စဉ်းစားကြစေလိုပါတယ် ( ၅၃ ) ( ဆော်ထည့်လိုက်စမ်းပါ ၊ ဘာသာရေး )

Foreign ResidentMay 23, 20135min31634

စဉ်းစားကြစေလိုပါတယ် ( ၅၃ )

( ဆော်ထည့်လိုက်စမ်းပါ ၊

ဘာသာရေး )

 

အခုတစ်လော ရွာထဲမှာ ၊

ဘာသာရေး ဘက်က ၊

နဲနဲ ပူညံ ပူညံ ဖြစ်လာတုန်း ၊

သူကြီးက ပိဋကတ်သုံးပုံ အကြောင်း ၊

မန့် ထားတာလေး တွေ့ရတော့ ၊

အဘ လည်း ပြောချင်တာလေး ၊

တစ်ခုရှိလို့ ရေးလိုက်ပါတယ် ။

 

အဲ ၊ စကားမစပ် ၊ ပထမဆုံး အနေနှင့် ၊

အဲဒီ သူကြီးက ပိဋကတ်သုံးပုံ အကြောင်း မန့် ထားတဲ့ ၊

ရွှေတိုက်စိုး ရဲ့ ” ရပ်ကွက်မှသည် နိုင်ငံဆီသို. ” Post လေးအောက်မှာ ၊

 

သမီး Gavia Girl ကလဲ ပြောထားတာ တစ်ခု ရှိပါတယ် ။

” ခြင်္သေ့မြို့မှာ တပ်တဲ့ ဖိုင်းတွေ…. စည်းကမ်းဖောက်ရင် တကယ်ကို ပြစ်ဒဏ် ခံရတယ် ၊

အဲ့ဒါတွေကို ကြောက်တာနဲ့ပဲ လူတွေလည်း လိုက်ပြောင်းရတာပဲ ”

 

ဟဲ ဟဲ ၊ ခြင်္သေ့ မြို့တော် မှာမှ မဟုတ်ပါဘူး ၊

အဘ တို့ ဩဇီမှာလည်း ရေရေလည်လည် ဆော်တဲ့အကြောင်းလေး ၊ ပြောပြချင်လို့ပါ ။

အောက်က ပုံလေးက ၊ အဘ တစ်ရက် ဆစ်ဒနီက Auburn RSL Club မှာ Buffet သွားစားရင်း ၊

 

( စကားမစပ် ၊ အဲဒီ ဆစ်ဒနီက Auburn RSL Club က Buffet က တော်တော်တန်တယ် သိလား ၊

လူတစ်ယောက် ကို ၁၈ ဒေါ်လာ ကို ပုဇွန် အကောင်လတ်တွေ နှင့် ဘဲကင် ပါရတယ် )

 

အဲဒီ Auburn RSL Club မှာ အခမဲ့ပေးထားတဲ့ Information Handout လေးတစ်ခု တွေ့လို့ ၊

ဘာရယ် မဟုတ် ဖါတ်ကြည့်ရင်း ၊ ချမှတ်မယ့် ဒါဏ်ငွေကို ကြည့်ပြီး ၊

မျက်လုံးပြူးကနဲ ဖြစ်သွားပါတယ် ။

အဲဒါကို ရွာသူားတွေပါ ဗဟုသုတ ရအောင် ဖေါ်ပြပေးလိုက်ပါတယ် ။

 

Handout လေးတွေကတော့ အများကြီးရှိတာပေါ့နော် ၊

အဲဒီထဲက ၊ အဘ မျက်လုံးပြူး သွားရတဲ့ Handout တစ်ခုကိုပဲ ပြမှာပါ ။

Handout က A4 ဆိုဒ်ဆိုတော့ ကြည့်ရလွယ်အောင် နှစ်ပိုင်းခွဲပြီး တင်ပေးလိုက်တယ် ။

 

သူတို့ ဆီမှာက School Zone ဆိုတာ သတ်မှတ်ထားတယ် ၊

အကြမ်းဖျင်း အားဖြင့် ကျောင်း ဂိတ်ပေါက်ကနေ မီတာ ၃ / ၄၀ဝ အကွာလောက်ကစတယ် ။

အချိန်တိုင်းတော့ မဟုတ်ဘူး ၊ ကျောင်းဖွင့်တဲ့ရက် တွေ ရဲ့ ၊

ကျောင်းဆင်း ကျောင်းတက်တဲ့ အချိန်တွေမှပါ ( 8 AM to 9:30 AM & 2:30 PM to 4 PM ထိပါ ) ။

အဲဒီ ရက်/အချိန် အတွင်းမှာ School Zone ထဲမှာ

တစ်နာရီ 40 km ( ၂၅ မိုင် ) နှုန်းထက် ပိုမမေါင်းရပါဘူး ။

ဟဲ ဟဲ ။ ပိုမောင်းတာကို ဖမ်းမိသွားရင်တော့ ၊ ဒါဏ်ငွေကတော့ ပုံထဲက အတိုင်းပါပဲ ။

အများဆုံး ဖြစ်နိုင်တဲ့ ဒါဏ်ငွေကတော့ 3543 ဒေါ်လာ မြန်မာငွေ ၃၂ သိန်း ပါ ။
အများဆုံး ဖြစ်နိုင်တဲ့ ဒါဏ်ငွေကတော့ 3543 ဒေါ်လာ မြန်မာငွေ ၃၂ သိန်း ပါ ။

 

ဒါတွေကတော့ School Zone မှာဖြစ်ရင် ချမယ့် ပြစ်ဒါဏ် နှင့် ဒါဏ်ငွေ တွေပါ ။
ဒါတွေကတော့ School Zone မှာဖြစ်ရင် ချမယ့် ပြစ်ဒါဏ် နှင့် ဒါဏ်ငွေ တွေပါ ။

 

 

ပိုမောင်းတဲ့ အရှိန်နှင့် ကားအမျိုးအစားပေါ်မူတည်ပြီး ဒါဏ်ငွေ အနဲ အများတော့ ရှိပါတယ် ။

အများဆုံး ဖြစ်နိုင်တဲ့ ဒါဏ်ငွေကတော့ ပုံထဲက အတိုင်း 3543 ဒေါ်လာ ပါတဲ့ ။

 

မြန်မာငွေ နှင့်တွက်ရင်တော့ ( SZ မှာအရှိန်ပြင်း မေါင်းနှင်မှုအတွက် ) ဒါဏ်ငွေ ၃၂ သိန်း ကျပါမယ် ။

( Detail သိချင်ရင်တော့ http://www.rta.nsw.gov.au/usingroads/penalties/speeding.html )

ဟဲ ဟဲ ။ ဘယ်လိုလဲ ။ ဆော်တယ် မဟုတ်လား ။

 

ဒီ နိုင်ငံမှာက ၊ ခရိုင် ကောင်စီတွေမှာ ဘတ်ဂျက် / ရံပုံငွေ နဲလာပြီ ဆိုရင် ၊

အဲလို Traffic Offense တွေကို လှိမ့်ပိန့် ဖမ်းတော့တာပဲ ။

ဒီ မှာက ၊ Traffic Offense တွေကို ဖမ်းဖို့ ရဲ ( NSW Police ) အပြင် ၊

Ranger ဆိုတဲ့ ယာဉ်စည်းကမ်း ဖေါက်တာချည်းပဲ လိုက်ရှာဖမ်းတဲ့ အဖွဲ့သပ်သပ်ကို ရှိတာ ။

 

မြန်မာ နိုင်ငံ မှာလည်း ၊ အဲလို ယာဉ်စည်းကမ်း လမ်းစည်းကမ်း  ဖေါက်တဲ့လူတွေကို ၊

လှိမ့်ပိန့် ဖမ်းပြီး ၊ ဒါဏ်ငွေ တွေ ထိထိ ရောက်ရောက် ချစေချင်ပါတယ် ။

 

အဲဒါဆို ၊ ရန်ကုန် အစိုးရလဲ ဝင်ငွေတွေ တစ်ထောကြီးရမှာ ။

လူ တွေလည်း စည်းကမ်း ရှိသွား ၊ စည်းကမ်း ဆိုတာ လိုက်နာရကောင်းမှန်း အသိစိတ် ဝင်သွားမှာ ။

တကယ့်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ ။ ဒီ့ထက်ကောင်းတာတောင် ၊ ဒါ့လောက် မကောင်းဘူး ။

ဆော်ထည့်လိုက်စမ်းပါ ။ ဆော်ထည့်လိုက်စမ်းပါ ။

 

အဘ တောင် ၊ ရန်ကုန်မှာ အနေကြာသွားရင် စည်းကမ်းဖေါက်ချင်တဲ့ စိတ်တွေ ပေါ်ပေါ်လာတယ် ။

တန်း မစီဘဲ ၊ ကျော်တက် ခေါင်းထိုး ဦးတာကတော့ ၊ အဘ လည်းလုပ်တတ်ပါ့ ။

 

ကဲ ကဲ ။ဆော်ထည့်လိုက်စမ်းပါ ၊ အပိုင်းပြီးသွားတော့ ၊

အခုမှ ၊ မေးလိုရင်း ၊ ဘာသာရေး ဘက်ကို သွားကြတာပေါ့ ။

အဘ နှင့် အဘ သူငယ်ချင်း Capt နှင့် Face Book ပေါ်မှာ ဘာသာရေး ဆွေးနွေး ဖြစ်ကြတယ် ။

 

၁ ။

 

ပိဋကတ် သုံးပုံ ကို ထပ်ဖြည့်တာနှင့် ပါတ်သက်ပြီး ၊ သူ ပြောခဲ့တဲ့ စကားလေးတွေ ပါ ။

 

” မြတ်စွာဘုရားဟောကြား ခဲ့ တဲ့ ပိဋကတ် သုံးပုံ ဆိုပြီး ဗုဒ္ဓဘာသာဝင် တိုင်းနားလည်ထားပေမဲ့

ဘယ်လိုခွဲခြားထားတယ် ဆိုတာတော့ မသိသေးတဲ့ သူများပါတယ်….

သုတ္တံ …. ဝိနည်း … အဘိဓမ္မာ ဆိုပြီး အပိုင်းအားဖြင့် သုံးပိုင်း ပေါ့

ဝိနည်းကတော့ သံဃာတော်တွေ အတွက်သီးသန့် ဖြစ်လို့ လူများနှင့် မသက်ဆိုင် ပါဘူး ..

ဒါပေမဲ့ အချို့ ကိုတော့ သိသင့် ပါတယ် ..

ဒါမှ သံဃာတော် တွေ နဲ့ ဆက်ဆံရာမှာ သတိထားနိုင်မှာဖြစ်ပါတယ်.

ဥပမာ .. ဆွမ်းစားပင့် တဲ့ အခါတို့ ..ကပ်တဲ့ အခါတို့ ..မှာလိုက်နာသင့်တာလေးတွေကိုပေါ့

( ပါရာဇိက ..ပါစိတ် .. စူဠဝါ ..မဟာဝါ ..ပရိဝါ ) ဝိနည်း ၅ကျမ်း ရှိ ပါတယ်..

တောင်ဥက္ကလာမှာတောင် ၅ကျမ်းပြန် ကျောင်းရယ် လို့ ရှိသေးတယ်..

 

( အဘိဓမ္မာ ရ ကျမ်း )

မြတ်စွာဘုရားဉာဏ်တော်စွမ်းနဲ့ ခွဲခြမ်းစိတ်ဖြာဟောကြားထားတာပါ….

မယ်တော်နတ်သား ကိုကျေးဇူးဆပ်ရင်း နတ် ဗြဟ္မာ များကိုဟောတာပါ …အကျယ်ပေါ့ .

အကျဉ်းကို အရှင်သာရိပုတ္တရာ ကို နေ့သန့်စင်ရင်း ပြန်ဟောပါတယ်..

အရှင်သာရိပုတ္တရာ က တဆင့် ရဟန်း၅၀ဝ ကို ပြန်လည်ချဲ့ထွင်ဟောကြားပါတယ်…. ..

ဓမ္မသင်္ဃဏီ ၊ ဝိဘင်း ၊ ဓါတုကထာ ၊ ပုဂ္ဂလပညတ် ၊ ယမိုက် ၊ ပဌာန်း ၊ ကထာဝတ္ထု

ရယ်လို့ ရ ကျမ်းပေါ့ ။

( ဗန်းမော်ဆရာတော်ကြီးဟောထားတဲ့ CD အလွယ်တကူရနိုင်ပါတယ် )

အကျယ်ဖတ်လိုရင် အရှင်ဇနကာဘိဝံသရေးတဲ့ အခြေပြုပဌာန်း ကို ဖတ်ပါ…

Online မှာ ရှာလို့ ရပါတယ် ..

 

သုတ္တံတွေ ကိုတော့ (၃ရ ကျမ်း) ကို နိကာယ်အားဖြင့် ၅ ခု ခွဲလိုက်တယ်..

 ရှာဖွေရလွယ်အောင်ဖြစ်ပါတယ်

ဒီဃနိကာယ် ( သိပ်ရှည် လျားတဲ့ သုတ္တံ ကြီးတွေ ပေါ့)

မဈ္စိမနိကာယ် ( အလယ်အလတ်)

ခုဒ္ဒက နိကာယ် ( အတို)

သံယုတ္တနိကာယ်

အဂ္ဂုင်္တ္တရနိကာယ်

 

အားလုံးပေါင်းတော့ ( ၇+၅+၃ရ = ၄၉ ) ကျမ်းရှိ တယ်.

ဆဌသံင်္ဃာယနာတင်တဲ့ အခါမှာတော့ ..

ဝိသုဒ္ဓိမဂ် ရယ် .. မိလိန္ဒပဉ္စာ ရယ် သီရိလင်္ကာ ဘက် ကပေါင်းထဲ့လာတယ် ..

နောင် သာသနာအတွက် အင်မတန်ကို အကျိုးများ မှာမို့ ထဲ့ ပြီး တင်ရအောင်ပါ.

အရှင်မဟာဗုဒ္ဓဃောဿ ရေးတာပါ..

 

***( ဝိသုဒ္ဓိမဂ် မြန်မာပြန် မဟာစည်မှာ ရနိုင်ပါတယ် ..ဆရာတော်ကြီးပြန်ဆိုထားတာပါ )

ဒီတော့ မြန်မာဘက် က “ပေဋကောပဒေသကျမ်း” ကို ထဲ့ ပါတယ်

သထုံဇေတဝန်ဆရာတော် ပြုစုထဲ့ အဌကထာ ပါ..

ဒီတော့ သင်္ဃာယနာတင်ကျမ်းပေါင်း ၄၉+၃ = ၅၂ ကျမ်း ဖြစ်သွားပါတယ် “

 

ဟဲ ဟဲ ။ ဒီစကားတွေကို ၊ သင်္ဘောပေါ်ကနေ ကျမ်းအကိုးအကား မရှိဘဲ ၊

အဘ နှင့် ဆွေးနွေးနေရင်း အလွတ် ချက်ချင်း လက်တန်း ပြောချ ရေးချ သွားတာနော် ။

အချင်းချင်းမို့သာ သိပ် အထင်မကြီးတာ ၊ ဘာသာရေးမှာ ဒီကောင် ခေ သူတော့ မဟုတ်ဘူးပဲ ။

ဧကံဏ ၊ ဒီကောင် အဘိဓမ္မာ နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲ ဖြေခဲ့တယ် ထင်တယ် ။

 

ကဲပါ ။ လိုရင်း က ။ သူပြောပုံ အရဆိုရင် ၊

ရွှေတိုက်စိုး ရဲ့ ” ရပ်ကွက်မှသည် နိုင်ငံဆီသို. ” Post လေးအောက်မှာ ၊ သူကြီး မေးထားတဲ့ ၊

 

” kai says:

ဆိုတော့..  မေးရဦးမယ်..။

ပိဋကတ်သုံးပုံ မှာမူလ ဘုရားဟော အစစ်လို့.. ယုံကြည်ရတာ..

ရာခိုင်နှုန်း ဘယ်လောက်လို့ ထင်ပါသလဲ…

ကိုယ်တိုင် အယူအဆကို ( အစွဲမပါ ) ပြောကြည့်ပါနော “

 

ကို မှန်းဖြေကြည့်မယ်နော် ။

 

သီရိလင်္ကာ ဘက်က ပေါင်းထဲ့လာတဲ့ ၊

အရှင် မဟာ ဗုဒ္ဓဃောဿ ရေးတဲ့ ၊

ဝိသုဒ္ဓိမဂ် ရယ် .. ၊ မိလိန္ဒပဉ္စာ ရယ် ။

 

မြန်မာ ဘက်က ပေါင်းထဲ့လာတဲ့ ၊

သထုံ ဇေတဝန် ဆရာတော် ပြုစုတဲ့ ၊

“ ပေဋကော ပဒေသကျမ်း ” ရယ် ။

 

ပိဋကတ် သုံးပုံ စုစုပေါင်း ၄၉ + ၃ = ၅၂ ကျမ်း ရှိတဲ့ အထဲမှာ ၊

အလွယ် ပြောရရင် ၊ ၃ ကျမ်း ( ၆ % ) ပဲ ထပ်ထည့်တာ ပါတယ်လို့ ဆိုတော့ ။

 

၁ ။ သိပ် မ များလှဘူးလို့ ထင်မိပါတယ် ။

၂ ။ နောက်ပြီး ၊ ထပ်ဖြည့်ထားတဲ့ ကျမ်းတွေကလဲ အသိသာကြီးပဲ ၊

ပြဿနာ မရှိလောက်ဘူး ထင်ပါတယ် ။

 

အဲဒါ နှင့် ပါတ်သက်ပြီး ၊ ဗဟုသုတ ကြွယ်ဝတဲ့ သူကြီးရဲ့ မှတ်ချက် လေးလဲ ၊ သိလိုလှပါတယ် ။

တတ်နိုင်ရင် ၊ အပန်းမကြီးရင် ၊ သူကြီး သိထားတဲ့ ဗဟုသုတ တွေလည်း ၊ ကျေးဇူးပြုပြီး မျှဝေပါဦး ။

 

၂ ။

 

အဲ ၊ နောက်ထပ် ဝမ်းသာစရာ တစ်ချက် ကတော့ ၊

အဘ သူငယ်ချင်းက ဆက်ပြောတာကတော့ ၊

 

” ထေရဝါဒ နှင့် မဟာယာနဟာ ၊

အပေါ်ယံအသွင်သဏ္ဍာန်တို့ဟာ အနည်းငယ်ကွဲလွဲနေတာမှန်ပေမဲ့ ၊

‘အနှစ်သာရ’ ကတော့ လုံးဝအတူချည်းသာဖြစ်ပါတယ် ။

 

ဥပမာ။ ။ ထေရဝါဒ နှင့် မဟာယာန နှစ်ခုလုံးသည် ၊

 

(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။

(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အဝလက်ခံကြတယ်။

(၃) မဂ္ဂင် ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊

(၄) ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊

(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။

(၆) အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ နဲ့ သီလ ၊ သမာဓိ ၊ ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။

 

Mahayana and Theravada

Now, what is the difference between Mahayana and Theravada?

I have studied Mahayana for many years and the more I study it,

the more I find there is hardly any difference between

Theravada and Mahayana with regard to the fundamental teachings.

 

1- Both accept Sakyamuni Buddha as the Teacher.

2- The Four Noble Truths are exactly the same in both schools.

3- The Eightfold Path is exactly the same in both schools.

4- The Paticca-samuppada or the Dependent Origination is the same in both schools.

5- Both rejected the idea of a supreme being who created and governed this world.

6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.

သီရီလင်္ကာ က ဦးတေဇနိယ တင်ပေးထားတာ လေ “

 

အဘ တို့ ဗုဒ္ဓ ဘုရားရှင် ကိုယ်တိုင်က ၊

ဝိနည်း အငယ်တွေကို သံဃာထုကို ပြုပြင်ခွင့် ပေးခဲ့တယ်လို့ ဆိုထားပါတယ် ။

အဲဒါကြောင့် မဟာယာန တွေဘက်က ၊

ဝိနည်း အချို့ကို ခေတ် နှင့် လျှော်ညီ အောင် ပြုပြင်ခဲ့ကြတာပါတဲ့ ။

 

အဲဒီ့ ၊ ထေရဝါဒ နှင့် မဟာယာန ဟာ ‘အနှစ်သာရ’ မှာ တူတယ် ဆိုပြီး လက်ခံထားတာက ၊

ထေရဝါဒ သာသနာမှာ ၊ ထိပ်ထိပ်ကျဲလို့ ဆိုရမယ့် ၊ ရွှေကျင် ဂိုဏ်းကြီးက ၊

ဦးဆောင် သံဃာ များ ကိုယ်တိုင် လက်ခံထားတဲ့ အယူအဆပါ ။

 

အဲဒီတော့ကာ ၊ အဘ အမြင်ကတော့ ၊

ထေရဝါဒ နှင့် မဟာယာန ဟာ ၊ ညီရင်း အကို ဗုဒ္ဓ ဘာသာ တွေပါပဲ ။

သိပ်ပြီး ခွဲခြား ခွဲခြား လုပ်နေစရာ မလိုဘူးလို့ ထင်တာပဲ ။

ရွှေကျင် ဂိုဏ်းကြီးက ၊ စာတ်ပေတတ် ဦးဆောင် သံဃာ များ ကိုယ်တိုင် တောင် လက်ခံထားတာပဲ ။

ကိုယ်တွေက ၊ အဲဒါကို အတင်း ခွဲခြား နေရင် ၊ ကိုယ့် အပြစ်တော့ ဖြစ်တော့မှာပဲလေ ။

 

မှန်တာပြောရရင် ၊ အဘ က ၊

ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု အပိုင်းတွေမှာ တက်ကြွသူ ဖြစ်ပေမယ့် ၊

ဘာသာရေး အပိုင်းမှာတော့ ၊ သာမာန် အဆင့်ပဲ ရှိပါသေးတယ် ။

 

အခု ၊ ဖြစ်နေတာက ၊ အဲဒီ ရွှေတိုက်စိုး ရဲ့ ” ရပ်ကွက်မှသည် နိုင်ငံဆီသို. ” Post လေးအောက်မှာ ၊

သူကြီး မေးထား တာ ကို ၊ ချက်ကျ လက်ကျ ဖြေမယ့်သူတော့ တစ်ယောက်မှ မရှိကြပဲ ။

အားလုံးက ၊ ယောင်ဝါးဝါးတွေပဲ ရောချနေတာတွေ့ရတော့ ၊

 

အဘ လဲ အဘ အားနည်းတဲ့ ဘာသာရေး အပိုင်း ကို ၊

အဘ သိသမျှ မှတ်မိသမျှလေး နှင့် ( မှားကာမှ မှားရော ) ဝင်ဖြေကြည့်တာနော် ။

အဲဒီတော့ ၊ အပေါ်မှာ ရေးထားတာတွေထဲမှာ အမှားများ ပါရင် ထောက်ပြကြပါအုန်း ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

P S : ဘာပဲပြောပြော ၊ နိုင်ငံ ရပ်ခြား သာသနာ ပြု အပိုင်းမှာတော့ ၊

အဘ တို့ရဲ့ ထေရဝါဒ ဗုဒ္ဓ ဘာသာ က သိပ် အောင်မြင်ပုံ မရတာကတော့ ၊ အမှန် ( အမှန် ) ပါပဲ ။

အဘ တွေ့ရတာကတော့ ၊ ရှိပြီးသား ထေရဝါဒ ဗုဒ္ဓ ဘာသာဝင်တွေကိုတောင် မနဲထိန်းနေရတယ် ။

နိုင်ငံခြားသားတွေ ထေရဝါဒ ဗုဒ္ဓ ဘာသာဝင် ဆိုပြီး အသစ်တိုးလာတာ တော်တော် ရှားပါတယ် ။

အဲဒီ သာသနာ ပြု အပိုင်းမှာတော့ မဟာယာန တွေက ၊

အဘ တို့ ထေရဝါဒ ဗုဒ္ဓ ဘာသာ တွေထက် အများကြီး သာတယ် ။

ဘာတွေ ကွာနေသလဲတော့ ၊ လေ့လာသင့်ပေတယ် ။

34 comments

  • weiwei

    May 23, 2013 at 12:39 pm

    ထေရဝါဒ ဗုဒ္ဓဘာသာမှာ အားထုတ်မှုဆိုတဲ့ အပိုင်းတစ်ပိုင်းက အဓိက အရေးကြီးဆုံးဖြစ်ပါတယ် .. အဲဒီ အားထုတ်မှုကို မလုပ်နိုင်သမျှတော့ အနှစ်သာရအစစ်ကို သိနိုင်မှာ မဟုတ်ပါဘူး .. အဲဒီလို မသိလို့လဲ အတုအယောင်တွေများနေပါတယ် .. မူရင်း မိရိုးဖလာထဲမှာတောင်မှ အတုအယောင်တွေများနေတာမို့လို့ ဆက်လက်ပြန့်ပွားဖို့ လုပ်ဆောင်မှုမှာလဲ အားနဲလာပါတယ် ..
    သိပ်ပြီး အနှစ်သာရအစစ်ကို ကောင်းကောင်းသိသွားတဲ့သူတွေကျတော့လဲ အေးအေးဆေးဆေးပဲ နေချင်ကြပြန်တော့ …
    ဒီလိုနဲ့ပဲ အစစ် အစစ်တွေ ရှားလာပြီး အတု အတု တွေသာ ပေါများလာတယ်လို့ပဲ ထင်မိပါတယ် …

  • ကြက်အူလှည့်

    May 23, 2013 at 1:39 pm

    ကားကိစ္စ ထောက်ခံတယ် ဗျို့ …
    ယာဉ်ကျောပိတ်တာက သေချာဖမ်းလိုက်ရင်
    အထိုက်အလျောက် သက်သာသွားမှာပါဗျို့ …။
    လုံးဝ ပျောက်ကင်းဖို့ ဆိုရင်တော့ .. ကားပါကင်လုံလောက်မှု ရှိဖို့ လိုပါလိမ့်မယ်…။
    ရပ်ကွက်တွေထဲမယ် ကိုယ့်အိမ်ရှေ့ကလမ်းပေါ် ကားသိပ်တဲ့ ဓလေ့ဆိုး ကလည်းရှိသေးရဲ့..။
    မီးရေးထင်းရေးဖြစ်ရင် မီးသတ်ကားဝင်ဖို့ မလွယ် လို့ပါ..။

    ယနေ့ ကော်စမိုပေါ်လစ်တန်ရဲ့ လိုအပ်ချက်တခုဖြစ်တဲ့
    ကားတွေကို ရိုလာနဲ့ အယ်လီဗေတာ လိုဟာနဲ့ လှည့်ပြီး
    အထပ်လိုက် အတန်းလိုက် စီတင်ထားတဲ့ ကားပါကင်စစ်စတမ်
    အကြောင်းလေးလည်း ကြုံရင်ရေးပါဦးအဘရေ ….
    :harr:
    ဘာသာရေး ကိစ္စကတော့ …ဘာသာရေး ကိစ္စကတော့ …
    ဟတ်ကဲ့ ကျော် ဘာဘာဘာမှ မသိပါဘူးးး..
    :kwi:
    သခင်မျိုးဟေ့ ဒို့ဘာမန်…

  • မင်းမင်း

    May 23, 2013 at 2:06 pm

    လမ်းစည်းကမ်းကတော့ခုချိန်ဆော်ကြည့်
    ပြန်ဆော်ဖို့ဝန်မလေးဘူးး။(ဒီထဲပဲဆော်ရဲတာဟီး)
    သူတို့ကစနစ်တကျစည်းကမ်းရှိရှိအရင်လုပ်ပေး
    အုံးမှပေါ့။လမ်းကလမ်းနဲ့မတူသေးပဲနိုင်ငံတကာနုံန်း
    တော့လာမလုပ်နဲ့။ဒါဗြဲ။

  • pazflor

    May 23, 2013 at 2:07 pm

    မန္တလေးလို သိပ်စည်းကမ်းပျက်နေတဲ့ နေရာမျိုးမှာ ဒဏ်ငွေကောင်းကောင်းဆောင်ခိုင်းပြီး ထိန်းသင့်နေပါပြီ။
    နောက်တစ်ဘက်ကလည်း စိတ်ပညာရှင်တွေနဲ့တိုင်ပင် မြန်မာနိုင်ငံက လူအများစု စည်းကမ်းလိုက်နာမှူ ့နဲ့ ပက်သက်ပြီး awareness ရအောင် မီဒီယာတွေကတစ်ဆင့် နည်းနည်းလေးပညာပေးသင့်တယ်လို့ထင်ပါတယ်။

  • kai

    May 23, 2013 at 2:54 pm


    =
    Scholars, however, generally date the Abhidhamma works to originating some time around the third century BCE, 100 to 200 years after the death of the Buddha. Therefore the seven Abhidhamma works are generally claimed by scholars not to represent the words of the Buddha himself, but those of disciples and scholars.

    Abhidhamma Pitaka – Wikipedia, the free encyclopedia
    en.wikipedia.org/wiki/Abhidhamma_Pitaka‎
    The Abhidhamma is also not mentioned in some reports of the First Buddhist Council, which do mention the existence of the texts of the Vinaya and either the …

    Abhidhamma Pitaka: The Basket of Abhidhamma – Access to Insight
    http://www.accesstoinsight.org/tipitaka/abhi/‎
    Although parts of the Abhidhamma were recited at the earlier Buddhist Councils, it wasn’t until the Third Council (ca. 250 BCE) that it became fixed into its …

    • Foreign Resident

      May 24, 2013 at 8:38 am

      သူကြီး ရေ ။

      သူကြီးကို ပြန်ဖြေထားတာက ရှည်လွန်းလို့ ၊
      Post အသစ် ” စဉ်းစားကြစေလိုပါတယ် ( ၅၄ )
      ( ဆော်ထည့်လိုက်စမ်းပါ ၊ ဘာသာရေး – ၂ ) ”
      ဆိုပြီး တင်လိုက်ပါတယ် ။

  • ကြည်ဆောင်း

    May 23, 2013 at 3:13 pm

    ကားတွေစည်းကမ်းမရှိတာကတော့ ပြောကိုမပြောနိုင်တော့ပါဘူး ….
    တခြားယာဉ်စည်းကမ်းဖောက်ဖျက်တာထား
    မျဉ်းကျားကလမ်းကူးသူကိုတောင် မရပ်ပေးတဲ့အပြင် မီးတောက်ပြီး သူတို့ကလမ်းတောင်းတဲ့ အနေအထားပါ..
    ရုံးသွားတိုင်း မျဉ်းကျား ၂ ခုကူးရလို့ အမြဲစိတ်ညစ်ရပါတယ်..
    ဘာသာရေးအကြောင်းကတော့ ..သူများတွေဘာရေးမလဲစောင့်ဖတ်ကြည့်အုံးမယ် xxxx

  • အရီးခင်လတ်

    May 23, 2013 at 3:41 pm

    ကိုအဘဖော ရေ

    ကိုယ်လက်လှမ်းမမှီတဲ့ အကြောင်း (တစ်နည်း အရင်က စိတ်မဝင်စားခဲ့တဲ့ အကြောင်း) ဖြစ်တဲ့ ပိဋကတ်သုံးပုံ ကို အချိန်ယူရှင်းပြထားလို့ ကျေးဇူးပါ။
    တကယ်တော့ အဘ သူငယ်ချင်းမှ မဟုတ် အဘ ကိုယ်တိုင်လဲ အဲဒီ အကြောင်းတွေကို တော်တော်လေးလေ့လာဖူးခဲ့တယ် ထင်ပါတယ်။
    အဲဒါအတွက်လဲ လေးစားပါတယ်။
    အဘ ပြောတဲ့ { နိုင်ငံ ရပ်ခြား သာသနာ ပြု အပိုင်းမှာတော့ အဘ တို့ရဲ့ ထေရဝါဒ ဗုဒ္ဓ ဘာသာ က သိပ် အောင်မြင်ပုံ မရတာကတော့ ၊ အမှန် ( အမှန် ) ပါပဲ } ဆိုတာကိုတော့ ယူကေ မှာ ကထိကလုပ်ပြီး စာသင်နေတဲ့ ဆရာတော် ကို အခွင့်သင့်ရင် လျှောက်ပြီး မေးကြည့်ပါ့မယ်။
    သူက လက်တွေ့ သင်ကြား နေသူဆိုတော့ ပိုပြီး အချက်အလက် နည်းမှန် ပြောနိုင်မှာမို့ ဒီ ကိစ္စ ကို နောက် တစ်ပိုင်းပေါ့။

    အခု အပိုင်း မှာတော့ သူကြီးမင်း ရဲ့ မေးခွန်းလေးကို ဘဲ ပြန်ပြီး ဆွေးနွေး လိုပါတယ်။
    { ပိဋကတ်သုံးပုံ မှာမူလ ဘုရားဟော အစစ်လို့.. ယုံကြည်ရတာ.. ရာခိုင်နှုန်း ဘယ်လောက်လို့ ထင်ပါသလဲ… }
    ပိဋကတ်သုံးပုံ တင်မက တစ်ခြားစည်းကမ်း များလဲ အားလုံးက ဘုရားဟော အစစ်လို့ ထားလိုက်ပါစို့ရဲ့။
    တကယ်လို့များ အဲဒီ ဟောပြောကျင့်ကြံဖို့ အကြောင်းတွေက ဒီနေ့ခေတ် လူ့အဖွဲ့အစည်း နဲ့ စပ်ဟပ်မှူ မရှိဘဲ အများ ကို ထိခိုက် နေနိုင်မဲ့ ညွန်ပြမှူတွေ ရှိနေရင် ရော ဒီအတိုင်း ဘဲ ဘုရားဟောဘဲ၊ မပြောင်းဘူး ဟေ့လို့ စွဲယူသင့်သလား ဆိုတာပါဘဲ။
    ဥပမာ – သံဃာတော်များ အပါအဝင် ရှစ်ပါးသီလ ဥပုဒ်သီတင်း စောင့်တည်သူအားလုံး နေမွန်တိမ်း ပြီးရင် အစားမစားဖို့ ပညတ်ချက်ရှိတယ်။
    တစ်ချို့ ခရီးသွားချိန် အချိန်ကိုးလို့ကန့်လန့်ဖြစ်လို့ အချိန်ကို မသိမသာ ကိုယ့်နည်း ကိုယ့်ဟန် ယူသင့်။ မယူသင့်။
    တစ်ခါ ကိုဇောက်ထိုး ဆွေးနွေးဖူးတဲ့ နေမကောင်းတဲ့ ဆရာတော်ကြီးတွေ ညနေစာဘုန်းသင့်၊မသင့်။
    ဒါတွေဟာ ကိုယ်က လိုက်နာနာ၊ မနာနာ ကိုယ့် စိတ်ကိုယ့်အတွေး ကိုယ့်အကျင့်အကြံ နဲ့ သာဆိုင်မယ်။
    ဒီလို လုပ်ခြင်း မလုပ်ခြင်းက အများသူငါ ကို မထိခိုက်ပါဘူး။
    တကယ်လို့ များ ဘာသာထဲ မှာ ပြဌာန်း ချက် ညွန်ပြချက်က အများကို ထိခိုက်လာမယ် ဆိုရင်တော့ သက်ဆိုင်ရာများ အတော်လေး စဉ်းစားရမှာပါ။
    ကိုယ့်ကအများ နဲ့ အတူ အတူတစ်ကွပူးပေါင်း နေထိုင်လိုချင်ရင်ပေါ့။
    ပိဋကတ်သုံးပုံ ထဲ မှာတော့ သူတစ်ပါးကို ထိခိုက်မဲ့ ဟောပြောညွန်ပြချက်တွေ၊ အမုန်းတရားတွေ မပါတာမို့ ဘုရားဟော စစ်စစ် မစစ်စစ် ဂုဏ်ယူရမှာပါ။

    ဒီမှာ စပ်ကူးကာလ က ခရစ်ယာန်ခေါင်းဆောင် တွေကို လဲ အတော်လေး လေးစားချီးကျူးချင်ပါတယ်။
    သူတို့ သမ္မာကျမ်းစာဟောင်း အမုန်းတရားတွေ၊ မနာလိုဝန်တို တွေ နဲ့ ပါနေတာကို ဖျောက်ပြီး သမ္မာကျမ်းစာသစ် ရေးခဲ့ကြတာ လို့နားလည် မိလို့ပါ။

    မနေ့ကတင် လောလောလတ်လတ် သတင်းလေး။
    လန်ဒန်မြို့ ရပ်ကွက်တစ်ခုထဲ က စစ်တန်းလျား နားမှာ လူသတ်မှု ဖြစ်ခဲ့တယ်။
    အသတ်ခံရသူက စစ်သားပါ။
    သူကို ကားနဲ့အရင်တိုက်။ ပြီးတော့ မှ ကားပေါ်က လူနှစ်ယောက် ဆင်းလာပြီး ဒါးနဲ့ ခုတ် သတ်ခဲ့တာ။
    ဒါးနဲ့ ခုတ်နေချိန် ” “Allahu akbar” လို့ အော်ခဲ့တယ်။ God is Great ပေါ့။
    ပြီးတော့ အဲဒါကို မှတ်တမ်းတင်ပုံတွေရိုက် တယ်။ ဘေးက လူတွေ ကိုလဲ သူတို့ ရဲ့ သွေးတွေ နဲ့ လက်ကိုပြပြီး ဓာတ်ပုံရိုက်ခိုင်း ခဲ့တယ်။
    ပြီးတော့ ပြောတယ်။
    ” An eye for an eye and a tooth for a tooth” တဲ့။ အာဖကန်နစ်စတန်လို မူဆလင်တိုင်းပြည်က လူတွေကို သတ်နေတဲ့ စစ်သားမို့ သူတို့ သတ်တာ တဲ့။
    ပြီးတော့ အဲဒီက တပ်တွေ ဖယ်ဖို့ တောင်းဆိုကြတယ်။ ထွက်လဲ မပြေးဘူး။ အဲဒီ သေသူနားမှာ ဆုတောင်းပေးသေးသတဲ့။
    ခေါင်းဖြတ်ဖို့ကြိုးစားခဲ့တယ် လို့ ဆိုတယ်။
    အခင်းဖြစ်ပြီး မိနစ် ၂၀lလောက်မှ လက်နက်ကိုင် ရဲ တွေရောက်လာပြီး ပစ်ဖမ်းခဲ့တယ်။
    ဒီလို နိုင်ငံမှာ ” An eye for an eye and a tooth for a tooth” ဆိုတာ အများဆိုင် ဥပဒေ မဟုတ်တာမို့ သူတို့လုပ်ချင်တိုင်း လုတ်လို့ မရဘူး ဆိုတာ သဘောမပေါက်ကြဘူး ထင်ရဲ့။

    အတော်လေး စိတ်မကောင်းစရာပါဘဲ။
    သူတို့ ရဲ့ ဘုရားဟော ဥပဒေ ” An eye for an eye and a tooth for a tooth” ဆိုတာ တစ်ခါက အခြေအနေ အချိန်အခါလိုက်ပြီး မှန်ချင်မှန်ပါမယ်။
    ဒါပေမဲ့ အခုလို လူမျိုးဘာသာ စုပေါင်းပြီး အတူယှဉ်တွဲ နေနေကြပြီဖြစ်တဲ့ ဒီလိုအချိန်မှာ ဘယ်လိုမှ သုံးမရအောင် လွဲနေခဲ့တာကို သူတို့ ဘာသာရဲ့ ခေါင်းဆောင်တွေ မမြင်ကြတာ တကယ်ဘဲ ဝမ်းနည်းစရာပါ။
    ရွာလို ဖြစ်နေတဲ့ ကမ္ဘာကြီးထဲ မှာ သီးခြားလဲ ခွဲနေလို့ မရတော့ တာ ကိုလဲ သတိပြု မိကြပုံမရဘူး။
    ကိုယ့်မျိုးဆက် လူငယ်တွေ ကို အမုန်းတရားတွေ၊ အာဃာတ တရား တွေ ကြီးစိုး တဲ့ စိတ်ဓာတ်တွေ မွေးပေးနေတာလဲ မတရားတာ ဂရုမထားကြဘူး။
    မူဆလင် ကမ္ဘာလို့ သူတို့ သတ်မှတ်ထားတဲ့ နေရာမှာလဲ အချင်းချိန် သတ်ဖြတ်မှုတွေ ကြားမှာ ဝင်ပြီး ဆရာကြီး လုပ်နေတဲ့ အနောက်နိုင်ငံ တွေကို သူတို့ မုန်းတာ။
    ဒါပေမဲ့ အဲဒီနိုင်ငံ မှာ နေပြီး အဲဒီ နိုင်ငံ ရဲ့ ဥပဒေကို သူတို့ စော်ကားတာ။
    ဒီမှာတော့ အမေရိကား လို သေဒါဏ် မပေးနိုင်ပါ။
    မူဆလင်အဖွဲ့အစည်းကလဲ ဒီဖြစ်ရပ်ကို ရှုတ်ချကြောင်း ကြေငြာချက်လဲ ထုတ်သပေါ့လေ။

    ဒီအဖြစ်ဖြစ်ပြီးလဲ မူဆလင်တွေ၊ သူတို့ အိမ်တွေ၊ ဗလီတွေ၊ ဘာမှ မဖြစ်ကြပါဘူး ဆိုတာပါဘဲ။
    သူတို့ လူကို ထိလဲ ဥပဒေ အရဘဲ အရေးယူတာကို စောင့်နေမှာပါ။
    မဆိုင်သူတွေ ကို ဘယ်သူမှ အနှောက်အယှက်မပေးပါ။
    တစ်ခုတော့ ရှိသပေါ့။
    ဒီမှာက ဘယ်သူကမှ လာဘ်ယူပြီး တရားခံတွေကို ဥပဒေမဲ့ လွတ်ပေးမှာမဟုတ်ဘူး။
    ဒီတော့ လူတွေကလဲ မှန်ရာဖြစ်မယ်လို့ တရားရေးအပေါ် ယုံကြည်မှုရှိတာကလဲ အဓိကအချက်ပါဘဲ။

    ထားပါတော့။
    ကိုယ်လဲ ဘာမှဝင်လုပ်လို့မှမရတာ။
    ဒီ မှတ်ချက်က လူအချင်းချင်းမုန်းတီးရေးအတွက် ဖွတာမဟုတ်ပါ။

    ပြောရရင်တော့
    သူများ ဆီက အဖြစ်အပျက်ကို သင်ခန်းစာယူပြီး ကိုယ့်ဘာသာမှာ မပါတဲ့ အမုန်းတရားနဲ့ ကိုယ့်ဘာသာကို မကာကွယ်ကြဖို့ ပါ။

    http://www.telegraph.co.uk/news/uknews/terrorism-in-the-uk/10073910/Woolwich-attack-terrorist-proclaimed-an-eye-for-an-eye-after-attack.html

    • Foreign Resident

      May 25, 2013 at 10:00 am

      အရီး လတ် ရေ ။

      တရားရေးအပေါ် ယုံကြည်မှုရှိတာကလဲ အဓိကအချက်ပါဘဲ။

  • e tone

    May 23, 2013 at 3:41 pm

    ဘာသာရေးကတော့ လက်ရှောင်ပါတယ် … ဟီး … :mrgreen:
    Traffic Offense တွေကိုတော့နည်းနည်းပွားချင်ပါတယ် အဘရေ …
    သူများနိုင်ငံမှာ ပြစ်ဒဏ်ချတယ်ပေါ့နော် … ဒဏ်ကြေးမြင့်မြင့်တွေထိ … ဒီမှာက … အဲ့လိုလုပ်ဖို့ အတော် အလှမ်းဝေးနေသေးတယ် … ။ တော်တော့်ကို ဝေးနေသေးတာ .. သက်ဦးဆံပိုင် ဘုရင် စနစ်ရဲ့ …. အငုံစိတ်တွေ ကျန်နေသေးလို့ပါပဲ … ။

    လူကြီး ကားတွေ …. လူကြီးသားသမီး ကားတွေ … အဲ့ဒါတွေက .. ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းဆိုတာတွေကို … ရှိတယ်လို့တောင် မထင်သလို ၊ အဲ့လို လူတွေ ကားတွေကို မျက်ကွယ်ပြုနေတဲ့ ယာဉ်ထိန်းရဲတွေလည်း ရှိနေပြန်သေးတယ် ။ ယာဉ်ထိန်းရဲတစ်ယောက် တာဝန်ချိန်မှာတောင် လူကြီး/သားသမီး စည်းကမ်းဖောက်ဖျက်တဲ့ ကားကို မဖမ်းရဲတဲ့ အခြေနေမျိုးဆိုတော့ … စည်းကမ်းထုတ်တင်းကြပ်လည်း ဒီစည်ကမ်းက … နိုင်ငံသူ/သား အားလုံးပေါ်မှာ မသက်ရောက်ပဲ … Fair မဖြစ်တဲ့ စည်းကမ်းကြီးဆိုတော့ … လူမလေး ၊ခွေးမခန့်ပုံစံကြီး ဖြစ်မှာ အဘရဲ့ … ။
    နောက်ပြီး … ယာဉ်ထိန်းရဲတွေရဲ့ … လစာပေါ့နော် … အစိုးရအမှုထမ်းအနေနဲ့ တရားဝင် ဘယ်လောက်ရလဲ မသိပေမယ့် … ယာဉ်စည်းကမ်းဖောက်ဖျက်ပြီး မုန့်ဖိုးယူ / လ္ဘက်ရည်ဖိုး ယူ ပြန်လွှတ်တာတွေကလည်း ရှိနေတော့ … ဝန်ထမ်းတွေ လစာ အရင် ထိန်းညှိပေးပြီးမှသာ … ဆက်ရှင်းလို့ ရမယ့်ဟာမျိုး… ။
    51လမ်းရုံးမှာ ဆောင်ရမယ့် ဒဏ်ငွေ တဝက်လောက် ယာဉ်ထိန်းရဲကို ပေးလိုက်လျှင် … အလုပ်ရှုပ်လည်း သက်သာသလို နှစ်ဦး နှစ်ဖက် အဆင်ပြေဆိုတော့.. အဲ့လိုတွေ ဖြေရှင်းလိုက်ကြတာများပါတယ် … ။
    လူ့သဘာဝကိုက .. ရလေ လိုလေ အိုတစ္ဆေဆိုပေမယ့်လေ … ၊ ဆန္ဒကို သိက္ခာနဲ့ ထိန်းဖို့ ဆိုတာတောင် ဝမ်းစာပြည့်မှ ဖြစ်မှာကိုး ..

    တင်းကြပ်မယ့်လူရော ၊ လိုက်နာမယ့် လူရောက ၊ ဘက်လိုက်တာမျိုး သွေဖီတာမျိုး ရှောင်လွှဲတာမျိုး မရှိမှသာ လူရိုသေ ၊ ရှင်ရိုသေ ..စည်းကမ်းမျိုးဖြစ်လာလိမ့်မယ်လို့ ထင်ပါကြောင်း ….

  • ခင် ခ

    May 23, 2013 at 3:41 pm

    ကိုကြည်ဆောင်ရေ လမ်းသွားတဲ့သူတွေလည်း လက်နှိပ်ဓာတ်မီးအကြီးတလက် ကိုင်ပြီးလမ်းကူးရ မယ်ထင်တယ်လေ။ မျဉ်းကျားကလမ်းကူသူကို ကားက မရပ်ပေးဘဲ မီးတောက်ပြီး လမ်းတောင်းရင် လမ်းကူးတဲ့သူကလည်း မီးပြန်ထိုးပြီး ရပ်ခိုင်းရအောင်လို့လေ။
    ဟုတ်ပ မျဉ်းကျားကကူးရင် ဘေးကင်းတယ်ဆိုတာ ခုတော့ဟုတ်တော့ဘူး ပြေးနိုင်မှတော်ရုံကျမယ်ဗျ။

  • မောင် ပေ

    May 23, 2013 at 7:26 pm

    ခက်တာက ဆရာစံလှကြီး က လဲ မအားတာပဲဗျ
    သူလာမှ ငြိမ်သွားမှာကလား
    ဟီဟိ

  • Miss Crystalline

    May 23, 2013 at 9:57 pm

    အဘရေ..ဘာသာရေးကတော့ ဘာဆိုဘာမှနားမလည်..ဗဟုသုတရအောင် သူများတွေကွန်မင့်စုံမှ အဘပို ့စ်ကိုအေးအေးဆေးဆေးဖတ်လို ့ရအောင်သိမ်းထားမယ်.. မူပိုင်ခွင့်နဲ ့တော့မငြိပါဘူးနော်.. :kwi: ဥပဒေနဲ ့ပတ်သက်ပြီးမြန်မာတွေကတော့ မြန်မာတွေပါပဲ…. အဲဒီရောက်နေတဲ့အစ်မတစ်ယောက်ဆို သူ ့ကိုသူများပွိုင့်ပေးရတယ်.. သူတို ့ဆီမှာကားမောင်းလို ့မရရင်ခြေထောက်ကျိုးတာပဲလေ.. သူ ့သူငယ်ချင်းတွေပေးတာ.. ဘယ်လိုပေးလဲတော့ ကိုယ်လည်းသေချာမမေးမိဘူး.. 🙂 သူ ့သူငယ်ချင်းလင်မယားကတော့ အိမ်ကိုစာရောက်လာတော့ ယောက်ျားကပွိုင့်နည်းနေလို ့မိန်းမနာမည်နဲ ့သွားဆောင်တော့ ဟိုက ဓာတ်ပုံပါရိုက်ထားတာ..ပုံချဲ ့ပြီး မင်းမိန်းမက နှုတ်ခမ်းမွှေးနဲ ့လားတဲ့.. :harr: တေရော..

    • Foreign Resident

      May 25, 2013 at 8:42 am

      ” အဲဒီရောက်နေတဲ့ အစ်မတစ်ယောက်ဆို သူ ့ကို သူများပွိုင့်ပေးရတယ် ”

      သမီး Miss Crystalline ရေ ။
      သမီး ပြောတဲ့ ပွိုင့် ဆိုတာ အပေါ်က ဓါတ်ပုံထဲမှာပါတဲ့ ၊
      ဒါဏ်ငွေ $3543 ရဲ့ အောက်မှာ ရေးထားတဲ့ ၊
      + 7 Demerit Points ဆိုတာပါပဲကွယ် ။

      သေချာ ရှင်းပြရရင်တော့ ၊
      ဒီက Driving License တစ်ခုစီတိုင်းမှာ ၊
      12 Demerit Points စီရှိကြတယ်ကွယ့် ။

      အပြစ် တစ်ခု လုပ်တိုင်း လုပ်တိုင်းမှာ အဲဒီ အပြစ် နှင့်
      လျော်ညီတဲ့ Demerit Points တွေ အနှုတ်ခံရတယ်ကွယ့် ။

      ဥပမာ ။ ။ အပေါ်က School Zone မှာအရှိန်ပြင်း မေါင်းနှင်မှုအတွက် ဆိုရင် ၊
      ဒါဏ်ငွေ 3543 ဒေါ်လာ ပေးရတဲ့ အပြင် ၊
      ကိုယ့်ရဲ့ Driving License ထဲက 7 Demerit Points ပါထပ် အဖြတ်ခံရတယ် ကွယ့် ။

      အနှုတ်ခံရတဲ့ Demerit Points တွေ ဟာ ၂ နှစ်ကြာမှ ပြန်ပြည့်တယ် ကွယ့် ။
      12 Demerit Points လုံး ကုန်တဲ့ အထိ အနှုတ်ခံရတယ် ဆိုရင်တော့ ၊
      Driving License ကို လုံးဝ အသိမ်းခံရပြီး ၊ ၃ နှစ်ကြာမှ ပြန်ထုတ်ပေးတယ်ကွယ့် ။

      အဲဒါ ၊ သမီး ရဲ့ အမ လဲ သူ့ Driving License မှာ Demerit Points လက်ကျန် နဲနေလို့ ၊
      သူမ ရဲ့ အပြစ်ကို ၊ တခြား Demerit Points လက်ကျန် များသေးတဲ့ သူ့သူငယ်ချင်းက ၊
      သူ လုပ်တာပါ ဆိုပြီး ကြားဝင်ခံပေးတာပေါ့ကွယ် ။

      ရဲ က သိသွားရင်တော့ ၊ လိမ်လည်မှုပါ ထပ်တိုးမှာပေါ့ ။

  • uncle gyi

    May 23, 2013 at 11:00 pm

    အဘတို့ဆီမှာဒါဏ်ကတော့စံမှီလို့ပြောရမယ်
    ကျွန်တော်တို့ဆီမှာလည်းကိုယ့်အထွာနဲ့ကိုယ်ဒါဏ်ရိုက်ပြီးထိမ်းကြပါတယ်
    သီးသန့်လိုက်ဖမ်းတဲ့အဖွဲ့လည်းသိပ်ရှိ
    ဒါဏ်ကြေးတိုးလိုက်ပြီဆိုသူတို့ကသိပ်ပျော်
    ဘာဖြစ်လို့လည်းတော့ဒီရောက်တဲ့အခါမေးကြည့်
    ကျွန်တော်တော့သိပ်မသိ

    ပိဋကတ်သုံးပုံ မှာမူလ ဘုရားဟော အစစ်လို့.. ယုံကြည်ရတာ..
    ရာခိုင်နှုန်း ဘယ်လောက်ဆိုတာလည်းဝင်ဆွေးနွေးနိုင်တဲ့အဆင့်မရှိ
    ဒါပေမဲ့ထေရဝါဒသာသနာပြုမှုအောင်မြင်တာနည်းတာက
    ကျင့်ကြံမှုအပိုင်းကြောင့်လို့မြင်တယ်ဗျာ
    ဝါဒပိုင်းလက်ခံတာအတူတူ
    ကျင့်ကြံတဲ့အပိုင်းမှာအဓိကကွာနေပါတယ်
    ထေရဝါဒကကိုယ့်ဆီကလူတွေတောင်၁ဝယောက်မှာရယောက်လောက်ကမလိုက်နာ
    နိုင်ဖူးလို့မြင်ပါတယ်

  • naywoon ni

    May 24, 2013 at 9:43 am

    အဘဖောရေ…….. ကျွန်တော်ရှင်းရှင်းပအဲပြောမယ် ….။ ဆဲချင်ရင်လည်းဆဲပေရော့ …။ နားရင်းလာအုပ်ရင်လည်း အဘဖောလာအုပ်ပေရော့….။
    ကျုပ်တို့ ဗမာတွေ မတိုးတက်တာ နောက်ကျကျန်တာတွေက ဘယ်သူ့ကြောင့်မှမဟုတ်ဘူး …။ $ သုံးမကျတဲ့ ကျုပ်တို့ရဲ့ လူမှုရေးစနစ်ကြောင့် ……။ ခုကျုပ်တို့ကျင့်သုံးနေတဲ့ လူမှုရေးစနစ်နဲ့ အစဉ်အလာ ထိန်းသိမ်းမှု ဟာ ကမ္ဘာမှာ လူစင်မမီတော့ဘူး …..။ အဲဒါ ပြင်ချင်ရင်ပြင် မပြင်နိုင်ရင် ဒီအတိုင်းရေစုန်မျောနေဦးမှာ …..။ နောက်ပညာရေးနဲ့ ကန်းမာရေး ပေါ့ပေါ့တွေးနေရင် ကြာရင် သွားတော့မှာ ခုအချိန်မီရုံလေးပဲ ………….။ ပြင်ဖို့ နိုင်ငံရေးစနစ်ကို ပြင်ရင်းနဲ့ ကျွဲကူးရေပါ လူမှုရေးစရိုက် စည်းကမ်းလိုက်နာမှု လူတွေရဲ့စိတ်ဓါတ်တွေကိုပြင်သွားရမှာ ပြင်မဲ့သူတွေက စဖောက်နေတော့ နိုင်ငံသေတာပဲ ……….။

    • KZ

      May 24, 2013 at 9:47 am

      ဘလာဘို
      ဒီစကားကိုလည်း လုံးဝ သဘူတောပါတယ်ဗျ။
      :mrgreen:

  • kai

    May 24, 2013 at 11:13 am

    အရင်နှစ်တွေ.. မဆလနှစ်တွေ…စစ်အစိုးရနှစ်တွေကတော့… နို်င်ငံရေးပြောရမှာကြောက်ကြတာ…
    ဘာတဲ့..
    စိတ်မဝင်စားဘူးတို့.. နားမလည်ဘူးတို့.. ဘာတို့နဲ့ပေါ့…
    တကယ်တော့.. ကြောက်တာ…။ လူသိသူသိဆို… အဖမ်းခံရမှာကြောက်တာ…။ :buu:

    အခုကျ.. ဘာတဲ့.. ဘာသာရေးအကြောင်းဆို.. ကြောက်ကြတယ်.. လက်ရှောင်ကြတယ်ပေါ့…
    မြန်မာပြည်မှာက.. ဘာသာရေးက.. ကိုယ့်ဘဝ.. မိသားစုဘဝ..နိုင်ငံအနာဂါတ်အကုန်ဖန်တီးဆွဲကိုင်လှုပ်နေတာဗျ…
    အတွေးအခေါ်တို့ရဲ့.. အချုပ်ထပ်ခေါင်က… ဘာသာရေးပဲ..။
    အဲဒါကို ကြောက်နေရရင်ကို.. မဟုတ်တာ…သေချာတယ်..

    အဲဒီစိတ်က.. ငရဲနဲ့ခြောက်.. ဘုံနဲ့မြှောက်ထားခံရတာက..လာတာပဲ…
    ငယ်ငယ်ကတည်းကရိုက်သွင်းခံရတော့… ပြန်လှန်သုံးသပ်တွေးရမှာကိုပါ… စိတ်ထဲကနေ.. မသိစိတ်ကနေ…ကြောက်တတ်သွားတာဖြစ်လာတယ်..
    စိတ်ထဲကကို. .. .ဒေဝေါကြီးလို… ကြောက်နေတော့တာ…။

    တိုတိုပဲ..
    သခင်မျိုးဟေ့.. ဒို့ဘားမန်င်း…
    ကြောက်ရမှာကို.. ကြောက်ကြ..
    (ကိုယ်နဲ့ဆိုင်ရာ) ဘာသာရေးကို.. ဝေဖန်ကြ…. လွတ်လပ်စွာတွေးကြ. .. .ရေးကြ…
    ..ဒါပဲ…။ :harr:

    • ကြက်အူလှည့်

      May 24, 2013 at 11:50 am

      ငရဲနဲ့ခြောက် ဘုံနဲ့ မြှောက်..

      အင်း ဒီရက်ပိုင်း ဖဘ မှာ မကောင်းတာတေလုပ်ပီး
      သေသွားတဲ့ အဘိုးကြီး တယောက် ငရဲ ကျပြီး ငရဲ ခံရတာကို နောက်ခံသီချင်းနဲ့
      ဆပ္ပတိုင်တယ်လ်နဲ့ ရိုက်ပြထားတဲ့ ယိုးဒယား အန်နီမေးရှင်းမူဗီ
      ခေတ်စားနေလေရဲ့ ..။ ကြည့်ဖူးတယ်ရှိအောင် ကြည့်ကြည့်တာ ..
      မသက်မသာကြီးပါဗျာ …။
      တချက်တွေးမိတာက မကောင်းတာလုပ်တာတော့ ဟုတ်ပါတယ် အဲ့သည့်အတွက် …
      သူ့ဘဝမှာ နာမည် သိက္ခာ ငွေကြေး စီးပွား ကျန်းမာရေး မိသားစု စတာတွေ ပေးဆပ်လိုက်ရပြီး
      ဆုံးရှုံးသွားပြီး ပြီ နောက်ဆုံး အသက်ပါပေးလိုက်ရပြီးတာတောင်မှမလောက်နိုင်သေးဘဲ မြေကြီးထဲက လူထွားကြီးတွေထွက်လာပြီး
      အကြာကြီး နှိပ်စက်ညှင်းပမ်း ခံရဦးမယ် ဆိုတာ မျှတလား ဟင်င်င်င်င်င်င်င်
      (မားးးခိုင် ဖြေပါ)

      အဲ့ဒါယီးကို
      ဒို့ဘာမန်တွေ အချင်းချင်းပြန်ရှဲပြီး သံဝေဂတွေ ရနေကြတာများ
      စိုးတောင် စိုးရိမ်မိသေးဗျာ …
      အကုန် အကျွတ်တရားရပြီး ဘုန်းကြီးတွေ မယ်သီလတွေ ဝတ်ကုန်လို့..
      ဖေ့စဘုတ်မှာ စကားပြောရမယ့်လူ မကျန်တော့မှာ.. စိုးဒယ်-စိုးမိဒယ်-စိုးထိတ်မိတောာ့ဒယ်..

      :byae: :byae:

      P.S စကားမစပ် ရွာသားတယောက်လည်း ဘဖမှာ ဆယ်လ်ဗစ်တီ ဖစ်နေလေရဲ့ ..ခွိခွိ

      • kai

        May 24, 2013 at 12:48 pm

        ငရဲသား.. ဘာညာသာရကာ.. အကောင်ဘလောင်ပုံတွေ.. ငရဲခံနေရပုံတွေက.. ကလေးသူငယ်တွေမြင်မိရင်.. စိတ်ဓါတ်သွေးလေခြောက်ခြားတတ်သမို့.. ယူအက်စ်မှာဆိုရင်တော့.. ဖန်တီးသူတရားအစွဲခံရကိန်းရှိပါတယ်..
        ဒါကလည်း.. ဒီလိုဖြစ်အောင်.. ကလေးဘဝထဲက.. သွေးအသည်းထဲကြောက်တတ်အောင်.. ဒီရည်ရွယ်ချက်ကြီး… နဲ့ခြောက်တာမို့…
        အဲ.. အဲ…
        ဘုံအထပ်ထပ်နဲ့.. နတ်သမီးတဖက်၅ရာနဲ့.. အိပ်ယာထက်ပလက်ကလေးတွေတောင်ထည့်လို့.. ဒါလုပ်ရင်.. ဒါရမယ်ဆိုတဲ့.. မဲဆွယ်တရား.. မြှောက်တာလေးပါပါလိုက်သေး…

        အိုဘယ့်…
        ဘာသာရေး…

        သာဓု.. အမျှ.. ခံလိုက်ကြဦး….
        ဟာ… ဟ… :kwi:

  • garuda

    May 24, 2013 at 8:10 pm

    ဪ အမေဂျီးကားမှာ..ငရဲသားပုံလေးအတွက်နဲ့တောင် တရားစွဲခံရကိန်း ရှိနင်းကီး တယ်နော်။ စိတ်ဓါတ်သွေးလေခြောက်ခြားတတ်လို့တဲ့။ ညန်မာပြည်မှာ အကာအရံမရှိ နွားတွေသတ် ကြက်တွေသတ် ငါးတွေသတ် တာ ကလေးလေးတွေ မြင်တွေ့နေရတာတော့ဖြင့်.. လူ့ဦးနှောက်အဆင့်မရှိတဲ့ တိရိစာ္ဆန်မှာ လူလိုခံစားမှု ဖီလင်မရှိဘူးပဲ ထားအုံး.. ခံစားမှုရှိတဲ့ ဒီခလေးလေးတွေရဲ့ စိတ်ဓာတ်တွေရောဘာဖြစ်ကုန်မလည်း။ စာလောင်နေတဲ့ ကလေးတွေဆိုရင် အစားတစ်ခု အတွက် သတ်ရဲဖြတ်ရဲမှဆိုတဲ့ စိတ်ဓာတ်တွေဝင်လာမယ်။ အဲ့ကလေးတွေကြီးလာရင် ဒီထက်ပိုပြီး လက်ရဲဇက်ရဲဖြစ်လာရင် လူတောင်မှ သတ်ဖို့ ဝံလေးပါတော့မလား။ တရိစာ္ဆန် ဦးဏှောက်ထဲဝင်ခံစားတာကို အပြစ်ပြောနေမဲ့အစား အခုလို ငရဲသားပုံလေးတွေ အတွက်တောင်မှ သွေးလေခြောက်ခြားတတ်တယ်လို့ အမေရိကားကလူတွေလို တဖက်လှည့် တွေးတတ်ရင်ကောင်းမှာပဲ 🙂
    ဟီးဟီး အမေဂျစ်ကန်တွေကို သွားပြောမနေနဲ့အုံးနော် “ငရဲသားဆိုတာ လူတွေလို ခံစားမှုရှိတာ ဟုတ်ဘူး။ ၄၈၆ ထဲကို ဝင်းဒိုးဆဲဗင်းကြီး အတင်းထည့်ပီး မခံစားကြည့်နဲ့လေ” လို့၊ တော်ကြာ ကေ၃လုံးတွေကြားသွားလို့ အေရှန်လေးကို အစိမ်းခြွေခြွေ
    သွားအုံးမယ်။

    • kai

      May 25, 2013 at 2:19 am

      လူကိုလူလို့မြင်ပါကွယ်…
      တိရိစ္ဆာန်ကို.. တိရိစ္ဆာန်လို့မြင်ပါကွယ်…
      လူနဲ့တိရိစ္ဆာန်တတန်းထဲထား… ရောမချပါနဲ့..
      ရောချချင်းချ… အမဲသားဟင်းနဲ့. ပါမုန့်နဲ့ဆို.. ဟုတ်သေး.. :kwi:
      အဲ..
      ဆိတ်သားဟင်းနဲ့.. ပလာတာလည်းဖြစ်တာပဲ..
      အို.. ဘာတဲ့..
      ဝက်သားတုံးကြီးလက်သီးဆုပ်သဏ္ဍန်…. နိပ်ဟ… :harr:

      • garuda

        May 26, 2013 at 9:42 pm

        လူကိုလူလို့မြင်ပါကွယ်…
        တိရိစ္ဆာန်ကို.. တိရိစ္ဆာန်လို့မြင်ပါကွယ်…
        လူနဲ့တိရိစ္ဆာန်တတန်းထဲထား… ရောမချပါနဲ့..

        သဂျီးက ပေါ်မှာပြောခဲ့တယ်နော် ငရဲသား.. ဘာညာသာရကာ.. အကောင်ဘလောင်ပုံတွေ
        အကောင်ဘလောင်တွေက တိရိစာ္ဆန်မဟုတ်ရင် ဘာတွေလဲ? ငရဲသားကရော လူလား? သဂျီးပြောသလိုဆိုရင် အဲသလို လူမဟုတ်တဲ့ ဟာတွေကို သတ်တာဖြတ်တာ ကလေးတွေက လန့်စရာလား။
        သဂျီးပြောသွားတဲ့ အထဲမှာကိုက
        သဂျီး လူကိုလူလို့မြင်ပါကွယ်ဆိုတာကို မရှင်းဘူး။ ရှင်းရှင်းလင်းလင်းရှိအောင်ပြန် ပြောပေးပါလား။
        အကယ်၍ သဂျီးက “ငရဲသားကို လူလို့” ယူဆတာဆိုရင်/သဂျီးက ဘာသာခြားဆိုရင် ကျွန်တော်က
        ကျွန်တော်တို့ဗုဒ္ဓဘာသာမှာ ငရဲသားဆိုတာ လူကဲ့သို့ကို/တိရိစာ္ဆန်ကို ငရဲသားလို့ပဲပြောပြရပါလိမ့်မယ်။
        သေချာတာတော့ လူသည်လူ နတ်သည်နတ် ငရဲသားသည် ငရဲသားသာ ဖြစ်ပါသည်။အဲသည်တော့ လူကိုလူလို့
        မြင်စေချင်ရင် ငရဲသားကိုလည်း ငရဲသားလို့ မြင်ရပါလိမ့်မယ်။ ငရဲသားကို လူလို့ မယူဆပါ။ အဲ တိရိစာ္ဆန်ကတော့ ငရဲသားဖြစ်နိုင်ပါတယ်
        ဒါပေမဲ့ဘုရားကတော့ သတ္တဝါအားလုံး အပေါ်ကို မေတ္တာထားဖို့ဟောကြားထားတယ်မဟုတ်လား။

        နောက်တစ်ခုစဉ်းစားစရာက သဂျီးကိုပြောမယ် စိတ်တော့မဆိုးပါနဲ့။ Porn movies တွေလူတွေရိုက်ကြတယ်။ လူကိုလူကို မြင်တဲ့
        သဂျီးလည်း သဂျီးကတော်နဲ့အတူ အဲဒီလို် (လူသားမလေးKim Kardashian နဲ့ လူသားလေး jay z တို့လို )အိမ်တွင်းကားလေးရိုက်ပြီး
        ရွာထဲကကာလသားလေးတွေကို အလကားပြရင်ဖြင့် သူတို့က လူကိုလူကို မြင်တတ်အောင် ကြည့်ကြမည်သာမက၊ ပျော်
        ရွှင်ကြည်နူးစွာဖြင့် သဂျီးနဲ့ သဂျီးကတော်ကိုလည်း ကျေးဇူးတင်ကြယုံမျှမက၊ မြန်မာပြည်သို့ ပြန်လာလျှင်လည်း
        တဝကြီး ကျွေးမွေးပြုစုကြမှာ မလွဲသေချာပါသည်။ နှစ်ဦးနှစ်ဖက်လည်း အကျိုးရှိတာပေါ့။

        နောက်တစ်ခု ထပ်ပြောမယ်…သဂျီးက ဘာသာမဲ့ဖြစ်လို့..လူကိုလူလို့ စဉ်းစားရင်၊ လူတွေဟာ တစ်ချိန်က လူသားစားကြပါတယ်။
        အမေရိကားမှာလည်းစားတယ်၊ ဥရောပမှာလည်း စားကြတယ်၊ မြန်မာတွေလည်း နှစ်ရာထောင်ချီက လူသားစားကြတယ်ကြားဘူးတယ်
        ဝတွေလည်း လူသားစားခဲ့ကြတာ ရပ်သွားတာ နှစ် တစ်ရာနှစ်ရာထက်မပိုဘူးထင်တယ်။ အဲ အင်ဒိုနီးရှားနားက ပါပိုဝါ နယူးဂီနီ မှာ
        လူသားစားတာရပ်သွားတာ သိပ်တောင်မကြာသေးဘူး၊ တစ်ချို့အဲဒီက တောနက်ထဲမှာ လူသားစားနေကြတုန်းလိုလို တောင်ပြောနေကြတယ်။
        လူတွေက လူကိုလူလို့မြင်ပြီး လူသားစားနေကြတာတွေလေ။ လူတွေလူကို လူလို့မြင်လို့ twin towerကြီးပြိုသွားတယ်၊ အီရတ်နိုင်ငံမှာ သေလိုက်
        တာသောက်သောက်လဲ..အဲဒီ ပညာတတ်တွေကို လူကိုလူလို့မြင်ဖို့ အရင်တရားသွားချလိုက်အုံး။ လုပ်ပါအုံး ပါကစ္စတန်၊ အာဖကနစ္စတန်မှာ
        လည်လှီးကြ၊ အသေခံဗုံးခွဲကြနဲ့ သွားပြောပါလား လူကိုလူလို့မြင်ကြပါလို့..အဲဒါတော့ မပြောရဲဘူး ကြောက်တယ်လား။ ဟီဟိ ဟိုက လူကိုလူလို့
        မြင်ပြီး တောက်လုပ်ရှုပ်တဲ့လူ ဆိုပြီး အသံတိတ်သွားအောင် လပင်းကလေအိုးလေးဖောက်ပေးလိုက်မယ်နော်။

        လူကိုလူလို့မြင်တယ်ဆိုတာ ပြောတာလွယ်တယ်။ တစ်ယောက်နဲ့ တစ်ယောက်မြင်ပုံခြင်းက တူမှာတော့မဟုတ်ဘူး၊ အဲဒီကနေတဆင့် အုပ်စု တစ်ခုနဲ့တစ်ခုတူမှာ
        မဟုတ်သလို၊ ဘာသာတစ်ခုနဲ့တစ်ခု တူမှာမဟုတ်ဘူး။ ပါကနစ္စတန်မှာ ဝက်သွားမွေးဖို့ မလွယ်ဘူးလို့မြင်ပါတယ်။ သူတို့ ဘာလို့ ဝက်ကိုဝက်လို့မမြင်သလဲ….
        “မင်းတို့ကွာ ဝက်ကဝက်ပါပဲ သေသေချာချာချက်ရင် အကောင်းဆုံးအသားပဲ။ တရုတ်တွေ ဝက်သားစားတာအသက်တောင်ရှည် သေးတယ်”လို့ သွားပြောလို့မရ
        ဘူး။ သူ့အုပ်စု/သူ့ဘာသာရဲ့ လက်မခံမှုပဲ။ သူတို့ဝက်သားမစားလို့လည်း သူတပါးကိုဒုက္ခမရောက်စေဘူးထင်ပါတယ်။ အဲသလိုပဲ မြန်မာပြည်မှာ လည်း အုပ်စုတစ်စုက
        သူ့အယူအဆနဲ့သူ မကောင်းဘူးလက်ခံထားတဲ့ အယူအဆကို သဂျီးရဲ့ဘရားသားတွေဖက်က ဘာနာပေးနေတာလည်း။ နောက်တစ်ခုက ကျွန်တော်အရင် ပြောဖူးသလို
        နွားသတ်ခြင်းဆိုတဲ့ ဟာတစ်ခုကြောင့်မဟုတ်။ နိုင်ငံအနေအထားအရ နွားနဲ့ လူဆက်ဆံရေးကြောင့်၊နောက်တစ်ခု နွားသတ်ခြင်းကို လူရှေ့သူရှေ့ ဂုဏ်ယူဝင့်ကြွားစွာ
        လုပ်ခြင်းကဲ့သို့သော အကြောင်းများကြောင့် ရှဉ့်လည်းလျှောက်သာ ပျားလည်းလျှောက်သာဘယ်သို့ စီမံပြီး လုံခြုံရာမှာ သတ်သင့်ကြောင်းလည်း ပြောခဲ့ဘူးတယ်။
        ကျွန်တော်က နှစ်ဖက်မျှပြောခဲ့တာ။ သဂျီးရဲ့ ပြောချက်တွေက တဖက်သတ်ကျလွန်းပါတယ်။

        ဩစတြေးလျမှာ ငါးမျှားခြင်းဟာ အလွန် ပေါ်ပြူလာဖြစ်ပါတယ်။ သူတို့ငါးမျှားခြင်းကို သူတပါးအသက်သတ်တာ မကောင်းဘူး လို့သွားပြောလို့မရဘူး။
        လူအများစု လက်ခံထားတာ။ သူတို့ ဘာသာအရဆိုရင်လည်း ဒါဟာ သူတို့ ဘုရားသခင်က ဖန်ဆင်းပေးထားတဲ့ စားစရာတွေပဲလို့ သူတို့ယုံကြည်တယ်။
        ဒါပေမဲ့ သူတို့ ဘာသာရေးပွဲတွေ လုပ်ရင် နွားတွေကို ဘုရားကျောင်းရှေ့ခေါ်သတ်ပါ့မလား။ ကျွန်တော့ တသက်တော့မမြင်ဖူးဘူးနော်။
        အဲ အစားအသောက် တည်ခင်းတဲ့ အထဲမှာတော့ အမဲသား ပါပေမပေါ့။ ကျွန်တော်ပြောတဲ့ သဘောကို နားလည်ရဲ့လား။

        ရောချချင်းချ… အမဲသားဟင်းနဲ့. ပါမုန့်နဲ့ဆို.. ဟုတ်သေး.. :kwi:
        အဲ..
        ဆိတ်သားဟင်းနဲ့.. ပလာတာလည်းဖြစ်တာပဲ..
        အို.. ဘာတဲ့..
        ဝက်သားတုံးကြီးလက်သီးဆုပ်သဏ္ဍန်…. နိပ်ဟ… :harr:

        ချက်ပြုတ်ထားသော အစားအသောက်ကို စားခြင်း၊ မြင်ခြင်းနဲ့ သတ်ခြင်းဖြတ်ခြင်းဆိုတာ ဘာမှမဆိုင်ပါဘူး၊သတ်သတ်ဆီပါ
        အဲဒါကြောင့်လည်း သားသတ်ရုံဆိုတာပေါ်လာတာပေါ့၊ လူအများစုက သတ်ခြင်းဖြတ်ခြင်းကိုမကြိုက်ကြလို့ပဲ။
        လူ့လောကများ လူပေါင်းစုံ ကျင်လည်နေပါတယ်။ အသားကြိုက်တဲ့သူရှိသလို၊ မကြိုက်တဲ့သူလည်းရှိမှာပဲ။
        တစ်လောကလုံးကို လည်း အသားမစားရဘူးလို့ ပြောလို့မရပါဘူး။မြတ်စွာဘုရားလည်း သူ့ခေတ်သူ့အခါ
        သတ္တဝါတွေ အပေါ်သနားဂရုဏာထားဖို့ဟောခဲ့ပေမဲ့ အားလုံးကို နားလည်အောင် မပြောခဲ့နိုင်ခဲ့ဘူးလေ။
        လောကမှာ ပြောရင်နားလည်လက်ခံမဲ့သူတွေရှိသလို ငဒူတွေကလည်း အများကြီးပဲကိုးဗျ။
        အင်း..တကယ်တော့..သဂျီးလိုသာ လိုက်ကပ်ပြီး ပြောမယ်ဆိုရင်တော့ သက်ရှိဆိုတာ ခြေခြရက်စရာတောင် မရှိအောင် နေရာတိုင်းမှာရှိတယ်။
        သက်ရှိ သတ္တဝါတွေ အကုန်ကိုသာ မေတ္ထာလိုက်ထားရရင် သွားတောင်မတိုက်ရဲအောင်ပဲ၊ လက်တောင်မဆေးရဲ
        အောင်ပဲ။
        ဆိတ်သားဟင်း…..နဲ့ ဝက်သားတုံးကြီး လက်သီးဆုပ်လောက်.အို..ဘာတဲ့..နိပ်ဟ ဆိုတာက ခွေးတောင်ကောင်းမှန်းသိတယ်။
        ပစ်ပေးလိုက်ရင် ပြေးပြီးဟပ်ပလိုက်မှာနော်။
        ဒါပေမဲ့ အိမ်ခွေးနဲ့ တောခွေးနဲ့တူမှာ မဟုတ်ဘူး တောခွေးက တောထဲမှာ အရိုင်းအုပ်စု အရိုင်းပတ်ဝန်းကျင်က သင်ပေးထားတာ
        သားကောင်တွေ့ရင်လိုက်မယ် သတ်မယ် လုရင်းကိုက်ရင်းစားသောက်မယ်။ ယဉ်ကျေးတဲ့ လူကြားထဲနေတဲ့ “အိမ်” ခွေးက သားကောင်တွေ့ရင်
        လို်က်ရမှန်းမသိ ကိုက်သတ်ရမှန်းမသိ..လူကိုခင်တွယ်တယ် သခင်ပြန်လာရင် အမြှီးနံ့ကြိုမယ်။ တောထဲက တောခွေးကတော့ အရိုင်းမှာ
        ယဉ်နေတဲ့ အတွက် လူတွေ့ရင်ကိုက်မှာပဲ။

        Documentary တစ်ခုမှာ အာဖရိက တောထဲက မိဘမဲ့ ခြင်္သေ့လေးနှစ်ကောင်ကို တောရိုင်းတိရိစာ္ဆန်ထိန်းသိမ်းစောင့်ရှောက်သူများက မွေးစားထားပြီး နောက် ၄နှစ်လားမသိ
        ကြာတဲ့ အခါမှာ တောထဲပြန်လွှတ်တော့ သူတို့တွေ အမဲလိုက်ရကောင်းမှန်းမသိ အိမ်ပေါက်တွေဖြစ်နေတော့ လူတွေဆီပဲပြန်လာပွတ်သီးပွတ်သပ်လုပ်နေလို့ အမဲလိုက်တတ်
        အောင် မနဲပြန်ကျင့်ယူပေးရတယ်။ သူတို့အတွက်ကတော့ တောထဲမှာ ရှင်သန်ဖို့အတွက် သတ်ဖြတ်ခြင်းပညာဟာ တတ်ကိုတတ်ရမဲ့ အရာပဲ။ လူ့ယဉ်ကျေးမှုမှာတော့
        လူအများမမြင်နိုင်တဲ့နေရာတွေမှာ ပြုလုပ်ခြင်းဖြင့် နည်းနိုင်သမျှနည်းအောင်လုပ်နေကြပါတယ်။

        နောက်ဆုံးပြောခြင်တာကတော့ သူကြီးမှာ တကယ်ပဲ လူကိုလူမြင်ပြီး တိရိစာ္ဆန်ကို တိရိစာ္ဆန်လို တကယ်မြင်နိုင်ပြီလား..သေသေချာချာပြန်စဉ်းစား။
        စကားကို ပေါ့ပေါ့မပြောနဲ့..သူကြီးပြောတဲ့ လူကိုလူလိုမြင် တိရိစာ္ဆန်ကို တိရိစာ္ဆန်လို မြင် အမဲသားနဲ့ ပေါင်မုန့် ဆိုတာတွေဟာ
        ၁၈နှစ်ကျော်ကာစ ဘာသာမဲ့ဆိုပြီး ကိုယ့်ကိုကိုယ်ကြွေးကျော် နေသူများရဲ့ ဘာမှမသိသေးလို့ စတင်ကြွေးကျော်တဲ့ စကားစုသာသာပဲရှိပါတယ်။
        ဘယ်နေရာမှာ ဒီအကြောင်းအရာကို ပြောပြော သဂျီးဖက်က reasonable ဖြစ်တဲ့ ဘာအဖြေကိုမှ မပေးနိုင်ခဲ့ပါဘူး။ ဒီစကားစုလိုမျိုးကိုပဲ ထပ်ခါခါပြောခြင်းပဲရှိပါတယ်။
        Jeffrey Dahmer ကတော့ လူကိုလူလို့အရမ်းမြင်တတ်လို့ သဂျီးသာ သူရှေ့မှာ ကိုယ်ဂျီးတုန်း ကုံးကုံးလေးနေနေ ရင်တော့
        သူက သဂျီးတင်ပဆုံလေးကို အချဉ်စိမ်လိုက်ရင်…ဝက်သားတုံးကြီး လက်သီးဆုပ်ထက်ကောင်းတယ်လို့မြင်မှာပဲနော်။ဟီးဟီး ရှလွတ်…..။နှောက်ထှာပါ။

        • garuda

          May 26, 2013 at 9:44 pm

          ဟုတ်ကဲ့ အဘကိုတော့ နောက်တပတ်မှပဲ ဝင်မန့်ပါတော့မယ်။ ပင်လယ်လမ်းခရီးကံကောင်းပါစေနော်။

        • kai

          May 27, 2013 at 1:11 am

          ကျုပ်ပြောတဲ့”လူကိုလူလိုမြင်”ဆိုတဲ့ အဓိပါ္ပယ်ကိုရင်ဂရုဒ လုံးဝကို နားလည်သွားပုံမပေါ်ဘူး…
          ဆိုတော့…
          လူသားတဦးဖြစ်တဲ့ကျုပ်ကို.. ဆက်ဆံရေးသားပုံမှာလည်း.. အပြန်အလှန်လေးစားမှုလုံးဝမရှိဘူး..
          နောင်အခါ..ဒီလိုပုဂ္ဂလိကရေးရာတွေ ထည့်ထည့်မရေးဖို့..သတိပေးပါကြောင်း…

          ထပ်ရေးမယ်ဆိုရင်.. ကိုရင့်စာတွေပြန်လှန်ရေးနေတော့မှာမဟုတ်ပါဘူးနော…
          ဆာယိုနာရလုပ်ရလိမ့်မယ်.. :harr:

        • Foreign Resident

          May 27, 2013 at 6:52 am

          ” လူသားတဦးဖြစ်တဲ့ကျုပ်ကို..
          ဆက်ဆံရေးသားပုံမှာလည်း.. အပြန်အလှန်လေးစားမှုလုံးဝမရှိဘူး..
          နောင်အခါ..ဒီလို ပုဂ္ဂလိက ရေးရာတွေ ထည့်ထည့်မရေးဖို့..သတိပေးပါကြောင်း…
          ထပ်ရေးမယ်ဆိုရင်.. ကိုရင့်စာတွေပြန်လှန်ရေးနေတော့မှာ မဟုတ်ပါဘူးနော ”

          အင်းးးး ၊ အဘ ရွာထဲ ရောက်တဲ့အချိန်က စပြီး ၊
          ဒီလောက် သည်းခံနိုင်တဲ့ သူကြီးက Warning ပေးရတာ ၊
          ဒီတစ်ခါပဲ ထူးထူးခြားခြား မြင်ဖူးတော့တယ် ။
          ဒါ ပထမ ဦးဆုံးပဲ ။ သမိုင်း / Record ဝင်သွားပြီ ။

        • ဦးကြောင်ကြီး

          May 27, 2013 at 8:51 am

          စဂဒေါ့ ကိုယ်မကျွမ်းကျင်တဲ့ ဘာသာရပ်မို့ ရှောင်နေမို့ စိတ်ကူးဒါ အခုတော့ ဝင်ပေါမယ်.. ဒီမယ်သဂျီး.. ဗျားကို မဝေဖန်ရအောင် ဘာမိုလို့ဒုံး.. အဲလိုပေါဂျေးဆို.. အဘချုပ်ကျီးသာမီး မင်ဂါဆောင်ကို စိန်စီသောည ဆိုပီး ဗွီဒီယိုအခွေထုတ် အော်ချက်လုပ်တာ ပုဂ္ဂလိက စော်ကားမှုမြောက်သလား.. သဂျီးအနေနဲ့ အမျိုး ဘာသာ သာသနာ ဖျက်ဆီးနေတာကြတော့ လွတ်လပ်ခွင်ပေါ့ ဟုတ်စ… ရဲဘော်ဂျီး ဂါရုဒါကို ခြိမ်းချောက်သလို ဆာယိုနာရတွေ အာစိုနှာပွတွေတော့ ကျုပ်လာမလုပ်နဲ့ ဂေဇက်ရွာ မီးရှို့ပစ်မယ်…ဘာမှတ်တုံး..။ သာမီးဒေါ်ဂလေး ငိုနဲ့တိတ်တိတ်.. ပါးပါးခိုမ်နဲ့ ကိုကြောင် ခြစ်လို့ကျီစယ်နေတာ.. :harr:

        • garuda

          May 27, 2013 at 8:22 pm

          အင်း..အစကတော့ သဂျီးကို အရင်မန့်မလို့ တော်ကြာဖတ်ပြီး ကျုပ်ကို ဆာယိုနာရ လုပ်သွား
          ရင် အဘကို မမန့်လိုက်ရမှာစိုးလို့ အဘကို အရင် ပြောမယ်နော်။
          အဘရေ Warning ပေးတယ်ဆိုတာ ဟာသတိပေးတာပါပဲ။ ဒါကသဂျီးက ကျုပ်ကိုချစ်လို့ သံ
          ယောဇဉ်မပြတ်လို့နေမှာပေါ့  ။ warning မပေးပဲ သူ ဆာယိုနာရ လုပ်ခဲ့တဲ့လူတွေရှိမှာပါ။ အဲတစ်ခြား
          သူသတိပေးခဲ့တာတွေလည်း အများကြီးရှိခဲ့မှာပါ။ သူကြီးဟာတကယ် သီးခံနိုင်တဲ့သူ ဖြစ်နိုင်သလို၊
          တစ်ချို့လူများလို သီးခံနိုင်သလိုလိုနဲ့ ဖြေရှင်းချက်မရှိ သောကြောင့် သူတော်ကောင်းယောင်ဆောင်
          ခြင်းလည်းဖြစ်နိုင်ပါတယ်။ အဓိကကတော့ မြန်မာပြည်က လူတော်တော်များများက ဘယ်သူတွေ
          ဘယ်လောက်ပဲကိုယ့်အပေါ်မကောင်းမကောင်း သိုးအရေခွံလေးခြုံပြလိုက်ရင် သိုးလေးလို့မြင်ပြီး
          သနားသွားတတ်ကြတာပါပဲ။(သဂျီးရေ သဂျီးကိုပြောတာမဟုတ်သေးဘူးနော်အဘကိုသဘောရှင်းပြနေတာ။
          ကျုပ်ကိုတာ့တာမလုပ်ပါနဲ့အုံး)။ ထားပါတော့…ဘာပဲဖြစ်ဖြစ် ဒါဟာ “သမိုင်း” ဝင်လို့ record လို့ ပြောရအောင်
          မကြီးကျယ်သေးပါဘူးဗျာ။ အဲ သဂျီးက ကျုပ်ကို ချက်ခြင်း ဘိုင့်ဘိုင် လုပ်လိုက်ရင်တော့ သူမှားမှား/မှန်မှန် ဒါကိုသမိုင်းဝင်လို့ခေါ်ရမှာပဲထင်တယ်။
          ဘာပဲဖြစ်ဖြစ် အဘလို လူကုံထံ ပညာတတ် တစ်ယောက်က ဒီကွန်မန့်လေး
          ပေါ်ကို အခုလို အားရပါးရ တကူးတကတက်လာပြီးပြောတဲ့ အတွက်တော့ ကျုပ်လိုအညတရလေးအတွက်က ထူးထူးခြားခြားလေးဖြစ်သွားတာတော့ အမှန်ပါပဲ။
          သင်းကျူးပါ။ သမိုင်းဝင် record ဆိုတာမျိုးက ကျွန်တော် ပြောပြမယ်
          ဒီမိုကရေစီဆိုတာကြီးကို အပြည့်အဝနားလည်သလိုလို နားမလည်သူတွေကိုပဲ သူက အပြည့်ခံစားစေချင်သလိုလိုရခိုင်နယ်စပ်မှာ
          မဆိုင်သူများ လူ့အခွင့်အရေးအပြည့်ရရှိရေးအတွက်ပဲ သွားပြီးဆန္ဒပြတော့မလိုလို
          စကားလုံးကြီးကြီးတွေပြော…ကိုယ်ကိုယ်တိုင် ပြောခဲ့တာတွေဟာ အဲဒါတွေအားလုံးနဲ့ ကိုက်ညီမညီဆိုတာကို
          တော့မသိ….ဥပမာ..လူမျိုးတစ်မျိုးကိုကိုယ်စားပြုပြီး..(ထားပါတော့ ဗမာလူမျိုး) ဗမာလူမျိုးဟာ မကောင်းဘူး
          ဗမာလူမျိုးတွေဟာ inferiority complex ရှိတယ် မနာလိုစိတ်ရှိတယ် ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုတာ လုံးဝကို မပြောသင့်တဲ့အရာ။
          အမှန်တော့ တစ်ချိန်က လူအချို့ကြောင့် ကိုယ်ခံစားရတာမှတဆင့် လူမျိုးစုတစ်မျိုးကို မုန်းတီးတဲ့ (hate)ဖြစ်ပေါ်လာပြီး လူမျိုးစုတစ်ခုလုံးကို
          မကောင်းဘူးပြောနေတဲ့ စကားလုံးတွေက သာသိပ်ကြောက်ဖို့ကောင်းတာ။
          အဲ..အဲဒီထဲကမှ ပညာတတ်ပြီးသားဆိုရင်တော့ အဲဒီစိတ်ဓာတ်ကို ပြန်ပြင်ဖို့တော်တော်ခက်တာလား။ ဘာလို့လဲ
          ဆိုတော့ ပညာတတ်တဲ့ လူဟာ ကိုယ့်ရဲ့ မကောင်းတဲ့ စိတ် သေးသိမ်တဲ့စိတ်ကို ဖုံးကွယ်ထားတတ်ပြီး၊ တစ်ချိန်အခွင့်သာတဲ့
          အခါထုတ်သုံးတတ်လို့ပိုကြောက်ဖို့ကောင်းပါတယ်။ပညာ မာန်မာနရှိတဲ့ အတွက်ကြောင့်လည်း
          ငါ့ခံယူချက်မမှားဘူးဆိုတဲ့ အစွဲကဖျောက်ဖို့ခက်တယ်။ Mr always right တွေပေါ့ဗျာ။
          အဲဒါကြောင့် ပညာတတ်ဟာ သူကိုယ်တိုင် ပါဝင်မပြောင်းလဲပဲနဲ့ သူ့ကိုပြောင်းလည်းဖို့ခက်တယ်။ ပညာမဲ့ကတော့
          နဂိုကတည်းက ရာခိုင်နှုန်းတော်တော်များများက မသိလို့ ဗဟုသုတနည်းခြင်းဖြစ်လို့ အချိန်ပေး သင်ပြပေးရင်hate ဆိုတဲ့ဟာကုို ပြောင်းလဲသင်ကြားနိုင်ဖို့ ပိုလွယ်ပါတယ်။
          အဲနောက်တစ်ခု..“ရှေးရှေုးတုန်းက ကျုပ်တို့လူမျိုးကြီးက ဘယ်လိုဘယ်ဝါကြီးပွားလာတာ ခင်ဗျားတို့လူမျိုးတွေလည်းဒီလိုလုပ်ပေါ့”။
          ဒါလဲ လူမျိုးခွဲခြားမှု တစ်ခုပဲ။ သေသေချာချာပြန်တွေးကြည့် ပြောနေပုံက ဒီကလူတွေကပဲဉာဏ်ရည်မမှီတဲ့ အရိုင်းအစိုင်းတွေပေါ့လေ။
          လက်ရည်ချင်းမတူတာက ပါလိုက်သေးတယ်။ အဲဒါမျိုးဆိုရင်တော့ သမိုင်းဝင်တဲ့ လူမျိူးခွဲခြားတဲ့စိတ်ပါ ဒီမိုကရေစီမဟုတ်ဘူး။ ဩစတြေးလျမှာ
          ဘယ်လူမျိုးဘယ်ဘာသာဝင် ဘယ်လောက်ဆိုးဆိုး…အလုပ်ထဲမှာတို့၊ အပြင်မှာ
          တို့ (အလုပ်ထဲမှာတော့ပိုတင်းကြပ်ပါတယ်) မကောင်းအပြောမခံပါဘူး။ ပြီးခဲ့တဲ့ ၃ပတ်လောက်က အလုပ်မှာသီရိလင်္ကာက အမျိုးသမီးတစ်ယောက်ကသူတို့နိုင်ငံမှာ ဘာသာခြားတစ်မျိုးက ဘယ်လောက်ဆိုးကြောင်း လည်လှီးသတ်၊ မုဒိမ်းကျင့် ဘာညာနဲ့ ပြောနေတုန်း
          နောက်ဩဇီမလေးတစ်ယောက်ရောက်ပြီး နင်တို့တွေဘာပြောနေတာလည်းဆိုပြီးစပ်စုတာ
          ဟိုကဘာသာနာမည်တပ်ပြီး အဲဒီလူတွေလည်လှီးတဲ့အကြောင်းပြောတာလို့လည်းဆိုရောတခါတဲပြေးရော။
          အဲဒီတော့..နောက်တစ်ယောက်က သတိပေးရတယ် ဒီမှာ အလုပ်ထဲမှာ အဲသလိုမပြောရကြောင်း။ ပြောတဲ့သူက သိရိလင်္ကာကရောက်လာတာမကြာသေးတော့ စည်းမျဉ်းတွေ မသိဘူးလေ။အလုပ်တောင် ထုတ်ပစ်ခံရနိုင်တယ်။သူတို့ချင်းတော့ပြောရင်ပြောမှာပေါ့လေ၊ကိုယ်လည်းမသိဘူး။ သေချာတာတော့
          အလုပ်ထဲ အများသူငှာရှေ့မှာ မပြောပါ။ ပြောင်းရွေ့လာသူတွေရှေ့မပြောပါ
          အဲဒီ အလုပ်ထဲက တော်တော်များများက ပညာတတ် ကမာ္ဘပတ်နေသူ
          များမဟုတ်၊ ဆယ်ကျော်သက်များဖြစ်သော်လည်း နားလည်၏။
          ဒီမိုကရေစီနားလည်သူ လူ့အခွင့်အရေးကို သူများကို ပေးခြင်သူဆိုလို့ရှိရင်
          ကိုကိုယ်တိုင် အရင်လိုက်နာ စိတ်နေစိတ်ထားများက ိုပြောင်းလဲ ပြုမူပြောဆိုပါသင့်ပါတယ်။
          နို့မို့ဆိုရင်တော့ ဥပုသ်စောင့်တဲ့ ကျားလိုပဲ ဘယ်သူကယုံမလဲကွယ်။
          နောက်တစ်ခု…. “ကုလားမုန်းရင်ကုလားပစ္စည်းမသုံးကြနဲ့…တရုတ်ကိုမုန်းရင်တရုတ်ပစ္စည်းမသုံးကြနဲ့” ဆိုတဲ့ ကွန်မန့်တစ်ခုတွေ့တယ်။သာမန်ဖတ်ရင်တောံ့ လူတွေက မကောင်းတဲ့အချက်ကို
          တွေ့မှာမဟုတ်ဘူး။တစ်ကယ်တမ်းကမသိသူများကိုသွယ်ဝိုက်ပြီး အမုန်းစိတ်တွေ
          သွင်းပေးနေတာ။လူအခွင့်အရေးတို့ ဒီမိုကရေစီတို့ ပြောနေတဲ့လူဟာ
          ဒါမျိုးတွေမပြောသင့်ဘူးဆိုတာ သိထားသင့်ပါတယ်။ မုန်းခြင်းနဲ့ ပစ္စည်း သုံးခြင်းနဲ့ တစ်ခြားစီပါ။။
          ဩစတြေးလျမှာ ဘယ်နေရာကြည့်ကြည့် ၈၀%က မိတ်အင်စိနတွေချည်းပဲ။ သူတို့ တန်တယ်ထင်လို့ စိနကို အပ်တယ်လေ ဘာဖြစ်လဲ။ တကယ်အကျိုးလိုလားရင် ကုလားတရုတ်များ တရားမဝင် ဝင်နေတာ အစိုးရရဲ့ တာဝန်ကင်းမဲ့မှုကြောင့်ဖြစ်ကြောင်း မည်ကဲသို့ပြုလုပ်သင့်ကြောင်း။ ဒါမှမဟုတ် မုန်းတီးရေးတွေ ပြေလျော့အောင် ကိုယ်က ဖြောင်းဖြဆွေးနွေးရမှာပါ။
          ဒါဟာမှတ်မိ သလောက် မြင်တွေ့ခဲ့တဲ့ ရေးသားချက်တွေထဲက “သမိုင်းမဝင်တောင်မှ မမေ့နိုင်မဲ့“ ကောက်နှုတ်ချက် တစ်ချို့ ပေါ့ဗျာ
          ထူးခြားမှုနောက်တစ်ခုကတော့ ပြည်တွင်းမှာ ဒီလောက်ဒုက္ခသုခရောက်နေတဲ့လူတွေအတွက် လူ့အခွင့်အရေးမပြောပဲ..ကိုယ်နဲ့ ဝေးကွာတဲ့နေရာက တရားမဝင်ဝင်ရောက်နေထိုင်သူများ
          အတွက်တွင်တွင်ကြီး လူ့အခွင့်အရေးပြောတာလည်း တော်တော်မမေ့နိုင်မဲ့ ထူးခြားချက်ပါပဲ။
          အဲဒီထက် ပိုထူးခြားတာက တိုင်းရင်းသားတွေနဲ့ ဗမာလူမျိုးဆိုသူတွေကို တိုက်ပေးတဲ့စကားမျိုး
          တွေပြောတာပါပဲ။ ဒါက ဂေဇက်ပေါ်က record များပေါ့ဗျာ။

          သဂျီးပြောသွားတာလည်း သေသေချာချာဖတ်ကြည့်နော် သူက ပုဂ္ဂလိကလို့ပြောသွားတယ်
          သဘောက ကျုပ်နဲ့ သူနဲ့ဖြစ်တဲ့ကိစ္စလို့ဆိုလိုတာ၊ အဲဒီလောက်ကြီးလည်း ဝမ်းသာအဲလည်းဖြစ်မနေနဲ့ အဘနဲ့ အနေသာရီးပဲ ထင်တယ်နော်။ သမိုင်းဝင်တယ်ဆိုပဲ။ ဟဲဟဲ..အဲဒီလို စကားလုံးကြီးကြီးတွေနဲ့ ခြောက်လှန့်တာမျိုးက..မြန်မာပြည်က မျက်လုံးလေး ကလယ်ကလယ်နဲ့ ကြည့်နေတတ်တဲ့ သူတွေပဲခြောက်လှန့်လို့ရမယ်။ ဘာတဲ့“အရှက်ကို ဗြန်းဗြန်းကွဲရောတို့” တွေ့ဘူးသေးတယ် အာဟိ။

          စကားမစပ်
          အောက်ဆီဂျင်သည် မီးလောင်နိုင်သော သတ္တိ မရှိပါ။ သို့သော်မီးလောင်ခြင်းကိုတော့
          တော်တော် အားပေးတယ်ဆိုပဲ။ ဟုတ်လားမသိဘူး။ မှားရင်ပြောနော်။

          လူဆိုတာ အမှားနဲ့ မကင်းဘူး..။ မှားရင်ပြန်ပြင်လို့ရတယ်။ တစ်ယူသန်စွဲကိုပြီး ဆက်မှားနေရင်တော့ မကောင်းဘူး။
          ကျွန်တော်မှားဘူးတာလေး တစ်ခုပြောမယ်။ ကျောင်းတက်တုန်းက အတန်းဖော်နဲ့
          အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးပြောတော့..(ဒီမလာခင်လေးတင် သူငယ်ချင်းတစ်ယောက်က
          မန်းလေးမှာ ဖုန်းကြီးက ဘာသာခြားသတ်မဲ့နွားလေးက သူ့ဆီပြေးလာလို့ မသတ်ဖို့တားပြီး
          တန်ရာတန်ကြေးပေးပြီး ပြန်ဝယ်တာကို မကျေနပ်လို့ နောက်တစ်ခါဆွမ်းခံအကြွ ခေါင်း
          ဖြတ်သတ်ခံရတဲ့ အကြောင်းလည်းပြောထားတယ်) အဲဒီအချိန်မှာပဲ ဆဒ်နီဆိပ်ကမ်းဘေးမှာ
          ဗုံးလှန့်မှုတွေ ခဏခဏဖြစ်တာကြုံခဲ့ရတော့ စိတ်ထဲမှာဘာမှ မစဉ်းစားပဲ အဲဒီလူတွေမကောင်းဘူး ငါတို့ဆီမှာလည်း ဒီလိုတွေဖြစ်တယ်ဆိုတဲ့ မန်းလေးကအကြောင်းကိုပြောတော့…သူက
          အကုန်လုံးမကောင်းတာမဟုတ်ကြောင်း အစွန်းရောက်၊အကြမ်းဖက်တွေသာ
          မကောင်းတာလို့ရှင်းပြတယ်။ ကု်ိယ်တွေကတော့ အမှုမဲ့အမှတ်မဲ့
          ပြောမိလိုက်ပေမဲ့…အားလုံးကို ခြုံပြောသလိုဖြစ်သွားတယ်။ သူပြောမှ ကိုယ်
          လည်းသတိထားမိပြီး အေးမင်းပြောတာဟုတ်တယ် အကုန်တော့ မဆိုလိုပါဘူး။ အစွန်းရောက်တဲ့ သူတွေကိုပြောတာပါလို့ ပြန်ပြောရတယ်။ အဲဒီတော့ မှားတဲ့ဟာကို မှားကြောင်းသိရင် ပြင်နိုင်ရင် အကောင်းဆုံးပေါ့။ မပြင်နိုင်လည်း ကိုယ့်ကံနဲ့ကိုယ်ပေါ့ဗျာ။
          နောက်ဆုံးပြောချင်တာလေး Inferiority complex ဆိုတာဟာ ဗမာလူမျိုးတွေဆီမှာ ပဲဖြစ်တယ်လို့ ပြောလို့မရပါဘူး။ တကမ္ဘာလုံးမှာ ဖြစ်နေကြတာပါပဲ။ တရုတ်ကုလား ဂျပန်၊ကိုရီးယား။တိုင်းရင်းသား စသည့် ဘယ်လူမျိုးမှာမဆိုဖြစ်နေကြတာပါပဲ။
          ဌေးလွင်ဦးဆိုတဲ့ လူတစ်ယောက်ကလည်း ဧဒင်ဥယျာဉ်ဆိုတဲ့ social network တစ်ခုမှာ “သိမ်ငယ်စိတ်”ဆိုပြီး ရေးခဲ့ဖူးသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဂေဇက်မှာ Inferiority complex ဆိုတာလေး မပေါ်ခင် ၃ပတ်လောက်ကလို့ထင်ပါတယ် ဟဲဟဲ။ အမှန်တော့ ကျွန်တော့အထင်ကတော့ Inferiority complex ဆိုတာ “သိမ်ငယ်စိတ်” ဆိုတာထက် “သေးသိမ်”တဲ့ စိတ်ကို ပိုပြီးမှန်တယ်လို့ ယူဆပါတယ်။ သိမ်ငယ်စိတ်ကတော့ အဲဒီ သေးသိမ်စိတ်ထဲမှာ အစိတ်အပိုင်းလေးတစ်ခုနဲ့ပါနိုင်ပါတယ်။ ဒါပေမဲ့ သိမ်ငယ်စိတ်ရှိသူတွေကိုသေးသိမ်စိတ်ရှိတယ်လို့ ပြောလို့မရပါဘူးထင်တယ်။
          အပိုလေးပေါင်းထည့်ချင်တာက Superiority complex ဆိုတာလေးပါပဲ။ အဲဒါက ဘာလဲဆိုတော့ ကို့ကိိုယ်ကို် အထင်ကြီးမှု မာနထောင်လွှားမှု၊ ကို့ကိုယ်ကို စိတ်ကြီးဝင်မှုတွေ ဖြစ်လာတတ်တယ်။ အဲဒါလေးကလည်းဘယ်ကလာလဲဆိုတော့ Inferiority complex ကနေ တဆင့် ဖြစ်ပေါ်လာတဲ့
          စိတ်ခံစားမှုတွေကတစ်ဆင့် အသွင်ပြောင်းသွားခြင်းမျိုးတွေဖြစ်ပါတယ်။ အရင်က မနာလိုစိတ်၊မုန်းတီးစိတ်၊
          သိမ်ငယ်စိတ်တွေကြောင့် သူဟာ စိတ်ကြီးဝင်ခြင်း ကို့ကိုယ်ကို အထင်ကြီးခြင်းတို့ကို ပြောင်း
          သွားပါတယ်။ အဲဒီ မနာလိုစိတ်၊မုန်းတီးစိတ်၊သိမ်ငယ်စိတ်တွေကပဲ သူ့ကို လူမျိုးခွဲခြားသူ
          လူမျိုးကြီးဝါဒကို ဆွဲကိုင်ထားသူအဖြစ်ပြောင်းလဲသွားစေပြီး၊ ကောင်းကျိုးတစ်ခုကတော့
          ဘဝမှာ မခံချင်စိတ်နဲ့ ကြိုးစားချင်စိတ်ကို ဖန်တီးပေးလို်က်တာပဲ။ ဖြစ်နိုင်တဲ့ ဆိုးကျိုးကတော့
          သူမုန်းတီးခဲ့သူများ မသိမသာပဲဖြစ်ဖြစ် သိသိသာသာပဲဖြစ်ဖြစ် ဒုက္ခပေးနိုင်ခြင်းပါပဲ။ အဲသလို
          လူမျိုးတွေရဲ့ လူမျိုးကြီးဝါဒဆိုတာက ကေ၃လုံးလို ထင်ထင်ရှားရှားမြင်ရတာ မဟုတ်ပဲအတွင်းမှာငုပ်နေတော့ ပိုဆိုးတယ်ဗျာ။ စိတ်မကောင်းစရာပါပဲဗျာ။ ကျုပ်ကတော့ ဝန်ခံတယ်ဗျာ..အဲဒီစိတ်အခြေအနေ နှစ်ခုလုံးဖြစ်ဘူးပါတယ်။ မကြီးထွားသွားအောင်တော့ ကို့စိတ်ကိုယ် နားလည်အောင်လုပ်တယ် ထိန်းချုပ်သင့်ရင် ထိန်းချုပ်ထားပါတယ်။ အတွင်းစိတ်ထဲမှာတော့ အပိုင်းအစလေးတွေရှိနေနိုင်ပါသေးတယ်။
          ပြောတာလည်းများသွားပြီး စိတ်အနားရအောင် အပျင်းပြေ ပုံပြင်လေးတစ်ပုဒ် အောက်ကလင့်မှာ ဖတ်ကြည့်ပါနော်။ သဂျီးကို ပြန်မန့်ှ ဖို့အတွက်ကတော့ နောက် ရက်တွေမှပဲ
          ပြန်လာတော့မည်။ အဲဒီမှာ အပြောလေးတွေ သဘောမကျရင်လည်း ဆာယိုနားရားချင်
          လည်း နားလိုက်ပေါ့..ဘယ်တတ်နိုင်ပါ့မလဲနော။ ကိုယ့်ခံယူချက်နဲ့ကိုဘဲလေ။ ပြောစရာရှိတာ
          တော့ပြောရမှာပဲ။ အခု ဆာယိုမနားသေးတာ အတွက် arigato gozaimashita ပါ သဂျီးရေ။ ဘယ်လိုပဲပြောပြော သဂျီးဘက်က ဘာမှဝင်မဆဲပေးတဲ့ သဂျီးရဲ့ ပရိတ်(အထူးသဖြင့် လူငယ်များ)ကိုတော့ မချီးကျူးပဲ မနေနိုင်ဘူးဗျို့။ သဂျီးက ပရိတ်သတ် ကောင်းကောင်းလေး
          ရထားတယ် 

          http://www.myawady.com.mm/library/stories/storiesforall/item/10460-2013-03-31-13-05-59

          အပေါ်ကပြောသွားတာတွေ အားလုံးခြင့်ယုံဗျို့!!!

        • padonmar

          May 27, 2013 at 9:09 pm

          လျှာရှည်တဲ့ ကွန်ဆာဗေးတစ်အဖွားကြီး ပီပီ အမုန်းခံပြီးပြောချင်တယ်။
          ကိုဂဠုန်မန့်တဲ့သူဟာ သဂျီးသာမဟုတ်ရင်တော့
          ကိုဂဠုန်ရေ၊ကြိုးစားပန်းစား အရှည်ကြီး မန့်ထားရတာအားနာပါတယ်။ဖတ်ရတဲ့သူမှာ သင်္ကြန်ရက် ပို့စ်မင်းကို ရေပက်ပြီးပျော်နေတဲ့ ကလေးတွေကို မြင်ရသလို မသက်မသာခံစားရတယ်၊သဂျီးကိုကလော်တုပ်တာထက် မဆိုင်တဲ့ သဂျီးကတော်ပါထဲ့ပြောတာလေးတွေ ကိုဂဠုန်ဖြုတ်ပစ်ပါလားလို့ လျှာရှည်လိုက်ချင်တယ်။
          ဒီလိုပြောပြန်တော့လည်း သဂျီးဘက်သား သဂျီးကိုဖားတယ် ဖြစ်မှာစိုးတယ်။
          ဆရာလုပ်တယ်တော့ မထင်ပါနဲ့။
          လူချင်းမမြင်ဖူးပေမယ့် လေထဲက မိတ်ဆွေ ရွာသူားတွေဆိုတော့ ယဉ်ကျေးစွာပဲ ကွဲလွဲစေချင်ပါတယ်။

  • ဘာရယ်မဟုတ်ဘူး ..
    ဒီပို့စ်နဲ့ Tab အသစ်နဲ့ဖွင့်ထားတယ် …
    ပြီးဒေါ့ ..
    Tab ပေါ်က စာသားလည်း ကြည့်မိရော …
    ဟက်မငေးး ကျက်တီးဘာ ထတွားဒယ် .. ဟယ် .. ဟယ် .. :mrgreen:

    စဉ်းစားကြစေလိုပါတယ် ( ၅၃ ) ( ဆော်ထည့်
    ……….. ဒီလောက်ဘဲ သူဂ ပြဒါဂိုး ..

  • Foreign Resident

    May 25, 2013 at 4:34 pm

    အခုလေးတင်ပဲ နေပြည်တော် အမြန်လမ်းမှာ ၊
    ကားမှောက်တာ လူ ( ၁၁ ) ယောက် သေတဲ့ ဓါတ်ပုံ ကြည့်နေတာ ။

    အစကတော့ ၊ ဘယ့်နှယ် ကားမှောက်တာ ၊
    လူ ( ၁၁ ) ယောက် တောင်သေရလား ၊ များလှချည်လားပေါ့ ။

    ကားမှောက်တဲ့ ဓါတ်ပုံ ကြည့်တော့မှပဲ ၊
    အဝေးပြေး ဘတ်စ်ကြီး ထက်ပိုင်းကျိုးပြီး ပြားပြားလေးပဲ ကျန်တော့တာကိုး ။

    မြန်မာပြည်မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ၊
    သေချာ ကြပ်မတ်သင့်နေပြီကွယ် ။

    ဘယ့်နှယ် ၊ နေ့တဓူဝ ၊ မှောက်နေ သေနေ တာကို ၊
    ဒီအတိုင်း ကြည့်ကောင်းကောင်း နှင့် ထိုင်ကြည့်နေကြသလား မသိ ။

  • padonmar

    May 28, 2013 at 7:13 am

    FR ရေ
    ကျမ ကွန်မန့်ကြောင့် ပြဿနာအစဆွဲသလို ဖြစ်မယ်ဆိုရင် ကျမကွန်မန့် ဖျက်လိုက်လို့ရပါတယ်နော်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 28, 2013 at 3:49 pm

    သဂျီးမင်းကတော့ အစ်ကိုကြီး garuda says: ကိုအလွန်ကျေးဇူးတင်ရှိမယ်လို့ထင်ဘါဒယ်
    အချိန်တွေပေးပြီးစားတွေအများကြီးရိုက်နှိပ်ပြောဆိုလိုက်လို့ဘါ
    ဘယ်သူဘါပြောပြော
    အစ်ကိုကြီး garuda says: ရဲ့ ကော်မန့်ကို အလွန်နှစ်သက်မိပါဒယ်ဗျာ
    ကျုပ်သာ ပိုစ့်ပိုင်ရှင်ဆိုရင် ဘီစီလား ဘါလား အစိမ်းရောင်ပေးမိမှာအဟုတ်

  • ဦးကြောင်ကြီး

    May 29, 2013 at 7:37 am

    သဂျီးက ခလေးတွေကြားထဲသာ လူစွာလုပ်ရဲတာပါကွာ… သူ့နဲ့ တကယ်ဆော်မည့် ဂရုဒါလို ဆရာမျိုးလည်း ကြွလာရော ဘယ်ရောက်သွာမှန်းတောင် မသိဘူး… လူဆိုးပြေးမှ ထိုးမကွင်းမထနဲ့ သဂျီးရေ… သတ္တိရှိရင် စင်ပေါ်တက်ထိုး… ဗေထိ ဗေထိ ဗေပုံထိ :harr:

Leave a Reply