၂၀၁၀ဖေဖော်ဝါရီ၂၀က အမေရိကန်ပြည်ထောင်စု၊ဂျော်ဂျီယာပြည်နယ်၊ကလက်စတွန်ကျမ်းစာသင်ကျောင်းတွင်  ၆၂ကြိမ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။

ချင်းအမျိုးသားနေ့ပွဲတော်သို့ ချင်းလူမျိုးစု၈စုမှခေါင်းဆောင်များ၊ တိုင်းရင်းသားဧည့်သည်တော်များ၊အမေရိကန်လူမှုကူညီရေးအဖွဲ့များ၊ အမေရိကန်ဘာသာရေးအဖွဲ့များတက်ရောက်ခဲ့ကြသည်။အခမ်းအနားတွင် ချင်းလူမျိုးစုတို့အလိုက် အ၀တ်အထည်များ ၊အသုံးအဆောင်ပစည်းများကို ရိုးရာမပျက်ပြသခဲ့ကြပြီး ရိုးရာအကများ၊ဖက်ရှင်ရှိုးများ၊ တေးဂီတဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ တင်ဆက်နိုင်ခဲ့သည်။ထို့အပြင် “မြန်မာပြည်သားချင်းအမျိုးသား”ဘောလုံးပြိုင်ပွဲတွင် အနိုင်ရရှိသော ကရင်၊ကယား၊ချင်းအဖွဲ့တို့ကို ဆုများချီးမြှင့်ပါသည်။

အခမ်းအနားကို ညနေ၆နာရီတွင်စတင်ပြီး  ည၁၁နာရီတွင် ပြီးဆုံးအောင်မြင်ခဲ့ပါသည်။

ပေးပို့သူ-နေဘုန်းလျှံ

kai

About kai

Kai has written 936 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.