လူဝကြီးနှင့် လူပိန်ကြီး

++++++++++++++++++++++++++++++++++++

 

တစ်နေ့သ၌ လွန်စွာမှ ဝဖိုင့်သော လူကြီးတစ်ဦးနှင့် လွန်စွာမှ ပိန်ညှောင်သော လူကြီးတစ်ဦးတို့သည် ကျဉ်းမြောင်းလှသော တစ်ယောက်သွား လမ်းကြပ်လေးအတွင်း ရင်ဆိုင် တိုးမိကြလေ၏။

ထိုအခါ လူဝကြီး မှ …..

“………..

ဟေ့ကောင် နံပိန်၊ ဘေးကို ကပ်စမ်း

……..”

– ဟူ၍ အမိန့်ဆန်ဆန် လေသံဖြင့် ဆိုလေရာ လွန်စွာမှ ပိန်ညှောင်သော လူပိန်ကြီးမှ ခပ်မာမာ လေသံဖြင့် ဤသို့ ခွန်းတုံ့ပြန်လေ၏။

“………..

ဟေ့ကောင် ဝက်ကြီး၊ မင်းသာ ထိုင်လိုက်စမ်း၊ ငါ မင်းအပေါ်က ကျော်ခွသွားမလို့

……..”

 

ထို့နောက်  ၎င်းတို့ နှစ်ယောက်သည် ဤသို့ အချေအတင် ပြောကြလေ၏။

 

“………..

လူဝကြီး “ဘာကွ၊ မင်း နံရိုးတွေ ကျိုးချင်ပြီ ထင်တယ်”

လူပိန်ကြီး “အောင်မာကွာ၊ မင်း ဝက်ကင် ဖြစ်သွားချင်လို့လား”

လူဝကြီး – ((ဟက်ဟက်ပက်ပက် တစ်ချက် ရယ်လိုက်ပြီး))

“အဟက် …၊ လူကြည့်တော့ဖြင့် ငါ့ တစ်ချက်ထိုးစာတောင် မရှိဘူး၊ လက်သီးနဲ့ ပြောတာနော် ကိုယ့်လူ … အဟက် .. ဟက်”

လူပိန်ကြီး – ((လွန်စွာ ဒေါပွသော မျက်နှာပေးဖြင့်))

“ဟေ့ကောင် ဝက်ကြီး၊ ဗလ တော့ မရှိဘူး၊ ဇ တော့ ရှိတယ်ကွ၊ နားလည်လား။ ခါးပတ်နက်တောင် ရထားတဲ့ ကောင်ကွ။ ဘာမှတ်နေလဲ”

……..”

 

ထိုအခါ လူဝကြီးမှာ လူပိန်ကြီးအား ရီကျဲကျဲ မျက်နှာပေးဖြင့် ခေါင်းမှစ၍ ခြေဖျားဆုံးထိ သေချာစွာ ကြည့်လိုက်ဟန် ပြုပြီးနောက် ….

“………..

မဟုတ်မှ လွဲရောပဲ၊ မင်း ရတဲ့ ခါးပတ်နက်ဆိုတာ မင်း မိန်းမ ထမီက အထက်ဆင် အနက်စကြီးပဲ ဖြစ်ရမယ် .. ဟီဟိ

……..”

– ဟူ၍ ခပ်ထေ့ထေ့ ပြောလိုက်လေရာ လူပိန်ကြီး၏ မျက်နှာမှာ ဒေါသကြောင့် လွန်စွာမှ နီးမြန်းသွားပြီးလျှင် …. ခါးကြားတွင် အသင့်ဆောင်ထားသော ဓါးကို ထုတ်ယူကာ လူဝကြီး၏ ဝမ်းဗိုက်ဆီသို့ ဦးတည်၍ အားကုန် ထိုးသွင်းလိုက်လေတော့၏။

 

ထို့နောက် ………..

ထို့နောက် ………………….

ထို့နောက် …………………………

မည်သို့ မည်ပုံ ဆက်ဖြစ်ကြသနည်း ဟူမူကား ??????

စာရှုသူ အသင်လူသားတို့၏ သဘောသာလျှင် ဖြစ်ချေတော့သည် တမုံ့ ……။

(( …. သို့တည်းမဟုတ် အခါအခွင့် သင့်သည့်အားလျော်စွာ တင်ဆက်ပေးသွားပါမည့် အကြောင်း …. ))

 

++++++++++++++++++++++++++++++++++++

– မဟာရာဇာ အံစာတုံး

++++++++++++++++++++++++++++++++++++

32 comments

  • KZ

    May 24, 2013 at 6:35 pm

    ဒါဆို နာတို့လည်း ခါးပတ်နက်ပဲပေါ့။
    :kwi:

  • ရွှေ ကြည်

    May 24, 2013 at 6:40 pm

    ငါ့မောင်အံစာခြောက်မျက်နှာ အစ်မက လူပိန်ကြီးဘက်ကလောင်းမယ် ကြေးဖွင့်လိုက်ဘာာာ :harr:
    ဘဝတူချင်းအားပေးရမယ် :mrgreen:

    • ဒါဆို ..
      လူပိန်ဂျီး ဓါးထိုးမှုနဲ့ ဖမ်းခံရမယ်ဆိုရင်ဂေါ ..
      လူပိန်ဂျီးဘက်မှ နေမားရားဟင်င်င် .. 🙄 :mrgreen:

  • Ko chogyi

    May 24, 2013 at 6:56 pm

    လူပိန်ထိုးလိုက်သော ဒါးမှာ လူဝကြီးဗိုက်ခေါက်ကိုထိပြီး
    စပလိန်ကဲ့သို့ ပြန်ကန်ထွက်သွားပါဂျောင်း။

    • အရှင်ဂျီး ..
      ထင်ဂျင်ဒလိုဒါ ထင်နိုင်ဘာဂျောင်း …
      ပြန်ကန်ထွက်လာဒယ်ဆိုဒေါ့လည်း
      ကန်ထွက်လာဒယ်ပေါ့ …

  • padonmar

    May 24, 2013 at 9:40 pm

    ဟေ့ ပိန်တဲ့ဘက်ကပဲနေမယ်။ဒါပဲ။
    ဗလ အားကိုးတဲ့သူတွေ အလိုမရှိ။

    • တီတီ ..
      အိုက်ဒါ ဘူ့ကို စိန်ခေါ်ဒါဒုံး
      တားတား သိနေဒနော် … ငွင်းး ငွင်းး

      ကိုင်းး ဗလ အားကိုးဒဲ့ လူဒွေ ..
      ဒီဂမှာ ငှက်ကထဂျီးက စိန်ခေါ်နေဘာဒယ်ဂျို့ … :mrgreen:

  • ဦးဦးပါလေရာ

    May 24, 2013 at 11:11 pm

    အဲဒါ နေပါဦး….
    မောင်ရင်က အစပျိုးတန်းလန်းတွေချည်းရေးနေတော့မှာလား….
    ကြည့်ရတာ ခေတ်ဟောင်းရုပ်ရှင်ရုံတွေ ရုပ်ရှင်မပြခင် နမူနာကြော်ငြာကားတိုတွေချည်းလှိမ့်ပြသလိုလုပ်နေတယ်ထင်တယ်…။
    ဟင်းနော်…….
    မောင်ရင့် တပိုင်းတန်းလန်းတွေ မောင်ရင်ဆက်မရေးရင် ကျုပ်ဆက်ရေးပစ်လိုက်ရမလား….

    :harr:

    • ဥဥပါ ဂလည်းဂျာ … ဟီးး
      တားဂ အိုက်ဒလို ဘောမျိုး မီဟုတ်ဘာဝူးးလို့ ..
      လောလောဆယ် …
      စာကလေးတွေ တို့ထားဒါညိုးဘာ …
      ပီးမှ အတည် အတည် ရေးမှာ .. ဟီးးး :mrgreen:

  • uncle gyi

    May 24, 2013 at 11:43 pm

    တစ်နေ့သ၌
    စာရေးခြင်းအတတ်ပညာ၌လူအများစိတ်ဝင်စားအောင်
    ရေးနိုင်သောမဟာရာဇာ အံစာတုံးအမည်ရှိ
    စာရေးဆရာတဦးသည်
    တစ်နေ့သ၌ ဟုအစပြု၍ လူအများစိတ်ဝင်စာအောင်ဇာတ်လမ်းဆင်၍
    စာရေးခြင်းအမှုကိုပြုလေတော့သတည်း
    လူအများစိတ်ဝင်စားချိန်ရောက်သောအချိန်တွင်
    ိုကိုရီးယားဇာတ်လမ်းတွဲများကဲ့သို့
    စာရေးခြင်းအမှုရပ်လိုက်လေတော့သတည်း

    • တစ်နေ့သ၌ အန်ကယ်ဂျီးသည်
      ကျွန်ုပ်၏ ပို့စ်၌ ဤသို့ လာရောက်၍ မန့်ခဲ့လေ၏။
      ဤသို့သော အကြောင်ကြောင့် …
      ……..
      ………….

  • မင်းမင်း

    May 25, 2013 at 9:28 am

    ဟာသလိုလို။ရီစရာလိုလို။အတည်ပေါက်နဲ့။ဟွန်း!
    မနက်ဖြန်ဆက်ရေး ဟီးးးးး

    • @ဥကြီးမိုက် ..

      တား လူဇိုးဆို ..
      ခီညားလည်း လူဇိုးဂျီး ဖစ်မှာပေါ့ ..

      ++++++++++

      @မင်းမင်း

      ဟုတ် .. ဆက်ရေးဘာ့မယ် ..
      ဒါမယ့် .. အဟီးးး
      မကြာမီ လာမီပေါ့ခညာ …

      အားပေးသွားဂျဒါ ကျေးကျေးဘာ …

  • စနေ

    May 25, 2013 at 10:43 am

    နာလည်း ခါးပတ်နက်ဘက်ကပဲ …..
    ကို်ရင် …… အီးအီးပါပြီးရင်လဲ ဒီလို တန်းလန်းဘဲ
    ထားတာလားဟင် ……. :mrgreen:

    • အွန် …
      လူဂျားဂျီးထဲဂျာ ..
      အီးအီးဂျောင်း လာပေါနေဒလယ်
      ချက်ချရာဂျီး .. ဟီး .. :mrgreen:
      လဂါးစဒါဘာ …
      အီးအီးပါရင်ဒေါ့ အပြီးသတ် ပါဘာဒယ်ရို့ ..

  • Mr. MarGa

    May 25, 2013 at 11:17 am

    နှစ်ယောက်လုံး သူ့လမ်းသူ ဆက်သွားတယ်
    သိကြားမင်း ဆင်းလာပြီး အဲဒီလမ်းကို ချဲ့ပေးလိုက်လို့
    :kwi:

    • အိမ်းးး
      ဇာတ်ကို ဆက်ရန်မှာ ..
      သင်ဒို့ စာရှုဒူညား၏ စိတ်ကူးစေရာသာ ဖြစ်ချေတော့သည် တမုံ့ ….
      ဤသို့ဆိုလည်း ကောင်းအိ ..
      သို့ဂရာတွင် ….
      ကျီနုတ်အိ ဝတ္ထုသည် ဘုရားဟော ဇာတ်တော် မဟုတ် …
      သို့ဂလိုဂျောင့် ..
      သိကြားမင်း ဆင်းရန် မလိုဟု ပေါလိုဘာအိ .. ကွိကွိ …

      • Mr. MarGa

        May 25, 2013 at 12:16 pm

        လျှာရှည်ဒယ်
        ိ်ဆင်းတော့ ဘာဖြစ်လဲ
        စာရှုသူ သိမ်းချင်သလို သိမ်းလို့ ပြောထားပြီးတော့

        • ဟေ့ရောင် .. သဂျား ..
          နင် ဘာပေါပေါ ..
          ဆင်းစရာ မလိုဝူးဆို မလိုဝူးဘဲ …
          ကျားလား .. ဆင်လား တွ .. ဟီဟိ ..

  • မောင် ပေ

    May 25, 2013 at 12:33 pm

    လူဝကြီး
    အူမမြည်း
    ဆူထခွီး
    လူပိန်ကြီး
    အံစာတုုံး
    ခံနာပြုံး
    ဖန်ရှာလုံး

    • ဟက်လူ ..
      ဟက်လူ …. ပေဂျီးးး
      လူပိန်ကြီး နဲ့ အံစာတုံး နဲ့
      ဘာဆိုင်လို့ဒုန်း … ကာရံလည်း မလိုက်ဘဲနဲ့ …

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 25, 2013 at 1:12 pm

    ဟေ့ !!!!!!!!!!!!!!! Stop
    အောင်မြင်ခန့်ငြားတည်ကြည်ခန့်ထည်ဩဇာပါဝါအာဏာအပြည့်ပါဝင်နေသော ဖရီကွမ်စီအသံလှိုင်း
    တစ်ခုသည် ခါးဂျား၏အောက်ဖက်မှ ဆွဲထုတ်လိုက်သည့် ဓါးမြောင်ကိုကိုင်ကာ
    ဝက်ပေါ်သမားစတိုင်လ်ဖြင့်ဟန်ပြင်ကာ လူဝကြီး၏ ဝမ်းဗိုက်ဆီသို့ ဓါးဖြင့်ထိုးသွင်းမည့်
    ပိန်ညောင်ညောင် မုန့်ကြိုးလိင်ပုံစံနှင့်လူကို လှမ်း၍ ပြောလိုက်ခြင်းဖြစ်ပေရာ အဆိုပါ
    ပိန်ညောင်ညောင် မုန့်ကြိုးလိင်ပုံစံနှင့် ဝက်ပေါ်သမားစတိုင်ဖမ်းနေသောလူသည်
    အနောက်ဖက်ကိုလှည့်ကြည့်လိုက်သောအခါ
    လွန်စွာမှ တည်ကြည်ခန့်ငြားချောမောတောင့်တောင့်ဖြောင့်တောင့်တောင့်တင်းတင်း ရှိလှသည့်
    လူတစ်ယောက်ကိုတွေ့လိုက်သောအခါ
    မင်းကဘါကောင်ဒုံးကွ
    ဟု ဗလနှင့်မတန်စွာ အလွန်မင် ဖင်ဂေါင်းကျယ်သောလေသံဖြင့်ပြန်အော်မေးလိုက်ရာ
    ထို
    လွန်စွာမှ တည်ကြည်ခန့်ငြားချောမောတောင့်ဖြောင့်တောင့်တောင့်တင်းတင်း ရှိလှသည့်လူသည်
    အောက်ပါအတိုင်းပြောလိုက်လေသည်။
    အဆိုပါ
    ( လွန်စွာမှ တည်ကြည်ခန့်ငြားချောမောတောင့်ဖြောင့်တောင့်တောင့်တင်းတင်း ရှိလှသည့်လူပြောလိုက်သော
    ဘာသာဇဂါးမှာ အလွန်အဆင့်မြင့်သော ရှေးခေတ် အင်္ဂလိပ်စကားတစ်မျိုးဖြစ်နေသည့်အတွက်
    စာရှု့သူတို့ နားလည်စေရန်အလို့ငှာ မြန်မာစာဖြင့်ပင် အတိကျဖေါ်ပြလိုက်ရပေတော့သည်။ )

    ကျုပ်နာမည် မိုက်ကယ်ဂျော်နီအောင်ပု လို့ခေါ်တယ်
    ကျုပ်က ဓါးသွေးတယ် ခင်ဗျားဓါးက ထက်ပုံမရဘူး
    ဓါးသွေးဦးမလား ဓါးသွေးဦးမလား
    တစ်လက် တစ်ရာ နှစ်လက် တစ်ရာ့ငါးဆယ် သုံးလက် နှစ်ရာ
    ………………….
    ……………………..
    ………………………….
    သူတို့ဘာဆက်ဖြစ်သလဲ သများလည်းသိတော့ဘူး

    • ဟားဟားဟား …
      ဆြာအောင်ပု ရေးတာ ဖတ်လိုက်ရတော့ …
      ရေလည် ရီလိုက်ရတာဗျာ …
      တကယ်ပဲ .. ရေးလည်း ရေးတတ်တဲ့ လူကြီး …
      ဓါးသွေးသည်နဲ့ လာတိုးနေရတယ်လို့ …
      ကြံကြံဖန်ဖန်ဗျာ …

      ခုလို ကြွရောက် အားပေးသွားတာ ကျေးဇူးကြီးဒေါ်မူဘာဘေဒယ် ဆြာပု ခီညား ..
      နောက်ညားလည်း လာပီး အားပေးဒေါ်မူဘာအုံးရို့ …

      • TNA

        May 26, 2013 at 2:42 pm

        အောင်မယ်လေးဟယ်။ ဘွပုနဲ့တွေ့မှပဲ ခြောက်ညက်နှာ ပိုစ့် ပြတ်သွားတော့တယ်။ ဆက်ရန်ကိုမရှိဘူး။ ဇီးကွက်စီးဘွားရေးဆိုဒါ ဒါညှိးကျောဒါဖစ်မယ်။ ဘွပုဒို့ခရိုနီဒွေများ။ ဆေးစက်ကျ ရာဈေးကွက်ထွင်တတ်ချက်။

  • လင်းဇော် ထက်

    May 25, 2013 at 2:38 pm

    “ကဒ်.”……….“အိုကေတယ်ဗျာ ကိုဗေရော ဦးမိုးဒီ ရော” “ကဲ ကဲ” မင်သား ကိုလင်းဇော်ထက် အသင့်ဖြစ်ရင်ရိုက်မယ်။“ရာဇာအန်ဆာ မီးသေချာထိုး”
    :kwi: :kwi:

  • surmi

    May 26, 2013 at 10:45 am

    အေးပေါ့ကွာ ….
    တူသောအကျိုးပေးတယ်ဆိုတာ
    ဒါကြောင့် ….. တန်းလန်းကြီးဖြစ်နေတာပေါ့
    :kwi:
    မင်္ဂလာရှိရင် မင်္ဂလာဖြစ်တယ်တဲ ့
    ကြိုက်သလိုသာအဓိပ္ပါယ်ဖေါ်ပေတော ့ ….

Leave a Reply