ဖတ်ရွေး ရဲ့ CHANGE (Step 1.0)

ムラカミMay 24, 20131min25326

ရွာသူား အပေါင်းတို့ ခည ..။
ဖတ်ရွေး လူကြီးမင်းများ က ပိတ်ရက်များတဲ့ ဧပြီ နဲ့ မေ ကို ၂လပေါင်းပြီး ရွေးမယ်
ပြောထားတာသတိထားမိကြမပေါ့ဗျာ။
လစဉ်ဖတ်ရွေးတွေ အနေနဲ့ အချိန်ကို ငဲ့ကွက်လို့ စာစုံဖတ်နိုင် မန့်နိုင် အကဲဖြတ်နိုင်ဖို့က
အခက်အခဲ ရှိနေလေတော့ CHANGE ကြဖို့ .. ရွာ့ အော်ကျောလန် မိဂီ နဲ့ ဖွတ်တီးကတ်ကို
တာဝန်ပေးလာကြတာလည်း ကြားသိပေမပေါ့ဗျာ။
အဲ့ .. ကျနော်တို့ ၂ယောက်ကလည်း တက္ကနစ်ကယ် ဒစ်ဖစ်ကယ်လ်တီးစ် အတွက်
သူခိုးသေဖော်ညှိဖို့ မစ္စတာအံ နဲ့ ဦးသဂျား ကို မျက်စိကျနေတာလည်း သိကြား ကြပေမပေါ့ဗျာ။
အဲ … ရွာကို မီးပတ်ရှို့တဲ့ စောဖွပြေး ယွဲစည်ကိုလည်း ဆွဲစိချင်သလို .. အခြေအနေပေးရင်
သဂျီး ပိုက်ဆံအိတ်ကို ဒုတ်နဲ့ထိုးဖို့ ဝန်မလေးတာလည်း သိနားလည်ကြမယ် ထင်ပါတယ်ခညာ။
(တိန်… သိပီးသားအကြောင်းတွေချည်း ချရေးနေတယ်.. စာကရှေ့မတက်နိုင်သေး)

ဂလိုပါခညား..
ရှေ့လျောက် ဖတ်ကြမဟဲ့ ရွေးကြမတဲ့ ဆိုရင်ဖြင့် ရွာသူားအားလုံး ဝင်ရွေးနိုင်ရေးအတွက်ဆိုပြီး
Voting System တခု စဉ်းစားကြတယ်ဗျ။ အဲ … ယနေ့ပိုစ့် လို ရွာသူားတွေ ပိုစ့်ရှာဖတ်မယ့် ထင်သာမြင်သာ
ရှိမယ့်နေရာမှာ Voting System ကို ကပ်ထားမယ်ဗျာ ..အဲ့သည့်မှာ လူတိုင်း ဗုတ်ခွင့်ရှိမယ် … ဆိုပါတော့ …အဲ့..အဲ..

လူတိုင်းဆိုတဲ့နေရာမှာ မန်ဘာမဝင်ဘဲ ဖတ်သူတွေလည်း ဗုတ်ခွင့်ရှိသလား
မန်ဘာ အုံးသီးလား ။ မန်ဘာအုံးသီး ဆိုရင်ရော တယောက်ကို တခါပဲလား
ဘယ်နှခါဗုတ်ခွင့်ရှိမလား ။ စိတ်ကြိုက်လား စတာတွေ မေးဖို့ တိုင်ပင်ဖို့ လိုလာပြီခည။
ဒါကတော့ အများသဘောနဲ့ ရွေးချယ်ရမှာဖြစ်လို့ ဒီပိုစ့်ကို တင်လိုက်ပါတယ်ဗျို့..။

တဆက်တည်းမှာ ကဗျာပြခန်းထဲမှာလည်း Beta Testing ဆန်ဆန်
(အတည်လည်းဖြစ်ချင်ဖြစ်သွားပေါ့မလေ) Vote စနစ်တခု ကို မစ္စတာအံတို့က
တင်ထားပေးပြီး မျိုးစုံ စမ်းသပ်နေပါရဲ့ဗျို့ ။

 

Vote Setting
Vote Setting

ဟောသည့် အထက်က ပုံကတော့ Vote စနစ်တခု တည်ထောင်တဲ့နေရာမှာ အပေါ်က ပြောခဲ့တဲ့
လား-လား-လား-လား တွေကို ဖြေနိုင်ဖို့ Setting ချရတဲ့နေရာခည …
လား-လား-လား-လား တွေကို အများသဘောနဲ့စံတခု ဆုံးဖြတ်နိုင်ပြီဆိုရင်
ဒီနေရာမှာ လာဖြည့်ရပါမယ် တချို့သော ဆက်တင်တွေက သဂျီးမင်း (မားးးးခိုင်- ဦးဂလုဒ ပေးတဲ့
နာမည်သစ်ကလေး -ဟိ) မှ တတ်နိုင်မှာမို့ ..တကယ်တမ်း တင်တဲ့အချိန်ကျရင် မားးးခိုင်ကိုပဲ
အပူကပ်ရဦးမှာဖြစ်ပါတယ်။ (အပူနဲ့ ကပ်မှာ မဟုတ်ပါ။)

ဆိုတော့.. ဆွေးနွေးတိုင်ပင် ကြစေလိုပါကြောင်းးး။

တော်သေးဘီ
ခင်တဲ့

26 comments

  • KZ

    May 24, 2013 at 9:24 am

    ခွိ။
    တဂျားတို့ တော့ နာ ပြီ။
    ကောင်းတယ်။
    ဆွဲ စိ ထားလိုက်။
    ဒါမှ နာ့ ကို လာမဆုံးမနိုင်မှာ။
    :kwi:

    နည်းပညာပိုင်းတော့မသိ။
    ဗုတ် ရင်တော့ အပြင်ကလူတွေမှာ ဗုတ်နိုင်ရင် ကောင်းမလား။ 🙄
    နို့မို့ ဒီ အက် တစ်ဖြစ်သလောက် လူတွေပဲ ပတ်လည်ရိုက်နေမလားမသိ။

    ဒါမဲ့လည်း အပြင်ကိုပါ ဗုတ်ဖွင့်လိုက်ရင် ဘရန်းဘတာ အရင် ဖြစ်သွားမှာလည်း ကြောက်ရသေး။
    အချိန်ပေးပြီး အနှုတ်တွေ ပေးတဲ့ လူမျိုးတွေက များကြီးဆိုတော့ ကြောက်ကြောက်။
    :eee:

    မသိဘူး။
    မား::::::: ခိုင် (ခေါ်လို့ ကောင်းတာအေ၊ ဦး ဂလုဒကို ကျေးကျေး) နဲ့ ရွာလူကြီးတွေ ဆုံးဖြတ်လိမ့်မယ်။ :mrgreen:

    • ကြက်အူလှည့်

      May 24, 2013 at 9:32 am

      ဟုတ်လယ်
      မားးးခိုင်က သူ့ရွာကိုသူ သိပ်
      အချော်တကစ် ကြီးတာ.
      သူဦးဆောင်အုံးစားလိမ့်မယ်.
      ခွိ.

      :kwi:

      သခင်မျိုးဟေ့ ဒို့မားးးခိုင်.

  • မင်းမင်း

    May 24, 2013 at 9:38 am

    အပြင်လူများတော့မပါသင့်ဘူးထင်ပါတယ်။
    ကျနော့်အကြံပေးချက်ကိုရတဲ့သူတိုင်းက
    ပြောင်းပြန်လုပ်တတ်တာကြုံဖန်များတော့
    ဒီလိုပဲပေးလိုက်ပါတယ်ခင်ဗျာ။

  • အရီးခင်လတ်

    May 24, 2013 at 1:49 pm

    ပြောင်းပြန်လုပ်ထားတဲ့ မင်းမင်း အကြံကို အရီးသဘောတူသကွဲ့။

    တိုင်းပြည်တစ်ပြည်မှာ ဆန္ဒမဲ ပေးရရင် အဲဒီ တိုင်းပြည်ရဲ့ နိုင်ငံသားမှ ပေးလို့ရတာပါ။
    ရွာထဲ မှာ ဆန္ဒမဲပေးတာလဲ ရွာသူ/သား အဖြစ် မှတ်ပုံတင်ထားသူကသာ ပေးသင့်ပါတယ်။
    တနည်း ပြောရရင် လူတွေကို မယုံကြည်ရတာမို့ (ကိုယ်ကိုယ်တိုင် အပါအဝင်) စည်းကမ်း စနစ် လေး နဲ့ ထိန်း သင့်လို့ ပါ။
    ရွာသူ/သား ထဲ ကလဲ တစ်ယောက်ထဲကနေ မဲ အများကြီး ပေးနေရင် သူများတွေ မသိဘူး လို့ မထင်စေလိုပါ။
    နည်းပညာခေတ်မှာ မဟုတ်တာကို ကြံဖန်လုပ်လို့ ရသလို အဲဒီ ကြံဖန်လုပ်တာကို ဖမ်းလို့ ရတဲ့ နည်းတွေလဲ ရှိပါတယ်။ (နောက်တာမဟုတ်။ အတည်။ 😉 )
    ဒီလိုဘဲ ဘတစ်ပြန် ကျားတပြန် ဖြစ်နေတာလေး မို့ ဘာမဟုတ်တဲ့ အပျော် မဲပေးပွဲ လေး က စလို့ ကိုယ့်သိက္ခာ ကိုထိန်းပြီး မျှတတဲ့ ရလာဒ် ကို ရအောင် ပူးပေါင်းပေးကြဖို့ပါဘဲ။
    အားလုံး ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး နဲ့ Change ကြပါစို့။ 😛

    CHANGE
    WE CAN BELIEVE IN!!!!
    (CREDIT – KO BAMA)

  • ဗုတ်တာ အပြင်လူများ ဗုတ်မပေးသင့်ကြောင်း ထောက်ဘာဒယ် …
    မမကေဇက် ပေါဒလိုလည်း အပြင်လူ ဗုတ်ခွင့်ပေးရင် ပွကုန်မှာလဲ စိုးရသေးတယ် …
    ဒါမယ့် …
    အခု vote settings ထဲမှာတော့ မန်ဘာ အုန်းတီး မတွေ့မိဘူး ..

    အိုက်ဒါ repeat voters အောက်မှာ အောက်ဆုံးက ဟာကို သုံးရင် ပိုကောင်းမယ်ထင်ဒယ် …
    ဗုတ်ပီးဒါနဲ့ အိုင်ပီရော၊ ကွက်ကီးပါ ဘလော့ဒေါ့ပေါ့ …

    Results ကတော့ ပြပေးတာပဲ ကောင်းမယ် ထင်တယ် …
    ဟိုက်ထားလိုက်ရင် ထပ်ကာ ထပ်ကာ ဗုတ်နေမှာ စိုးလို့ ….

    • ကြက်အူလှည့်

      May 24, 2013 at 4:28 pm

      ကိုအံကြီးနဲ့ကျနော် တော်တော်သဘောတူပါတယ်
      မန်ဘာအုံးသီးအနေနဲ့ပိုစ့်ကိုတင်ရင်
      ရသွားပီလေဗျာ. အပြင်လူမပါဖို့ကိစ္စက.
      ဗုတ်ချင်ရင် ရီဂျစ်စတာလုပ်
      အတွင်းစည်းထဲလှမ်းခဲ့ပေါ့.

      • အရီးခင်လတ်

        May 24, 2013 at 5:10 pm

        ဝုတ်သေးဖူး။
        အပြင်ကနေတဲ့ ကဗျာချစ်သူများ လဲ ဖတ်ချင်ဖတ်ပေါ့။
        ဘာဖစ်သေးလဲ။
        ဝုတ်ချင်ရင် မှတ်ပုံတင်။
        မဝုတ်ချင်ရင် ဒီအတိုင်း အားပေး။
        ကဗျာရှင်တိုင်း က သူရို့ ကဗျာ ကို လူတိုင်း ကိုဖတ်စေချင်မှာ အမှန်ဘဲ။
        မဟုတ်ရင် fair မဖြစ်ဝူးလေ အူးရေး တို့ရဲ့။
        နည်းပညာ ထိန်းရခက်လို့ ဆိုရင်တော့ ပြောတတ်ဘူး။

        • အရီးခင်လတ်

          May 24, 2013 at 5:13 pm

          မွားလို့။ ကဗျာ ဝုတ်နဲ့ ရောသွားလို့။
          ဝန်တာမိပါ ကိုယ်တော်များ။ 😆

  • padonmar

    May 24, 2013 at 5:50 pm

    ဗုတ်တာကို မန်ဘာသာ ပေးခွင့်ရစေချင်ပါတယ်။
    ဒါမှ မန်ဘာတိုးစေချင်တဲ့ ရည်ရွယ်ချက်လည်း အကောင်အထည်ပေါ်ပါမယ်။
    မန်ဘာဝင်ရတာ ပိုက်ပိုက်မကုန်တဲ့အပြင် ပွိုင့်တောင်ရသေးတာ ဝင်ကြဖို့ကောင်းပါတယ်နော။
    မန်ဘာဖြစ်မှ ကိုယ်ကြိုက်တာလေး ဗုတ်ခွင့်ရမယ်။
    တစ်ခါထက်ပို မဗုတ်အောင် နည်းပညာကူပေးပါ။
    ပို့စ်ကို မန်ဘာအုံးလီး လုပ်ရင် ယနေ့ပို့စ်လိုမျိုး လူတိုင်းဖတ်နိုင်တဲ့ နေရာမှာ ထည့်လို့မရဖြစ်သွားပါမယ်။

  • Foreign Resident

    May 24, 2013 at 6:38 pm

    သိချင်တာလေး တစ်ခု ရှိလို့ ၊
    Block By Cookie ဆိုတာ ၊
    ဘယ်လိုလုပ်တာကို ပြောတာလဲဟင် ။

    • ကြက်အူလှည့်

      May 25, 2013 at 3:32 pm

      Cookie ကိစ္စ အလွယ်ရှင်းရရင်တော့ အဘရယ်. 
      ဆိုက်ဒ်ထဲ အဘ login ဝင်လာတယ်.  ဟိုပေ့ချ် ကိုသွားတယ် 
      ဒီပေ့ချ်ကိုသွားတယ်. ဒီပေ့ချ်မှာ မန့်ချင်တာရှိလို့ မန့်ခဲ့တယ်. 
      နောက်တပေ့ချ်ကိုသွားတယ်. အဲ့မှာကျတော့ ရှဲချင်လို့ရှဲခဲ့တယ် 
      စိတ်ကြိုက်တောက်လျောက် သွားလာလှုပ်ရှားနေသမျှ.  
      သည်လူဟာ သည်အိုင်ဒီပါဆိုပြီး ထောက်ခံချက်ပေးနေတာ ကွတ်ကီးခည 
      တနည်း. တောက်လျောက်သွားလာလှုပ်ရှားနေသမျှနောက်ကိုတူတူလိုက်ပေးတာ
      အဘ login information ကိုသယ်လာပေးပြီး အဘ လုပ်သမျှ ကို
      နောက်က ဒါဟာ သူပါခည ဆိုပီးထောက်ခံစာထုတ်ပေးနေတာ 
      Cookie ခင်ဗျ.  အလွယ်ပြောရရင်. Block by cookie ဆိုတာ က
      ခင်ညားဗုတ်ပီးပြီ ထပ်ဗုတ်ခွင့်မပြု လို့ ဘလော့လုပ်ချနိုင်တာပါပဲ. ကိုယ့်ကွတ်ကီးကို
      စစ်စတမ်က.

      ဆိုတော့ ဗုတ် ကိစ္စမှာ  cookie ကို ထောက်လှမ်းမယ် ဆိုတာအရပြောရရင် 
      ဘယ်သူဟာ ဘယ်ဝါပါ လို့ စစ်ဆေးနိုင်တဲ့အတွက် ဗရာဗိုဗျို့.  
      အဲ့ ဒါပေသည့် အားနည်းချက်တခုရှိတယ်.  ကျနော်တို့ အွန်လိုင်းမှာ လျောက်သွားတာ
      များလေလေ ကျနော်တို့ကိုနောက်ကလိုက်ပေးရတဲ့ ကွတ်ကီးကထွားလေလေ
      စက်ကလေးလာလေလေရှိသဗျ.  ဆိုတော့ ကျနော်တို့ ကွတ်ကီးကို. 
      ရှင်းပစ်ခွင့်ရှိနေပြန်တယ်.  (အိုကွယ် login ပြန်ဝင်ချင်ဝင်ရပဇီတော့ စက်
      ဂလောက်လေးတာတော့မခံစားနိုင်ဘု ) ဆိုတဲ့အနေအထားမျိုးပေါ့ဗျာ. 
      သည်နေရာမှာ စကျူရတီ ဖာ့စ့်အရကြည့်ရင်. ကွတ်ကီးသတ်သတ်နဲ့သာ
      ထိန်းမယ်ဆိုရင်. ဗုတ်ပြီးသား ဖြစ်နေသည့်တိုင် မိမိနှစ်သက်သူကို (နိုင်ဇီ
      ချင်သူကို ထပ် ဗုတ်ဖို့ ကွတ်ကီးရှင်းပြစ် ပီး ပြန်ဗုတ်ခွင့် ရနေရှိနေတာ) 
      အားနည်းချက်ခည.  

      အထက်က မဟာအံ ရေးခဲ့သလို ကွတ်ကီးရော အိုင်ပီပါ ဆိုတာကိုထောက်ခံမိတာ
      သည်ကိစ္စကြောင့်ပါဗျို့.  
      ပုံပါတဲ့ ဆိုက်က ကွတ်ကီး ကိုအလုံခြုံဆုံးလို့ ရေးပေမယ့် ဖောက်ထွက်လို့ရမယ့်
      နည်း က အထက်ကအတိုင်းလည်းကောင်း.  အိုင်ပီသက်သက်ကျပြန်တော့လည်း
      မြန်မာပြည်မှာအိုင်ပီနည်းလွန်းတာကြောင့်မထိရောက်နိုင်မှာ ကတကြောင်း
      (တခါက အနောက်ဘက်က ညီအစ်ကိုတစ်ယောက် တားမနိုင်ဆီးမရလို့ 
      သဂျီး အိုင်ပီ ဘန်းလိုက်တာ မြစ်ဝကျွန်းပေါ်နဲ့ တချို့ရန်ကုန်က ကိုရင်တွေပါ
      ဝင်မရတာ ရှိဖူးသဗျ.  ) သည်တော့ မဟာအံပြောသလို. ပဲ အိုင်ပီရော ကွတ်ကီးပါ
      ထိန်းနိုင်မှ ဖြစ်မဗျ.  

      ဒါတွေပြောနေရတာက. အဲ့သည့်အဆင့်လောက် ကတ်စတမ်မိုက်ဇ် လုပ်နိုင်ခွင့်
      ဆိုတာ က ပရီမီယံ ယူဇာ ဖြစ်မှရမယ်ဗျ. ကျနော်တို့ အလကားသုံးနေတဲ့
      ယူဇာတွေမှာ ကန့်သတ်ချက်ရှိနေတာရယ်.  သဂျီးသည် အနှီ poll 
      ကိုသုံးနိုင်တဲ့ premium user လား.  သူ premium user ဖြစ်ဖို့ ဝိုင်းကြပ်ပေးရမှာလား
      ဝိုင်းလှူသင့်လား ဆိုတဲ့ step ပေါ့ဗျာ.  
      အဲ့သည်လိုပါအဘရေ. 

    • Foreign Resident

      May 25, 2013 at 4:38 pm

      ကျေးကျေး မောင်ဂီရေ ။

      အခု အဘ က Internet ကို ၊ နိုင်ငံခြားကနေ ဖုန်း နှင့် သုံးတာ ။
      ဖုန်း တစ်ခါ ရပ်လိုက်ရင် IP တစ်ခါ ပြောင်းတယ်လေ ။

      အဲဒီတော့ cookies တွေလဲ ရှင်းလိုက် ၊ IP လဲပြောင်းလိုက်ရင် ၊
      ဘယ်လို ထောက်လှမ်း ကြမှာတုန်း ။

      • ဒါကတော့ ဘဘ ရယ် …
        ဒီနေရာမှာ အခြားသူတစ်ယောက်ဆို မပြောလိုပါဘူး ..
        ဘဘ တို့လို လူမျိုး အတွက်ဆိုရင်တော့
        ထောက်လှမ်းစရာ မလိုဘူး ထင်မိပါတယ် …
        ((စဉ်းစားကြစေလိုပါတယ် တွေက သက်သေခံနေမလားပဲ … ဟဲဟဲ))
        :mrgreen: :mrgreen:

      • Foreign Resident

        May 25, 2013 at 6:00 pm

        အင် ၊ ကိုရင် အံစာတုံး ရဲ့ ။
        အဘ အတွက်ပြောနေတာ ဟုတ်ဖူးလေ ။
        အားလုံး အတွက် ပြောနေတာလေ ။

        အဘ က ၊ အခုတောင် ဖတ်ရွေးမှာ တာဝန် ရှိနေလို့သာ ၊
        Post အကုန်ကို ၊ မဖြစ်မနေ ဖတ်ပြီး ရွေးပေးနေရတာလေ ။
        တာဝန်ဆိုတာကြီးသာ မ ရှိ လို့ကတော့ ၊ အဘက မ ဗုတ်ဖို့ များတယ် ။

        အကုန် လိုက်ဖတ်ရတာ ၊ မျက်စိ အရမ်းညောင်းတယ် ကိုရင် အံစာ ရဲ့ ။
        အကုန် နီးပါး မဖတ်ပဲနှင့်လည်း မ ဗုတ်ချင်ဘူး ၊ မတရားရာ ကျမယ် ။

      • ကြက်အူလှည့်

        May 25, 2013 at 6:18 pm

        ကျနော်ပြောတာလိုသွားလို့အဘရေ.
        မန်ဘာ ကွတ်ကီးနဲ့ အိုင်ပီ ၃မျိုး မြင်ကြည့်ပေးပါနော.
        မန်ဘာ(လော့ဂင် အင်ဖော်မေးရှင်းအရ) တခါဗုတ်ပီးရင် ထပ်ဗုတ်လို့မရအောင်.
        ကွတ်ကီး တူနေရင်. အိုင်ပီတူနေရင်. မန်ဘာမတူဦးတော့ ထပ်ဗုတ်လို့မရအောင်
        (ကိုယ်ပွားတွေ မလုပ်နိုင်အောင်ပေါ့ဗျာ ) ဆိုတဲ့သဘောပါဗျ.

        အိုင်ပီသက်သက်နဲ့မထိန်းနိုင်တာ က မြန်မာပြည်အိုင်ပီ နဲလို့ပါ.
        ကွတ်ကီး သက်သက်နဲ့ ထိန်းမရတာက ဘရောက်ဇာကွာရင် မြို့လောက် ကွာရင်. မထိန်းနိုင်မှာမို့လို့ပါ.
        ဒလောက်ထိ ထိန်းရင်တောင်. ဟုတ်ကဲ့ အကောင့် ၄ ခုကိုင်ပြီး.
        တတေ့တကောင့်နှုန်းနဲ့ ယနေ့ရန်ကုန် နက်ဖန် တောင်ငူ သဘက်ခါ နေပြည်တော် ဖိန်းနွဲခါ မန်းဒလေး
        နှုန်းနဲ့ ဗုတ်ရင် တားမရနိုင်ပါဘူးးး. အဲ့လို လုပ်မယ့်လူမရှိနိုင်ဘူးလို့ ယူဆပါတယ်ဗျာ.
        (စနစ်တိုင်းမှာ ယိုပေါက်ရှိပါသည်).
        တကိုယ်တော် ပီစီ တလုံးထဲကနေ ဘရောက်ဇာ ၃-၄ ခု အကောင့် ၃-၄ မျိုးလောက်နဲ့ ဗုတ်မှာကို စစ်ချနိုင်ရင်ကို
        အတော်နေရာကျပီ မဟုတ်လားဗျာ.
        အဲ့သလိုခည.

        • Foreign Resident

          May 25, 2013 at 6:47 pm

          ” မန်ဘာ ကွတ်ကီးနဲ့ အိုင်ပီ ၃မျိုး ”

          OK ။ သဘောပေါက်သွားပြီ ။
          Thanks.

  • ခင် ခ

    May 24, 2013 at 10:54 pm

    ရေးတာလည်း မန်ဘာတွေဘဲ
    ဆုပေးခံရမှာလဲ မန်ဘာတွေဘဲ
    သက်ဆိုင်တာလဲ မန်ဘာတွေဘဲ
    ထိုအတွက်ကြောင့် ဗုတ်ခွင့်ရှိတာလဲ မန်ဘာတွေဘဲ ဖြစ်သင့်တယ်ထင်ပါ၏
    မန်ဘာမဟုတ်သူတွေကိုတော့ ဖတ်ခွင့်ပေးရင် ရလောက်တယ်ထင်ပါတယ်လို့

  • ဦးဦးပါလေရာ

    May 24, 2013 at 11:04 pm

    ဗုတ်တာက မန်ဘာသာဗုတ်ခွင့်ရသင့်ပါတယ်။
    မန်ဘာတွေလဲ အများကြီးပါ
    မန်ဘာဝင်ရတာလဲ မခက်ပါဘူး
    မရေးမမန့်တဲ့ မန်ဘာအများစုကြီးက လော့အင်မဝင်ပဲ ဒီအတိုင်းဖတ်နေတယ်လို့ထင်ပါတယ်။
    ဗုတ်ချင်ရင် လော့အင်ဝင်လိုက်ရုံပါပဲ..။

  • ဦးဦးပါလေရာ

    May 24, 2013 at 11:06 pm

    မန်ဘာထဲက မရိုးမသားလုပ်ချင်ရင်တော့ တားမရရင်၊တားလို့ခက်ရင်လဲ လုပ်ပါစေလို့ သဘောထားချင်ပါတယ်။

  • kai

    May 25, 2013 at 6:11 am

    ဆိုင်ရာပို့စ်မှာ.. ဖေ့စ်ဘုတ်နဲ့ဆက်ထားတဲ့.. Like တွေရှိပါတယ်.. Share it တွေရှိပါတယ်…။
    ဗုတ်တဲ့သူတွေကို.. အဲဒါလေးပါကလစ်လုပ်ပေးစေချင်ကြောင်း ပြောလိုက်ရင်ကောင်းမလားပဲ..

    ဆိုတော့..
    ဗုတ်တာရယ်..အဲဒီ Like ရယ်ကနေ.. တကယ့်ရလဒ်.. ဖော်မြူလာတခုထွက်ချင်ထွက်လာမပေါ့…
    ဗုတ်တဲ့သူတွေကိုလည်း.. Logနဲ့ဖမ်းမိမယ်ပေါ့… :kwi:

  • Mr. MarGa

    May 25, 2013 at 11:46 am

    ဒီပို့စ်ကို တင်ကတည်းက တွေ့တယ်
    နာမည်တပ်ကာ အကူအညီ တောင်းထားတာကြောင့်
    (တောင်းတာကလဲ တက္ကနစ်ကယ် ဒစ်ဖစ်ကယ်လ်တီးစ် ဖြစ်နေတာကြောင့်)
    လုုပ်နိုင် မလုပ်နိုင် နည်းနည်း ချင့်ချိန်နေတာမို့
    မမန့်ဖြစ်တာပါ။
    အခုလို တကူးတက ခေါ်ယူ ဆွဲသွင်းတာ ဆိုတော့ကာ
    တတ်နိုင်သလောက် အကူအညီပေးပါမယ်ခည
    အသေးစိတ် မသိသေးတာကြောင့်
    စတင်သူများဖြစ်တဲ့ (ရွာ့ အော်ကျောလန် မိဂီ နဲ့ ဖွတ်တီးကတ်) တစ်ယောက်ယောက် ရှင်းပြစေလိုပါကြောင်း :mrgreen:
    voting criteria ကိုတော့
    ကျန်တဲ့ ရွာ လူကြီးသူမတွေ ဆွေးနွေးပါလိမ့်မယ်
    အဲဒါလေး
    လာပြောပါတယ်နော့
    :kwi:

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 25, 2013 at 4:40 pm

    ဘါလို့ခေါ်သဒုံး
    ဗုတ်ဆိုတာကြီးကိုပါ ပိုစ့်တစ်ပုဒ်ပုံစံနဲ့တင်ပြီးထားလိုက်ရင်
    ဘယ်ပို့ကိုဘါညာကွိကွဖြစ်လို့ကြိုက်ပါတယ်လို့ ကော်မန့်တွေရေးလို့ရရင်
    သဂျီးကောက်ရိုးပုံကြီးဒုတ်နဲ့ထိုးသလိုလည်းဖြစ်
    ကျုပ်လို
    ဆု ဆိုတာကြီးကိုရတဲ့အခါ ဘုန်းကြီးဝတ် လူထွက်ပြီးမိန်းမယူမည့်သူအတွက်တော့
    ဆုရအောင်ဘယ်လိုရေးရတယ်ဆိုတဲ့လမ်းစပေါ်သွားနိုင်တာပေါ့
    မမှန်မကန်ဖြစ်လာနိုင်တဲ့ကိစ္စတွက်ကတော့ ခင်ဗျားတို့နည်းနဲ့ခင်ဗျားတို့ကာကွယ်ထားကြ
    ကျုပ်ဖက်ကလည်း ကန်တော့ပွဲမှာ အုန်းငှက်ပျောဖရောင်းကြက်သွန်အမွှေးတိုင်တွေစီစဉ်ထားပီးဘီ
    မမှန်မကန်လုပ်တဲ့ကောင်တွေတော့ ဗိုက်ထဲလိပ်ဝင်ပီသါမှတ်
    ( သေခြာလုပ်ကြ နည်းပညာတွေသိပ်ကောင်းလွန်းရင် 2015 ရွေးကောက်ပွဲတွက် နိုင်ငံတော်က
    အကူညီတောင်းခံလာနိုင်တယ် အဲ့ခါကြမှ ဂေဇက်ဆိုတာ နံမယ်ကျီးလာမှာ )

    • Foreign Resident

      May 25, 2013 at 5:13 pm

      မိုက်ကယ်ဂျော်နီအောင်ပု says:
      ” ကျုပ်လို ဆု ဆိုတာကြီးကိုရတဲ့အခါ
      ဘုန်းကြီးဝတ် လူထွက်ပြီး မိန်းမယူမည့်သူအတွက်တော့ ”

      အင်းးးးး ၊ ကိုပု က ဆုရရင် မိန်းမယူမယ် ဆိုတော့လည်း ။
      အဘ က ကိုပုရဲ့ Post ကိုပဲ ကြိုတင်မဲ ပေးခဲ့ပါတယ်ကွယ် ။

      ဒါပေမယ့် ၊ ဆုရရင်တော့ တကယ် မိန်းမယူရမယ်နော် ။

  • surmi

    May 26, 2013 at 10:36 am

    ဗုတ်ချင် နေပါပြီဗျို ့ …
    ဘယ်တော ့ဗုတ်ရမှာလဲခင်ဗျ

    • Ma Ma

      May 26, 2013 at 3:59 pm

      ပထမဦးဆုံး မင်္ဂလာရှိတဲ့အသံပါပဲ။
      အဲဒီအသံမျိုး ကြားချင်နေတာ။
      အပေါ်မှာ ပြောကြဆိုကြတာတွေကြည့်ပြီး အဖြေတစ်ခုရပြီး ကြပြီထင်ပါတယ်။
      ဒီလ ဧပြီ+မေ အတွက် စပြီး ဗုတ်ကြရင်ကောင်းမယ်။
      အမှန်က စာမကြေပဲ လကုန်ခါနီးပြီမို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်သွားစေချင်တာ။
      :hee:

  • ဦးဦးပါလေရာ

    May 26, 2013 at 11:52 pm

    မမ ပြောတာကို ထောက်ခံပါကြောင်း…..
    ဧပြီ+မေ အတွက် စပြီးဗုတ်ဖို့ စီစဉ်ကြစေလိုပါကြောင်း…..

Leave a Reply