ကျက်စာတွေ မင်းမကျက်ပါလ
ကျက်ပါလဲ ညပ်စွာမရပါဟု
ခက်ပါလှ တပည့်ရယ်

“ဆရာ စိတ်မောပါဘိ
ငေါက်သောအခါ မျက်ရည်လည်မိ
အော်ခံရတော့ မျက်ရည်ကျရဲ့
မင်း ဘာကြောင့် ညံ့ရတယ်”

ဆရာ မေးပြန်တော့
တပည့်ကလေး အဖြေ ထွက်လာတာ
“နံနက်ဆို စောစောထရ
အလုပ်သွားဖို့ ပြင်ဆင်ရနှင့်
ကျောင်းတက်ရက်ရောက်ပြန်တော့
အချိန်ပိုင်းအလုပ်ပြေးရ
အလုပ်ရှုပ်လို့ စာမကျက်သာတယ်
ခက်ပါတယ် ဆရာရဲ့ ၀မ်းစာအရေး” တဲ့။

manawphyulay

About manawphyulay

manawphyu lay has written 938 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။