ဒါရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဲ့လား?

Kaung Myat ThuMay 23, 20131min1557

ရင်ထဲမှာမကောင်းလွန်းလို့ ရေးလိုက်ရတာပါ။ ဖြစ်ရပ်မှန်ကိုယ်တွေ့ဖြစ်ရပ်ကလေးတစ်ခုပေါ့။ အဲဒီအချိန်က အုတ်ကျင်းဘူတာနားကမြနန္ဒာအိမ်ယာ။(၅)လမ်းတိုက်ခန်းတစ်ခု

မှာငှားနေပါတယ်။ သင်္ကြန်အတက်နေ့မှညနေစောင်းမှာ လူ(၃)ယောက်စာအုပ်လေးတစ်အုပ်ကိုင်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာ သက်ကြီးပူဇော်ပွဲလုပ်ဖို့လာအလှုခံကြောင်းပြော

ပါတယ်။ အဲဒါနဲ့ ငွေ၁၅၀ဝကျပ်ကိုထုတ်ပြီးလှုလိုက်ပါတယ်။ တစ်ဦးက ဒီအိမ်မှာအသက် ၆ဝကျော်ရှိ၊မရှိမေးပါတယ်။ ကျွန်တော့်အမေကအသက် ၈၃နှစ်မို့လို့ ရှိကြောင်းပြော

လိုက်ပါတယ်။ အဲဒါနဲ့အမေနာမည်နဲ့အသက်ကိုစာအုပ်ထဲမှတ်သွားပါတယ်။မနက်ကျတော့ အမေ့အတွက်သက်ကြီးပှုဇော်ပွဲဖိတ်စာလာပေးပါတယ်။     လာနိုင်ရင်လာဖို့၊

မလာနိုင်ရင်အလှုငွေလာပေးမယ်လို့ပြောသွားပါတယ်။ အမေကသိပ်မလျှောက်နိုင်လို့ မသွားဖြစ်ခဲ့ပါဘူး။ အဲဒီနေ့ညဦးပိုင်းမှာအပြင်ကပြန်လာတဲ့သမက်က

အမေ့နာမည်ရယ် ရှေ့ခန်းကအဒေါ်ကြီးနာမည်ရယ် အိမ်လိုက်လှုဖို့ပြောနေတာကြားကြောင်းပြောပါတယ်။ ဒါပေမယ့်နောက်တစ်နေ့ညရောက်တဲ့အထိ

အလှုငွေရောက်မလာ

ခဲ့ပါဘူး။ လိုက်မပေးဖြစ်သေးလို့များလားဆိုပြီး အိမ်ရှေ့ခန်းကိုမေးကြည့်တော့ သူတို့အိမ်ကရကြောင်းပြောပါတယ်။ ဒါဆိုဘာကြောင်ံအမေ့အလှုငွေရောက်မလာရတာလဲ။

လကုန်လို့ကျောက်မြောင်းကိုသာပြန်ပြောင်းလာတယ်အလှုငွေနဲ့ပါတ်သက်ပြီးဘာမှမကြားရတော့ပါဘူး။ အဲဒီအလှုငွေကောက်တဲ့လူတွေက ရပ်ကွက်ဂေါပကနဲ့

အုပ်ချုပ်ရေးအဖွဲ့တွေဖြစ်ကြောင်းသိရပါတယ်။ဒီလူတွေထဲမှာမသမာတဲ့စိတ်ဓာတ်ရှိသူတွေပါတာကြိမ်းသေပါပြီ။  မြန်မာလူမျိုးဖြစ်ပြီးဒီလိုစိတ်ဓာတ်တွေရှိတာအလွန်မှ

ရှက်စရာကောင်းတာမို့ ရွာသားများနဲ့ နိုင်ငံတော်ကသိစေချင်လို့ရေးလိုက်ရပါတယ်။ မကောင်းသူများကိုဖယ်ပြီး နိုင်ငံဂုဏ်သိက္ခာကိုမြင့်တင်ကြပါစို့။(အလှုငွေက

၇၅၀ဝိထဲပါ။ဒါပေမယ့် ———-)

 

7 comments

  • uncle gyi

    May 23, 2013 at 11:07 pm

    ဖြစ်နိုင်တာကပေးခိုင်လိုက်တဲ့သူကဖြတ်လုပ်လိုက်တယ်လို့ထင်ပါကြောင်းမောင်မြတ်သူရေ

  • မင်းမင်း

    May 24, 2013 at 9:25 am

    သမိုင်းပေးတာဝန်ကိုကျေပွန်အောင်
    ဆောင်ရွက်ခြင်းဖြစ်မည်ထင်ပါကြောင်းးးး

  • naywoon ni

    May 24, 2013 at 10:52 am

    အဲဒိလိုပါပဲ အပေါ်ယံ ဟန်ပြ ပြောင်းရုံနဲ့ လူတွေရဲ့ စိတ်ဓါတ်တွေ မပြောင်းလဲနိုင်ပါဘူး ပြောင်းနေတယ် ပြောင်းနေတယ်လို့ အော်နေတဲ့သူတွေ စဉ်းစားဖို့ကောင်းတယ် ….။

  • TNA

    May 24, 2013 at 11:23 am

    အော်အဲဒီအလှုငွေမပြောပါနဲ့။ အသိတယောက်ရဲ့ရိပ်မွန်တခုကဆို အဲဒီက ခန့်ထားတဲ့ဝန်ထမ်းလေးကို ဝင်းထဲကအိမ်တွေက စုပေါင်းပြီးမီတာဆောင်ခိုင်းတယ်။ သူကလဲလစဉ်ယူပြီးသွားဆောင်တယ်။ အခန်းရှင်တွေကလဲဆောင်တယ်ပဲထင်တာပေါ့။ နောက်နှစ်ကုန်တော့မှ မီတာကြွေး သိန်း ၇ဝ ဆိုပီးလာတောင်းတယ်။ အဲဒီမှာ ဆောင်ထားတာပဲဘာညာဖြစ်ကုန်ရော။ နောက်မီတာရုုံးကစာရင်းနဲ့လာတာ။ သူတလမှမဆောင်ပဲ အကုန်ယူထားတာ။ လိုက်ရှာတော့မှထွက်ပြေးသွားတာ။ အဲလိုပါဆို။

  • သူများတွေ ရတယ် …
    ကိုယ်တော့ မရဘူး …
    ဒါ .. အန်တယ်ဂျီး ပေါဒလိုဘဲ …
    ကြားက ဖြတ်ခုတ်လိုက်တာပဲ ဖြစ်မှာပါ …
    ဒီလို အဆင့်ဆင့် ဖြတ်ခုတ်တတ်လို့လဲ ..
    လမ်းတွေဆို ခဏလေးနဲ့ ပျက်ပျက်သွားတတ်တာကလား …

  • padonmar

    May 24, 2013 at 6:57 pm

    တစ်ခါတစ်လေတော့ လူကြုံပေးတာကို မေ့သွားတာလည်းဖြစ်တတ်ပါတယ်။
    မရိုးမသား ကြားက ဖြောင်ရင်တော့ ဒါ ခိုးမှုပဲပေါ့။

  • kyeemite

    May 25, 2013 at 11:09 am

    အင်း..ဒီလိုတွေကလည်း နေရာတိုင်းမှာရှိတုန်းပါ ကိုကောင်းမြတ်သူရေ..
    စိတ်ဓါတွေအများကြီးပြင်ကြဖို့လိုနေသေးတယ်…

Leave a Reply