ဒီအကြောင်းအရာလေးက ကဗျာတစ်ပုဒ်အဖြစ် ဖန်တီးလိုက်ရင် တော်တော်လှမှာ ……။ ဒါပေမဲ့ ကဗျာအဖြစ်ဖန်တီးလိုက်ပြီးရင် ဒီရွာထဲကို ထိုးဖောက်ဖို့ မလွယ်တာက ခက်တယ်….။ ကိုယ့်ကလည်း မြင်မြင်ကရာ ကဗျာလိုပဲ တွေးတတ်တော့လည်းခက်သား…..။ ဒီတစ်ခါတော့ ဖတ်မိသူတွေလည်း ကဗျာနဲ့ပတ်သက်လို့ တွေးလုံးလေးတွေ စကားလုံးယူပုံလေးတွေ ဘယ်လိုဖန်တီးတယ်ဆိုတာလေးတွေ ပေးရင်းနဲ့ စတိုင်တစ်မျိုးနဲ့တင်ပြချင်ပါတယ်…..။ စတိုင်ဆိုလို့ ကြုံတုန်းတစ်ခုပြောချင်သေးတယ်…။ ခုခေတ်စားနေတဲ့ အိုဗာ ဂန်းနားစတိုင် မဟုတ်ပါဘူး…။ ပြန်မာဆန်ဆန်လေး ဆန်ဆန်လေးပဲ ဦးသိန်စိန် -ဒေါ်စု စတိုင်လောက်လုပ်ရအောင်ပါ….။ အိုဘာမားနဲ့ ဂန်းနား အတွဲလှသလို မြန်မာတွေအတွက်ကလည်း ဦးသိန်းစိန်နဲ့ ဒေါ်စုအတွဲက လှပါတယ်….။ သူတို့နှစ်ယောက်တွဲက ခိုင်းလိုက်ရကောင်းဘူးလား …….။ စင်ပေါ်မှာ …. ဟားဟား…..။ ပြောရင်းနဲ့ချော်တော့ငေါ့ကုန်ပါပြီဗျာ….။ ဒီအကြောင်းအရာ လေး ရေးဖြစ်ဖို့ စေ့ဆော်ပေးတဲ့ အကြောင်းလေးကနေစပြောရရင်ကောင်းမလား ….။ တစ်နေ့ နေ့လည်နေကပူပူနဲ့ ဘယ်မှမထွက်ဖြစ်ပဲ အလကားကြည့်လို့ရတဲ့ MRTV ပဲ ထိုင်ကြည့်နေဖြစ်တယ်….။ အဲဒိနေ့ခင်းက မြန်မာဇတ်ကားထိုင်ကြည့်နေရင်းနဲ့ ဇာတ်ကားမပြီးသေးဘူး သတင်းကနှစ်ခါလောက်အကြေငြာခံလိုက်ရသေး….။ ဇာတ်ကားပြီးတော့လည်း ဘာများဆက်လာဦးမလဲကြည့်လိုက်တော့ …….. လားလား နေပြည်တော်မှာတည်ဆောက်နေတဲ့ ဗုဒ္ဓ ဂါယာ ဆိုပါရောလား ….။ ပုံစံတူ တည်ဆောက်နေသတဲ့……။ ပုံစံတူတာနဲ့ တစ်ကယ်အစစ်ဖြစ်ပါရောလား……။ နေ၀န်းနီ ခေါင်းထဲ ၀င်လာတဲ့ စကားလုံးတစ်ခုက “ အတု” ဆိုတာပါပဲ…..။ အစီအစဉ်ကိုဆက်ကြည့်နေရင်းနဲ့ အတုနဲ့ ပတ်သက်တာလေးတွေ အစီအရီ ခေါင်းထဲဝင်လာပြန်ပါလေရော………………..။
အတု အတု အတု လူတွေဘာကြောင့် အတုလုပ်ကြသလဲ? ဘာလို့ အတုကိုသုံးစွဲနေကြသလဲ ? တစ်ချို့များဆိုရင် အတုကို ခုံခုံမင်မ်ငကို သုံးစွဲနေကြတာ …..။ အဲဒိတော့ နေ၀န်းနီ တွေးနေတယ် တွေးနေတယ်….။ ရေးချင်တဲ့ကဗျာ မရေးဖြစ်သေးဘူး….။ တွေးလို့ကောင်းတုန်း….။
“ မိတ်ဆွေအတု -အပျော်ဖတ်ဝတ္ထု
ကြက်မွှေးတစ်ခုနဲ့ သန့်စင်
…………………………….”

တဲ့…။ မန္တလေးက ကဗျာရေးဖော် ကိုအောင်ဂျမ်းက သူရဲ့ “ 35 လမ်း ပလက်ဖောင်းပေါ်က ကောင်လေးတစ်ယောက်အကြောင်း” မှာ အဲဒိလိုသီကျူးသွားတယ်….။ အပျော်ဖတ်ဝတ္ထုနဲ့ မိတ်ဆွေအတု ထပ်တူပြုတင်စားပြီး သူက ကြက်မွှေးတစ်ချောင်းနဲ့ သန့်စင်မလို့တဲ့လေ……….။ 1986 လောက်က ရေးခဲ့တာမို့ရယ်….။ ခုဆိုကြက်မွှေးတစ်ချောင်းနဲ့ မလုံလောက်လို့ ဘူဒိုဇာနဲ့ ဖြိုခွဲမယ်လို့များပြောမလားမသိ….။ လောကမှာ ရှိသမျှ အတုတွေ ထဲမှာ သတိထားစရာအကောင်းဆု့း ကြောက်စရာအကောင်းဆုံးက မိတ်ဆွေအတုပါ………။ ဒါကိုအပျော်ဝတ္ထုနဲ့ ခိုင်းနှိုင်းလိုက်တော့ ဘယ်လောက်လှသွားတဲ့စကားလုံးဖြစ်သွားသလဲ တွေးကြည့်လေ လှလေ…….။ နေ၀န်းနီအထင်ပြောတာပါ…။ သဘောမတူတော့လည်းဘယ်တတ်နိုင်မှာလဲ …..။ ဟုတ်ဘူးလား….။ အတု အတု အတု နေ၀န်းနီ လူ့ဘ၀မှာ ပထမဆုံးတွေ့ခဲ့တဲ့ အတုက လူအတုပါ….။ အဲ…ရှုပ်သွားသလားမသိဘူး….။ ခြောက်တန်းလောက်ကပါ….။ သူငယ်ချင်းနဲ့ ကျောင်းပြေးရင် လယ်ဝေး ဖောင်တော်ချက်မ ဘုရားကြီးဘက်ရောက်သွားတယ်…။ အဲဒိတုန်းက လယ်ဝေးမှာနေတာပါ….။ ကျောင်းကလည်း အထက တစ်ကျောင်းပဲရှိသေးတာ….။ နေရာက ဖောင်တော်ချက်မ ဘုရားကြီးရဲ့ အရှေ့တောင်လောက် ကျမယ်…။ လယ်ဝေးသားတွေကတော့ ဘုရားကြီးလို့ပဲ အလွယ်ခေါ်တာပေါ့….။ နေ၀န်းနီတို့ က ခြောက်တန်းလောက်ကတည်းကျောင်းပြေးတတ်တယ်….။ လွယ်လွယ်ကူကူ ကျောင်းသွားရင်း ဘုရားကြီးထဲဝင်နေလိုက်ယုံပဲလေ….။ အဲဒိမှာ ဆေးလိပ်ခိုးသောက် ငါးခိုးမျှာတဲ့ကောင်တွေဆီက မိုက်ကြေးခွဲ…..။ အဲဒိမှာ အခြောက်ဆိုတာ ပထမဆုံးကြားဖူးတာ….။ သူငယ်ချင်းကပြောတယ်လေ….။ ငါးလာခိုးမျှားတဲ့အထဲက တစ်ယောက်က အခြောက်တဲ့…။ အဲဒိတော့ နေ၀န်းနီတို့ ဘုရားစောင်းတန်းတစ်ခုမှာထိုင်ရင် အခြောက်အကြောင်း ပြောဖြစ်ကြတယ်လေ…..။ ခြောက်တန်းကျောင်းသား တစ်ယောက်ရဲ့ အသိနဲ့ပြောတာဆိုတော့ သိပ်တော့စိတ်ဝင်စားစရာ မကောင်းဘူးပေါ့ ….။ အဲဒိကစပြီး မိန်းမ အတု ရှိတယ်ဆိုတာ နားလည်ခဲ့ရဖူးတယ်…..။ နောက်တော့ ဟိုအတု ဒီအတုတွေကြားမှာ ကျင်လည်မျောပါခဲ့ရတာပေါ့လေ……….။ ရှိစေတော့ ဘာတွေကို ဘယ်သူတွေကတုတု အစစ်ဟာ အစစ်ပါပဲ လို့ …..။ အတုတွေပေါ်လာလို့ အစစ်က တန်ဘိုးကျမသွားတဲ့အပြင် တန်ဘိုးပိုကြီးလာတာလဲမြင်ရတာပဲ….။ ဆိုတော့ကာ အခြားအရာတွေအတုလုပ်တာက တော်ပါသေးရဲ့ တစ်ကယ့် မတုပ သင့်တဲ့အရာ လောကမှာ နှစ်ခုမရှိသင့်တဲ့အရာ ကို လိုက်ပြီး ပုံစံတူလုပ်နေတာက ခွင့်လွှတ်လို့ရမှာလား….။ ခွင့်ကောခွင့်လွှတ်သင့်သလား….။ တွေးရင်းတွေးရင်းနဲ့ နေ၀န်းနီ ရှက်နေတယ်…။ အဲဒိအကြောင်းလေးကို နေ၀န်းနီ ကဗျာတစ်ပုဒ်နဲ့ပြောပြလိုက်ရရင် ကဗျာကတော့ လှပါရဲ့ …။ ရွာထဲမှာထိရောက်အောင် ထိုးဖောက်မရေးနိုင်တာက ဆိုးတယ်…။

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010