သစ်ပင်တစ်ပင်၏ကျဆုံးခန်း…Kathit Tree..

Normal
0

false
false
false

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

သစ်တစ်ပင်၏ကျဆုံးခန်း

ပြောရအုန်းမယ်ဗျို့…..ဒီလိုဗျ

ကျုပ်အိမ်နောက်မှာ ကသစ်ပင်ကြီးတစ်ပင် ရှိပါတယ်

ပင်စည်လုံးပါတ်က လူနှစ်ဖက်လောက်ရှိရဲ့…ခက်မ ခက်ဖြာတွေဝေဆာလို့

ထယ်ထယ်ဝါဝါကြီးပေါ့…ဒါပေမဲ့ခက်တာက အပင်ကြီးက ဖြောင့်ဖြောင့်မတ်မတ်မနေပဲ

ကျုပ်အိမ်ဖက် စေါင်းနွဲ့လို့ ခေါင်းလှည့်လို့ နေသဗျ..

တစ်နေ့ တစ်နေ့ မလည်း လှဲလိုက်ရတဲ့အမှိုက်

လှည်းနဲ့တိုက်ရမတတ်ပဲ…

ဘာတစ်ခုမှလဲအကျိုးမပြု

ခိုးလိုးခုလုနဲ့ပေါ့ဗျာ….

ကျုပ်မှာတော့ ဖုန်းရွှေအလိုအရ

ပြုံးနေလို့မရ…ဒီအပင်ကြီး ကြည့်လို့မရနဲ့

ရဝတ သွားပြောတော့လည်း

သစ်တစ်ပင်ခုတ်အချုပ်သုံးလဆိုပဲ

သုံးလမကလို့ သုံးဘဝဖြစ်ပစေ

လုံးဝ အညစ်မပြေတဲ့ကျုပ်

ယစ်ရွှေရည်ကိုအဖေါ်လုပ်…ကလော်တုတ်ရုံသာတတ်နိုင်ခဲ့သပေါ့…

သဘာဝတရားကြီးက လူတွေအပေါ်လိုပဲ မျှမျှတတ

သစ်ပင်လည်းမျက်နှာသာမပေး

အမြစ်ကိုလည်းခြစာကြွေး

ကသစ်ပင်လည်း ဘဝပါပေးလို့

မနှစ်က လသာသာညကလေးမှာ

တစ်ဘဝစာ အမျှပေးလို့ သေရှာပါလေရောလားဗျာ…

ကျုပ်ခမျာမှာ ဝမ်းနည်းလိုက်တာမပြောပါနဲ့တော့

ကသစ်ပင်ကိုချစ်လို့မဟုတ် .. အနှစ်ချုပ်တော့

ကျုပ်အိမ်ကိုအလစ်အငိုက်

အချိန်မရွေး ဒုက္ခပေးနိုင်တာ မဟုတ်ပါလားဗျာ..

မနေ့တစ်နေ့ကတော့..နာမည်လေးသတင်းမွှေးတဲ့

ကမာ္ဘရန်သူ…မဟာဆန်သူဆိုတဲ့

သဘာဝရန်သူတစ်ယောက်ဟာ

ကောက်ကာငင်ကာနဲ့

ရောက်လာပြန်ပါရဲ့..အရပ်ကတို့

အနောက်မြောက်ကိုလမ်းကြောင်းစောင်းလို့

လမ်းကောင်းကောင်းလျှောက်ရမလားမှတ်တယ်

စောင်းငန်းစောင်းငန်းနဲ့…သူ့ချစ်သူကိုရွှေမိုးကို

အညှိုးနဲ့ စေလွှတ်ပြန်သတဲ့…

ကိုရွှေမိုးရဲ့ သွန်းဖြိုးတဲ့မိုးစက်တွေအောက်မှာ

အမြစ်မရှိတဲ့ ကသစ်ပင်ရဲ့ ဝိညဉ် မဲ့ခန္ဒာ

တွန်းလှန်ရန်အားမသာတာကြောင့်

ခွန်းပြန်ကာ နှုတ်မဆက်သာပဲ

ရုတ်တရက်ပါပဲ…….

ညသန်းကောင်ကျော်…

`ကြီးမိုက်´အိမ်ပေါ်ကျပါလေရော……

“ဝုန်း´´“ဒုံး´´ “ဂလွမ်း´´ “ဂျွမ်း´´

:byae:  :byae:

 

အလန့်တကြားထကြည့်တော့...
အလန့်တကြားထကြည့်တော့…အိမ်နောက်မှာ
အောင်မယ်လေး...အိမ်ထဲထိတောင်ဝင်နှုတ်ဆက်တာပါလား..
အောင်မယ်လေး…အိမ်ထဲထိတောင်ဝင်နှုတ်ဆက်တာပါလား..
ကျုပ်ခေါင်မိုးပေါ်လှဲလို့နော်
ကျုပ်ခေါင်မိုးပေါ်လှဲလို့နော်
အရင်းပိုင်းကမြေပေါ်မှာ
အရင်းပိုင်းကမြေပေါ်မှာ
ဒါကြီးဘယ်လိုရှင်းရပါ့..
ဒါကြီးဘယ်လိုရှင်းရပါ့..

 

လေးစားခင်မင်စွာဖြင့်..

လမ်းဆက်လျှောက်နေတဲ့..

ကြီးမိုက်။

၂၄-၅-၁၃

 

 

 

 

 

 

 

 

 

35 comments

  • စိန် ပလိန် တိန် ဂွိုင် ….
    အိုက်ဒါ .. အိုက်ဒါ ..
    ရုပ်ဆိုးဆိုး နတ်ဂျီးဂ လုပ်လိုက်ဒါနေမှာ ..
    :kwi:

    ဖြစ်တာ ၂၃ ရက်က ဆိုဒေါ့
    အခုရော အိုက်ဒါဂျီး ရှင်းပီးဘီလားဂျ ….

  • e tone

    May 25, 2013 at 9:17 am

    အူးမိုက်ရေ … စည်ပင်ကို အကြောင်းကြားပြီး ရှင်းခိုင်းလျှင်တော့ ရှင်းပေးတာမျိုး သိထားပါတယ် .. ။
    ဆားဗစ်ကြေး ဘာညာတော့ လိုမလား မသိ … ကိုယ်တိုင် ရုံးကိုသွားပြီး ပြောဆိုကြည့်ရုံသာ ရှိပါတေ့ာတယ် .. ။

    • kyeemite

      May 25, 2013 at 9:53 am

      ဟုတ်ပါတယ်..စည်ပင်ကိုအကြောင်းကြားပါတယ်..ကျနော်တော့မဟုတ်ဘူး
      ရပ်ကွက်အုပ်ချုပ်ရေးမှုးကအကြောင်းကြားပေးတာပါ(ဒီဥက္ကဋ္ဌ ကိုတော့ တော်တော်သဘောကျတယ်
      ဖြစ်တာက သန်းကောင်ကျော်ကြီးပါ..အဲဒါ ဥက္ကဋ္ဌ ချက်ချင်းရောက်လာတယ်ဗျ)
      စည်ပင်လဲမနက်စောစော ရနာရီလောက်ရောက်လာတယ်..အံ့ဘွယ်ပဲ..
      နေ့ခင်းလောက်မှာအကုန်ရှင်းပီးသွားတယ်…ပိုက်ဆံမတောင်းပါဘူး
      ဒါပေမဲ့ ကျုပ်ကသဒ္ဒါပေါက်လို့ အလုပ်သမားတွေကို လက်ဘက်ရည်ဖိုး
      ၁၅၀၀ဝ အတင်းပေးလိုက်ပါတယ်…

  • မင်းမင်း

    May 25, 2013 at 9:24 am

    ဒါများလွယ်လွယ်လေးး အကြော်သည်ကို ပေးလိုက်။ဟီးးး

  • ဆူး

    May 25, 2013 at 10:02 am

    ဆူး ခြံထဲမှာ အပင် တပင် လှဲလိုက်မိတာ.. အပင် ကို စည်ပင် သမား ပိုက်ဆံ ခေါ်ပေးပြီး ယူသွားခိုင်းလည်း မယူသွားဘူး။
    နောက်ဆုံးတော့ ရပ်ကွက်ထဲက ဓမ္မာရုံ နဲ့ ညှိလိုက်တော့.. ဆွမ်းချက်ရင် သုံးဖို့ ထင်း အဖြစ် ပင်စည်ကြီး ယူသွားပါတယ်။
    ကျန်ရှိတဲ့ အခက်အလက် နဲ့ သစ်ရွက်တွေကတော့ တနေ့ တအိတ်နှုန်းနဲ့ အမှိုက်သမားဆီ ညာဖြီး ထည့်ပေးလိုက်တယ်။
    အကို်င်းအခက်တွေကိုတော့ ရပ်ကွက်ထဲမှာ သောက်နေကျ လက်ဖက်ရည်ဆိုင်ကို အီကြာကွေးကြော်တဲ့ အခါ သုံးဖို့ ထင်း ဆိုပြီး ချော့မော့ ပေးလိုက်ရပါသတဲ့..

  • kyeemite

    May 25, 2013 at 10:43 am

    မဆူးရေ..ဘာရယ်မဟုတ် ညနက်သန်းကောင်
    အထိတ်တလန့် ကြုံရပုံလေးကို (ပို့စ်မတင်နိုင်တာလဲကြာလို့) တင်လိုက်တာပါဗျာ.. :hee:
    ဒီအပင်ကတော့ ခုထိဖြတ်ပီးသားတွေ ဘယ်သူ့မှစိတ်မဝင်စားပါဘူး..
    ထင်းဆိုက်လို့မှမရတာ..အနှစ်မရှိတဲ့ သစ်ပွကြီးမို့ပါ…
    သူ့ဟာသူတဖြည်းဖြည်း ဆွေးအောင်စောင့်ရုံပါပဲလေ… :harr:

    • ဆူး

      May 25, 2013 at 11:26 am

      ခုတ်ထစ်ပြီးသားဆိုလို့.. ခုတ်တာ ကို အတုံး အတစ်တွေ အရမ်းမသေးလွန်းတဲ့ အနေအထား.. ခုတ်ပြီးသား ချ ထားရင် ရပ်ကွက်ထဲက ချာတိတ်တွေ ဂီတာ ထိုင်တီးလို့ ရတဲ့ အနေအထားဆိုရင် ဦးမိုက် သမီးဒေါ်ဂလေး အတွက် ရင်လေးစရာပဲ.. အဟိ

  • Foreign Resident

    May 25, 2013 at 10:51 am

    ” သစ်တစ်ပင်ခုတ် အချုပ် သုံးလ ”

    ကို ကြီးမိုက် ရေ ။
    ဩဇီ ဟာလည်း သဘာဝ ပါတ်ဝန်းကျင်ကို ထိမ်းသိမ်းပါတယ် ။
    သို့ပေမယ့် ၊ အောက်ပါ အခြေအနေတွေ မှာ ခုတ်ခွင့် ပေးပါတယ် ။

    ၁ ။ သေနေပြီးသား အပင် ။

    ၂ ။ သေခါနီး / လဲပြိုတော့မယ့် စောင်းနေတဲ့ အပင် ။

    ၃ ။ လူတွေ အန္တရာယ် ရှိနေတဲ့ အပင် ။
    ( အပင်က သေတော့မယ် လဲတော့မယ် ၊
    ခလေးတွေက အပင်အောက်မှာ ဆော့နေတယ် ၊
    အပင်လဲရင် ခလေးတွေပေါ် ပိနိုင်တယ် )

    ၄ ။ လူ ရဲ့ ပိုင်ဆိုင်မှုကို ဒုက္ခပေးမယ့် အပင် ။
    ( အပင်က လဲတော့မယ် ၊ လဲရင် အိမ်ပေါ် ၊ ခြံစည်းရိုးပေါ် ပိကျနိုင်တယ် )
    ( အပင် က အုံ့ဆိုင်းနေပြီး လူဆိုး သူခိုး တွေ မှောင်ရိပ်ခိုလို့ ၊
    နီးစပ်ရာ အိမ်တွေက တိုင်တန်း ရင် )

    အပင် လှဲရင် ၊
    ၁ ။ ကိုယ့်ခြံထဲက အပင် ဆိုရင် ကိုယ့်စားရိတ် နှင့် ကိုယ် ရှင်းရပါတယ် ။
    ၂ ။ ကောင်စီ မြေထဲက အပင်ဆိုရင် ကောင်စီ က စားရိတ် ခံပါတယ် ။
    အပင်ခုတ်ယုံ မကပဲ အမြစ်ပါ အကုန် တူးပေးရပါတယ် ။

    ဟိုတစ်ခါ အဘတို့ အိမ်ရှေ့နားက စောင်းနေတဲ့ အပင်ကို ခုတ်တယ် ။
    ကောင်စီ က အမြစ်တူးတဲ့ စက်ဧရာမကြီး ယူလာပြီး တူးထုတ်တယ် ။

    ခဏကြာတော့ ၊ အဘ ကိုလာပြီး တောင်းပန်တယ် ။ အဘ လဲ အူကြောင်ကြောင်နှင့်ပေါ့ ။
    ဘယ်ဟုတ်မတုန်း ၊ သွားကြည့်မှ ၊ သူတို့ အမြစ်တူးတဲ့ စက်ဧရာမကြီး နှင့်ဆော်ထည့်လိုက်တာ ၊
    အဘ အိမ်ရှေ့ကပြေးနေတဲ့ ၊ Telstra Co က မြေအောက်ဖုန်းကြိုး တစ်အုံလုံး ရစရာ မရှိတော့ဘူး ။

    အဘ က သည်းခံစိတ် အပြည့်ရှိတဲ့၊ သူတော်ကောင်း ဆိုတော့ကာ ၊ ဘာပြောလိမ့်မတုံး ။
    ” I see. I see. It’s OK. No Problem ” လို့ပြောပြီး အိမ်ထဲပြန်ဝင်လာခဲ့တယ် ။

    ဟုတ်တယ်လေ ။ အဘတို့အိမ်က Telstra ဖုန်းလိုင်း သုံးတာမှ မဟုတ်တာ ။
    အဘတို့အိမ်က Optus သုံးတာလေ ၊ Optus က ဓါတ်တိုင်ကနေ လာတာပဲ ။
    It’s OK ပေါ့ ။ No Problem ပါ ။ ဟီ ဟိ ။
    ခဏနေတော့ ၊ ဘေးအိမ် နှင့် စကားများနေတာ ကြားရတာပဲ ။ ဟီ ဟိ ။

    ပြီးခဲ့တဲ့လက ၊ အဘတို့ ခြံထဲက ထင်းရူးပင် ၊
    အဘတို့ ခြံစည်းရိုးပေါ် မှီစောင်းလာလို့ ၊ ကောင်စီကို ခုတ်ခွင့်တင်လိုက်တာ ၊
    ကောင်စီက ခုတ်သင့် မသင့် Surveyor လွှတ် စစ်ဆေးခ ဒေါ်လာ ၅ဝ ပေးရတယ် ။
    ခုတ်ခွင့်ရတော့ ၊ ခုတ်တဲ့ ရှင်းတဲ့ သူကို ၊ ခုတ်ခ ဒေါ်လာ ၈၀ဝ ပေးရတယ် ။

  • kyeemite

    May 25, 2013 at 11:05 am

    “ကောင်စီက ခုတ်သင့် မသင့် Surveyor လွှတ် စစ်ဆေးခ ဒေါ်လာ ၅ဝ ပေးရတယ် ။
    ခုတ်ခွင့်ရတော့ ၊ ခုတ်တဲ့ ရှင်းတဲ့ သူကို ၊ ခုတ်ခ ဒေါ်လာ ၈၀ဝ ပေးရတယ် ။”
    အောင်မငီး…ဈေးကြီးလှချည်လား ကိုဖေါရာ….ပိုက်ပိုက်မတတ်နိုင်ရင် ဘယ်လိုလုပ်ပါ့.. 🙄
    ဒီအပင်ကို အစိုဘဝကတည်းက ခုတ်ဖို့ အရင်ရပ်ကွက်ငှက္ကဋ္ဌ ကိုတင်ပြတာ
    သောက်ရေးတောင်မလုပ်ဘူး…အပင်ကလည်းသေခြာပေါက်လဲမှာသိနေတယ်
    လဲရင်လည်းကိုယ်အိမ်ပေါ်ကျမှသေချာတယ်…
    ခုတော့လည်း အန္တရာယ်တထိတ်ထိတ်က ဇတ်သိမ်းသွားပြီပေါ့…
    မနေ့က အမိုးပြန်လဲ တန်းတွေပြန်ပြင်တာ ၆သောင်းခွဲလောက်ကုန်သွားတယ်.. :byae:

    • Foreign Resident

      May 25, 2013 at 12:19 pm

      “ကောင်စီက ခုတ်သင့် မသင့် Surveyor လွှတ် စစ်ဆေးခ ဒေါ်လာ ၅ဝ ပေးရတယ် ။
      ခုတ်ခွင့်ရတော့ ၊ ခုတ်တဲ့ ရှင်းတဲ့ သူကို ၊ ခုတ်ခ ဒေါ်လာ ၈၀ဝ ပေးရတယ် ။”

      ” အောင်မငီး…ဈေးကြီးလှချည်လား ကိုဖေါရာ ”

      သူတို့က အမှိုက် တစ်စ မကျန်အောင် ရှင်းသွားတာဗျ ။
      သစ် ပင်စည် သစ်ကိုင်းတွေကို သူတို့စက်ထဲထည့်ပြစ်လိုက်တာ နှင့် ၊ သစ်တစ်ပင်လုံး ၊
      အကုန်လုံး လက်မလောက် အရွယ် Wood Chip လေးတွေဖြစ်အောင် ပိုင်းပြစ်လိုက်တာ ။

      အဲဒီလို စက်တွေလည်း စုံနေအောင် ယူလာရတာဗျ ၊
      စုစုပေါင်း ကား လေးစီး လောက်နှင့် လာရတာဗျ ။
      အဲဒီလောက်တော့ ပေးရတယ်ဗျ ။
      နောက်ကြုံတဲ့ အချိန် ဓါတ်ပုံတွေပါ တင်ပေးပါ့မယ် ။

  • Mr. MarGa

    May 25, 2013 at 11:58 am

    အဲဒါတွေ ပြောတာပေ့ါ
    တစ်ခုခုဆို ဟိုဟာစောင့်ရ ဒီဟာစောင့်ရ နဲ့
    မြန်မြန်ဆန်ဆန် လုပ်ရမယ့်ဟာကို အဲဒါတွေ စောင့်နေရတာနဲ့
    ဒီလိုတွေ ဖြစ်သွား ရော
    (ပြောချင်တာ ပြောသွားပါသီ) :kwi:

  • မောင် ပေ

    May 25, 2013 at 12:27 pm

    အိပ်ရာအောက် ရေဝင် ဆိုသလိုမျိုးပေါ့ဗျား
    ထီထိုးပါ လေးမိုက်

  • လင်းဇော် ထက်

    May 25, 2013 at 2:16 pm

    အခင်းဖြစ်စ၂၂ ရက်ညသန်းခေါင်ယံချိန်ကနေ၂၃ရက်မနက်ခင်းအထိ ဒီကသစ်ပင်ဟာ ထူးခြားဖြစ်စဉ်အနေနဲ့ အရောင်ပြောင်းလာတာ တွေ့သဗျ။ ဒါဟာဘာကိုဖော်ပြနေသလဲဆိုရင်သစ်ပင်တစ်ပင် ရဲ့ ကျဆုံးခန်းမှာ အရောင်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတာပဲ။ဒီတော့ကာ ဒီကသစ်ပင်ကို ခြေရာလက်ရာမပျက်စေပဲ သီတင်း၂ပတ်ခန့်ဆက်လက်လေ့လာလိုက်မယ်ဆိုရင် တခြားသောထူးခြားဖြစ်စဉ်တွေနဲ့ ပါဝင်ပတသက်မူ့တွေ ရရှိလာနိုင်တယ်။ ဒီတော့ကာ ထားလိုက်ဗျာ အဲ့တိုင်း
    :bar:

  • naywoon ni

    May 25, 2013 at 9:55 pm

    အဲ ကသစ်ပင်က ဈေးကောင်းဆိုဗျ သစ်စက်တွေကိုတော့လိုက်မရောင်ဘူး ဟီးးးး ကျုပ်တို့ဆီကတော့ ကုက္ကိုပင်တွေ လဲမှာကြောက်နေရတယ်

  • padonmar

    May 25, 2013 at 10:48 pm

    မဟာဆန်သူရှေ့မှောက် ကသစ်ပင် ဒူးထောက်တော့
    ဦးကြီးမိုက် ပိုက်ဆံအိတ်မှောက်တော့တာပေါ့။

    နာဂစ်တုံးက ကျမတို့ ခြံထဲ အပင်တွေလဲလိုက်တာ Chain Saw တစ်လက်ကို ဝယ်ပြီးရှင်းရတော့တာပဲ။
    သုံးလွန်းလို့ တစ်လလောက်လည်းကြာရော ပျက်ပါလေရော။
    တစ်နှစ်လောက်ကျတော့ ပြင်မရတော့ဘူး။

    ကသစ်သားနဲ့ ဘုရားထုတယ်တို့ စိပ်ပုတီးလုပ်တယ်တို့ကြားဖူးတယ်လေ။
    သုံးလို့ရတာရှိမှာပါ။

    • Foreign Resident

      May 26, 2013 at 6:00 am

      ” Chain Saw တစ်လက်ကို ဝယ်ပြီးရှင်းရတော့တာပဲ။
      သုံးလွန်းလို့ တစ်လလောက်လည်းကြာရော ပျက်ပါလေရော။
      တစ်နှစ်လောက်ကျတော့ ပြင်မရတော့ဘူး ”

      မ ပဒုမ္မာရဲ့ ။
      Chain Saw က သုံးတာ ဂရုစိုက်ရတယ် ။
      ဆီမှန်မှန်ထည့် ၊ အသွားလည်း သွေးပေးရတယ် ။
      သုံးပုံ သုံးနည်း ဖြတ်ပုံ ဖြတ်နည်း မမှန်ရင်လည်း ပျက်တတ်တယ် ။

  • uncle gyi

    May 25, 2013 at 11:00 pm

    ဟင်းဟင်း
    တကယ်မိုက်တဲ့ဦးမိုက်ပဲ
    ဒီလိုအပင်လိုက်လဲတာဘယ်စည်ပင်မှအကြောင်းကြားစရာမလို
    ကိုယ့်ဖာသာကိုယ်ရှင်းဘယ်လူကြီးမှအရေးယူလို့မရ
    ကျုပ်ကိုအကြောင်းကြားရင်၂၀၀၀ဝလောက်တောင်ပြန်ပေးခဲ့အုန်းမှာ
    ရှင်းပြီးနောက်

  • surmi

    May 26, 2013 at 9:56 am

    လောလောဆယ်ဆယ် မြင်မိတာလေးကတော ့
    အရေးအသားတွေက ကဗျာပြခန်းနဲ့ အထူးသင့်လျော်ပါကြောင်း
    နောင်များ ပြခန်းထဲမှာမြင်တွေ့ချင်ပါကြောင်း
    အလက်ဆင်းနဲ့ သဂျားတို ့ရေ…..
    ဦးမိုက်မပါရင် ပြခန်းမဖွင့်နဲ့ဟေ ့ :kwi:

  • TNA

    May 26, 2013 at 2:49 pm

    ကံသီပေလို့ပါလား ဦးမိုက်ရေ။ ကြောက်စရာနော်။ လူတွေဘာတွေမထိတာကံကောင်းပေါ့။ နာဂစ်တုန်းက မြင်ဖူးထားလု့ိ အဲလိုဆို အလိုလိုသွေးကလန့်နေရော။ သစ်ပင်လဲတာတကယ်ကြောက်တယ်။

  • ဦးကြောင်ကြီး

    May 27, 2013 at 11:10 am

    အဲဒါ ရုက္ခစိုး အနမ်းလို့ ခေါ်တယ်…

  • KZ

    May 27, 2013 at 11:14 am

    ကိုကြီးမိုက်ကြီး
    ကဗျာ ပို့ပေးပါ။

    ဟီးဟီး။
    မရရင် နောက်တစ်ပင်လဲ အောင် ကျိမ်စာတိုက်ပလိုက်မယ်။

    :harr:

    ကဗျာ တောင်းတာက အတည်နော်။

    • kyeemite

      May 27, 2013 at 1:45 pm

      ကျုပ်ဟာက ကဗျာမဟုတ်စာမဟုတ်ဂွတီးဂွကျပါဗျာ….ဟဲဟဲ
      ဟသာင်္တောထဲ ကျီးကန်းမဝင်ပါရစေနဲ့ ဒေါ်KZ ရယ် :kwi:

      • KZ

        May 27, 2013 at 1:49 pm

        တကယ်ဗျ။
        အတည် ပြောတာ။

        ကိုကြီးမိုက် အစဉ်ပြေရင် ရေးပေးပါဗျာ။

        :hee:

  • Ma Ei

    May 27, 2013 at 12:05 pm

    ရဝတ သွားပြောတော့လည်း သစ်တစ်ပင်ခုတ်အချုပ်သုံးလဆိုပဲ…
    အန္တရာယ်ရှိနေတဲ့ အပင်လည်း မခုတ်ရဘူးတဲ့လား အံ့ကျော်ပါဘဲ…
    အကိုင်း ရွက်တွေဘယ်ပစ်ရမှန်းမသိ ဖြစ်နေတာထက်စာရင် စည်ပင်ကလာရှင်းပေးသွားတယ်ဆိုတော့လဲ တော်သေးတာပေါ့နော်…
    လက်ဘက်ရည်ဖိုးကတော့ ထုံးစံပျက်မစိုးလို့ ပေးရတာပါပဲလေ…

  • အရီးခင်လတ်

    May 27, 2013 at 2:27 pm

    ဘုရား၊ ဘုရား ကကြီးမိုက် ရယ်။
    လူတွေ ထိမသွားတာ ကံကောင်းပါလား။
    အိမ်ရော အတော်ပြန်ပြင်ဖို့ လိုသွားလား။

    ကျုပ်ပြန်စဉ်းစားကြည့်မိတာ။
    ကျုပ်တို့ငယ်တုန်းက စည်ပင်က လူတွေ တကယ် အလုပ်လုပ် တာပါ။
    ခြင်မပေါအောင် ဆေးမှုတ်ကားကြီး က အမြဲလာတတ်တယ်။
    သစ်ပင်တွေကို အမြဲလာလာ ခုတ်တတ်လို့ အခုတ်ခံရတဲ့ အိမ်တွေမှာ ဒေါသဖြစ်လို့။
    မြောင်းတွေလဲ သူတို့ ဘဲ ဖော်ပေးတာမဟုတ်လား။
    အဲဒါ လက်တွေ့မှာ သုံးမရဘူးလို့ အဆိုရှိခဲ့တဲ့ ဆိုရှယ်လစ် လို့ ကြွေးကြော်ခဲ့ တဲ့ စနစ် မှာနော်။
    😆

  • kyeemite

    May 27, 2013 at 3:03 pm

    ကိုခင်လတ်ကြီး..သတိတရ ဝင်မန့်တာကျေးကျေးပါနော
    တော်သေးတာပေါ့..ညသန်းခေါင်မို့လို့
    နေ့ခင်းဘက်ဆို မဒမ်မိုက်အန္တရာယ်ဖြစ်နိုင်တယ်…
    သစ်ကိုင်းကြီးထိုးဝင်လာတာက အဝတ်လျှော်စက်နားမှာ..
    အဖီဆိုပေမဲ့ သံဖရမ်နဲ့တောင့်အောင်အသေအချာ ဆောက်ထားတော့
    သိပ်တော့မပျက်စီးသွားပါဘူး..ခေါင်မိုးချပ်တွေလဲလိုက်ရတာ ၆သောင်းခွဲလောက်တော့ထိသွားတယ်..
    ဇကားမစပ် အဲပုံတွေက သားတော်မောင်ရိုက်တာ…အလန့်တကြားထွက်ကြည့်တော့
    ကျုပ်သာလက်ချည်းဗလာ..ဒီကောင်ကကင်မရာပါဆွဲထွက်လာတယ်..စီဂျေ ပေါက်စလေး… :kwi:
    ဒါနဲ့ မဒမ်မိုက်တစ်ယောက်ကိုမတွေ့မိကြဘူးလားဗျ… :hee:

  • ဦး ကျောက်ခဲ

    May 27, 2013 at 3:13 pm

    ညသန်းခေါင်ကျော်မို့ တော်သေးတာပေါ့ အကိုမိုက်ရယ်…
    မထိတ်သာမလန့်သာ လူပေါ်ကိုကျလိုက်လို့ကတော့… အောင်မလေး

  • weiwei

    May 27, 2013 at 3:15 pm

    ဦးကြီးမိုက်ရေ …
    တရားမဝင် အဖီထုတ်ထားတာကို လက်ပူးလက်ကြပ်မိတဲ့အတွက် ..
    ဒါဏ်ငွေရိုက်ပါတယ် … :kwi :kwi:

    ပုံ
    စည်ပင်

  • kyeemite

    May 27, 2013 at 3:37 pm

    အောင်မလေး…အရေးထဲစည်ပင်အရာရှိနဲ့တိုးနေပါလား…
    တူညားတွေ အကုန်လုပ်ကြပီးမှ တားတားကနောက်ဆုံးမှလုပ်တာပါ…
    ရော့ရော့..ဒီစာအိပ်လေးယူတွားပါနော်..(ထွက်ရပြန်ပေါ့အသပြာ..) :harr:

  • အရီးခင်လတ်

    May 27, 2013 at 3:38 pm

    ၆သောင်း … နဲတော့မနဲပါလား။
    ကိုယ့်စိတ်ကို ဖြစ်ပြီးချိန်မှာ ပြန်ဖြေဖို့ အတွက် ဆိုရင်တော့ နောင်လာမဲ့ ပိုပြီး မကောင်းတာတွေ အတွက် ဒီလောက်နဲ့ ရှင်းခ လို့သာမှတ်ရမှာဘဲ။
    ဒီတစ်ခါ သူကြီး ဆီကအာမခံကြေး အကြောင်းမကြားပါလား။
    ပြောရလွန်းလို့ မောသွားပြီထင်ရဲ့။

    တွေ့ပြီ။ အပေါ်ဆုံး ပုံမှာ မဟုတ်လား။
    ကြည့်ရတာ သမီးလားလို့ တောင် ထင်မိ။ အဟိ။

  • kai

    May 28, 2013 at 3:41 pm

    ကြာတော့ကြာပါပြီ.. ၁ဝနှစ်ကျော်ကျော်လောက်ကပေါ့..။
    ဖြစ်ပုံက..
    ကျုပ်ညီတော်မောင် အယ်လ်အေမှာ အိမ်ဝယ်တော့.. အိမ်ရှေ့ခြံလေးထဲ.. ထင်းရူးပင်လိုအပင်လှလှ ၃ပင်တန်းစီပါလာတယ်..
    အဲဒါ.. သူက.. ကလေးတွေနဲ့..ပုရွတ်ဆိတ်ကျတယ်..အကောင်ကျတယ်ဆိုပြီး.. မက်ခ်စီကန်အလုပ်သမားငှားခုတ်ခိုင်းပလိုက်ရောဗျ…။ ၅ရာလောက်ထွက်သွားတယ်..။

    တလလောက်ကြာတော့.. မြို့နယ်မြူနီစပယ်ကလူရောက်လာတယ်..
    ခြံထဲကအပင်ကို.. မြို့ကိုအသိမပေးပဲခုတ်လို့.. လာသတိလာပေးတာပါ..
    ဒဏ်ကြေးချခံရမယ်တဲ့..။
    နောက်..ပြောသွားသေး..
    အဲဒါမျိုးအပင်… အဲဒီအသက်လောက်ဆို.. ရောင်းစားရင်.. တပင်.. ၂၀၀ဝဒေါ်လှရတယ်တဲ့…

    ဖြစ်ပုံက…
    သူတို့က.. မြို့ကြီးကို.. ကောင်းကင်ပေါ်ကနေ.. ပုံမှန်ဓါတ်ပုံရိုက်ထားတယ်တဲ့ဗျ…
    အဲဒါ.. ရှေ့နောက်ရိုက်ထားတဲ့.. ဓါတ်ပုံ၂ခုတိုက်ကြည့်လို့.. မတူရင်.. အသေးစိတ်စစ်တာတဲ့..
    အပင်တွေ.. အိ်မ်တွေ.. မြေပုံတွေဘယ်လိုပြောင်းနေသလည်း.. ချက်ချင်းသိတယ်ပေါ့..

    အဲဒါလေး.. ဗဟုသုတ…။ :kwi:

  • kyeemite

    May 28, 2013 at 4:05 pm

    သဂျီးကွန်မန့်လေးက ဗဟုသုတရသလို
    အားလဲကျသဗျာ….
    ကျုပ်တို့ဆီမတော့ ကျီးစားစား ခွေးစားစား ပစ်ထားတာပဲ
    လဲကျပြီး ဒုက္ခရောက်မှမနဲခေါ်ပြရတယ်…

  • Ma Ma

    May 28, 2013 at 8:52 pm

    ခုရက်ထဲ ကွန်မကောင်းတာနဲ့ ဘယ်သူရေးတဲ့ပိုစ့်မှန်းလဲမသိ အပေါ်ဆုံးမှာလည်း
    Normal
    0
    false
    false
    false
    MicrosoftInternetExplorer4 တွေ တွေ့တော့ မဖတ်ဖြစ်ဘူး။
    အခုမှပဲ စိတ်အေးလက်အေး မဖတ်ရသေးတဲ့ ခေါင်းစဉ်တွေဝင်ဖတ်ကြည့်တော့မှ ဦးကြီးမိုက်ခေါင်းဆင်၃ကောင်နင်းသွားမှန်း သိရတော့မယ်။

    ခုရက်ထဲ ကျမတို့အိမ်ကို လမ်းမီးတိုင်ကလာတဲ့ ဝါယာကြိုးပေါက်ပြီး မိုးရွာရင် မီးပွင့်တယ်၊ မီးခိုးတွေ ထွက်တာနဲ့ EPC ကို သွားခေါ်တာ မလာဘူး။
    ၂ရက်လောက်သွားခေါ်လို့ မလာတော့မှ မြို့နယ်ရုံးကိုမေးပြီး Emergency ဖုံးကို လှမ်းဆက်မှ ပေါ်တော်မူလာတယ်။
    ပြီးတော့ ဆင်၁ကောင်တောင်းလို့…..
    မနည်းဆစ်ပြီး လျှော့ပေးလိုက်ရတယ်။ :eee:

    • Ma Ma

      May 28, 2013 at 8:53 pm

      အပေါ်ဆုံးပုံမှာ မဒမ်မိုက်ကိုတွေ့တယ်။
      ဘာဆုချမလဲပြော။ :hee:

      • kyeemite

        May 29, 2013 at 9:31 am

        မှန်ပါတယ် မမ ရေ…ဆုံတော့မှ မုံ့ကျွေးမယ်… :hee:
        အခုနောက်ပိုင်း ပို့စ်တင်လိုက်ရင်…

        /* Style Definitions */
        table.MsoNormalTable
        {mso-style-name:”Table Normal”;
        mso-tstyle-rowband-size:0;
        mso-tstyle-colband-size:0;
        mso-style-noshow:yes;
        mso-style-parent:””;
        mso-padding-alt:0in 5.4pt 0in 5.4pt;
        mso-para-margin:0in;
        mso-para-margin-bottom:.0001pt;
        အဲဒါမျိုးတွေပေါ်ပေါ်နေတယ်..ဘာဖြစ်တာလဲမသိ.. :eee:

Leave a Reply