“ရှေးရှေးက ဆင်ဖြူရှင်မနန်းမတော်မိဘုရားခေါင်ကြီးကောင်းမှူ့ အခုမှာတော့ကျောင်းအိုအို်”

“ရှေးရှေးက  ဆင်ဖြူရှင်မနန်းမတော်မိဘုရားခေါင်ကြီးကောင်းမှူ့      အခုမှာတော့ကျောင်းအိုအို်”                         

1 ယိုင်လဲ မလိုလို
1 ယိုင်လဲ မလိုလို

 

 

 

မြောက်ပြင် ၁၂လမ်းဘက်ကို အလုပ်ကိစ္စနဲ့သွားတဲ့အခါ ၈၆လမ်းဒေါင့်ရောက်ရင်

လမ်းမြောက်ဘက်တန်းမှာရှိတဲ့ မဟာစိတြာရာမ တိုက်ကို ဖြတ်သွားရလေ့ရှိပါတယ်။

အပြင်ကလှမ်းကြည့်လိုက်တိုင်း အဝင်ဝမှာရှိတဲ့ ကျောင်း အိုကြီးကိုသတိတရနဲ့

ကြည့်မိပါတယ်။

ကျောင်းထဲကအထွက်
ဒီကျောင်းဝင်းထဲမှာရှိတာပါ

ရှေးကရှိတဲ့ကျောင်းတွေများ ပြိုပျက်နေတာတွေ့ရင် စိတ်မကောင်းပါဘူး။

ကိုယ်တိုင်ကလဲ ပြင်ပေးနိုင်လောက်အောင် ငွေကြေးမချမ်းသာတော့

သူများတွေကို လက်တို့ ရုံဘဲ တို့ပေးနိုင်ပါတယ်။

 

2 ရှေးလက်ရာ စစ်စစ်
2 ရှေးလက်ရာ စစ်စစ်

ကျနော်မြင်မိခဲ့တဲ့ကျောင်းအိုကြီးမှာ တပ်ထားတဲ့ ဆိုင်းဘုတ်အရဆိုရင်

မြန်မာသက္ကရာဇ် 1248 (အင်္ဂလိပ်သက္ကရာဇ် 1884ခုနှစ်)မှာ

မင်းတုန်းမင်းရဲ့ မိဖုရားခေါင်ကြိးဆင်ဖြူရှင်မ တည်ခဲ့တယ်လို့ သိရပါတယ်။

မှတ်တမ်း
မှတ်တမ်း

ကျနော်သွားတော့ ကျောင်းထဲက ဦးဇင်းတစ်ပါးထွက်လာပါတယ်.။

ဓါတ်ပုံရိုက်ခွင့်တောင်းတော့ ကျောင်းပေါ်ပါတက်ရိုက်လို့ရတယ်ပြောပါတယ်။

ပြိုပျက်နေတဲ့လှေကား
3ပိုပျက်နေတဲ့လှေကား

ကျနော်ကလဲ “ကျောင်းအဟောင်းတွေကို လမ်းလှမ်းမီသလောက်

မှတ်တမ်းတင်ပေးပြီး အင်တာနက်မှာတင်ပေးပါမယ့်ဘုရား။

တပြည့်တော်က တော့ ပြင်ဘို့ ငွေကြေးမရှိပါ

မြိုတော်စည်ပင်လို အစိုးရအဖွဲ့အစည်းလို ဒါမှမဟုတ် ငွေကြေးတတ်နိုင်သူကများ

ဒါလေးကိုမြင်သွားရင် ပြန်လည်တည်ဆောက်ပေးသူပေါ်လာနို်င်မယ်လို့ ထင်ပါတယ်ဘုရား”

လို့ကျနော့်ရည်ရွယ်ချက်ကို လျောက်ထားခဲ့ပါတယ်။

ဘေးအကာတွေကပျက်တဲ့နေရာပျက်။

ကျောင်းခန်းပေါ်တက်ကြည့်တော့ ကြမ်းပြင်က ခုံးထ။

ခုံးထနေသောကြမ်းပြင်
4ခုံးထနေသောကြမ်းပြင်

ကျောင်းက တော့ ယိုင်ရွဲလို့နေပါတယ်.။

ခေါင်မိုးကရှိပေမယ့် ပေါက်တဲ့နေရာကပေါက်။

7ပေါက်ပြဲနေတဲ့ အမိုး
5ပါက်ပြဲနေတဲ့ အမိုး

ပလ္လင်အဟောင်းနားမှာကြောင်ကလေးတွေ အစာစား။

 

6 ဖြစ်သလိုပစ်ထားတဲ့ ပလ္လင်ဟောင်း
6 ဖြစ်သလိုပစ်ထားတဲ့ ပလ္လင်ဟောင်း

ဘေးအကာအရံတွေကလဲ ပြိုပျက်။

ရှေးလက်ရာ သစ်သားပန်းပုလေးကလဲ ပြုတ်ကျ

7 ပြုတ်ကျနေတဲ့ရှေးလက်ရာ
7 ပြုတ်ကျနေတဲ့ရှေးလက်ရာ

ရှေးဟောင်းဘီဒိုလေးတွေက ဖုန်တက်။

8ဖုံတက်နေတဲ့ဘီဒိုလေး
8ဖုံတက်နေတဲ့ဘီဒိုလေး

နှစ်တစ်ရာငါ့ဆယ်ကျော်လောက်ဘဲရှိသေးတယ် မြန်မာ့လက်ရာများကို

ထိန်းသိမ်းစောင့်ရှောက်မူ့ကင်းစွာ ပစ်ထားတာဝမ်းနည်းစရာ။

ခက်တာက ကိုယ်ကလဲ ဘာမှမတတ်နိုင်။

ကဲ ဘယ်လို လုပ်ရင်ကောင်းမလဲနော်

???????????????????????????????????????

 

11 ကျောင်းအောက်ကမြင်ကွင်း
11 ကျောင်းအောက်ကမြင်ကွင်း

 

မည်သူပြင်မလဲ လို့ မေးနေသလိုလို
မည်သူပြင်မလဲ လို့ မေးနေသလိုလို

ကိုပေါက်လမ်းသလားနေသည်

23-5-2013

 

 

 

 

 

7 comments

  • e tone

    May 23, 2013 at 2:41 pm

    မင်္ဂလာပါ လေးလေးရေ ..

    ဟိုးခေတ်က လူကြီးတွေ .. ဟမ်းမိတ်အတော် ထူးချွန်ခဲ့ကြတာပဲ .. ။ ဒါကြောင့်လည်း ပန်းဆယ်မျိုး ဆိုတာ မြန်မာ့လက်မှု ပညာလို့ သက်မှတ်ခဲ့ကြတာကိုး … ။ သစ်လုံးကြီးတွေကို ကျောင်းတိုင်လုံးအဖြစ်သုံးခဲ့တာတွေ…. ၊ လက်ရန်ကွက်ဖော်ထားတာတွေ …. တံစပ်မြိတ်အောက်မှာ အလှဆင်ထားတဲ့နေရာတွေ ၊ ဝရံတာ ပန်းပွတ်လုံးတွေကလည်း … တိမ်မြုပ်လုလုဖြစ်နေတဲ့ … ရှေးဟောင်းလက်ရာတွေပါပဲ .. ။
    ဟိုးခေတ်ကသာ သစ်ဝါး ပေါများခဲ့လို ခုလို ဆောက်နိုင်ပေမယ့် … ဒီခေတ်မှာ .. ဘယ်လိုမှ … ဒီပုံမဆောက်နိုင်တော့ဘူး … ။ ဟို ပုလင်ကြီးက …. ကြေးပုလင်ကြီးများလား .. ကျွန်းကို ရွှေဆေးသုတ်ထားတာလား မသိဘူးနော် … ။
    အန်းတိတ်တွေ … အရမ်းဈေးကြီးနေတဲ့ အချိန်မှာ ခုလို …. အောက်ကျနေတဲ့ ရှေးဟောင်းလက်ရာမျိုး ၊ပုလင်းဟောင်းမျိုး ၊ ဗီဒိုမျိုးတွေ မြင်ရတာ … နှမျောသလို ခံစားမိပါတယ် … ။

    ဖော်ရင်နာတယောက်လာတော့… အန်းတိတ်ဝယ်ချင်လို့ …. အန်းတိတ်ဆိုင်တဆိုင်ကို သွားကြည့်မိပါတယ် … နှစ်တရာလောက်က .. ဖျာဆိုပဲ .. ဒေါ်လာ 300တဲ့ … သမီးကို အလကားပေးမယ် အိမ်ယူဆိုလျှင်တောင် ယူသွားချင်မှာ မဟုတ်လောက်အောင် အနားတွေစုတ်ပြီး ပျက်ဆီးနေပေမယ့် .. ဖျာပေါ်က .. အရုပ်ထိုးပြီး အကွက်ဖော်ထားတဲ့ လက်ရာက .. တကယ်ပညာသားပါတယ် .. ။ လေးလေးရေ.. အဲ့ဆိုင်က .. ဆိုင်သာပြောတယ် .. ခြံတခြံရဲ့ ကား ဂိုထောင်ထဲမှာ ဖွင့်ထားတာ …. တောင်းစုတ်ပလုုံးစုတ်တွေလည်း အများကြီးပဲ … အရုပ်တွေရော .. ၊ အင်္ဂါမစုံတာတွေ ကျိုးပဲ့နေတဲ့ ဘုရား ဆင်းတုတွေလည်းရှိတယ်…ဖုံတွေလည်းတက်လို ့… မြန်မာ တစ်ယောက်မျက်စိနဲ့တော့.. ဒါတွေ ယူသွားပါ အလကား ဆိုလျှင်တောင် … ယူချင်စိတ်မရှိပေမယ့် … နိုင်ငံခြားသား ကျတော့… ဆွမ်းအုပ်ကြီး နှုတ်သီးကျိုးနေတာတောင် … အစိမ်း120ပေးပြီး ဝယ်သွားလေရဲ့ ….. ။အဲ့လို တန်ဖိုးထားပုံချင်း ကွာပါတယ် … ။

  • ko pauk mandalay

    May 23, 2013 at 4:45 pm

    အဟောင်းကို ပစ်ပယ်ထားကြတာ အသိပညာ နည်းပါးလို့ပါ.
    အစားပြန်မရနိုင်တာကို လူတွေက သတိမမူမိကြတော့ ဒီလိုဖြစ်ကုန်တာပါဘဲ။
    နှမျောစရာ.
    အခုရက်ကတော့ အဟောင်းတွေဘဲဆက်တိုက်လာနေပါဦးမယ်။
    ကဗျာဟောင်း အိမ်ဟောင်း ကျောင်းဟောင်း အစုံ

  • uncle gyi

    May 23, 2013 at 10:31 pm

    ဒီကျောင်းကြီးကိုဖြတ်သွားဖြတ်လာမြင်ဖူးတယ်ဗျ
    အထဲတော့ဝင်မကြည့်ဖူးဘူး
    ရှေးကျောင်းကြီးဆိုတာတော့သိတယ်
    ကဗျာဟောင်း အိမ်ဟောင်း ကျောင်းဟောင်း
    ပေမဲ့လူတော့မဟောင်းသေးပါလားကိုပေါက်ရဲ့

  • ko pauk mandalay

    May 23, 2013 at 10:37 pm

    လူလဲဟောင်းပါပြီ အန်ကယ်ဂျီးရဲ
    မကြာခင် အိုတော့မှာပါ
    အဲတော့ အချိန်ရှိခိုက်လုံ့လစိုက် ကို်ယ်အနားယူမယ့် အချိန်ထဲကဖဲ့ပြီး
    မသေခင် ကိုယ်စိတ်ထဲရှိတာလေးတွေ ကိုကောင်းသော ရည်ရွယ်ချက်နဲ့ လုပ်နေတာပါ။
    မပြင်နိုင်တောင်မှ သတင်းစကားလေးတွေ ပါးထားခဲ့ချင်လို့ပါ

  • ဒီကျောင်းကြီး
    ပြင်ဆင်ပြီး ထိန်းသိမ်းလိုက်ရင်
    ရှေးမူ လက်ရာတွေနဲ့ အတော်မိုက်သွားမယ် ထင်ဒယ် …
    ဒါနဲ့ ..
    တိုင်တွေက ကျွန်းတိုင်တွေလား သိဝူးနော် …

  • ko pauk mandalay

    May 25, 2013 at 1:02 pm

    ရှေးမူနဲ့မမိုက်ဘဲ ရှေးမူပျက်သွားမှာလဲ စိုးရိမ်ရပါ၏။

  • Mr. MarGa

    May 25, 2013 at 6:27 pm

    လေးပေါက်
    ဆင်ဖြူမရှင် ဟုတ်ဖူးလားဟင်
    နည်းနည်း လွဲနေသလားလို့
    :kwi:

Leave a Reply