စဉ်းစားကြစေလိုပါတယ် ( ၅၄ ) ( ဆော်ထည့်လိုက်စမ်းပါ ၊ ဘာသာရေး – ၂ )

Foreign ResidentMay 24, 20138min21524

စဉ်းစားကြစေလိုပါတယ် ( ၅၄ )

( ဆော်ထည့်လိုက်စမ်းပါ ၊

ဘာသာရေး – ၂ )

 

အင်းးးးး ။

အဘ ရဲ့ ဒီ Post ကတော့ ၊

စဉ်းစားကြစေလိုပါတယ် ( ၅၃ )

( ဆော်ထည့်လိုက်စမ်းပါ ၊

ဘာသာရေး ) ဆိုတဲ့ Post ထဲမှာ ၊

သူကြီး Kai မန့်သွားတာ ကို ၊

ပြန်ဖြေတဲ့ Post လေးပါ ။

 

အဲဒီတော့ကာ ၊

အရင် Post နှင့် တွဲပြီး ဖတ်မှသာ ၊

ဇာတ်ရေလည်ပေလိမ့်မယ် ။

 

ထုံးစံအတိုင်း ပါပဲ ၊

အဘ ပြန်ဖြေတဲ့ဟာတွေက ၊

အရမ်း ရှည်လျားလွန်းတာမို့ ၊

Post အသစ် ဖွင့်လိုက်ရပါတယ် ။

 

ပြီးခဲ့တဲ့ Post မှာ ၊ သူကြီး Kai မန့်သွားတာကတော့ အောက်ပါအတိုင်းပါပဲ ။

 

kai says: 

 

Scholars, however, generally date the Abhidhamma works to originating some time

around the third century BCE, 100 to 200 years after the death of the Buddha.

Therefore the seven Abhidhamma works are generally claimed by scholars

not to represent the words of the Buddha himself, but those of disciples and scholars.

 

Abhidhamma Pitaka Wikipedia, the free encyclopedia

en.wikipedia.org/wiki/Abhidhamma_Pitaka

The Abhidhamma is also not mentioned in some reports of the First Buddhist Council,

which do mention the existence of the texts of the Vinaya and either the …

 

Abhidhamma Pitaka: The Basket of Abhidhamma Access to Insight

http://www.accesstoinsight.org/tipitaka/abhi/

Although parts of the Abhidhamma were recited at the earlier Buddhist Councils,

it wasn’t until the Third Council (ca. 250 BCE) that it became fixed into its …

 

အင်းး ၊ သူကြီး ကတော့ Wiki ကို အဓိက ကိုးကားပြီး ပြန် ရှင်းတာပေါ့နော် ။

သူကြီး အရင် အခါတွေမှာ ပြောခဲ့သလိုပဲ ၊ အဘိဓမ္မာ ပိဋကတ် တစ်ခုလုံး နီးပါး ကို ၊

တတိယ သံဃာယနာ တင်တော့မှ ထည့်သွင်းခဲ့တဲ့ ပုံမျိုး ပေါ့နော် ။

 

အင်း ၊ နောက်ဆုံးမှာ ဒီ ဘူတာ ကိုပဲ ဆိုက်မယ်ဆိုတာ ၊ အဘလည်း ၊ ကြိုတော့ သိနေတာပဲလေ ။

 

မှန်တာပြောရရင် ၊ အဘ အရင် Post မှာဖြေခဲ့တဲ့ အဖြေက ၊

မူရင်း ပိဋကတ် သုံးပုံ ရဲ့ အထဲ ( အထဲ ) ကို ထပ်ဖြည့်တဲ့ အကြောင်း မပါသေးပဲ ၊

သာသနာ အတွက် အထူး အကျိုးများလှတဲ့ ကျမ်း ( ၃ ) ကျမ်း ၊

( ဝိသုဒ္ဓိမဂ် ကျမ်း ၊ မိလိန္ဒပဉ္စာ ကျမ်း ၊ ပေဋကော ပဒေသ ကျမ်း ) ကို ၊

သံဃာ ယနာ လုပ်တဲ့အခါတွေမှာ ရောပြီး မှတ်တမ်းတင်ခဲ့တဲ့ အကြောင်းပါ ။

 

ဆိုလိုရင်းက ၊ မူရင်း ပိဋကတ် သုံးပုံ ရဲ့ အပြင် ( အပြင် ) ကို ထပ်ဖြည့်တဲ့ အကြောင်းပါ ။

အခု သူကြီး Kai မန့်လာတာက မူရင်း ပိဋကတ် သုံးပုံ ရဲ့ အထဲ ( အထဲ ) ကို ထပ်ဖြည့်တဲ့ အကြောင်း ပေါ့ ။

 

အ ဟီး ဟီး ဟီး ၊ အဘ လည်း အဲဒီ ကိစ္စကြီးကို မထိချင်လို့ ရှောင်နေတာပဲ ။

အခုတော့ ၊ သိပ်ချစ် ၊ အရမ်းချစ်စရာ ကောင်းလှတဲ့ သူကြီးမင်းက မေးလာပြီ ၊

အမယ်မင်း ၊ ကယ်ကြပါအုန်း ပရိဿတ်ကြီးရဲ့ ။ ဖြေရတော့မယ်တဲ့ ၊ ဖြေရတော့မယ် ။

 

အစကနေ စပြောရရင်တော့ ၊

အဘ တို့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေအတွက် ၊ ပိဋကတ် သုံးပုံ ဟာ အဓိကပါ ။

အဲဒီ ပိဋကတ် သုံးပုံ ထဲမှာမှ အဘိဓမ္မာ ပိဋကတ် ဟာ  အသက်ပါ ။

 

ဝိနည်း ပိဋကတ် က လွယ်လွယ်ပြောရရင် ရဟန်း သံဃာတွေ လိုက်နာရမယ့် စည်းကမ်းပါ ။

သုတ္တံ ပိဋကတ် ကတော့ ဘုရားရဲ ဖြစ်စဉ်တော် အရင်ဘဝ တွေ အကြောင်း အများစုပါပါတယ် ။

အဘိဓမ္မာ ပိဋကတ် ထဲမှာမှ ထေရဝါဒ ဗုဒ္ဓဘာသာ ရဲ့ အသက် ဖြစ်တဲ့ ပညာ နှင့် ကျင့်စဉ် ရှိတာပါ ။

 

အဲဒီတော့ကာ ၊ ဒီ အသက် အဘိဓမ္မာ ပိဋကတ် ကြီးက အင်ကြီး / အမှားကြီး ပါလို့ ယူဆမိရင်တော့ ၊

အဘ တို့ ၊ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေ အနေနှင့် ၊ ဘာသာပြောင်းကြဖို့ပဲ ရှိတော့တယ် ။

 

ပြောရမယ် ဆိုရင် ၊

၁ ။ အဘတို့ ဘုရားရှင် ဟာ ဘုရားဖြစ်ပြီးတာ တောင်မှ ၊

ပဋ္ဌာန်းကျမ်း ( အဘိဓမ္မာ ပိဋကတ် ) ကို သုံးသပ်တဲ့အခါမှ ရောင်ခြည်တော် ၆ သွယ် စတင် ကွန့်မြူးခဲ့တာပါ ။

၂ ။ အဘတို့ ဗုဒ္ဓ သာသနာ ကွယ်တဲ့ အခါကျရင်လည်း ၊

ပဋ္ဌာန်းကျမ်း ( အဘိဓမ္မာ ပိဋကတ် ) ကနေ စ ကွယ်ပါလိမ့်မယ် ။

 

မမေ့ကြပါနှင့် ၊ အဘ တို့ ၊ ထေရဝါဒ ဗုဒ္ဓ သာသနာ အတွက် အဘိဓမ္မာ ပိဋကတ် ဟာ အသက်ပါ ။

 

အင်းးး သူကြီးရေ ။ မှန်တာ ဝန်ခံရရင် ၊

ကျနော်က ထေရဝါဒ ဗုဒ္ဓဘာသာ ( ဘာသာရေး ) နှင့် ပါတ်သက်ရင် ၊

မူလတန်း အဆင့်လောက်ပဲ ရှိသေး / သိသေး တာပါ ။

 

ကျနော်ကလည်း လက်ရှိ သင်္ဘောပေါ်ကို ရောက်နေတာ ဆိုတော့ ၊

ကျနော့်မှာ ကိုးကားစရာ Resource ( ပညာရှိ ၊ စာအုပ် ) ကလည်း မရှိသလောက်ပါပဲ ။

အချိန်ကလည်း တစ်ရက်အတွင်း အမြန် ပြန်ဖြေမှ ဖြစ်မယ်လေ ၊

သင်္ဘောက ဆိပ်ကမ်းကခွာရင် Internet က မရတော့ပြန်ဘူး ။

 

အဲဒီလို Very Limited & Tight Condition မှာပြန်ဖြေရတာဖြစ်လေတော့ ၊

ကျနော့် အဖြေမှာ မပြည့်စုံတာ ၊ လွဲချော်တာ ရှိခဲ့ရင် ခွင့်လွှတ် သည်းခံပေးပါနော် ။

ကဲ ၊ စ ဖြေကြည့်မယ် နော် ။ မှားရင် ၊ ခွင့်လွှတ် ။

 

၁ ။

သူကြီးရေ ၊ ခက်တာက တတိယ သံဃာယနာ တင်တဲ့အထိ ၊

သံဃာယနာ ကို နှုတ် နှင့်ပဲ အာဂုံဆောင်ခဲ့ကြတာဖြစ်တဲ့ အတွက် ၊

သမိုင်း ပညာရှင်တွေ ပြောလေ့ရှိတဲ့ Primary Source / evidence ဖြစ်တဲ့ ၊

ကျောက်စာ ၊ ပေစာ ၊ ကြေးပြားစာ မှတ်တမ်း မှတ်ရာတွေ မကျန်ခဲ့တာ တွေ့ရတယ် ။

ပြောရမယ် ဆိုလို့ ရှိရင် ၊ ဟိုဘက် ဒီဖက် ၂ ဖက်စလုံးမှာ ၊

သက်သေခံ အထောက် အထား အားနည်း နေပါတယ် ။

 

Wiki ဆိုတာကလည်း ၊ သူကြီး သိတဲ့အတိုင်းပဲလေ ၊

ဦးတဲ့သူ ၊ အင်္ဂလိပ်စာကျွမ်းတဲ့သူ ၊ Computer / Internet Literate ဖြစ်တဲ့သူက ၊

ရေးတင်ထားပြီး ၊ ကန့်ကွက်သူ မရှိသေးသမျှ ၊ ရှိနေပေတာကိုး ။

ကျနော်တို့ ထေရဝါဒ မြန်မာတွေကလည်း အဲဒါတွေမှ မကျွမ်းသေးတော့လဲ ။

တတိယ သံဃာယနာ အထိ နှုတ် နှင့်ပဲ အာဂုံဆောင်ခဲ့ကြတာပါ ( " သံဃာ ယနာ သမိုင်းစုံ " )
တတိယ သံဃာယနာ အထိ နှုတ် နှင့်ပဲ အာဂုံဆောင်ခဲ့ကြတာပါ ( ” သံဃာ ယနာ သမိုင်းစုံ ” )

 

၂ ။

ထားပါတော့လေ ။

သူကြီး ကိုးကားထားတဲ့ ပထမ Wiki ထဲမှာကိုပဲ စကြည့်ရအောင် ။

( ref : http://en.wikipedia.org/wiki/Third_Buddhist_council )

Wiki ထဲက တတိယ သံဃာယနာ Page မှာကိုက ၊

the Elder Moggaliputta Tissa ( အရှင် မောဂ္ဂလိပုတ္တ တိဿ ) က ၊

အဘိဓမ္မာ ရ ကျမ်း ထဲက တစ်ကျမ်း ဖြစ်တဲ့ ကထာ ဝတ္ထု ကျမ်း တစ်ခုကိုပဲ ၊

ထည့်သွင်းခဲ့တယ်လို့ပဲ ဖေါ်ပြထားပါတယ် ။

( အဘိဓမ္မာ ရ ကျမ်း လုံး ထည့်သွင်းခဲ့တယ်လို့ ဖေါ်ပြမထားပါဘူး )

အဘိဓမ္မာ ရ ကျမ်း ထဲက တစ်ကျမ်း ဖြစ်တဲ့ ကထာ ဝတ္ထု ကျမ်း တစ်ခုကိုပဲ ၊ ထည့်သွင်းခဲ့တယ်လို့ပဲ ဖေါ်ပြထားပါတယ် ။ ( ref : http://en.wikipedia.org/wiki/Third_Buddhist_council )
အဘိဓမ္မာ ရ ကျမ်း ထဲက တစ်ကျမ်း ဖြစ်တဲ့ ကထာ ဝတ္ထု ကျမ်း တစ်ခုကိုပဲ ၊
ထည့်သွင်းခဲ့တယ်လို့ပဲ ဖေါ်ပြထားပါတယ် ။ ( ref : http://en.wikipedia.org/wiki/Third_Buddhist_council )

 

အဲဒီ စကားဟာ ” မာဃ ” ဆိုသူ ရေးသားတဲ့ ” သံဃာ ယနာ သမိုင်းစုံ ” ဆိုတဲ့ ၊

ရှေးခေတ်က ထုတ်ဝေခဲ့တဲ့ စာအုပ်လာ အချက်အလက်နှင့်လဲ ကိုက်ညီပါတယ် ။

အဲဒီ စာအုပ်ကို ဖတ်ချင်ရင်တော့ အောက်ပါ Web Page Address မှာ သွားဖတ်လို့ ရပါတယ် ။

( http://www.scribd.com/doc/100190370/history-of-sangha-ya-na-%E1%80%9E%E1%80%B6%E1%80%83%E1%80%AC%E1%80%9A%E1%80%94%E1%80%AC-%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%B6%E1%80%AF )

အဘိဓမ္မာ ရ ကျမ်း ထဲက တစ်ကျမ်း ဖြစ်တဲ့ ကထာ ဝတ္ထု ကျမ်း တစ်ခုကိုပဲ ၊ ထည့်သွင်းခဲ့တယ်လို့ပဲ ဖေါ်ပြထားပါတယ် ။ ( သံဃာ ယနာ သမိုင်းစုံ )
အဘိဓမ္မာ ရ ကျမ်း ထဲက တစ်ကျမ်း ဖြစ်တဲ့ ကထာ ဝတ္ထု ကျမ်း တစ်ခုကိုပဲ ၊
ထည့်သွင်းခဲ့တယ်လို့ပဲ ဖေါ်ပြထားပါတယ် ( သံဃာ ယနာ သမိုင်းစုံ )

 

၃ ။

နောက်တစ်ခု သူကြီး ကိုးကားထားတဲ့ စာမျက်နှာ ၊

http://www.accesstoinsight.org/tipitaka/abhi/  မှာကိုက ၊

” Although parts of the Abhidhamma were recited at the earlier Buddhist Councils ” ဆိုတော့ ၊

အဘိဓမ္မာ ပိဋကတ် အချို့ဟာ အရင် ( ပထမ နှင့် ဒုတိယ ) သံဃာ ယနာ တွေမှာ ကတည်းက ရှိနေခဲ့ပြီး ၊

တတိယ သံဃာ ယနာ ရောက်တော့မှသာ သီးသန့် ဖြစ်အောင် ခွဲထုတ်လိုက်တာလို့ ဆိုလိုပါတယ် ။

အဘိဓမ္မာ ပိဋကတ် အချို့ဟာ အရင် ( ပထမ နှင့် ဒုတိယ ) သံဃာ ယနာ တွေမှာ ကတည်းက ရှိနေခဲ့ပြီး  ( http://www.accesstoinsight.org/tipitaka/abhi/  )
အဘိဓမ္မာ ပိဋကတ် အချို့ဟာ အရင် ( ပထမ နှင့် ဒုတိယ ) သံဃာ ယနာ တွေမှာ ကတည်းက ရှိနေခဲ့ပြီး
( http://www.accesstoinsight.org/tipitaka/abhi/ )

 

အဲဒီ အချက်ကို ထောက်ခံနေတာကတော့ ၊

 

( က )

ရေစကြို အရှင် ဧသိက ရဲ့ ” ထေရဝါဒ ဗုဒ္ဓ ဘာသာ ” ဆိုတဲ့ စာအုပ်ထဲမှာ ၊

ပထမ သံဃာ ယနာ မှာ ၊ သုတ္တန် ပိဋကတ် နှင့် အဘိဓမ္မာ ပိဋကတ် တွေကို

အရှင် အာနန္ဒာ ကိုယ်တိုင် ဝိဿဇ္ဇက ( အဖြေ ပုဂ္ဂိုလ် ) လုပ်ပြီး ဖြေကြားခဲ့တယ် ၊

လို့ကို တိတိ ကျကျ ကြီး ပြောထားခဲ့ပါတယ် ။

( ရေစကြို အရှင် ဧသိက ရဲ့ ” ထေရဝါဒ ဗုဒ္ဓ ဘာသာ ” ဆိုတဲ့ စာအုပ် ကို ၊

သူကြီး ဖတ်ချင်ရင် ကျနော် PDF Copy ပို့ပေးလို့ ရပါတယ် )

ပထမ သံဃာ ယနာ မှာ ၊ သုတ္တန် ပိဋကတ် နှင့် အဘိဓမ္မာ ပိဋကတ် တွေကို အရှင် အာနန္ဒာ ကိုယ်တိုင် ဝိဿဇ္ဇက ( အဖြေ ပုဂ္ဂိုလ် ) လုပ်ပြီး ဖြေကြားခဲ့တယ်  ( ရေစကြို အရှင် ဧသိက ရဲ့ " ထေရဝါဒ ဗုဒ္ဓ ဘာသာ " )
ပထမ သံဃာ ယနာ မှာ ၊ သုတ္တန် ပိဋကတ် နှင့် အဘိဓမ္မာ ပိဋကတ် တွေကို
အရှင် အာနန္ဒာ ကိုယ်တိုင် ဝိဿဇ္ဇက ( အဖြေ ပုဂ္ဂိုလ် ) လုပ်ပြီး ဖြေကြားခဲ့တယ်
( ရေစကြို အရှင် ဧသိက ရဲ့ ” ထေရဝါဒ ဗုဒ္ဓ ဘာသာ ” )

 

( ခ )

” မာဃ ” ဆိုသူ ရေးသားတဲ့ ” သံဃာ ယနာ သမိုင်းစုံ ” ဆိုတဲ့ ၊

ရှေးခေတ်က ထုတ်ဝေခဲ့တဲ့ စာအုပ် ထဲမှာကတော့ ၊

ထေရ ဝါဒ ရဲ့ ပထမ သံဃာ ယနာ  နှင့် အပြိုင်တင်ခဲ့တဲ့ ၊

မဟာ သံဃိက ဂိုဏ်းရဲ့ စင်ပြိုင် ပထမ သံဃာ ယနာ တင်တဲ့ အထဲမှာကိုက ၊

သူတို့ရဲ့ ပိဋကတ် ငါးပုံ ထဲမှာ ကို ၊ အဘိဓမ္မာ ပိဋကတ် ပါနေပြီလို့ ဖေါ်ပြထားပါတယ် ။

ထေရ ဝါဒ ရဲ့ ပထမ သံဃာ ယနာ  နှင့် အပြိုင်တင်ခဲ့တဲ့ မဟာ သံဃိက ဂိုဏ်းရဲ့  စင်ပြိုင် ပထမ သံဃာ ယနာ တင်တဲ့ အထဲမှာကိုက ၊ သူတို့ရဲ့ ပိဋကတ် ငါးပုံ ထဲမှာ ကို ၊  အဘိဓမ္မာ ပိဋကတ် ပါနေပြီ ( သံဃာ ယနာ သမိုင်းစုံ )
ထေရ ဝါဒ ရဲ့ ပထမ သံဃာ ယနာ နှင့် အပြိုင်တင်ခဲ့တဲ့ မဟာ သံဃိက ဂိုဏ်းရဲ့
စင်ပြိုင် ပထမ သံဃာ ယနာ တင်တဲ့ အထဲမှာကိုက ၊ သူတို့ရဲ့ ပိဋကတ် ငါးပုံ ထဲမှာ ကို ၊
အဘိဓမ္မာ ပိဋကတ် ပါနေပြီ ( သံဃာ ယနာ သမိုင်းစုံ )

 

 

လိုရင်းကို ချုပ် ပြောရရင် ( အဘ ရဲ့ ပုဂ္ဂလိက အမြင် ကို ပြောရရင် ) ၊

အဘိဓမ္မာ ပိဋကတ် ဟာ အပြင် / ပြင်ပ ကနေ အသစ် ထဲ့သွင်းလာတာ မဟုတ်ပဲ ၊

အရင်ကတည်းက ၊ သုတ္တန် ပိဋကတ် ( သုတ္တန် ပိဋကတ် ) ထဲမှာ ရောပြီး ရှိနေခဲ့တာတွေ ဖြစ်ပြီး ၊

သီးသီး သန့်သန့် ဖြစ်သွားအောင် နောက်ပိုင်းမှာ ခွဲထုတ်လိုက်တာ ဆိုတဲ့ သဘောကို ဆောင်ပါတယ် ။

 

( ကထာဝတ္ထု ကျမ်း ကိုတော့ ၊ အရှင် မောဂ္ဂလိပုတ္တ တိဿ ထပ်ထည့်တယ်ပဲ ထားလိုက်ပါအုန်း ၊

” သံဃာ ယနာ သမိုင်းစုံ ” ထဲမှာ ရေးထားတာကတော့ Modified အဆင့်လောက်ပဲ ရှိတာပါ )

 

အဲလောက်လေး ၊ သီးသန့် ဖြစ်အောင် ခွဲထုတ်ယုံ နှင့်တော့ ၊

ကျနော်တို့ ထေရဝါဒ တွေ သိပ် အပြစ်ကြီးလုပ်တယ် ၊ အမှားလုပ်တယ် လို့ ကျနော် မထင်မိပါဘူး ။

ကျနော်တို့ရဲ့ ထေရဝါဒ ပိဋကတ် သုံးပုံ ဟာလည်း ၊

မယုံကြည်နိုင်လောက်စရာ ၊ စွန့်ပယ်လောက်စရာ ဖြစ်မသွားလောက်ဘူးလို့ ထင်ပါတယ် ။

 

သူကြီးရေ ၊ ကျနော့်ရဲ့ ပြန် ရှင်းပြချက်တွေက ၊

Primary Source တွေဆီက မဟုတ်လေတော့ ၊

သိပ်ပြီး မခိုင်မာလှတာကို ဝန်ခံပါတယ် ။

 

ကျနော် မြန်မာပြည် ပြန်ရောက်ပြီး ၊ အဆင်ပြေတဲ့ အချိန်တွေမှာ ၊

တတ်သိနားလည်တဲ့ ရဟန်း ပညာရှိ ၊ လူ ပညာရှိ တွေကို ချည်းကပ်ပြီး ၊

ဒီ ကိစ္စကို ထပ်မံ မေးမြန်း ပါအုန်းမယ် ။

 

အခုတော့ ၊ တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

မှတ်ချက် ။  ။ အဘရဲ့ ဒီ ဘာသာရေး Post ကို ၊

ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် နှင့် တင်လိုက်ပါတယ် ။

 

အင်းးးးးး ၊ ဘာသာရေး Post ဆိုတော့ Comment တော့ သိပ်လာမယ် မထင်ဘူး ။

အရင် Post မှာတုန်းကလည်း ၊ လမ်း စည်းကမ်း နှင့် ဘာသာရေး ၂ ပိုင်းတွဲတင်လိုက်တာ ၊

ရှိရှိသမျှ မန့်သမျှ ရွာသူား အားလုံးက လမ်း စည်းကမ်း ပဲ မန့်သွားကြတယ် ။

( တယ် အလွယ် ကြိုက်ကြသကိုး ကွယ့် )

 

အထူးသဖြင့် ၊ မိုးပြာဖက်က ဆရာတွေကော ၊

ဒီ ကိစ္စမျိုးတွေမှာ ဘယ်လိုမြင် / ထင် ကြမလဲ ။

သိချင်စမ်းပါဘိ ။

24 comments

  • မင်းမင်း

    May 24, 2013 at 9:21 am

    ဘာသာရေးနဲ့ပါတ်သတ်လို့တော့
    ပြောစရာရှိရင်လူချင်ချင်ဆုံမှ
    ကျောင်းကန်ရောက်မှဆွေးနွေးဖြစ်တာများလို့
    မမန့် တော့ပါဘူးး

  • ရာမည

    May 24, 2013 at 9:30 am

    ဟတ်ချိုးးးးး ဟတ်ချိုးးးးးးးးးးး ဟတ်ချို းးးးးးးးးးးး ဟတ်ချို းးးးးးးးးး
    မိုး မိုးးးးး မိုးးပြားး
    ဟတ်ချိုးး
    လာရင် ဟတ် ဟတ် ချိုးးးးး
    ပွဲ ဆူ ပြီ ဟတ်ချိုးးးး

    • Foreign Resident

      May 25, 2013 at 8:23 am

      ” မိုး မိုးးးးး မိုးးပြားး လာရင် ပွဲ ဆူ ပြီ ဟတ်ချိုးးးး ”

      ကိုရင် ရာမည ရေ ။
      ကိုယ့် ( ထေရဝါဒ ) ဖက်က အားနည်းချက်တွေကို ၊
      ပိုက်ဆံ တစ်ပြားမှ မပေးရပဲ ၊ ထောက်ပြနေတာ တစ်ခုတည်းနှင့်တင် ၊
      အဘ ၊ သူတို့ကို ၊ သဘောကျလှပါပြီကွယ် ။

      ကိုယ့် အားနည်းချက် ကို ကိုယ်သိပြီ ဆိုရင်ပဲ ၊
      တိုက်ပွဲ က တစ်ဝက် နိုင်ပြီ ကွယ့် ။

      နောက်ပြီး သူတို့ ( မိုးပြာ ) တွေက ၊ အဘ တွေ့သလောက် ၊
      မရိုင်းစိုင်း မဆဲဆို ဘူး ။ ပုဂ္ဂိုလ်ရေး မတိုက်ခိုက်ဘူး ကွယ့် ။

      ရန်သူ ဖြစ်ရင်တောင် ၊ လူကြီးလူကောင်း ဆန်တဲ့ ရန်သူ လို့ပြောရမယ် ။

  • KZ

    May 24, 2013 at 9:36 am

    ဘဖောရေ။
    တခြားပို့(စ) မှာတော့မပြောတော့ပေမဲ့ ဒီ ပို့(စ) ရဲ့ အကြောင်းအရာကိုရော၊ စိတ်ခံယူချက်ကိုရော၊ ထင်မြင်ချက်ကိုပါ အပြည့်အဝ ထောက်ခံပါရစေ။

    ကျနော် တစ်ယောက်တည်း ရဲ့ အမြင်ကို ပြောရရင်………
    ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကဘာလည်း ဆိုတာ မစဉ်းစားနိုင် မသိနိုင်ပဲနဲ့တော့ အငြင်းပွါးနေရတာ သိပ်အလုပ်မဟုတ်ဘူးထင်ပါတယ်။
    ဘာသာတရား ဆိုတာ ငြင်းစရာ တော့ပစ် တစ်ခုလို့ ကျနော် မထင်ပါ။ ကိုယ်တိုင် သိအောင် လေ့လာရမဲ့ ကျင့်ကြံရမဲ့ အရာလို့ ထင်ပါကြောင်း။
    ထေရဝါရပြောပြော၊ မဟာယနပဲ ဆိုဆို ….
    မိုးကုတ်လို့ ပြောပြော၊ မဟာစည်ပဲ ဆိုဆို……
    အဓိက ဒီဘာသာတရားရဲ့ အနှစ်ချုပ်ကိုပဲ မြင်အောင်ကြည့်သင့်ပါတယ်။
    ဒါမှမဟုတ် နာမည် (ပညတ်) ကို ကိုင်ပြီး ရန်ဖြစ် တိုက်ခိုက်နေမှတော့ လမ်းမှန်ရောက်ဖို့ နှေးနေမှာပဲ။

    ကျနော်တို့တွေက ဘာဖြစ်ဖြစ် ၂ ခြမ်းကွဲချင်တဲ့ သူမျိုးတွေမို့ …..
    ကျနော်ကိုယ်တိုင် အနေနဲ့ ဘာကိုမှ မငြင်းချင်တာ အမှန်။
    ဘယ်ဘက်မှမလိုက်ပဲ ကိုယ့် ရပ်တည်မှုနဲ့ ကိုယ်နေချင်တာမို့ပါ။ :mrgreen:

    စကားထဲ အမှားပါရင် ခွင့်လွှတ်ပါ ဘဖောရေ။

  • padonmar

    May 24, 2013 at 7:41 pm

    Bravo FR
    သင်္ဘောပေါ်ကနေ ကျမ်းကိုးတွေရအောင်ရှာပြီး ငြင်းခုန်ခြင်းအနုပညာလုပ်ပေးတာ ချီးကျူးပါတယ်။
    ကထာဝတ္ထုကျမ်းတစ်ခုပဲ ဘုရား တာဝတိံသာမှာ ဟောစဉ်က မပါခဲ့တာလို့ ယောဆရာတော်ကြီးရဲ့စာထဲမှာပါကြောင်း ဖတ်ဖူးပါတယ်။ တစ်ခါက ကိုနေချားရဲ့ ပို့စ်တစ်ပုဒ်မှာ အဲဒီအကြောင်း ကျမ်းကိုးလေးရတုံးမန့်ပေးခဲ့ပါသေးတယ်။ခုတော့ မေ့ပြီ။
    နောင်အခါ အရှင် မောဂ္ဂလိပုတ္တတိဿက အကျယ်ချဲ့ဟောပေးနိုင်မယ်ဆိုတာ မြင်လို့ မြတ်စွာဘုရားက လမ်းစဉ်သာပြခဲ့တယ်လို့ ပဲမှတ်မိတော့တယ်။
    ….
    ဒီရက်ထဲ ဓမ္မဘေရီဆရာတော်ကြီးရဲ့ ပဋ္ဌာန်းသင်တန်းတက်တော့ ဆရာတော်က အဘိဓမ္မာကို မြတ်စွာဘုရားက စတုတ္ထသတ္တာဟမှာ ဆင်ခြင်တော်မူခဲ့ပြီး ဘာဖြစ်လို့ ရ ဝါမြောက်မှ ဟောရတာလဲဆိုတာ ကြံဆဟောပြောသွားပါတယ်။
    အဘိဓမ္မာဟာ မဂ်တရားဖိုလ်တရားရဖို့ အရေးတကြီး သိရမယ့်ထဲမပါလို့ပါတဲ့။
    ဓမ္မစကြာတရားဦးမှာပါတဲ့ မဂ္ဂင်ရှစ်ပါးကတော့ မသိမဖြစ်အရေးကြီးလို့ တရားဦးအဖြစ်ဟောပါတယ်။
    ဒါဆိုရင် ဘာလို့ အဘိဓမ္မာ ဟောရသင်ရသလဲဆိုတော့ ပစ္စယပရိဂ္ဂဟဉာဏ်ရတဲ့အခါ ရိုးရိုးအကြောင်းကြောင့် အကျိုးဖြစ်တာပဲလောက်သိတဲ့ သူနဲ့ ပဋ္ဌာန်းနည်း ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ဆင်ခြင်သိတဲ့သူ မတူပါဘူးတဲ့။
    ပဋိသမ္ဘိဒါပတ္တဉာဏ်ကို (တရားအလုံးစုံကို အနက်၊အကြောင်းရင်း၊ဘာသာစကား၊ဝေဖန်ပိုင်းခြား၍သိ)ရဖို့ အကြောင်းရင်းခံဖြစ်လို့ ဟောရသင်ရပါတယ်တဲ့။
    ……..
    အော် ဆရာတော်က နောက် တစ်ခါသင်တန်းကျရင် သူကဟောတာတစ်နာရီပြီးရင် ကျောင်းသားတွေအမေးနဲဆရာတော့် အဖြေ နာရီဝက် လုပ်ကြမယ်ပြောပါတယ်။
    ခေတ်မီတဲ့ဆရာတော်ပါ။ သူကြီးတို့အကြိုက်ပေါ့။မေးချင်တာရှိရင် စုထား။

    • kai

      May 25, 2013 at 2:38 am

      ဓမ္မစကြာတရားဦးမှာပါတဲ့ မဂ္ဂင်ရှစ်ပါးကတော့ မသိမဖြစ်အရေးကြီးလို့ တရားဦးအဖြစ်ဟောပါတယ်။

      အပေါ်က.. ကုတ်လုပ်ထားတာ.. ဗုဒ္ဓဘာသာဝင်တွေအတွက်အင်မတန်အရေးကြီးတယ်ထင်မိတယ်..
      ဆိုတော့…
      ဆရာတော်ကြီးက အဘိဓမ္မာနဲ့.. ဝိပဿနာကိုပယ်တော်မူတယ်ဆိုရင်တော့.. မေးမြန်းဖို့အင်မတန်စိတ်ဝင်စားပါတယ်.. . :harr:

      • padonmar

        May 25, 2013 at 6:48 am

        သူကြီး သူကြီး
        ဓမ္မဘေရီ ဆရာတော်ကြီးက အဘိဓမ္မာနဲ့ ဝိပဿနာကိုပယ်တယ်လို့တော့ မပြောပါဘူး။
        မဂ်ဉာဏ်ကို ရိုးရိုးလေးပဲရဖို့ ဆို အဘိဓမ္မာ မသိလည်းရပေမယ့်
        တရားတွေကို ထိုးထွင်းနားလည်ဖို့ဆိုရင်တော့ လိုအပ်တယ်လို့ ဖတ်သူရှင်းအောင်ထပ်ပြောပါမယ်။

      • Foreign Resident

        May 25, 2013 at 8:08 am

        ” ဆရာတော်ကြီးက အဘိဓမ္မာနဲ့.. ဝိပဿနာကိုပယ်တော်မူတယ်ဆိုရင်တော့ ”

        ဟား ဟား ဟား ဟား ။
        မ ပဒုမ္မာ လဲ သူကြီး သုံးလိုက်တဲ့ အသုံး အနှုန်း ကြောင့် ၊
        မျက်လုံးတွေပြူး ၊ ခေါင်းမွေးတွေတောင်ထောင်သွားပုံရတယ် ။
        အသည်းအသန်ကို ပြန်ဖြေရှင်းတော့တာပဲ ။ 😛

  • ဦးဦးပါလေရာ

    May 24, 2013 at 10:33 pm

    ဝင်ပြောလိုက်ဦးမဟဲ့ … လို့ အားကြိုးမန်တက်လာခဲ့တာပါပဲ…
    ဒါပေမယ့် ပိုစ့်ထဲမှာ ကိုဖေါရင်း ရှင်းထုတ်သွားတာကိုက လုံလောက်ပြည့်စုံပြီးဖြစ်လို့
    ဘာမှဝင်ပြောဖို့မကျန်တော့ပါဘူး….
    ကိုဖေါရင်းကို ချီးလဲချီးကျူးပါတယ်။ ကျေးဇူးလဲ တင်ပါကြောင်း ဗျာ…။

  • uncle gyi

    May 24, 2013 at 11:15 pm

    အဘဖောရေအလွယ်ကြိုက်ကြတာတော့မဟုတ်ဖူးပေါ့ဗျာ
    ကျွန်တော်ပြောသလိုကျွန်တော်တို့ဘာသာအားနည်းချက်လို့ပဲပြောရမယ်
    ဘုရားယုံသလားယုံတယ်
    ဘာကြောင့်ဘယ်လိုဆိုအတော်များများကလုံးသွားပြီ
    အခုလိုသမိုင်းကြောင်းတွေဆိုပြောမနေနဲ့တော့
    ကျွန်တော်ကိုယ်တိုင်လည်းမသိ
    ဗုဒ္ဓဘာသာပြန့်ပွားမှုနည်းတာဒါပဲလေ
    ဘုန်းကြီးကလွဲလို့ကိုးကွယ်သူအတော်များများက
    အမေးရှိလာရင်ကျေနပ်အောင်မဖြေနိုင်ကြဖူးလေ

  • သခင် mobile

    May 24, 2013 at 11:47 pm

    ဘကြီးဖောရေ……….
    အရင်ပို့စ်ကိုရော ယခုပို့စ်ကိုရော ဝင်ဖတ်ပါတယ်။
    နားလည်တဲ့အပိုင်းလေးတွေနားလည် ဗဟုသုတရတဲ့အပိုင်းလေးတွေ
    ဗဟုသုတ ရပါတယ်။ ဆွေးနွေးဖို့ကိုတော့ ဘာမှနားမလည်လို့ မဆွေးနွေးနိုင်ပါ။
    ကျနော်က အချိန်ရရင် ရွာထဲက ရွာစွန်ရွာဖျားက အိမ်မှအစ အိမ်ပေါက်စေ့ လျှောက်လည်သူပါ
    နေရာတိုင်းမှာလိုလို ဝေဖန်ချက်/မှတ်ချက်များလည်းရေးဖြစ်ခဲ့ပါတယ်။
    ဘကြီးဖောရဲ့ အရင်ပို့စ်မှာကျတော့ ဘာသာရေးအကြောင်းရေးထားတာဖြစ်ပြီး
    ကိုယ်တိုင်က ဘာမှမဆွေးနွေးနိုင်တာမို့ ဝင်ဖတ်ပြီးပြန်ထွက်ခဲ့ပါတယ်။
    အခြားပို့စ်တွေမှာလို ကျနော်ရဲ့ ထုံးစံအတိုင်း တောင်ရေးမြောက်ရေး လည်းမပေးချင်တာမို့…….

  • kai

    May 25, 2013 at 2:34 am

    ကျုပ်လေ့လာဖူးသလောက်တေ့ာ.. အဘိဓမ္မာကျမ်းရကျမ်းထဲက.. ၇၅ရာခိုင်နှုန်းလောက်က.. ဘုရားဟောတရားမဟုတ်လောက်ဖူး..
    ဗုဒ္ဓနေ့မို့.. ဗုဒ္ဓဖက်ကဘက်လိုက်ရေးလိုက်ကြောင်း…. :kwi:

    ရှင်ဗုဒ္ဓဃောဿက..
    http://en.wikipedia.org/wiki/Buddhaghosa
    ဖြစ်ပါလိမ့်မယ်…

    Buddhaghosa – Wikipedia, the free encyclopedia

    en.wikipedia.org/wiki/Buddhaghosa‎
    Both Ja [Jataka-atthavannana] and Dhp-a [Dhammapada-atthakatha] are traditionally ascribed to Buddhaghosa, an assumption which has been rightly …
    Biography – Writings and translations – Influence and Legacy – Critics
    =
    Beyond the Tipitaka: A Field Guide to Post-canonical Pali Literature
    http://www.accesstoinsight.org/noncanon/fieldguide.html‎
    and sub-commentaries (Tika) by Dhammapala on several of Buddhaghosa’s Atthakathas. During this time, and in the centuries that followed, other writers …
    သီဟိုဌ်ကဆရာတော်တွေများ.. ပြောလေ့ရှိတယ်..
    မြန်မာတွေ.. ရှင်ဗုဒ္ဓဃောသရဲ့.. အဌကထာကို.. အလွန်အကျွံ..ကိုးကွယ်လွန်းတယ်လို့…
    ဒါကို.. ဒီရွာထဲတင်.. သီဟိုဌ်ကဒေါက်တာဘွဲ့ယူထားတဲ့…ဆရာတော်လည်းအတည်ပြုပေးဖူးတယ်..

    ဒီလောက်ပဲ…။ :kwi:

    • padonmar

      May 26, 2013 at 12:32 am

      ရှင်မဟာဗုဒ္ဓဃောသရဲ့ အဋ္ဌကထာ ဟာ တရားကျင့်မယ်ဆိုရင် ဖြတ်သန်းရမယ့် လမ်းစဉ် ရ ပါးကို မြတ်စွာဘုရားရဲ့ တရား တွေ ၊ရှင်သာရိပုတ္တ ရဲ့ တရားတွေ၊အခြားရဟန္တာကြီးများရဲ့ တရားတွေကနေ ဆိုင်ရာ ကဏ္ဍ အလိုက် လိုရင်းထုတ်ပြီး ရေးထားတာဖြစ်လို့ အလွန်ကောင်းပါတယ်။အနှစ်တွေချုပ်ထားတာပါ။
      ကိုးကွယ်လောက်အောင်မဟုတ်ပေမယ့် ကိုယ်သိချင်တာကို ကျမ်းကိုးအလွယ်တကူနဲ့ လမ်းညွှန်ပေးထားတာဖြစ်လို့ မပစ်ပယ်သင့်ပါဘူး။
      ဘုရားဟောတာမဟုတ်ဘူးဆိုတိုင်း ပစ်ပယ်ရင် အဘိဓာန်တွေ စွယ်စုံကျမ်းတွေဟာ မူရင်းစာအုပ်တွေ မဟုတ်တဲ့အတွက် မလိုဘူးလို့ ပြောသလိုဖြစ်ပါလိမ့်မယ်။

  • kai

    May 25, 2013 at 6:00 am

    ဝိကီကိုအစာမကျေသူများ… ဆက်လေ့လာဖတ်ဖို့ပါ..။ အောက်မှာလင်ခ့်တွေပါ..
    အစွဲကင်းအောင်.. မြန်မာလိုစာအုပ်.. ဝက်ဘ်ဆိုက်တွေရှောင်ပါတယ်.. :kwi:
    ( မြန်မာဘုရားသမိုင်းတွေများ.. လန့်လွန်လွန်းလို့…)

    ပထမသံဃာယနာမှာ.. မပါတာကို..မပါတယ်လို့ပဲမှတ်သင့်ပါတယ်..
    အထဲမှာမြုတ်နေပြီးမှ. .သီးသန့်ခွဲထုတ်တယ်ဆိုပြီး.. မလှည့်ချင်ပါ..မလှည့်သင့်ပါ..။
    ဘာလို့လည်းဆိုတော့.. ပထမသံဃာယနာတင်တာမှာ.. ဂေါတမဗုဒ္ဓကိုမှီလိုက်တဲ့ရဟန္တာတွေချည်း စုလုပ်တာမို့ပါပဲ…။ သာမန်ပုထုစဉ်လူသားများမဟုတ်ကြောင်း….။

    http://www.accesstoinsight.org/tipitaka/abhi/
    In Thai Buddhism, for example, the Abhidhamma (and, for that matter, many of the Commentaries as well) play a relatively minor role in Buddhist doctrine and practice. In Sri Lanka and Myanmar (Burma), however, they hold the same venerated status as the Vinaya and Sutta Pitakas themselves.
    =
    ဒီဘိတ်.. http://www.dhammawheel.com/viewtopic.php?f=16&t=2169&start=160&
    “The first council (Rjagaha) mentions only Dhamma,vinaya, without mention any Abhidhamma (Cv 11 = V2:284-293). According to Frauwallner, the Abhidhamma was probably composed between 200 BCE and 200 CE(Abhidharma-Studien IV. Der Abhidharma der anderen Schulen, WZKS 15, 1971b:106). Furthermore, the earlyBuddhist sects, each had their own Abhidharma Piaka, often at variance with one another. See Hinüber, A Hand-book of Pali Literature, 1996: II.3. See also Dhamma and Abhidhamma = SD 26.1.
    =
    http://newlotus.buddhistdoor.com/en/news/d/33158
    Ven. Buddhaghosa, the great Pāli commentator, defines the term ‘Abhidhamma’ as – ‘that which exceeds and is distinguished from theDhamma’[2]. Abhidhamma, therefore, holistically conveys the meaning of ‘special/supplementary teachings of the Buddha’.
    =

    http://plato.stanford.edu/entries/abhidharma/

  • Foreign Resident

    May 25, 2013 at 6:50 am

    သူကြီးရေ ။

    ၁ ။

    ” ရှင်ဗုဒ္ဓဃောဿက http://en.wikipedia.org/wiki/Buddhaghosa ဖြစ်ပါလိမ့်မယ် ”

    Sorry သူကြီးရေ ။
    နာမည်ချရေး / ဘာသာပြန်တာ လွဲသွားတယ် ။
    the Elder Moggaliputta Tissa ကို ” အရှင်မဟာဗုဒ္ဓဃောဿ ” လို့ မှားပြီး ဘာသာပြန်မိတယ် ။
    တကယ့် နာမည် အမှန်က ” အရှင် မောဂ္ဂလိပုတ္တ တိဿ ” ပါ ။ ပြန်ပြင်လိုက်ပါပြီ ။

    ၂ ။

    ” သီဟိုဌ်က ဆရာတော်တွေများ.. ပြောလေ့ရှိတယ်..
    မြန်မာတွေ.. ရှင်ဗုဒ္ဓဃောသရဲ့.. အဌကထာကို.. အလွန်အကျွံ..ကိုးကွယ်လွန်းတယ်လို့ ”

    သူကြီး ရဲ့ ဒီ စကား က ကျနော့်ကို ဗဟုသုတ တစ်ခု တိုးစေပါတယ် ။ ကျေးဇူးပါ ။
    သူကြီး ဒီနေရာမှာ ဆိုလိုချင်တဲ့ အဋ္ဌကထာ ဟာ ၊
    သံဃာ ယနာ တင်တဲ့ အခါမှာ ” အရှင် မဟာ ဗုဒ္ဓဃောဿ ” ထပ်ဖြည့်ခဲ့တဲ့
    ” ဝိသုဒ္ဓိမဂ် ” ကျမ်း လို့ ကျနော် ယူဆပါတယ် ။
    ဟုတ် မဟုတ်လေး ပြန် ပြောပေးပါလား သူကြီးရေ ။

    မှန်ပါတယ် ။ လက်ရှိ မြန်မာပြည်မှာ ” ဝိသုဒ္ဓိမဂ် ” ကျမ်းကို အတော် အလေးပေး သင်ကြားနေပါတယ် ။
    ပထမ ” အဘိဓမ္မာ ” သင် ။ ပြီးရင် ” ဝိသုဒ္ဓိမဂ် ” ” ဋီဃာကျော် ” နှင့် ” ပဋ္ဌာန်း ” ဆက်သင်ကြတာပါပဲ ။

    ဒါပေမယ့် ၊ ကျနော် နားလည်သလောက်ကတော့ ၊
    ” ဝိသုဒ္ဓိမဂ် ” ကျမ်း ဟာ ၊ အဘိဓမ္မာ ပိဋကတ် ကို သေချာ အကျယ် ရှင်းပြပေးတဲ့ ကျမ်းပါ ။
    အပြင် အပ ကနေ ၊ တခြား Foreign Ideology ကို ထပ်ထည့်ထားတာ မဟုတ်ပါဘူး ။

    နောက်ပြီး ၊ ” ဝိသုဒ္ဓိမဂ် ” ကျမ်း ကို ထပ်ဖြည့်တာ ဟာ ၊
    မူလ ပိဋကတ်သုံးပုံ ရဲ့ အတွင်း ( အတွင်း ) ထဲကို ထပ်ဖြည့်တာ မဟုတ်ပဲ ၊
    သပ်သပ် အဋ္ဌကထာ အနေနှင့်ပဲ ၊ သံဃာ ယနာ ထဲမှာ ထည့်သွင်း ရွတ်ဆိုသွားတာဖြစ်လို့ ၊
    ပြဿနာ မရှိလှပါဘူး ။

    နဲနဲ ပြဿနာ ရှိနိုင် ၊ လူ ထောက်ပြစရာရှိသွားတာကတော့ ၊ တတိယ သံဃာ ယနာ တင်တုန်းက ၊
    ” အရှင် မောဂ္ဂလိပုတ္တ တိဿ ” ပိဋကတ်သုံးပုံ ရဲ့ အတွင်း ( အတွင်း ) ထဲကို ထပ်ဖြည့်လိုက်တဲ့ ၊
    ” ကထာ ဝတ္ထု ” ကျမ်း တစ်ခုတည်းပါပဲ ။

    ၃ ။

    ” ကျုပ်လေ့လာဖူးသလောက်တေ့ာ.. အဘိဓမ္မာကျမ်းရကျမ်းထဲက..
    ၇၅ ရာခိုင်နှုန်းလောက်က.. ဘုရားဟောတရားမဟုတ်လောက်ဖူး ”

    အင်းးးး ၊ ဒါကတော့ သူကြီး ရဲ့ ပုဂ္ဂလိက ယူဆချက် / အမြင် ပေါ့လေ ။
    လက်ရှိ အချိန် အထိ ၊ ကျနော့် အယူအဆ ကတော့ ၊
    ” ပိဋကတ်သုံးပုံ အထဲ ( အထဲ ) ကို ” ကထာဝတ္ထု ” ကျမ်း တစ်ခုတည်းပဲ ထပ်ဖြည့်ထားတယ် ၊
    လို့ပဲ ယူဆ ထားပါသေးတယ် ။
    ( အဲဒီဟာ ကလဲ ၊ စေတနာ နှင့် လုပ်ခဲ့တဲ့ အလုပ် တစ်ခုလို့ပဲ ခံယူထားပါတယ် )

    သူကြီး ရဲ့ ၇၅ ရာခိုင်နှုန်းလောက် ဆိုတာကတော့ ၊
    သိပ်များလွန်းတယ်လို့ ယူဆပါတယ် ။

    ၄ ။

    သူကြီးရေ ၊ အယူအဆ တွေကတော့ ကျနော်လည်း အများကြီးကို ကြားနာခဲ့ဘူးပါတယ် ။

    ကက ။ အဘိဓမ္မာ ဟာ ရှင်သာရိပုတ္တရာ ဟောတာ ။
    ဘုရားဟော မဟုတ်ဘူး ၊ သက်သေ မရှိဘူး ။ ဒါကြောင့် မယုံဘူး ။

    ခခ ။ အဘိဓမ္မာ ကို ၊ ဘုရားရှင်က လူ့ပြည်မှာ မဟောပဲ ၊ နတ်ပြည် တက်ဟောရခြင်းက ၊
    သာမာန် လူတွေရဲ့ ဉာဏ် အဆင့်ထက် မြင့်ပြီး ၊ နတ်တွေသာ ဉာဏ်မီ တဲ့ တရားမို့လို့ ၊
    ဒါကြောင့် ၊ သာမာန် လူတွေဟာ ၊ အဘိဓမ္မာ တရား အတိုင်း ထပ်တူလိုက် မကျင့်သင့်ဘူး ။

    ဂဂ ။ အဲဒါထက် တစ်ဆင့်မြင့်လာပြီး ၊ လူတော် ဉာဏ်ထက်တွေ အတွက် ၊
    ဘုရားက သတ်သတ် ဟောပေးခဲ့တယ် ဆိုပြီး မဟာယာန တွေပြောတဲ့ ၊ မဟာယာန တရားတွေ ။

    ဃဃ ။ တခြား Post တစ်ခု မှာ ၊ မ ပဒုမ္မာ ပြောခဲ့တဲ့ မဟာစည် ဉာဏ်စဉ် က လက်ခံထားတဲ့ ၊
    ခဏ္ဏိက သမာဓိ နှင့် တခြား အဖွဲ့တွေက လက်ခံထားတဲ့ ခဏ္ဏိက သမာဓိ ကလည်း မတူပြန်ဘူး ။

    ငင ။ ခရစ်ယာန် တွေ က သူတို့ရဲ့ Bible ကို ခေတ် နှင့် လျှော်ညီအောင် ပြင်လိုက်ကြတယ် ။
    မဟာယာန တွေ ကလည်း ဝိနည်း တစ်ချို့ကို ခေတ် နှင့် လျှော်ညီအောင် ပြင်လိုက်ကြတယ် ။
    ခေတ် နှင့် လျှော်ညီအောင် ပြင်လိုက်ကြ တာဖြစ်တဲ့အတွက် ၊ ခေတ် နှင့် လျှော်ညီသွားပြီး ၊
    သူတို့ ( ခရစ်ယာန် နှင့် မဟာယာန ) လူ့အဖွဲ့အစည်းတွေ တိုးတက် ချမ်းသာလာကြတယ် ။
    ငါတို့ ထေရ ဝါဒ တွေ ကော ၊ ဘာဆက်လုပ်ကြမလဲ ။

    စသဖြင့် အယူအဆ တွေကတော့ အများကြီး ၊ အများကြီး ပေါ့လေ ။

    ၅ ။

    သို့သော် ၊ သို့သော် ပေါ့လေ ။
    ပထမ အချက် ။ ကျနော်ဟာ ဘာသာရေး သုသေသန သမား မဟုတ်လေတော့လဲ ၊
    ကျနော်ကတော့ ကျနော် လက်ရှိ သိနေသမျှလောက်မှာပဲ ကျေနပ် / ရပ် လိုက်ပါတယ် ။

    နောက် ၊ ဒုတိယ နှင့် အရေးအကြီးဆုံး အချက် ( ကျနော့် အမြင် ) ကတော့ ၊
    ကျနော်တို့ ထေရ ဝါဒ ဗုဒ္ဓဘာသာ ဟာ ၊
    ကိုယ်တိုင် လွတ်မြောက်ဖို့ အတွက် ၊ ကိုယ်တိုင် ကျင့်ကြံရတဲ့ ဘာသာပါ ။
    အဲဒီလို ၊ ကိုယ်တိုင် တရား ကျင့်ကြံရတဲ့ အခါမှာ ၊

    ကက ။ အချက် အလက်တွေ အများကြီး ၊ ကိုယ်က သိပ်သိထားပြန်ရင်လည်း ၊
    ခခ ။ အကြောင်း ကိစ္စ တစ်ခုပေါ်တိုင်း ပေါ်တိုင်းမှာ သံသယ နှင့် ကြည့်မြင်နေရင်လည်း ၊

    မှန်တာပြောမယ်နော် ၊ ကိုယ့်ရဲ့ ယုံကြည်မှု သဒ္ဒါ တရားမှာ ထိခိုက်လာပါတယ် ။
    အဲဒီ အခါမျိုးမှာ သဒ္ဒါ ဗိုလ် မဖြစ်တော့ပဲ ၊ တရား အောင်မြင်မှုမှာ အနှောက်အယှက် ဖြစ်လာပါမယ် ။

    ဒါကြောင့် ၊ ကျနော်ကတော့ ဒီလောက်မှာပဲ ရပ်ထားမိပါတယ် ။
    ( ဒါ ၊ ကျနော့်ရဲ့ ပုဂ္ဂလိက ခံယူချက်ပါ ။ ကွဲလွဲနိုင်ပါတယ် )

    ၆ ။

    မှန်တာပြောရရင် ၊ ဒါတွေကြောင့် ၊ ကျနော် ဘာသာရေး ကို မရေးချင်တာပါ ။
    ကျနော် ရေးလိုက်တာလေး တစ်ချက်ကြောင့် ၊
    လူငယ်လေး တစ်ယောက်ဟာ သံသယဝင် ၊ သဒ္ဒါ လျော့သွားပြီး ၊
    တစ်နေ့ သူ တရား ကျင့်ကြံတဲ့ အခါမှာ စိတ်ထဲ ထင့်ခနဲ တစ်ချက်ဖြစ်ပြီး ၊
    သူ့ ရဲ့ တရား ဉာဏ်စဉ် တက်ဖို့ ကိစ္စ မှာ နှောင့်နှေးသွားခဲ့ရင် ၊
    ဘုရား ၊ ဘုရား ၊ ကျနော် အ ကုသိုလ် အကြီးကြီး ဖြစ်တော့မပေါ့လေ ။

    ကျနော့် မျက်စိ ရှေ့မှာတင် ၊
    တရားပြတဲ့ ဘုန်းကြီးပြောပြောသမျှ စိတ်ဒုံးဒုံးချပြီး ယုံတဲ့ ၊
    ခပ်ရိုးရိုး လူတွေဟာ ၊ တရားတက်တာ အရမ်းမြန်ပါတယ် ။

    ကျနော် ဦးစီးပြီးလုပ်တဲ့ တရားစခန်းမှာ ပဲ တရားအဆင့်ဆင့် တက်သွားတဲ့ ၊
    ကျနော့်ကိုလည်း အဲဒီ တရားစခန်း ကို ဦးစီးပြီး လုပ်ပေးနေတဲ့အတွက် ၊
    အထင်ကြီး လေးစားနေတဲ့ ၊ အဲဒီ ခပ်ရိုးရိုး လူတစ်ယောက် က ၊
    ” ဆရာလေး ဆိုရင် တရားမှာ တော်တော် အောင်မြင်နေလောက်ပြီ ”
    ဆိုပြီး မေးတာ ခံခဲ့ရဘူးပါတယ် ။ ပြန်ဖြေရတာ ၊ ရှက်လိုက်တာလေ ။

    ရ ။

    ဒုက္ခ ပါပဲကွယ် ၊ ထေရဝါဒ ဗုဒ္ဓဘာသာ ( ဘာသာရေး ) နှင့် ပါတ်သက်ရင် ၊
    မူလတန်း အဆင့်လောက်ပဲ ရှိသေး / သိသေး တဲ့ ကျနော် က ၊
    ဘာသာရေး Post ကြီး တင်ပြီး ဆွေးနွေးနေရတာကိုက ၊
    ပက်ပက် စက်စက် မှားနေပြီ ထင်တာပဲ ။ ကျနော်လည်း ရှက်လှပါပြီ ။

    ရွာထဲက ဘာသာရေး တတ်သိ နားလည်သူတွေ ဆက် ဆွေးနွေးကြပါအုံး ။

    • kai

      May 25, 2013 at 7:24 am

      မရှက်ပါနဲ့အဘဖောရယ်…
      မေးတဲ့သူတွေ အဘဖောလောက်အဆင့်မရှိတာ…အသေအချာမို့ပါ…။
      ဆိုတော့…
      မောင်ဝဏ္ဏရေးတဲ့ကာတွန်းလေး…သတိရမိတယ်. ။မှတ်မိသလောက်ရေးပြရရင်…
      တယောက်ကပြောတယ်..
      “တနေ့တလံ..ပုဂံဘယ်မရွေ့”တဲ့..
      ဘေးနားလေးက… မှတ်ချက်လေးက…
      “ပုဂံကတော့.. ဘယ်မှာမရွေ့ပါ…။ ပြောင်းပြန်ကြီးသွားနေသောကြောင့်…. “တဲ့…

      စိတ်သာချ..
      သူတို့ဘယ်တော့မှ(ဘယ်တော့မှ)..ပန်းတိုင် မရောက်… :harr:

      အဟမ်း…
      ဂေါတမဗုဒ္ဓမှာ.. ဆရာစားမချန်သလို… လူတွေမသိအပ်တဲ့တရား…ရယ်လို့.. တရားကိုချန်လျှို့ဝှက်တာလည်း.. မရှိ(သင့်)ပါဘူး..
      တရား(ဓမ္မ)ထဲ.. အဘိ..(http://en.wikipedia.org/wiki/Abhi) လုပ်တယ်ဆိုကတည်းကကို.. ကျုပ်က.. သံသယအပြည့်ဝင်တယ်..။
      ပြီးတော့.. ရိုးရိုးသားသား သမိုင်းခြေရာခံကြည့်ရင်ကို.. နောက်မှလုပ်တာကြီးက.. ပေါ်လွင်နေတာပဲ..
      ဝိပဿနာလိုပေါ့.. :kwi:

      နောက်တခုက.. ကျင့်ကြံအားထုတ်တယ်ဆိုတာမှာပါ..
      တရားအဆုံးအမတွေဟာ.. နေ့စဉ်ဘဝမှာ အသုံးချကျင့်ကြံရမယ် ဆိုလိုရင်းလို့နားလည်မိတယ်..
      ဆိတ်ငြိမ်ရာ..တရားထိုင်ကျင့်ကြံအားထုတ်ရမယ် ဆိုလိုခြင်းလုံးဝ(လုံးဝ) မဟုတ်လို့.. သဘောပေါက်မိကြောင်းပါ…

      မိမိသိနားလည်တဲ့..အမှန်တရားတခုကိုရှင်းပြပြောဆိုရာမှာ..သံသယရှိခြင်း တွေဝေခြင်းမဖြစ်သင့်ပါ…။
      အမှန်တရားဟာ..သစ္စာမို့.. ကောင်းသောလမ်းကိုသွားဖို့..ရောက်ဖို့.. တန်ခိုးရှိလို့ပါပဲ..။
      သံသယဖြစ်ရင်… မိမိကိုယ်တိုင်က..အမှန်တရားအပေါ်မှာ.. မယုံကြည်တာဖြစ်ပါလိ်မ့်မယ်..။

      မိမိကိုယ်ပိုင်အယူများသာဖြစ်ပါကြောင်း… :kwi:

      • padonmar

        May 26, 2013 at 12:18 am

        သူကြီးပြောတာမှန်ပါတယ်။
        တရားအားထုတ်တယ်ဆိုတာ နေ့စဉ်ဘဝမှာ သတိနဲ့ နေသွားရမှာကိုပြောတာပါ။
        ဒါပေမယ့် သူသူငါငါ ရုပ်တရားနာမ်တရားဆိုတဲ့ အလွန်သိမ်မွေ့တာလေးတွေကို သိနိုင်ဖို့ အလေ့အကျင့် မရှိသူများမှာ နေ့စဉ်ဘဝထဲတင် လုပ်လို့မရပါဘူး။
        ဒါကြောင့်ဆိတ်ငြိမ်ရာကို ချဉ်းကပ်ရမယ်လို့ ဆိုလိုတာပါ။
        ထိုင်တယ်ဆိုတာမှာလည်း သွား၊ရပ်၊ထိုင်၊လျောင်း ဣရိယာပုတ် ၄မျိုးမှာ ထိုင်တာက အန္တရာယ်ကင်း ကြာရှည်နေနိုင် အိပ်မောမကျသွားနိုင်လို့ ထိုင်တယ်လို့ သုံးတာပါ။
        တတ်နိုင်ရင် ရပ်မှတ်လည်းရတယ်။
        အိပ်မှတ်လည်းရတယ်။
        သွားရင်းလာရင်း ထမင်းချက်ရင်း ဟင်းချက်ရင်းလည်းရတယ်။
        သိပ်သမာဓိကောင်း ပညာဉာဏ်ရင့်သူဆိုရင်တော့ အရပ်ထဲမှာနေရင်းလည်း သစ္စာ ၄ပါးကို ထိုးထွင်းသိနိုင်မှာပါ။
        ဒါပေမယ့် အများယေဘူယျအတွက် ပြောရင်တော့ အများဖြစ်နိုင်တာကိုပဲပြောရပါမယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 25, 2013 at 12:46 pm

    အောင်မာအောင်မာ
    ပိဋကတ်အကြောင်းကိုပြောနေလိုက်ကြတာ မသိရင်သူတို့ကိုယ်သူတို့
    ဘတ်ဒန်ဒဂေါ်ဇီလာဂျီးတွေများအောင့်မေ့နေကြသလားမသိ
    ပဋကတ်ဆိုတာကို မိုးလားကဲလားပြောနေရအောင်အခြေခံလေးတောင်ဘာသိဂျလို့ဒုံး 👿
    ပိဋကတ် ဆိုတာ
    ပါဠိစာအုပ်အနေနှင့်ဆို တစ်အုပ်ဆို ဆယ့်ငါးကျပ်သားလောက်ရှိတဲ့အတွက်
    ( ငါးဆယ့်နှစ် အမြှောက် ဆယ့်ငါးကျပ်သားအလေးချိန်ရှိတယ် )
    မြန်မာပြန်စာအုပ်အနေနှင့်ဆို လေးဆယ့်ငါးကျပ်သားလောက်ရှိတဲ့အတွက်
    ( လေးဆယ့်ငါးကျပ်အမြှောက် ငါးဆယ့်နှစ် ) လို့မသေမချင်းမှတ်ထားဂျ 👿

  • ကိုရင်စည်သူ

    May 25, 2013 at 3:17 pm

    တချို့အရာတွေက တကယ်နားမလည်.. ပြန်လည်းမလှန်ရဲ
    လေ့လာ ရင်းနှီးမှုကမရှိဆိုတော့ ကိုရင်က ပရိတ်ကြီး (၁၁)သုတ်
    မှာ တစ်နေတယ် အဘရေ…။
    သူဂျီးက အဘိဓမ္မာတွေမှာ ၇၅ ရာခိုင်နှုန်းပဲ အမှန်ဆိုတော့..
    ကိုရင် အလွတ်ကျက်နေတဲ့ ပဌာန်း အကျယ်တောင် လွှင့်ပစ်ပြီး..
    ကိုရမ်ကို ဖင်ခုထိုင်ပြီး တစ်နေ့ ဝတ်ငါးကြိမ်ပြုပြီး
    မိုးပြာလိုလို။ ရထိပ်စီးလိုလို၊ အာမင်လိုလို.. ဖျာခင်လိုလို၊ အာဘင်လိုလို…
    လို.. လို..ဟို လို.. လို.. 👿 :mrgreen:

    • ကိုရင်စည်သူ

      May 25, 2013 at 3:18 pm

      စကားချပ်.. ကိုရင်တို့ လူပြိန်းတွေနားလည်အောင်
      ရေးပြပေးလို့ ကျေးဇူးတင်ပါတယ်.. အဘဖောရေ… 😳

    • Foreign Resident

      May 25, 2013 at 4:17 pm

      ” kai says: အဘိဓမ္မာ ကျမ်းရကျမ်းထဲက..
      ၇၅ရာခိုင်နှုန်းလောက်က.. ဘုရားဟောတရား မဟုတ်လောက်ဖူး ”

      ” ကိုရင်စည်သူ says: သူဂျီးက အဘိဓမ္မာတွေမှာ ၇၅ ရာခိုင်နှုန်းပဲ အမှန်ဆိုတော့ ”

      ကိုရင် စည်သူကလည်း စာကို သေချာပြန်ဖတ်ပါအုံး ။
      သူကြီး ပြောတဲ့ အဓိပ္ပါယ်က ၊
      အဘိဓမ္မာ ပိဋကတ် ရဲ့ ၇၅ % လောက်က အတု ။
      အဘိဓမ္မာ ပိဋကတ် ရဲ့ ၂၅ % လောက်ကပဲ အစစ် ၊ လို့ပြောတာလေ ။

      ကြည့်စမ်း ၊ ပြောရက်လိုက်တာ ၊ သိပ်ရက်စက်တဲ့ သူကြီး ။ လူဇိုး ။

      • ကိုရင်စည်သူ

        May 25, 2013 at 6:56 pm

        ရွာသဂျီး ဇိုးချက်ကတော့ သူ့တီမက် စီအိုင်အေလက်နက်မှောင်ခို အူးကြောင်းကြီး
        အသိဆုံး.. မသကာ… ၁ဝ % နှုန်းလောက် အာဂုံဆောင်ပြီး လက်ဆင့်ကမ်းရင်နဲ့
        အတုဆို ဟုတ်တုတ်တုတ်… ကိုယ်လည်း ဘာမှသေချာမသိတော့ ဘာမှဝင်မငြင်းရဲဘူး။
        ရွာမှာ ကိုရင်ဝတ်တုန်းက စာချဘုန်းကြီးခေါ်ငြင်းခိုင်းမှ… ဒါတော့ ရွာသဂျီးက အငြင်းကသန်
        ဝီကီကြီးနဲ့ ကိုင်တုတ်နေတော့… မလှုပ်ရဲသေးဘူးရ်..။ ။
        ဗဟုသုတရဖို့တော့.. ဘာစာအုပ်မှမရှိ.. ဖွဘုတ်နဲ့ ရွာအားကိုးပြီး မိုက်ခဲနေရတယ်..
        မသိတဲ့လူကို မတတ်တဲ့လူက ဆြာလုပ်လည်း ဆြာဖြစ်တာပဲ.. ဟီးး :mrgreen:
        အနတ္တကို အတ္တထင်နေတဲ့ သဂျီးကို..
        မဆလမ်.. မဆလမ်.. ပဲ..။ ။ 👿 အာမင်.. လမ်းပြဒေါ်မူဘာ.. :mrgreen:

  • မောင် ပေ

    May 25, 2013 at 8:14 pm

    ရေငံပိုင်ဦးဖောရေ
    သည်လိုအကြောင်းအရာမျိုးနဲ ့ပတ်သက်ပြီး
    ဝင်ရောက် ပါဝင် ဆွေးနွေးဖို ့ရန်
    အသိဗဟုသုတ နဲပါးသဖြင့်
    အဲဒါ … အဲဓါ

Leave a Reply