မကြာမီအချိန်အတွင်း ကမ္ဘာ့ပတ်လမ်းကြောင်းထဲ၌ ဂြိုဟ်တုများ လောင်စာဖြည့်တင်းနိုင်တော့မည်လော

Mr WorldWideMay 23, 20131min1142

ဂြိုဟ်တုတစ်ခုလုံးသည် အမြဲတမ်းလိုလို လောင်စာကုန်ခမ်းသည်နှင့်တစ်ခါတည်း ပစ်လွှတ် လိုက်ရသည်သာ ဖြစ်သည်။ ဂြိုဟ်တုတစ်လုံး ပတ်လမ်းအတွင်းလွှတ်တင်လိုက်သည့်အခါ ၎င်း၌ပါဝင်သော ပစ္စည်းကိရိယာများ မပျက်မစီးခြင်း၊သို့မဟုတ် လောင်စာ မကုန်ခမ်းမခြင်း အလုပ်လုပ်နေမည်ဖြစ်ပြီး ကမ္ဘာ့ လေထုလွှာထဲသို့ ပြန်လည်ကျရောက်လာသည့်အခါ မီးလောင်ပျက်စီးသွားမည်ဖြစ်သည်။ လူတို့အနေဖြင့် ဂြိုဟ်တုများကို လွှတ်တင်ခဲ့သည်မှာ ရာစုနှစ်ဝက်ထက် ပို၍ ကြာမြင့်ခဲ့ပြီဖြစ်ရာ ဂြိုဟ်တုများကြောင့်လည်း ပိုမို၍ထိရောက်ကောင်းမွန်သော နေထိုင်မှုဘဝများကို ရရှိခဲ့ပြီး ဖြစ်သည်။ ကျွန်တော်တို့ အာကာသကြီးရဲ့ ဖွဲ့စည်းထားမှုဟာ အနုစိတ်ပြီး ဆန်းကျယ်လွန်းတဲ့အရာတစ်ခုပါပဲဟု MDA (MacDonald,Detwiler and Associates) ရှိ SIS (Space Infrastructure Services) ဖြစ်သူ စတိဗ် အိုးလ်ဟမ်းက ဆိုသည်။ ကျွန်တော်တို့အားလုံးဟာ အဲဒီအပေါ်မှာမူတည်နေပြီးတော့ ကျွန်တော်တို့ဆီမှာ အာကာသယဉ်ကျေးမှု တစ်ရပ် ကိုလည်း ပိုင်ဆိုင်ထားပါပြီ ဟု လည်း ဆိုခဲ့သည်။

MDA-Satellite-101711-VvIPdY-mdn

MDA သည် လက်ရှိလည်ပတ်နေသော ဂြိုဟ်တုများ၏သက်တမ်းကို ပိုမိုချဲ့ထွင်နိုင်ရန်အတွက် ၎င်းတို့၏ ပတ်လမ်းကြောင်းအတွင်း လောင်စာပြန်လည်ဖြည့်တင်းနိုင်ရေးနှင့် ပြင်ဆင်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး သုတေသနပြုလုပ်နေသော နယူယော့ခ်မြို့ရှိ SATCON  ဂြိုဟ်တုစက်မှုလုပ်ငန်း၏ အာကာသကုမ္ပဏီ၂ ခုအနက်မှ တစ်ခုဖြစ်သည်။ အခြားကုမ္ပဏီတစ်ခုမှာမူ ViviSat ဖြစ်သည်။
ViviSat ၏ Chief Operating Officer  ဖြစ်သူ ဘရိုင်ယန် မက်ဂွက်ခ်၏ အဆိုအရ ဂြိုဟ်တုများ အနေဖြင့် စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်စုံတစ်ရာမဖြစ်လျင် အနည်းဆုံး ၁ဝ နှစ်မှ ၁၅ နှစ်အထိ အလုပ်လုပ် ဆောင်ရန် မျော်လင့်နိုင်မည်ဖြစ်ပြီး စက်ကိရိယာများသည် ဂြိုဟ်တု၏လောင်စာကုန်ခမ်းသွားသည်အထိ လုပ် ဆောင်နေမည်ဖြစ်သည်ဟု သိရသည်။ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံပြီးလက်ရှိလုပ်ဆောင်နေသည့် ဂြိုဟ်တုများ ကမ္ဘာ့လေထုအတွင်းသို့ပျက်ကျမှုမှကာကွယ်နိုင်ရန် နည်းလမ်းတစ်ခုကို အင်ဂျင်နီယာများ အနေဖြင့်ရှာဖွေတွေ့ရှိမည်ဆိုပါက ဂြိုဟ်တုများ၏လုပ်ငန်းလည်ပတ်နေမှုကို ဆက်လက်ထိန်းသိမ်း နိုင်လိမ့် မည်ဖြစ်သည်။  ဂြိုဟ်တုအရေအတွက်ပေါင်းများစွာကို ပတ်လမ်းကြောင်း ကနေဖယ်ရှားခဲ့ပြီးပါပြီ၊ ဒီလိုလုပ် ဆောင်ရာမှာ ပြီးပြည့်စုံပြီး အန္တရာယ်ကင်းတဲ့ လုပ်ဆောင်ချက် တွေဖြစ်စေဖို့အတွက် တစ်နှစ်တစ်နှစ်ကို ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံပြီး လုပ်ဆောင်နေရပါတယ် ဟု ကမ္ဘာ့အကြီးဆုံးဂြိုဟ်တုလုပ်ငန်း ကုမ္ပဏီဖြစ်သည့် Intelsat General ၏ ဥပဒေရေးရာဌာန၊ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရစ်ချက်ဒယ်ဘယ်လို ကပြော သည်။
၎င်းပြဿနာကို ဖြေရှင်းရန်အတွက် MDA ကျင့်သုံးမည့်နည်းလမ်းမှာ လောင်စာပြန်လည်ဖြည့်တင်းခြင်း ဖြစ်သည်။ှုှ ပြင်ဆင်ရေးဂြိုဟ်တုစက်ရုံ၌ ဗွီဒီယိုနည်းပညာနှင့် စက်ရုပ်လက်တံတစ်ခုကို တပ်ဆင်အသုံးပြုထားပြီး ဂြိုဟ်တု၏လောင်စာကန်အဖုံးအဆို့ကို ဂရုတစိုက်ဖွင့်၍ ပိုက်ပျော့တစ်ခုဖြင့် လောင်စာထည့် သွင်းကာ ပြန်လည်ဖြည့်တင်းမည်ဖြစ်သည်။ MDA နေဖြင့် လက်ရှိနိုင်ငံတကာ အာကာသစခန်းတွင် စက်ရုပ် လက်တံတစ်ခုအား တည်ဆောက်ခဲ့ပြီးဖြစ်သည်။

ထိုလုပ်ငန်းဆောင်ရွက်မည့် ဂြိုဟ်တုစက်ရုပ်သည် ကမ္ဘာ့ပတ် လမ်းကြောင်းအတွင်း၌ အချိန် ရ နှစ်ခန့် နေထိုင်နိုင်မည်ဖြစ်ကာ လောင်စာပြန်လည်ဖြည့်တင်းခြင်း လုပ်ငန်းတစ်ခု ပြီးမြောက်အောင်မြင်ရန်အတွက် ၂ ပတ်မှ ၃ ပတ်ခန့် အချိန်ယူရမည်ဖြစ်သည်။ ယင်းအစီအစဉ်တွင် ပါဝင်မည့် စက်ရုပ်လက်တံ၌ ပစ္စည်းကိရိယာအစုံအလင် တပ်ဆင်ထားသည့် ခါးပတ်တစ်ခုလည်း ပါဝင်မည်ဖြစ်ကာ ၎င်းအ နေဖြင့် ဂြိုဟ်တုများ၏ လောင်စာကန်အဖုံးကို လေးပုံပုံ သုံးပုံခန့် ဖွင့်ပေးနိုင်မည်ဖြစ်သည်။

ViviSat  ၏ ဂြိုဟ်တုစက်ရုပ်အား MEV (Mission Extension Vehicle) ဟုခေါ်ပြီး ၎င်းသည်ဂြိုဟ်တု များအား ဂရုတစ်စိုက်ပြင်ဆင်ပေးခြင်း၊ ပတ်လမ်းမှန်ကန်အောင် တည့်မတ်ပေးခြင်းနှင့် လွန်းပျံယာဉ်ကဲ့သို့ လုပ်ငန်း ဆောင်တာများကို လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။ ၎င်းအနေဖြင့် ဂြိုဟ်တုတစ်ခုလုံး၏ပတ်လမ်းအား မှန်ကန်သွားစေရန် အတွက် ၁ နှစ်မှ ၅ နှစ်အထိ အချိန်ယူ၍ညင်သာစွာပြုလုပ်ပေးသွားမည်ဖြစ်သည်။
ယခုပြုလုပ်မည့် လောင်စာပြန်လည်ဖြည့်တင်းရေး အစီအစဉ် နှစ်ရပ်စလုံးသည် ဂြိုဟ်တုများ၏သွားလာ မှုကိုထိန်းသိမ်းရန်အတွက် ယခင်ကမရှိခဲ့သည့် စွမ်းဆောင်ရည်မျိုးကို ပေးစွမ်းနိုင်မည်ဖြစ်သော်လည်း ပုံမှန်ပြုလုပ် နေကျ ပြင်ဆင်မှုများကိုမူ ပြုလုပ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ ဒယ်ဘယ်လို၏အဆိုအရမူ အိုဟောင်းနေသည့် ဂြိုဟ်တုများအပေါ်၌ SIS ပြင်ဆင်ရေးစက်ရုပ်ဂြိုဟ်တုကို အသုံးပြု၍ ၎င်းတို့၏သက်တမ်းအား ၂ နှစ်မှ ၄ နှစ် အထိ ဆွဲဆန့်နိုင်မည်ဟု ဆိုသည်။ ဤနည်းပညာမှာ အသေးစားခြေလှမ်းတစ်ခုဖြစ်သော်လည်း ၂၀၁၅ ခုနှစ်တွင် စတင်နိုင်ဖွယ်ရာရှိသည့် ပြင်ဆင်ရေးစက်ရုပ်ဂြိုဟ်တုများ၏ လုပ်ဆောင်ပေးမည့် စွမ်းရည်အပေါ်ဂြိုဟ်တုလုပ်ငန်း ကုမ္ပဏီများက စိတ်လှုပ်ရှားလျက်ရှိကြသည်။
Source:http://www.popularmechanics.com/technology/military/satellites/satellite-refueling- in-orbit-coming-soon

 

 

2 comments

  • မင်းမင်း

    May 23, 2013 at 9:54 am

    သုတရပါတယ်ဗျာ။ မဟာပေါက်ကွဲမှု့အကြောင်း
    လဲသုတအနေနဲ့ဖတ်မှတ်ချင်ပါတယ်ခင်ဗျာ။
    ကျေးဇူးတင်ပါတယ်ဗျာ။

  • kyaw hteik

    May 26, 2013 at 10:45 pm

    ဗဟုသုတရတဲ့ပို့​တွေတင်​​ပေးလို့​ကျေးဇူးတင်​ပါတယ်​။
    ​နောက်​လဲပိုမို တင်​ဆက်​​ပေးဖို့​မျှော်​လင်​့​နေပါမယ်​။အကိုစာ​တွေအမြဲဖတ်​​နေသူပါ ခင်​ဗျာ။

Leave a Reply