နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၆)

သူကေလးMay 24, 20131min1967

နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၅)

———

 

လောကကြီးတစ်ခုလုံးမှာ ကိုယ်တစ်ယောက်တည်းရှိနေပါလားဆိုတဲ့အသိက ကိုယ့်အသည်းနှလုံးကို ဓားနဲ့လာမွှန်းတာထက်နာကျင်ရသည်။

စိတ်တွေညစ်နေပေမယ့်လည်း အရင်လို ချက်တင်ဝင်ဖို့စိတ်မပါတော့ … လင်းလက်နဲ့တွေ့ချင်ပေမယ့်လည်း ထက်မြက်ရောက်နေတာမို့ အနှောင့်အယှက်မပေးချင်တာမို့

မတွေ့ဖြစ်။ အိမ်ထဲချည်းအောင်းနေတာမို့ ဒေါ်လေးကတောင် အဆင်ပြေရဲ့လားသမီး ဟု မေးတာခံခဲ့ရသည်။ ဒေါ်လေးရှေ့မှာတော့ ဘာမှမဖြစ်သလို ရယ်မောနေပြခဲ့ရပါသည်။

ကံကောင်းချင်တော့ ဒေါ်လေးသူငယ်ချင်းတစ်ယောက်က အလုပ်မှာ တရုတ်စာကျွမ်းတဲ့ Guest Relation Officer သဘောမျိုးလူလိုတယ်ဆိုတာနှင့်

အလုပ်ဝင်လျှောက်ဖြစ်ခဲ့သည်။ အန်တီမေသက်မှာ ဒေါ်လေးနှင့် ရင်းနှီးတာတစ်ကြောင်း၊ ကျွန်မကိုယ်တိုင်ကလည်း အင်္ဂလိပ်စကားရော တရုတ်စကားပါ ကျွမ်းကျင်တာက တစ်ကြောင်း

ကျွန်မအလုပ်လျှောက်ပြီး တစ်ပတ်အတွင်းမှာပင် အလုပ်ခန့်ခဲ့ပါသည်။ ကျွန်မလည်း စိတ်လေနေတဲ့အချိန်ဆိုတော့ အလုပ်ရတာကို အရမ်းဝမ်းသာခဲ့သည်။

ဖြုန်းခဲ့သမျှ အချိန်တွေကို နှမြောလှတာမို့ အလုပ်ထဲမှာအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့သည်။ အင်တာနက်လည်း သိပ်မသုံးဖြစ်တော့။

ကိုကိုကျွန်မအပေါ် ခုလို တန်ဖိုးမထားတာ ကျွန်မမှာအရည်အချင်းမရှိလို့များလားလို့ဆိုတဲ့စိတ်နဲ့ အလုပ်ကိုပဲဖိလုပ်ပစ်ခဲ့သည်။ ကျွန်မ မျှော်လင့်ထားမိတာ

ဗိုလ့်ဆီက ချော့တဲ့စကားဆိုပေမယ့် တစ်ပတ်လောက်အကြာမှာတော့ ထင်မထားစွာ ကိုကိုဖုန်းဆက်လာခဲ့သည်။ သူူ မလေးရှားကို အလုပ်ကိစ္စနှင့် ခရီးသွားနေသည့်အကြောင်း၊

ဗိုလ်ရှင်းပြတာမို့ ကျွန်မတို့သူငယ်ချင်းလိုပဲခင်တာပါဆိုတဲ့အကြောင်းတွေ၊ သူကြားပြီးပြီ ဟု ဆိုလာသည်။ ကျွန်မဆီ အီးမေးလ်ပို့ပေမယ့် ကျွန်မ reply မလုပ်လို့

ဖုန်းဆက်ရသည့်အကြောင်းတွေပြောသည်။ အွန်လိုင်းမှာအရင်လိုပဲတွေ့ကြမယ်ဟုပြောကာ ဖုန်းချသွားလေသည်။ ကိုကို့အသံကို ကြားတဲ့အခိုက် ပျော်ရွှင်သွားမိတာမှန်ပေမယ့်

စိတ်တွေကအရင်လိုမလန်းဆန်းပေ။ ကိုကို ကျွန်မအပေါ်ချစ်တဲ့စိတ်မရှိဟု ထင်နေတာလည်းပါမည်ထင်။ အလုပ်ပိတ်တဲ့တနင်္ဂနွေနေ့မှာတော့ ကျွန်မ အီးမေးလ်ရော facebook ကိုပါ

ပြန်သုံးဖြစ်သည်။ ထိုစဉ် ကျွန်မဆီကို ဗိုလ်ပို့ထားတဲ့ သီချင်းတစ်ပုဒ်ကို တွေ့ခဲ့ရပါသည်။ congratulation တဲ့။ ထိန်ဝင်းဆိုထားသော သီချင်းတစ်ပုဒ် ။။။

“ ပြန်တွေးတိုင်း မယုံကြည်နိုင်အောင် အလိုလိုသာ ငါလဲပြို အဆင်ပြေပါစေအကြိမ်ကြိမ်အခါခါဆုတောင်းလို့ ခံနိုင်ရည်တွေအရည်ပျော်ကာလေ ငိုနေမှာစိုး …

ဂုဏ်ယူပါတယ် နင်ပျော်ပါစေ ဒီတစ်သက်လုံး ငါပြန်နေချင်တယ် ဟိုအရင်ချိန်လို နင့်အနားမှာ … ”

သီချင်းလေးကို နားထောင်ရင်း ကျွန်မမျက်ရည်ကျမိသည်။ တကယ်ပဲ နင်ငါ့အနားမှာ ပြန်နေချင်ရဲ့လားဗိုလ် … ငါတို့တကယ်ပဲအရင်းနှီးဆုံး လူသားနှစ်ယောက်အဖြစ်ပြန်ရှိနိုင်မှာလား ။။။

ငါမတွေးတတ်ဘူး ဗိုလ်။ နင့်စိတ်ထဲမှာဘာတွေရှိနေမလဲဆိုတာ ငါတကယ်ပဲမသိတာပါ။ ကျွန်မ မျက်ရည်တွေအခါခါကျနေမိရင်း ကွန်ပျူတာဖန်သားပြင်ကို စိုက်ကြည့်နေမိသည်။

အဲဒီအချိန်မှာပဲ ဗိုလ်က ကျွန်မကို offline chat ပို့လာခဲ့သည်။

“ဟန်နီ ရှိနေလားဟင်” တဲ့ .. ကျွန်မ မျက်လုံးကို ကျွန်မမယုံနိုင်။ ဗိုလ်က ဂျီတော့ကဝင်နေတာမဟုတ်ပ gmail ကနေ invisible လုပ်ပြီး offline chat နဲ့သုံးနေပုံရတယ်။

ကျွန်မလည်း ခပ်မြန်မြန် reply လုပ်လိုက်မိတယ်။

“အင်း”

“ဟန်နီ ဗိုလ့်ကိုစိတ်ဆိုးနေတုန်းလား ဗိုလ်သီချင်းပို့ထားပေးတယ်”

“ဟန်နီအခုပဲ နားထောင်နေတာ”

“အဆင်ပြေရဲ့လား ဟန်နီ”

“ပြေပါတယ် ဗိုလ်”

“ကိုကြီးကိုလည်း ဗိုလ်ရှင်းပြပေးထားတယ် ဗိုလ်နဲ့ဟန်နီ့ကိုတစ်မျိုးမထင်ဖို့”

“အင်း ဟန်နီ့ကို ကိုကိုဖုန်းဆက်တယ် မနေ့ညက”

“ဟန်နီ့အကြံ အောင်မြင်တယ်သိလား ကိုကြီး တော်တော်တုန်လှုပ်သွားပုံရတယ် ဟန်နီ့ကိုချစ်နေပြီထင်တယ်”

“ဟန်နီတော့မထင်ပါဘူး ဟန်နီ့ကိုအထင်လွဲပြီး ခနဲ့တဲ့တဲ့ စကားတွေပြောတယ် ဟန်နီလည်း စိတ်ဆိုးပြီး မခေါ်ပဲနေပစ်လိုက်တာ

နှစ်ပတ်လောက်ကြာတယ်”

“ကောင်မလေးရယ် ညည်းယောကျာ်းတွေအကြောင်းမသိသေးပါဘူး သူပေါက်ကွဲတယ်ဆိုတည်းက ဟန်နီ့အပေါ်မရိုးသားတဲ့စိတ်ရှိလို့ပေါ့

သူရိုးသားရင် ဗိုလ်နဲ့ဟန်နီကြိုက်တယ်ဆို အားတောင်ပေးနေအုံးမှာလေ ပိန်းပါ့ကွာ ဒါနဲ့များ အချစ်ဆရာမကြီးတဲ့”

“အောင်မယ် သူကပဲပြောရသေးတယ် ကျုပ်ဟာကျုပ်ဘာဖြစ်ဖြစ် ရှင်နဲ့မဆိုင်ပါဘူး”

“တကယ်မဆိုင်ဘူးလား ဟန်နီ”

“ဟုတ်တယ်မဆိုင်ဘူး ပစ်ထားတုန်းကတော့ ပစ်ထားပီးတော့ အခုမှ ဘာမှလာပြောမနေနဲ့”

“ပစ်ချင်လို့မှမဟုတ်ပဲကွ ခင်ဗျားလေးပဲ စိတ်ဆိုးသွားပြီးတော့ ဗိုလ်ကအဲတုန်းက ဟန်နီ့ကိုချော့ရင်မရဘူးဆိုတာသိလို့ မချော့သေးဘဲ ငြိမ်နေတာ”

“ဒါဆို ခု ဘာလို့လာချော့နေသေးလဲ မခေါ်နဲ့ပေါ့”

“မနေနိုင်လို့ပေါ့ဟ အရူးမလေးရဲ့ ညည်းနဲ့စကားမပြောရတော့ ရင်ထဲမှာအရမ်းဟာနေတာ ဘယ်သွားသွား ဘာလုပ်လုပ် စိတ်ကိုမပါဘူး

မေမေကတော့ ငါ့သား အခုတလော အရမ်းငြိမ်နေတယ် အသည်းထပ်ကွဲတာလားတဲ့ ရယ်ရတယ်”

“ဟွန်း အပိုတွေ မပြောနဲ့ နားငြီးတယ် မျက်စိနောက်တယ် အိပ်တော့မယ်”

“နေပါအုံး ဟန်နီရယ် ပြောပါအုံး တကယ်ပဲ ဗိုလ်နဲ့မခေါ်ပဲ နေနိုင်ပြီပေါ့ ဟုတ်လား ဗိုလ့်ကိုမလိုအပ်တော့ဘူးလား”

ဗိုလ်ကမဲ့နေတဲ့အရုပ်ကလေးတွေ တန်းစီရိုက်ကာ တကယ်ပဲ ငိုနေသလိုလိုပြောလာတော့ ကျွန်မလည်း တင်းမခံနိုင်ပါ။

“မလိုအပ်ဘူးလို့ ဘယ်သူပြောလဲ ဗိုလ်ကမချော့ဘဲ ပစ်ထားတော့ ဟန်နီနေ့တိုင်းငိုနေရတာသိရဲ့လား” ဟု ပြန်ပြောမိတော့သည်။

ဗိုလ်က “သိပါတယ်ဟန်နီရယ် နောက်ဆို ဗိုလ်တို့ရန်မဖြစ်တော့ဘူးနော်” ဟု စာကြောင်းလေးတစ်ကြောင်းရိုက်လာခဲ့သည်။

နောက်တော့ ဟန်နီအလုပ်လုပ်နေပြီဆိုတဲ့အကြောင်း၊ ကိုကိုနဲ့ပက်သက်ပီးတော့ ဘယ်လိုခံစားကြောင်း၊ ဗိုလ့်ရည်းစားတွေအကြောင်း …

ပြောလို့ကိုမကုန်နိုင်တော့… ဗိုလ်ကမနက်အစောကြီး လာခေါ်မည်ဟုပြောသော်လည်း ရုံးသွားရမှာမို့ ညနေကျမှပဲတွေ့မယ် ဟုပြောလိုက်ရသည်။

မနက် ၁ နာရီခွဲလောက်ထိ အွန်လိုင်းမှာ စကားတွေပြောဖြစ်ပီးမှ နှုတ်ဆက်ကာ အိပ်ရာဝင်ဖို့ ပြင်ဆင်ရတော့သည်။ မနက်အစောကြီးထရအုံးမည်လေ။

အိပ်ရာထဲမှာ အိပ်မပျော်သေးခင် ဖုန်းမှ “တီတီ” ဟုမြည်လာတာမို့ ယူကြည့်လိုက်တော ့ဗိုလ့်ဆီက မက်ဆေ့ချ်။

“ဟန်နီ ဗိုလ်အရမ်းပျော်တယ်သိလား ဒီညလေးကိုဗိုလ်မမေ့တော့ဘူး …မွက်” တဲ့။

ဘာသဘောလဲ ဗိုလ်။ ကျုပ်ကရှင့်ချစ်သူလည်းမဟုတ်ပဲနဲ့လေ။ … ဟန်နီ့စိတ်တွေတည်ငြိမ်ပါရစေတော့ ဗိုလ်။ ဟန်နီတို့ကအမြဲတမ်းသူငယ်ချင်းတွေပဲကောင်းပါတယ်။

—————————–

7 comments

  • Myo Thant

    May 25, 2013 at 9:19 am

    အမယ်လေးလေး
    စည်ပင် လမ်းခင်းနေသလိုပဲ
    ပြီးသေးဘူးပဲကွယ် 🙂

    • သူကလေး

      May 27, 2013 at 12:35 pm

      ပြီးသေးဘူး အူးအူးမျိုးသန့်ရယ်
      အရှည်ကြီးမှ ရေးခဲ့မိတဲ့ သမီးမိုက်ကိုခွင့်လွှတ်ပါတော့

  • ဇာတ်ရှိန်မြှင့်လာလေ …
    ဟီးး … နားမလည်နိုင်လေဘဲ ခီည ..
    တားဒို့ အိုက်ထိ လိုက်မီဒေါ့ဝူးးးရယ် … :mrgreen:

  • စနေ

    May 25, 2013 at 10:37 am

    နောက်ထပ် ဘယ်နှစ်ပိုင်းလောက် ကျန်သေးလဲဟင် …….. :mrgreen:

  • Mr. MarGa

    May 25, 2013 at 11:13 am

    အင်း အင်း
    လမ်းကြောင်းကတော့ ပေါ်လာပြီ
    လမ်းကြောင်းရွေးတာကတော့
    နောက်တစ်ပိုင်းပေါ့ နော့ :mrgreen:

  • မောင် ပေ

    May 25, 2013 at 12:30 pm

    လစ်ဗင်းတူဂဲသား ဆီ ကို ဦးတည်နေတာများလားရယ်လို ့ကွယ်
    စိတ်မောရပါဘိသနဲ ့

Leave a Reply