နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၅)

သူကေလးMay 23, 20131min20411

 

 

နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၄)

——————————–

 

ဖုန်းထဲမှာဓာတ်ပုံလေးကိုကြည့်ပြီး ကျွန်မအရမ်းကိုသဘောကျနေမိသည်။ ထိုပုံမှာ တခြားမဟုတ် လင်းလက်လျှပ်တပြက်ရိုက်ပေးလိုက်သော

ကျွန်မက စိမ်းလန်းစိုပြည် ကစားကွင်းထဲက ဒန်းလေးမှာ ထိုင်နေတုန်း ဗိုလ်က ကျွန်မကို ဒန်းလွှဲပေးတဲ့အခိုက် ရိုက်ထားလိုက်တာ။

တမင်တကာ လုပ်ယူပြီးပြုံးထားတဲ့အပြုံးလည်းမဟုတ်၊ တကူးတကပို့စ်ပေးထားတာလည်းမဟုတ်ပါဘဲ snapshot ရိုက်ထားလို့လားမသိ

အရမ်းပဲကြည့်လို့ကောင်းသည် ဟု ကျွန်မစိတ်ထဲထင်မိသည်။ ဒီနေ့ ကျွန်မတို့တွေ စိမ်းလန်းမှာမုန့်အတူစားကြ၊ စကားတွေပြောကြနှင့် ည ၉ နာရီကျော်မှာပင်အိမ်ကိုပြန်ရောက်ကြသည်။

အိမ်ပြန်ရောက်ရောက်ချင်းဒေါ်လေးကတောင် နောက်ကျလိုက်တာဟု ဆူလိုက်သေးသည်။ ကျွန်မလည်း ဇက်ကလေးပုကာ ထက်မြက်ပြန်ရောက်လာလို့ဟုပြောမှ

ဒေါ်လေးက နည်းနည်းငြိမ်သွားတာ။ လင်းလက်တို့၊ ထက်မြက်တို့က ကျွန်မကိုအရမ်းခင်ပြီး အိမ်ကိုဝင်ထွက်သွားလာနေကြမို့ ဒေါ်လေးကစိတ်ချသည်လေ။

ဓာတ်ပုံလေးကိုကြည့်ရင်း သဘောတွေကျနေတာနဲ့ ည ၁ဝနာရီထိုးတာတောင်မသိလိုက်။ နာရီကြည့်မိတော့မှ ကိုကိုစောင့်နေတော့မှာပဲဆိုပြီး အွန်လိုင်းအမြန်တက်ရသည်။

ကျွန်မက ကိုကိုကျွန်မကိုစိတ်ပူပြီး စောင့်နေမလားလို့ မျှော်လင့်မိပေမယ့် ထင်သည့်အတိုင်းမဖြစ်ခဲ့ပါ။ ကိုကို အွန်လိုင်းတွင်ရှိမနေတော့ပြီ။

“ညီမလေး အပြင်သွားနေတာလား ကိုကိုအိပ်တော့မယ်နော် အလုပ်တွေအရမ်းများနေလို့ မနက်စောစောထရမယ် ကောင်းသောညပါ ညီမလေး” ဟုချန်ထားသောစာသာတွေ့ရသည်။

ကျွန်မအွန်လိုင်းမလာတာ သူဘယ်လိုမှမခံစားရဘူးလား? ကျွန်မဘယ်သူနဲ့ဘယ်သွားနေတယ်ဆိုတာ သူမသိချင်တော့ဘူးလား?

ကျွန်မစိတ်ထဲအရမ်းသိချင်လာမိသည်။ ဒေါသလည်းဖြစ်မိသည်။ အဲဒါနဲ့ပဲ ကျွန်မကြံစည်ထားသော အလုပ်ကလေးကိုအကောင်အထည်ဖော်လိုက်မိသည်။

ဗိုလ်နဲ့ကျွန်မ ဓာတ်ပုံလေးကို facebook မှာ တင်လိုက်ပြီး ဗိုလ့်ကိုပါ tag လုပ်ပစ်လိုက်သည်။ မနက်ဖြန် ကိုကိုအွန်လိုင်းတက်ရင်တွေ့ကိုတွေ့မှာပဲ။

အဲဒီအခါကျမှ ဟန်နီဘယ်လိုခံစားရလဲဆိုတာ ရှင်သေချာသိလိမ့်မယ် ကိုထူးခြား ဟု ကျိန်းရင်း မနက်ဖြန်ကိုမြန်မြန်ရောက်ချင်မိသည်။

———————————-

 

ကျွန်မ မျှော်လင့်ထားမိတာက အဲဒီဓာတ်ပုံထဲကို ကိုကိုမြင်ပြီး ကျွန်မကို တခုခုပြောဖို့ကိုဖြစ်သည်။ တကယ်တမ်း ဖြစ်လာတဲ့အခြေအနေက အဲဒီလိုမဟုတ်ခဲ့ပါ။

“can u pretend that airplanes in the night sky r like shooting stars …
i could really use a wish right now… a wish right now .. a wish right now …
can u pretend that airplanes in the night sky r like shooting stars …
i could really use a wish right now… a wish right now .. a wish right now …”

“ပြော ဗိုလ် ထမင်းစားပြီးပြီလား”

“အင်း စားပြီးပါပြီ ဟန်နီ့ကိုဗိုလ်ပြောစရာရှိလို့”

“ပြောလေ ဗိုလ်ရဲ့ ဘာဖြစ်လို့လဲ”

“ခုဗိုလ်ဟန်နီ့အိမ်ရှေ့မှာ ခဏထွက်လာမလား”

“ဟယ် ဟုတ်လား အင်း ဟန်နီအခုလာခဲ့မယ်နော်”

ဗိုလ်စောင့်နေရမှာစိုးတာနဲ့ အိမ်နေရင်း အကျီနဲ့ဘောင်းဘီရှည်လေးကိုတောင်မလဲဘဲ ဖုန်းလေးကိုင်ကာ အိမ်ပြင်ထွက်လာခဲ့သည်။

ဗိုလ်ကထုံးစံမပျက်ပေ။ ကားတံခါးဖွင့်ပေးဖို့ အသင့်စောင့်နေလေသည်။

“ဘယ်သွားချင်လဲ ဟန်နီ”

“ဘယ်မှမသွားဘူးလေ ဗိုလ်ရောက်နေတယ်ဆိုတာနဲ့ ချက်ချင်းထွက်လာတာ ဟန်နီကအိမ်နေရင်းအဝတ်အစားကြီးနဲ့ဟာ”

“ဒါဆို ကန်တော်ကြီးဘက်မှာပဲ ခဏစကားသွားပြောတာပေါ့” ဟု ပြောကာ ကားကိုမောင်းထွက်လာခဲ့တော့သည်။

ဗိုလ်က လမ်းတလျှောက်လုံး ရှေ့ကိုပဲတည့်တည့်စိုက်ကြည့်ကာ ကားမောင်းနေခဲ့သည်။ ကျွန်မကိုစကားစိုးစဉ်းမှမပြောပေ။

မျက်နှာကတစ်စုံတစ်ခုကို အလေးအနက်တွေးနေသလိုမျိုး၊ ပတ်ဝန်းကျင်ကိုရော ကျွန်မကိုရော သတိရဟန်မတူပါ။

စနေ တနင်္ဂနွေမဟုတ်တာကြောင့်ရော၊ နေ့လည်ဘက်ကြီးဖြစ်နေတာကြောင့်ရော ထင်သည်။ ကန်တော်ကြီးတွင် ကားများများစားစားသိပ်မရှိပါ။

အရိပ်ရတဲ့သစ်ပင်ကြီးတစ်ပင်မှာ ဗိုလ်ကကားကိုရပ်လိုက်ပါသည်။ ကျွန်မ အိမ်နေရင်းအဝတ်အစားဝတ်ထားလို့ထင်သည်။ ဗိုလ်က ကားပေါ်မှ မဆင်းပေ။

ကားရပ်ပြီး ၁ဝမိနစ်လောက်ကြာတဲ့အထိ ဗိုလ်ကစကားတစ်ခွန်းမှမပြော။ အမြဲတမ်း ပါးစပ်ကစကားတွေတရစပ်ပြောနေတတ်တဲ့ဗိုလ်ကအခုလိုဖြစ်နေတော့ ကျွန်မလည်းမနေတတ်တော့။

“ဗိုလ် ပြောစရာရှိတယ်ဆို ဘာပြောမှာလဲပြောလေ” ဟု စမေးလိုက်ရပါတော့သည်။

“ဟုတ်တယ် ဟန်နီ ဒါပေမယ့်ပြောသင့်မပြောသင့် စဉ်းစားနေတာ”

“ဘာစကားမို့လို့လဲဗိုလ် ဗိုလ့်ဆီမှာ ဟန်နီ့ကိုပြောလို့မဖြစ်တဲ့အကြောင်းဆိုတာရှိလို့လား” ဟု ကျွန်မကမေးလိုက်တော့ ဗိုလ်ကကျွန်မကိုတချက်ကြည့်ပါသည်။

အဲဒီအကြည့်ရဲ့အဓိပ္ပါယ်ကို ကျွန်မ မဖော်တတ်ပါ။ အဲဒီအကြည့်မှာ တွေဝေခြင်းတွေ၊ စိုးရိမ်ခြင်းတွေ၊ ကြင်နာခြင်းတွေပါနေတာတော့ အသေအချာပဲဖြစ်သည်။

“ဟန်နီ facebook မှာတင်ထားတဲ့ပုံလေးကိဖျက်ပေးလို့ရမလားဟင်” ဟု ဗိုလ်ကခပ်တိုးတိုးလေးပြောလိုက်တော့ ကျွန်မတဒင်္ဂမှင်သက်သွားမိသည်။ ထင်မထားခဲ့ပါ။

ကိုယ့်အခြေအနေကိုယ်မသိတဲ့ကျွန်မက မေးခွန်းတစ်ခုကိုထပ်မေးလိုက်မိပြန်သည်။ အဲဒီတော့မှ ကျွန်မပိုကြေကွဲသွားရတာဖြစ်သည်။

“အဲဒီပုံကို ဗိုလ့်မိန်းမလေးတွေ့သွားတယ်ဟန်နီ နောက် ဟန်လေးရောပဲ ဗိုလ့်ကိုအမျိုးမျိုးစွပ်စွဲကြတယ် အဲဒါကိုထားအုံး ကိုကြီးဖုန်းဆက်လာတယ်

အခြေအနေတွေ အဲလိုတိုးတက်နေပြီလားတဲ့ မေးတဲ့အသံက ခနဲ့သလိုလို ဗိုလ်ကပဲဖြတ်ခုတ်တဲ့ကောင်လိုလို ဗိုလ်မခံစားနိုင်ဘူး”

“ဗိုလ် ဟန်နီ့ကိုစိတ်ဆိုးသွားတာလား”

“အမှန်အတိုင်းဝန်ခံရရင် အဲဒီကိစ္စတွေအတွက် ဗိုလ်စိတ်အရမ်းအနှောင့်အယှက်ဖြစ်တယ်ဟန်နီ”

စိတ်အနှောင့်အယှက်ဖြစ်ရတယ်တဲ့လားဗိုလ်ရယ် …. အခုတော့ ဟန်နီ့အခြေအနေကို ဟန်နီကောင်းကောင်းသဘောပေါက်လိုက်ပါပြီ။

နောက်ဆုံးတော့ နောက်ဆုံးတော့လည်း ဟန်နီ့ဘေးမှာ နားလည်ပေးမယ့် ဗိုလ်လည်း … ယောကျာ်းထဲကယောကျာ်းတစ်ယာက်ပဲဖြစ်နေခဲ့တယ်လေ…

ကျွန်မ မျက်ရည်အရမ်းကျချင်လာတာမို့ စိတ်ကိုထိန်းရင်း

“ကောင်းပါပြီဗိုလ် ဟန်နီဖျက်ပေးပါ့မယ် ဓာတ်ပုံတင်မဟုတ်ဖူး ဗိုလ့်ကိုပါ ဟန်နီ unfriend လုပ်ပေးပါ့မယ် ဗိုလ်လည်းဟန်နီနဲ့လာမပက်သက်နဲ့တော့” ဟုပြောလိုက်မိတော့သည်။

“ဟာ ဟန်နီ ဗိုလ်ကဟန်နီ့ကိုပုံလေးပဲဖျက်ခိုင်းတာပါ ဟန်နီ့ကိုမခင်တော့ဘူးလို့ပြောတာမှမဟုတ်တာ”

ဗိုလ်အဲလိုပြန်ပြောလိုက်ကာမှ မျက်ရည်တွေက ပါးပြင်နှစ်ဖက်ကနေ လျှောကျလာတော့သည်။ ကျွန်မ မျက်ရည်တွေသုတ်ပြီး အံကြိတ်လိုက်ရင်း

“ဟန်နီရှိနေရင် ဗိုလ့်ကောင်မလေးတွေနဲ့ တမျိုးပြီးတမျိုးပြဿနာဖြစ်နေရအုံးမယ်လေ အဲဒါကြောင့် ဟန်နီတို့မပက်သက်တာပဲကောင်းပါတယ် ဟန်နီပြန်တော့မယ်”

ဟုပြောပြီး ကားပေါ်ကဆင်းလာခဲ့လိုက်သည်။ အခန့်သင့်ပင် signature garden ကိုလာသော တက္ကစီတစ်စီးက ဧည့်သည်ဆင်းသွားတာနဲ့ကြုံတော့ အဲဒီကားကိုပဲတားကာ

အိမ်ပြန်ခဲ့တော့သည်။ တက္ကစီခလည်းမပါတာမို့ ငိုချင်တာကိုထိန်းရင်း ဒေါ်လေးကိုဖုန်းဆက်ကာ တက္ကစီထွက်ပေးဖို့ပြောရသေးသည်။

11 comments

  • TTCG

    May 23, 2013 at 6:36 pm

    “ကောင်းပါပြီဗိုလ် ဟန်နီဖျက်ပေးပါ့မယ် ဓာတ်ပုံတင်မဟုတ်ဖူး ဗိုလ့်ကိုပါ ဟန်နီ unfriend လုပ်ပေးပါ့မယ် ဗိုလ်လည်းဟန်နီနဲ့လာမပက်သက်နဲ့တော့” ဟုပြောလိုက်မိတော့သည်။

    Is it the common habit of girls to win the argument? Whenever they make a mistake, they bring the unrelated/unnecessary things into the arguments rather than sorting out the current one.

    • သူကလေး

      May 24, 2013 at 1:17 am

      အင်း …. အဲလိုပဲဖြစ်မယ်ထင်တယ်
      သူကလေးကိုယ်တိုင်က ပြဿနာတစ်ခုကြုံတဲ့အခါ ဘယ်လိုဖြေရှင်းရမလဲဆိုတာ မစဉ်းစားဘဲ
      နေက် အဲလိုပြဿနာမဖြစ်အောင် ဘယ်လိုနေမလဲဆိုတာ အရင်စဉ်းစားမိနေတယ်
      မိန်းကလေးတိုင်းတော့ သူကလေးလို ဖစ်ချင်မှဖျစ်ပါလိမ့်မယ်ကွယ် 😀

  • မောင် ပေ

    May 23, 2013 at 7:18 pm

    ကိုကို တစ်ယောက်ထဲ ကြိတ်ပျော်နေလိုက်ပါမယ် ဟန်နီရယ်
    :kwi:

    • သူကလေး

      May 24, 2013 at 1:19 am

      ဘာပုလို့တုန်း ကိုကိုရယ်:kwi:

  • lele kyi

    May 23, 2013 at 7:39 pm

    This is not common habit of the girls. Not only the girls but also the guys should try to though direct and sample. Better don’t think too much emotionally and depend on others.
    (just my though, hehehe..)

  • Mr. MarGa

    May 23, 2013 at 8:01 pm

    မိဟန်နီ
    အဲသလို တစ်ဇွတ်ထိုးတွေ လုပ်နေလို့ ဒီလိုတွေ ဖြစ်လာတာပေါ့
    အဲဒီလောက်ထိ စိတ်မလောနဲ့လေကွယ်

    • သူကလေး

      May 24, 2013 at 1:20 am

      အေးဟယ်
      အဲဒီမိဟန်နီသိပ်ဆိုး
      သူကလေးပြောတာလည်းပြောလို့ရပါဘူး
      သူကခုဆိုခု ဇွတ်ပဲ :kwi:

  • မိဟန်နီ ….
    ပြီးတော့ ဗိုလ် ….
    နောက်ထပ် ဟိုလူ ….
    ဒီသုံးပွင့်ဆိုင် ဇာတ်လမ်းကို အထက်စီးက ကြည့်လိုက်တော့ …
    တစ်ယောက်မှ ပြတ်ပြတ်သားသား မရှိ …
    ဟိုလူ့ကိုပဲ ချစ်သလိုလို၊ မချစ်သလိုလို နဲ့ …..
    ဒါကို ကွယ်ဝှက်ထားတဲ့ မေတ္တာလို့ သုံးရမလား …
    မဟုတ်ဘူး …
    ဟိုလူက အနာပေါ် တုတ်ကျ ဖြစ်မှာစိုးနေတာ …
    ဗိုလ် က ……
    မိဟန်နီ က …….

    ကိုကိုအံ တီယောက် သူဂလေး ကျိုးစားပမ်းစား ရေးထာဒါလေးဒွေဂို
    သေသေဂျာဂျာဂျီး အားပေးတွားဘာဒယ်ဂွယ် ..
    အိုက်ဒါ ဘာပုလို့ဒုန်း သိရားးးး :mrgreen:

    • သူကလေး

      May 24, 2013 at 1:23 am

      အိုက်ဒါ ဘာပုလို့တုန်းဆိုတော့ …..
      စိတ်မထင်ရင် မထင်သလို …
      အသီးကွဲကဗျာတွေ ဇွတ်ရေးခိုင်း၊
      တိုတိုအံကို မရမက ရစ်တတ်တဲ့ သူကလေးကိုကြောက်လို့ပါတကား 😛

  • KZ

    May 24, 2013 at 8:44 am

    ဖဘက
    Block တာတွေ
    Unfriend တာတွေ ကိစ္စ မပြောပါနဲ့ကွယ်။
    အသည်းနာ နွန်းနွံ့ပါ။

    :byae:

  • မင်းမင်း

    May 24, 2013 at 9:29 am

    အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Leave a Reply