သစ္စာမဲ့သော ပုံရိပ်များအကြောင်း

ムラカミJune 1, 20131min16312

Royalty Free Photos

မူပိုင်ကိစ္စ ရေးကြပြောကြပြီးတော့ Royalty ဘက်သွားရအောင်ဗျာ..။
ဒီလိုပါ။ ပိုင်ရှင်ရှိတယ် ..သို့သော် သုံးခွင့်ရှိတယ် ဆိုတဲ့ အရာတွေအကြောင်း ဆိုပါတော့..။
မားးးခိုင် ပြောပြောနေတဲ့ Fair Use ရဲ့ အနွယ်ဝင် တွေထဲမှာမှ ဓါတ်ပုံပညာနဲ့ ပါတ်သတ်တဲ့ ကိစ္စရပ် ဆိုပါတော့။
:harr:
(အခြားအခြားသော ထုတ်ကုန်တွေ အနုပညာ ထွက်ကုန်တွေ ပစ္စည်းတွေမှာလည်း သူ့ဟာနဲ့သူ
ပေးသုံးတဲ့ ခေါင်းစဉ်တွေ Fair Use တွေရှိပါကြောင်း)

Royalty-free (RF)

ဖရီးပေးတယ် ဆိုတဲ့ နေရာမှာ စိတ်ကြိုက် လုပ်ချင်တိုင်းလုပ် လို့တော့ မဆိုလိုပြန်ဘူးဗျ…။
Case-by-Case ကွာခြားမှု လေးတွေရှိတယ်။
၁။ တချို့ ၁ကြိမ် သာငွေပေးခြေရတယ် (အရေအတွက်တခုထိ) ထပ်ဖန်တလဲ သုံးခွင့်ပြုတယ်
၂။ တချို့က ၁ကြိမ်ငွေပေးဝယ် ကြိုက်သလောက်သုံး (အချိန်ရော အကြိမ်ပါ ကန့်သတ်မထား)
၃။ တချို့ကြတော့လည်း လုံးဝ ကို အလကားပေးပစ်တယ် .. (သို့သော် သူ့အတွက်တော့ အကျိုးအမြတ်တစုံတရာရတယ်)

ကျနော် ဒီစာမှာ အလေးအနက်ထား ပြောချင်တာ နံပါတ်-၃ အကြောင်းပါ။
အွန်လိုင်းမှာ ရှာကြည့်ရင် ပုံတွေ အလကားပေးတဲ့နေရာတွေ ရှိရဲ့ဗျ။
ကျနော်တို့ စာတွေရေးကြတယ်။ စာအုပ်တွေထုတ်ကြတယ်။ ဝက်ဆိုက်တွေရေးတယ် ဘလော့တွေရေးတယ်။
ပုံတွေ လိုလာတယ် ဆိုပါတော့ ။ သတင်းဓါတ်ပုံ အစ အထောက်အကူဖြစ်အောင်အလှထည့်တဲ့ပုံတွေအဆုံးပေါ့ဗျာ။
(ဝက်ဘ်ဆိုက်တွေက အိုင်ကွန်လေးတွေ ဘတ်တန်လေးတွေအစ ဒီဇိုင်းလေးအောက်အလယ် ကုန်ကုန်ပြောရင် ဖောင့်တွေအဆုံးပေါ့)
ဒါတွေ ကို အားနေထိုင်ဖန်တီးနေတဲ့ ဒီဇိုင်နာတွေရှိသဗျ။ သူတို့ကိုက အထက်က အလကားပေးပါတယ်ဆိုတဲ့
နေရာတွေက ငှားရမ်းတယ် လခပေးတယ်။ ဖန်တီးသူကို ပိုက်ဆံပေးပြီး ယူဇာကို အလကားပေးတယ်ဆိုတော့
ဒါဆိုအလှူလုပ်နေတာလား မေးဖို့ရှိတယ်။ မဟုတ်ဘူး .. ။ပေးတော့ပေးတယ် ဒါပေမယ့်

အကန့်အသတ်နဲ့ ပေးတတ်တဲ့လက် (C/D ကိုညီထွဋ် -ဦးလှိုင် ကြာပွတ်များ)

ဟုတ်ပါတယ် ။ ပုံတွေကို
၁။ နည်းနည်း ပေးတယ် (ဥပမာ Icon set လိုဟာမျိုးဆိုရင် ၅ခု အထိ အလကားပေးမယ် စုစုပေါင်း အခု ၅ဝရှိတယ်)
ကြိုက်ရင်ဝယ် ။ (မန္တလေးက ထိုးမုန့်သည်တွေဆီက သင်သွားတဲ့ ဘစ်ဇနက်မော်ဒယ်)

၂။ သေးသေး ပေးတယ် (လက်ရှိ ကွန်ပူတာစကရင်မှာ ကြည့်ယုံလောက်တော့ ကြည့်ကောင်းဦးမယ် 480x600px)ဆိုပါစို့။ (ကုန်ကုန်ပြောရင် HD wallpapers တွေ လောက်ထိ ပေးပါသေးတယ်) တခုပဲ ..ဒါကြီး ဘေလ်ဘုတ်လုပ်မယ်ဆိုရင်တော့
ဝါးထွက်သွားမှာပေါ့ ..အဲ့သည့်လိုသုံးမယ်ဆိုရင်တော့ ဝယ်ပေါ့ … ဆိုတာမျိုးပါ။

၃။ ထောင်မြင်ရာစွန့် ပေးတယ်။ (သူတို့ကိုယ်သူတို့ ပြန်ပရိုမုတ်လုပ်သပေါ့ဗျာ.)
ဗယ်လင်တိုင်းဒေးတို့ဘာတို့ဆို ..အပြိုင်အဆိုင်တောင် ဖောဖောသီသီ လှူကြသေးသဗျာ ..အဟေးဟေးးး
ကျုပ်တို့လို ငချွတ်တွေ ဘလော့ဂါတွေ အပျော်တမ်းတွေ မီဒီယာအသေးစားတွေ အကုန် ပျော်ပျော်ကြီး သုံးနိုင်သပေါ့ဗျာ…။
စောင်ရေသိန်းသန်းချီတဲ့ အဆင့်ဆြာတွေဆိုရင်တော့ ဝယ်ပေါ့…။
(ပြည်တွင်းက ဂျိုင်းယန့်မီဒီယာကြီးတွေ ဝယ်သုံးကြတယ်ဗျ..)
ဈေးမများပါဘူး ဘာကြောင့်လဲဆို RF ရဲ့ သဘောတရားက ဓါတ်ပုံဆြာက လည်း မူပိုင်ခွင့်ကို သူကပဲ ကိုင်ထားပြီး
ကြိုက်သလောက်ထပ်ခါ နေရာမျိုးစုံကို ရောင်းနိုင်ပါတယ်။ပုံကို (Stock) က မပိုင်ပါဘူး သည်တော့ သူကတဆင့်ပြန်ရောင်းပေးနိုင်ဖို့
အတွက်သာ တင်ပေးတာပါ။ ဆိုတော့ ဈေးချိုပါတယ်။
ပြောင်မြောက်တဲ့ အနုပညာဖန်တီးမှု ဓါတ်ပုံလိုဟာမျိုး ။
သိပ်အကျိုးအမြတ်များမယ့် အကြီးစားစီးပွားရေးလုပ်ငန်းမှာသုံးတာမျိုး (ဒါမျိုးကတော့ ချွင်းချက်ဖြစ်ပါတယ်…)
ဒါမျိုးက မူပိုင်ခွင့်ပါ ဓါတ်ပုံဆြာဆီက ဝယ်ရတာမျိုးပါ။ လေကြောင်းလိုင်းတို့ ဟော်တယ် တို့မှာသုံးတဲ့ပုံတွေဟာ
ဒေါ်လှ ၁၀၀ဝ ကျော်တယ် ဆိုတာ အံ့ဩဖို့မရှိပါဘူး။

ဟုတ်ကဲ့ အေအက်ဖ်ပီ တို့လို ဂျက်တီအင်းမေ့ချ် တို့လို နေရာတွေက နာမည်ကြီးထိပ်တန်း သတင်းဓါတ်ပုံရောင်းကြသူတွေပေါ့..
အခြားဒီဇိုင်းပိုင်း တွေကတော့ istockphoto တို့လို နေရာတွေမှာ ရှာကြပါကုန်။

Rights-managed (RM)
အလကားရတဲ့ ဖရီးအကြောင်းပြောပြီးရင် Rights-managed (RM) ပါထည့်ပြောမှ သင့်ပါလိမ့်မယ်။
တကယ်လို့ပေါ့လေ ဝယ်သုံးမယ်ဆိုရင်ပေါ့ ..။
အောက်ကအချက်ကလေးတွေ စစ်ရပါတယ်။

ဘယ်မှာသုံးမှာလဲ (ကြော်ငြာလား၊ သတင်းလား၊ စလိုဂမ်စာသားမှာလား)
ဘယ် မီဒီယံမှာသုံးမှာလဲ (ဘီလ်ဘုတ်လား၊ တနှစ်စာ အစီရင်ခံစာမှာလား၊ သတင်းမှာလား)
ဘယ်လောက်ကြာကြာသုံးမှာလဲ (တလလား။ တနှစ်လား)
ဘယ်လောက် များများ ပုံနှိပ်မှာလဲ (စောင်ရေ ၁သောင်းလား ၁သန်းလား)
ဘယ်မှာသုံးမှာလဲ (အမေရိကမှာလား ပြည်တွင်းမှာလား)
ဘယ်အရွယ်လဲ (၁မျက်နှာလုံးလား မျက်နှာဝက်လား)
ဘယ်စီးပွားနယ်ပယ်မှာလဲ (ဘဏ်လား၊ လက်လီအရောင်းလား၊ ငွေကြေးရေးရာလား)
သီးသန့်ဖြစ်မှု (ဒါတော့နည်းနည်းရှင်းရခက်တယ်..နိုင်ငံအလိုက် တားမြစ်ကန့်သတ်ကုန်တချို့မှာ ပေးမသုံးတာမျိုးရှိတတ်-ဥပမာ အရက်)

အဲ့သည့် လားလားလားလားလားလားလားလား တွေ နဲ့ သတ်မှတ်ပြီး ဘယ်ရွေ့ဘယ်မျှ ဆိုပြီး သုံးရတာပါ။

Rights-free ပဲဖြစ်ဖြစ် Rights-managed ပဲဖြစ်ဖြစ် သတိပြုရမယ့် အချက်ကလေးတွေ ရှိပါတယ်။

အဲ့ဒါကတော့ ကိုယ်ဒေါင်းတဲ့ ဆိုက်ဒ် မှာ သွား ရှာဖတ်မှ ရမှာပါ။ ၁တိုက် နဲ့ ၁တိုက် မတူနိုင်ပါဘူး။
– တချို့ အရောင်ပြင်ခွင့်မပေးပါ။ တချို့ ဖြတ်ညှပ်သုံးခွင့်မပေးပါ။ တချို့ စာသားဖြည့်စွက်တာ မပေးပါ။
တချို့ကျတော့ ဘယ်ကဒေါင်းတယ် ဘယ်သူဖန်တီးတယ် ဆိုတဲ့ စာသားပါလာတတ်ပါတယ်။ အဲ့ဒါဖြုတ်ခွင့်မပေးတာပါ။
ငွေပေးဝယ်ထားတဲ့ ဗားရှင်းမှသာ အဲ့ဒါဖြုတ်ပေးပါတယ်(အဲ့ဒါ ခုနောက်ပိုင်း ခေတ်စားတဲ့ ဘစ်ဇနက်မော်ဒယ်)
Freemium Business Modelပါ (ဟိုအပ္ပလီလေးကောင်းတယ်ဟ ဒီအပ္ပလီလေး ကောင်းတယ်ဟနဲ့ သုံး
ပြီးတော့ in-app purchase တွေပါလာပြီး ဘာလိုချင်ဘယ်လောက်ပေးဝယ်ပါဆိုပြီး လုပ်ခံထိတာ ခနခန)
တချို့ကလည်း ကြိုက်သလို လုပ်ခွင့်ပေးသလို သူတို့ကတောင် အွန်လိုင်းမှာ လုပ်ချင်တာလုပ်လို့ရအောင်
ဝက်ဘ် အပ္ပလီကေးရှင်း တင်ထားပေးသေး.. အဟေးဟေးးး
ဗယ်လင်တိုင်းဒေးပိုစ့်စကတ် ဖိုတိုဖရိမ်လေးတွေမှာ ကိုယ့်ပုံထည့်ပြီး ဟိုပေါ်တင်ဒီပေါ်တင်လေ…
အဲ့ဒါမိုးလေးဒွေပေါ့ဗျာ…။

Free Loyalty Free ပုံတွေ က အများကြီးမှ အများကြီးမို့ … ကနေ့ပဲ စပြီး ရှာကြဖွေကြသုံးကြပါကုန် အရပ်ကတို့ ….။

 

12 comments

  • ဦးကြောင်ကြီး

    June 1, 2013 at 10:41 am

    အင်တာနက်မှာ တင်ပေးမှတော့ လုပ်ချင်တာ လုပ်မယ်ကွာ.. မကျေနပ်ရင် ငါ့စက်လာဟက်… အဟီး နောက်ထှာ… ဒဂယ်အလုပ်နဲ့…. :kwi:

  • ကို ငြိမ်းမောင်

    June 1, 2013 at 12:57 pm

    အဲလိုတွေမျိုးလည်း ရှိတယ်တဲ့လား ငါတို့တော့ အဲဒီလောက်မသိပါဘူးလေ။
    ပုံတွေ့လို ကြိုက်ရင် ဒေါင်းပလိုက်တာဘဲဗျာ။

  • lele kyi

    June 1, 2013 at 1:55 pm

    ကျမရဲ့ laptop ထဲမှာ ဂျပန်ပြည်ကဘုရားပုံတွေအများကြီးပဲ။ပိုင်ရှင်ကအလကားပေးထင်လို့ပါ။ ပြီးတောရေစာတွေနဲ့ Inz@ghi.။ 😉
    အခု ခွင့်တောင်းပါတယ်။ ခိုးယူသုံးစွဲခွင့်ပြုပါ။

    • ကြက်အူလှည့်

      June 1, 2013 at 2:34 pm

      ယူပါကွယ်. ပေးဖို့တင်ထားတဲ့ပုံတွေချည်းပါ.

      :harr:

  • lele kyi

    June 1, 2013 at 5:03 pm

    GSS မှာ ကင်မလာ တစ်လုံးဝယ်ပါမယ်။ စိုင်ပုံတွေရိုက်ပြီး အစားပြန်လျော်ပေးပါမယ်။ canon ဘယ်မိုဒယ်ကကောင်းလဲဟင်။ ပြောင်း အမျိုးအစားမရွေးသုံးလို့ရတဲ့ ဘော်ဒီဝယ်ချင်လို့ပါ။ ဂဇက်ကသင်တန်းအတွက်လက်တွေ့ဆင်းမလို့ပ့ါ။ အာဟိ..CD to you!

    • ကြက်အူလှည့်

      June 1, 2013 at 6:47 pm

      ဒီနေရာမှာ ငွေဘယ်လောက်သုံးမလဲ ဆိုတာနဲ့ crop frame or full frame ကိစ္စတွေပါလာပြီမို့. အတော်လေး ပြောရတာကျယ်မယ့်သဘောပါဗျာ.
      ဆောင်းပါးအဟောင်းတွေရှာဖတ်ရင်း. ပြည့်ဇုံပါဇီ ကွယ်.

      ခင်တဲ့.

      • Ma Ma

        June 2, 2013 at 12:34 pm

        ကင်မရာဝယ်ဖို့အတွက် လမ်းညွှန်ပိုစ့်လေးတစ်ပုဒ် ညွှန်းပေးလိုက်မယ်။
        (ပိုစ့်ပိုင်ရှင်က ကိုယ်တိုင်မညွှန်တော့လည်း…) :hee:
        http://myanmargazette.net/70989

  • padonmar

    June 1, 2013 at 9:58 pm

    ဒို့လည်းကြိုက်တဲ့ပုံဆို let me share ဆိုပြီး ယူပလိုက်တာပဲ။

  • lele kyi

    June 2, 2013 at 8:59 pm

    အန်တီမမ..ကျေးကျေးပါ။ ကျမက တွေ့တဲ့ကင်မလာကောက်ဝယ်မလို့စဉ်းစားနေတာ။များသောအားဖြင့် အပေါ်ယံဒီဇိုင်းလှလှလေးတွေရယ် အရောင်လှလှလေးတွေပဲဝယ်ဖြစ်တယ်။ ဟီး-ဒါက ပထမဦးဆုံးသော DSLR ကင်မလာ ဝယ်မှာ။ ဒါတောင် လှတဲ့ဒီဇိုင်း အွန်လိုင်းမှာ ရှာနေတာ။

    • ကြက်အူလှည့်

      June 3, 2013 at 7:00 am

      ပြန်မရတော့မယ့် အခိုက်အတန့်လေးတွေကို မှတ်တမ်းတင်ဖို့ရာမှာ …ကိုယ့်ဘက်ကတော့ သေချာနေဖို့ လိုသပေါ့ဗျာ…
      လုပ်ချင်ရာကို လုပ်ဖို့ရာက မသေခင်အချိန်ကလေးသာရှိသမို့ …ဒူးသာဒူးဗျို့ …
      (ကြပ်ပေးတာမဟုတ်)

      :harr:

  • KZ

    June 3, 2013 at 9:33 am

    အဲ လာ ဆို အွန်လိုင်း တင်ထားတဲ့ …
    သူဂလေး ရဲ့ ဓာတ်ပုံ လေးတွေ ဗီဒီယိုလေးတွေ ဒေါင်းယူလို့ ရလယ် ပေါ့နော်။
    ပေးဖို့ တင်ထားတဲ့ ပုံတွေလို့ မှတ်လိုက်ပြီး:::::::::::
    :mrgreen:

    • ကြက်အူလှည့်

      June 3, 2013 at 12:16 pm

      ပြောရမှာ တပုံယီး ကျန်သေးတယ် Model Release တို့ Adult Release တို့Rating တို့ အများယီးကျန်သေးရဲ့ဗျာ…
      ဒီဟာနဲ့ မငြိရင်တောင် ဟိုဟာဒွေနဲ့ ငြိလာနိုင်ပါဂျောင်းးးးးးး
      ကွိကွိ

      :harr:

Leave a Reply