ပြင်းထန်သော အဆုတ်ရောဂါကို ကုသနိုင်မည့် နာနိုဆေးပညာ

Mr WorldWideMay 23, 20131min1113

ရန်ကုန်ကပြန်ရောက်ပါပီဗျာ ။ ပူတော့ ပူလိုက်တာ။ ဒါပေမယ့် ကိုယ့်မွေးရပ်မြေကို ပူတယ်လို့ပြောရမှာ အားနာတယ်။ အခုအချိန်က စပြီး ဘာသာပြန်သတင်းများကို ပြန်လည်တင်ဆက်ပါတော့မယ်။ အတွေးအခေါ်ပိုင်းဆိုင်ရာတွေ၊ ရသပိုင်းဆိုင်ရာတွေ
ရေးချင်ပေမယ့်..တစ်နေ့မှ ၂ ပို့စ်ဆိုတော့ ဘာသာပြန်သတင်းတင်တာနဲ့တင် လစ်မစ်က ပြည့်နေတော့ မရေးဖြစ်တော့ပါဘူး။ ရွာထဲကတစ်ယောက်ကတော့ ပြောတာတွေ့မိတယ်။ ၂ ပို့စ်ဆိုတော့ နည်းတာပေ့ါတဲ့။ စည်းကမ်းကစည်းကမ်းပါပဲ။

နောက်ဆိုရင်တော့ ဘာသာပြန်သတင်းများကို သုတစွယ်စုံလိုမဂ္ဂဇင်းမျိုး၊ ဒါမှမဟုတ် တခြားအပတ်စဉ်ထုတ်ဂျာနယ်တွေမှာပဲ ရောင်းစားပါတော့မယ်။ 😀 ဒီမှာတော့ ကျနော်စာချည်းသက်သက် ရေးဖို့ကြိုးစားတော့မယ်။

အင်္ဂလန်နိုင်ငံရှိ ှQueen`s University အပ မှ သုတေသနပညာရှင်များသည် မျက်လှည့်ကျည်ဆန် (Magic Bullet ) ဟု အမည်ပေးထားသော နာနိုနည်းပညာသုံးဆေးဝါးတစ်မျိုးကို တီထွင်နိုင်ခဲ့ပြီး ၎င်းသည် ပြင်းထန်သော အဆုတ်ဝေဒနာကို ကုသပေးနိုင်လိမ့်မည်ဖြစ်ပေသည်။
အင်္ဂလန်နိုင်ငံတွင် နှစ်စဉ်ပြင်းထန်သောအဆုတ်ဝေဒနာရှင် ၁၅၀၀ဝ ခန့် ရှိပေသည်။သူတို့အထဲမှ အချို့သည် ယာဉ်မတော်တဆထိခိုက်မှုများကြောင့်ဖြစ်ပြီး အချို့မှာရောဂါပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်ရပေသည်။ အရေးပေါ်အခန်းထဲတွင် ကုသပေးနေရသောအဆုတ်ရောဂါရှင်တစ်ဦးအတွက် တစ်နေ့လျင် ပေါင် ၁၈၀ဝ ခန့် အကုန်အကျခံနေရပေသည်။

130514213107

 လက်ရှိကာလတွင် ပြင်းထန်ဆိုးရွားသော အဆုတ်ရောဂါအတွက် ထိရောက်သည့်ကုထုံးမရှိသေးပေ။ သို့သော် Queen`s University မှ သိပ္ပံပညာရှင်များနှင့် ဆေးဝါးကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် အရေးပေါ်အခန်းထဲရှိ အဆုတ်ဝေဒနာရှင်များအား ကယ်တင်နိုင်မည့်ကုထုံးအသစ်တစ်မျိုးကို တွေ့ရှိခဲ့ပါသည်။
ဤဆေးဝါးအသစ်မှာ တစ်နာနိုမီတာအရွယ် ရှိ အမှုန့်တစ်မျိုးဖြစ်ပေသည်။ လူနာမှ ၎င်းအမှုန့်ကို ရှုသွင်းလိုက်ရမည်ဖြစ်ပြီး ၎င်းသည် ရောင်ရမ်းနေသော အဆုတ်ထဲသို့ တိုက်ရိုက်ရောက်ရှိသွား ပေလိမ့်မည်။ ယခင်ကုထုံးများမှာမူ အဆုတ်သို့တိုက်ရိုက်မရောက်ရှိနိုင်သည့်အပြင် အခြားဘေးထွက်ဆိုးကျိုးများ ပါ ခံစားရနိုင်ပေသည်။ ကျွန်ုပ်တို့၏ သုတေသနလုပ်ငန်းသည် နာနိုအမှုန့်များနှင့် သက်ရှိဆဲလ်များမည်ကဲ့သို့ ချိတ်ဆက်အလုပ်လုပ်ခြင်းနှင့် ၎င်းနာနိုအမှုန့်များအား အသက်ရှုလမ်းကြောင်းရောဂါများ၊ ကင်ဆာရောဂါများ အတွက် မည်ကဲ့သို့ အသုံးချရမည်ကိုအဓိကထား ရှာဖွေလေ့လာခြင်းပင်ဖြစ်သည်ဟု ပါမောက္ခ ခရစ်စကော့က ပြောကြားခဲ့ပါသည်။
နာနိုအမှုန့်လေးများသည် အဆုတ်အတွင်းရှိ Macrophages ဟုခေါ်သော ခုခံအားဆဲလ်များနှင့် ပေါင်းစည်းခြင်းဖြင့် အဆုတ်ရောင်ရမ်းခြင်းကို လျင်မြန်စွာ လျော့ပါးသက်သာစေကြောင်း သိရှိရပေသည်။

Source:http://www.sciencedaily.com/releases/2013/05/130514213107.htm

3 comments

  • Munetez

    May 23, 2013 at 8:54 am

    ရေးချင်ပေမယ့်..တစ်နေ့မှ ၂ ပို့စ်ဆိုတော့ ဘာသာပြန်သတင်းတင်တာနဲ့တင် လစ်မစ်က ပြည့်နေတော့ မရေးဖြစ်တော့ပါဘူး။ ရွာထဲကတစ်ယောက်ကတော့ ပြောတာတွေ့မိတယ်။ ၂ ပို့စ်ဆိုတော့ နည်းတာပေ့ါတဲ့။ စည်းကမ်းကစည်းကမ်းပါပဲ။

    သည်လို ရှိတယ်ခည …မန်ဘာတွေ နောက်ဆုံး (last ကိုပြောတာမဟုတ် latest) ရေးတင်လိုက်သမျှသော ပိုစ့်များဟာ
    ရွာ့ မျက်နှာစာမှာ ပေါ်ပါတယ်။ သည်တော့ တယောက်ယောက်ကသာ တချိန်ထဲ တပုံကြီး ရေးချလိုက်ရင် သူ့စာတွေချည်း
    ပဲရှိသလို မျက်နှာစာ မှာပေါ်ပါလိမ့်မယ်ဗျို့ …။
    သည်တော့ စာစုံ (လူစုံ) မျက်နှာစာမှာ ပေါ်ဖို့ က သည်လို လစ်မစ်လုပ်ထားတယ် လို့ ယူဆပါတယ်။
    ကျနော့်အနေနဲ့ လက်တို့ချင်တာက ဒီအတွက်စိတ်ပျက်သွားဖို့ မလိုကြောင်း ပါဗျာ..
    ဘာကြောင့်လဲဆို Post Publish လုပ်တဲ့ နေရာမှာ Schedule ဆိုတာ ပါပါတယ်ဗျာ…။
    အဲ့သည့် Function က ဒီနေ့ ၂ပုဒ်ရေးတင်ပြီးလို့ လစ်မစ်ပြည့်တဲ့အခါ တတိယ တပုဒ် ရေးဖြစ်ခဲ့မယ်ဆိုရင်
    ဘယ်နေ့ဘယ်ရက်မှာ Publish လုပ်ပါ ဆိုပြီး Set လုပ်တဲ့ ဟာပါဗျိုု့…။
    ဒီနည်းနဲ့ ကိုယ်မဝင်ဖြစ်မယ့် အချိန်တွေ နေ့တွေ မှာ အသစ်ရေးဖြစ်တဲ့ စာတွေကို Set လုပ်ပြီး တင်ထားနိုင်ပါကြောင်းဗျ…။

    တော်သေးပြီ

    :harr:

  • Ma Ma

    May 23, 2013 at 9:10 am

    အဖိုးတန်အကျိုးများတဲ့ ခေတ်မီနည်းပညာတွေကို ခေတ်နဲ့တပြေးညီ သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
    အဆုတ်ယောင်ရမ်းတဲ့ရောဂါကို လျင်မြန်စွာ သက်သာနိုင်သည်ဆိုတော့ ချောင်းဆိုးတာ အဆုတ်ပွတာကို ကုသနိုင်မယ်လို့ သဘောပေါက်မိပါတယ်။
    အဆုတ်ကင်ဆာကိုရော ကုသနိုင်သလား မသိဘူးနော်။

  • မင်းမင်း

    May 23, 2013 at 9:46 am

    ဈေးဆစ်ချင်ပါတယ်။၂ပုဒ်အစား ၃ပုဒ် တိုးပေး
    စေချင်ပါတယ်။ဖတ်ရသူဘက်ကဈေးဆစ်တာပါ။

Leave a Reply