံးတတ်ရင် အကျိုးများပါတယ်။
    အရီးလဲ ကြိုးစားကြည့်နေပေမဲ့ လက်တွေ့မှာ တကယ်ခက်သားကလား။
    တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲ လို့ တော့ မှန်းရတာပါဘဲ။

  • မောင် ပေ

    May 22, 2013 at 8:05 pm

    ဝှူးလေးဆီမှာ တပည့်အဖြစ် နေခွင့်ပြုပါလားကွယ်
    အဲဒီ ဉာဏ် မျိုး ရဖို ့ ၊ ဆင်ခြင်နိုင်ဖို ့ ဝှူးလေး ကူညီစောင်မ ပေးမှ
    အမြန်ဆုံး အဆင်ပြေမှာမို ့ပါ ကွယ်

  • rain pricess

    May 23, 2013 at 1:00 pm

    “ ကိုယ့်ကိုကိုယ် ကြည်ညိုနိုင်တဲ့ လူတစ်ယောက် ဖြစ်ဖို ့က အရေးကြီးဆုံးပါ ”
    အဲ.ဒီ စကားလေးက အမှန်ဆုံးပါပဲ…
    ဒါပေမဲ. အဲ.ဒီလို ဖြစ်ဖို.ဆိုတာတော. တော်တော် မလွယ်ဘူးထင်ပါတယ်ရှင်.

  • kyeemite

    May 23, 2013 at 3:20 pm

    အင်မတန်အကျိုးရှိတဲ့ပို့စ်လေးပါ ဟူးဟူး ရေ။
    တတ်နိုင်သလောက်ကြိုးစားကြရမှာပါ…လွယ်တော့မလွယ်ဘူးနော
    ဒါပေမဲ့ ရသလောက်ကြိုးစား ..ကြိုးစားလို့ရသလောက်အကျိုးရှိမယ်ဆိုတာသေချာပါတယ်..

  • ခင် ခ

    May 23, 2013 at 3:49 pm

    အတွေးအခေါ်လေးတွေနဲ့ ရေးထားတဲ့ အကျိုးရှိသော ပိုစ့်လေးပါ who2 ရယ်။
    ဟိုစကားလေးတော့ သတိရသွားတယ် “ကံမရှိ ဉာဏ်ရှိတိုင်း မွဲ´´။

Leave a Reply