ပေါင်းစု

ထုတ်ထုတ်
ထုတ်ထုတ်
ချက်ချက်
ချက်ချက်
လုှံးလုှံး
လုှံးလုှံး

 

ဖျော်ဖျော်
ဖျော်ဖျော်

 

ထည့်ထည့်
ထည့်ထည့်

 

ကမ်းကမ်း
ကမ်းကမ်း

 

စားစား
စားစား

“ပေါင်းစု”

 

 

(24-5-2013)ကဆုန်လပြည့် နေ့ နေ့လည်ခင်း မန်းလေးအောင်တော်မူဘုရားမှာ

စတုဒီသာပွဲလေးတစ်ပွဲရှိတယ် ကိုပေါက်လာခဲ့ပါလို့ လှမ်းဖိတ်ပါတယ်။

အဲဒီပွဲမှာ ကူညီလုပ်ကိုင်ပေးမယ့်သူထဲက မိတ်ဆွေကလှမ်းဖိတ်တာပါ။

နန်းရှေ့အောင်တော်မူဘုရားကလဲ ဂန္ဓကုဋီတိုက်အသစ်ဆောက်လုပ်ဆဲဖြစ်ပါတယ်။

ညနေသုံးနာရီကျော်ကျော်လောက်ကျနော်ရောက်သွားပါတယ်။

ဘုရားအရှေ့ပေါက်ဝင်စမှာ မဏ္ဍပ်ထိုးပြီတစ်နေရာ၊

သူ့အနောက်က ဇရပ်ထဲမှတစ်နေရာခွဲပြီးကျွေးနေပါတယ်။

အထဲမှာ တဝုန်းဝုန်း မဖြစ်အောင်အဝင်ဝမှာ စောင့်ပြီး စနစ်တကျဝင်စေပါတယ်။

ရင်ပြင်တော်မှာတော့ လာသမျသူလက်ထဲ အအေးခွက်ထဲ့ပေးပြီးသောက်စေပါတယ်။

မဏ္ဍပ်ထဲမှာ ကြာဇံချက်စားနေသူ။

ဟင်းရည်လိုက်ဖြည့်ပေးသူ။

ပုဂံအဟောင်းသိမ်းသူ။
မုန့်လုံးရေပေါ်လုံးနေသူ၊

ကြာဇံဟင်းကိုအလျင်မီအောင်အိုးကြီးတွေနဲ့ချက်နေသူ။

အအေးဖျော်သူ။

ခွက်ထဲထည့်သူ။

လိုက်ကမ်းနေတဲ့သူ။

ပုဂံတွေဆေးနေသူ။

သူ့တာဝန်နဲ့သူ အလုပ်တွေဇယ်ဆက်သလိုလုပ်နေကြတာကိုမြင်ရပါတယ်။

 

အဲဒီမှာသွားတွေးမိတာလေးတစ်ခု က လုပ်ငန်းတစ်ခုအောင်မြင်ဘို့ဆိုတာ

အထဲမှာပါဝင်ပါတ်သက်သူမှန်သမျှ စေတနာပါပါ တာဝန်သိသိလုပ်ဆောင်မှ

ဆိုတဲ့အချက်လေးပါဘဲ။

 

ဒီအလှူပွဲလေးကို မတည်သူက “အောင်မြင်သူရောင်းဝယ်ရေး”လုပ်ငန်းစုက

လူငယ်ညီအကိုတစ်စု.။

ပါဝင်ကူညီသူများက သူတိုလုပ်ငန်းပေါင်းများစွာက ဝန်ထမ်းတွေ။

 

အဲဒီမှာကျနော်သဘောပေါက်သွားတဲ့အချက်ကတော့ ဘာအလုပ်လုပ်

အများနဲ့လုပ်မယ်ဆိုရင်

ကိုယ်တာဝန်ကိုယ်ကျေအောင်လုပ်ဘို့လိုအပ်တယ်ဆိုတာပါဘဲ.။

 

 

ကိုပေါက်လမ်းသလားနေသည်

25-5-2013

 

 

 

လိုက်လိုက်
လိုက်လိုက်

 

သိမ်းသိမ်း
သိမ်းသိမ်း

 

11 ဆေးဆေး
11 ဆေးဆေး
သစ်သစ်
သစ်သစ်

 

20 comments

  • Myo Thant

    May 25, 2013 at 3:18 pm

    ဗိုက်ဆာသွားတယ်ဗျာ

  • nway kyu

    May 25, 2013 at 6:41 pm

    မန္တလေးကကိုပေါက်တို့ရေးသမျှအားပေးနေသူပါ…..အပြန်မန္တလေးဝင်ဖြစ်ရင်တော့အထင်ကရနေရာတွေလိုက်ပို့ဖို့အကူအညီတောင်းချင်တယ်….ခုတော့သူများနိူင်ငံမှာပိုက်ဆံရှာရင်းအိမ်ပြန်မဲ့ရက်ကိုလက်ချိုးရေတွက်နေရသူတွေပေါ့……………

  • nway kyu

    May 25, 2013 at 6:55 pm

    ကိုပေါက်…အိမ်မပြန်နုူိင်သေးတဲ့ကျွန်တော်တို့.အလွမ်းပြေကြည့်သွားတယ်ဗျာ..

    • ko pauk mandalay

      May 26, 2013 at 10:39 pm

      ကျေးကျေးပါဗျာ ကိုယ်အိမ်ကိုယ့်ယာ အမြန်ပြန်နို်င်ပါစေ

  • မောင် ပေ

    May 25, 2013 at 7:41 pm

    ပရိသတ် ကြိုက်နှစ်သက် လက်ခံအားပေးတဲ့ ပြဇါတ်ဆိုတာ
    ဇါတ်တစ်ဖွဲ ့လုံး
    ကိုယ့်နေရာကိုယ်ကနေ
    ဒေါင့်စေ့ နေအောင် သရုပ်ဆောင် တော်တာမျိုးကလား

  • uncle gyi

    May 25, 2013 at 10:31 pm

    ကိုပေါက်ကိုပေါက်နဲ့အသက်ကြီးလှပြီမှတ်တာ
    အခုမှစကားသင်ကာစအရွယ်ကိုး

  • ဝိုးးးးး
    စည်ကားလိုက်တာ ဖေပေါက်ရာ …
    ပျော်စရာဂျီး နေမှာ ….
    အိုက်ဒီထဲ အမှန်အကန် ထိုင်ပြီး ဝင်ကြိတ်လိုက်လို့ကတော့ကွာ …
    အနှိပ်ပဲ …

  • padonmar

    May 25, 2013 at 11:17 pm

    ပျော်စရာကြီးနော် ယူနီဖောင်းဆင်တူလေးတွေနဲ့။
    အဲဒီလို စတုဒီသာ လှူချင်လိုက်တာ။

  • Ma Ma

    May 26, 2013 at 2:00 pm

    စည်းလုံးညီညာ အောင်ကြောင်းဖြာ ပေ့ါနော်…….. :hee:

  • ko pauk mandalay

    May 26, 2013 at 10:50 pm

    ကိုယ့်တာဝန်ယူထားတဲ့အပိုင်း ကို ကျေအောင်လုပ်ကြတော့
    တစ်ကယ့်ကိုပျော်စရာကြီးပါဘဲ

  • kai

    May 27, 2013 at 4:40 am

    ယူအက်စ်မှာ.. ကျေးဇူးတော်နေ့ (Thanksgiving) နိုဝင်ဘာလကုန်လောက်မှာလုပ်လေ့ရှိတယ်..
    အဲဒီမှာ.. သူဌေး..အစိုးရတွေက.. ကြက်ဆင်အကောင်လိုက်(ရေခဲရိုက် အစိမ်း)ကို.. ဝယ်မစားနိုင်သူတွေ ချက်ပြုတ်နိုင်အောင်.. လှူလေ့ရှိတယ်..

    ကျေးဇူးတော်နေ့ညမှာ.. မိသားစုလက်ဆုံ.. ကြက်ဆင်သား ကင်စားရအောင်ပေါ့…။

    ဆိုတော့…
    တခါတီဗီထဲပြတယ်…
    အဲဒီကြက်ဆင်သားဝေနေတဲ့နေရာကို..Benz ကားအကောင်းစားကြီးနဲ့.. ဝင်တန်းစီပြီး.. ကြက်ဆင်စတုဒီသာ ယူတာကိုးပေါ့..
    ( ကြက်ဆင်သားကို.. Drive-through လိုယူလို့ရအောင်လုပ်ထားတာမို့.. ကားနဲ့ယူရပါတယ်..)
    အဲဒါ… သတင်းယူနေတဲ့.. ဗီဒီယိုသတင်းထောက်က.. Benz ကားပေါ်ကလူကိုမေးတယ်..
    လိုအပ်သူတွေယူပါစေ.. ဘာလို့..ကိုယ်တိုင် ဝယ်နိုင်ရက်သားနဲ့.. ယူရတာလည်း.. မေးချင်ပါတယ်ပေါ့…
    အဲဒီကားမောင်းတဲ့အမျိုးသမီးက.. မဖြေပဲထွက်သွားတယ်..

    အဲဒါလေး.. .ပြောချင်လို့ပါ… :kwi:

    • Foreign Resident

      May 27, 2013 at 6:36 am

      ” အဲဒီကြက်ဆင်သားဝေနေတဲ့နေရာကို..Benz ကားအကောင်းစားကြီးနဲ့.. ဝင်တန်းစီပြီး ”

      ဟဲ ဟဲ ၊ နောက်တစ်ခါကျရင် ကားအစုတ်နှင့် လာခဲ့ပါ့မယ် ။
      ဒီတစ်ခါက လမ်းကြုံတုန်း ဝင်ယူရတာဆိုတော့ ၊
      ကား ပြန်လဲချိန် မရလိုက်လို့ပါ ။

      တယ်ခက်တာပဲ ၊ အယုတ် အလတ် အမြတ် မရွေးဆိုတဲ့ စိတ်ကို ထားကြစမ်းပါ ။
      နို့မို့ရင် ၊ ချမ်းသာတာကပဲ အပြစ် ရှိနေသလိုလို ဖြစ်နေရပြီ ။ ဟီ ဟိ ။

    • ko pauk mandalay

      May 27, 2013 at 8:49 am

      ကိုခိုင်ရေ
      စတုဒီသာဆိုတဲ့သဘောက ဆင်းရဲ့တဲ့သူကိုဘဲရည်ရွယ်ကြွေးတာမဟုတ်ပါဘူး။
      စားချင်တဲ့လူမှန်သမျှကို အတန်းအစားမရွေးဘဲကျွေးတဲ့သဘောပါ။.

      အဲတော့ ကြက်ဆင်ကို ပိုက်ဆံရှိတာလူက လာသယ်တာမြင်တော့
      လောလောဆယ် မြန်မာပြည်မှာ 1500ကျပ်တန်ဖုန်းတွေပေးတာကို သွားသတိရတယ်။
      မရှိတဲ့သူထက် ရှိတဲ့သူတွေက ပြန်ရောင်းစားလို့ရအောင် ဝင်တန်းစီနေတဲ့ လူအချို့ကိုမြင်နေ
      တွေ့နေရလို့ပါဘဲ။

      • kai

        May 27, 2013 at 2:43 pm

        စားချင်တဲ့လူမှန်သမျှကို အတန်းအစားမရွေးဘဲကျွေးတဲ့သဘောပါ။.

        လောလောဆယ် မြန်မာပြည်မှာ 1500ကျပ်တန်ဖုန်းတွေပေးတာကို သွားသတိရတယ်။

        “ငါ့လက်ကလွတ် ဗြွတ်အလှူ”လို့… အမည်ပေးချင်တာ…
        အညံ့စားအလှူပေါ့… :kwi:

        • အရီးခင်လတ်

          May 27, 2013 at 2:58 pm

          “ငါ့လက်ကလွတ် ဗြွတ်အလှူ” လို့ ပြောမရဘူးလေ သူကြီးမင်းရဲ့။
          သူဌေးကလဲ ကိုယ် ပိုကောင်းတာ စားနိုင်ရက် နဲ့ ဒါမျိုး ကိုမှ ဝင်နွဲချင်လွန်းလို့ ဝင်နွဲ နေတာ လဲ ဖြစ်နိုင်တာဘဲ။
          သူမှာ ဖြစ်လာတဲ့ စားချင်တဲ့စိတ်ကလေး ကို လှူရတာမို့ မြတ်ပါတယ်။
          တစ်ချို့ တတ်နိုင်ရက်နဲ့ ကပ်စေးနဲ လို့ ရတဲ့အချိန် ရသလို ယူ တတ်တဲ့ စိတ်၊ တစ်ခြား ကိုယ့်ထက် နွမ်းပါးသူကို မညှာတာ တတ်တဲ့ စိတ်က နိမ့်ပါး နေတာမို့
          ဒီလူဟာလဲ စိတ်ဓာတ်ဆင်းရဲ နေသူပါဘဲ မဟုတ်လား။
          စတုဒီသာလှူတယ် ဆိုတာ ဘယ်သူမဆိုလာစားလို့ ရတာ မို့ ဆင်းရဲရဲ ချမ်းသာသာ စားပါစေလေ။
          အဲ့လိုကျွေးတာ ဘယ်သူလာစားစား ရအောင် အလျှံအပယ်လုပ်လေ့ ရှိတာမို့ မလောက်မှာလဲ မပူရပါဘူး။
          တစ်ပြည်လုံး ကို ကျွေးတာမှ မဟုတ်တာလေ။
          နည်းမှန်ပါတယ်။

          ဆင်းရဲသူတွေချည်း ဘဲအတွက် လှူတဲ့ အလှူမျိုး လဲ ရှိတတ်ပါတယ်။
          ကိုယ်ကြိုက်ရာပေါ့။

          သူကြီးတို့ ဆီ က ကြက်ဆင်အလှူ က ဆင်းရဲသားတွေ အတွက် လို့ ကြော်ငြာ တာတောင် သူဌေးက လာယူ ချင်သေးတာဘဲ။
          အဲဒါကတော့ ရှက်စရာပါ။ ကန့်သတ်ချက် ရှိလို့ မလုပ်သင့်ပါဘူး။

  • KZ

    May 27, 2013 at 8:59 am

    လေးပေါက်ရေ။
    ကြည့်ရတာကို ပျော်စရာကြီးပဲ။
    မန်းလေးမှာတော့ စတုဒီသာကို ခဏတိုင်းတွေ့ရတယ်နော်။
    :hee:

    အယုတ်အလတ် အမြတ်မရွေး ကျွေးချင်တဲ့ စိတ်လေးကတော့ ကြည်နူးစရာပါ။
    စိတ်ကို ကျွေးတဲ့ နေရာမှာပဲ ဖြတ်နိုင်ရင် အကောင်းဆုံးပဲနော့။
    ကျန်တာတော့ လာစားတဲ့သူအပိုင်းပဲ။ :mrgreen:

  • kyeemite

    May 27, 2013 at 1:05 pm

    ကြည့်ပြီးဝမ်းသာပီတိဖြစ်ရပါ၏ ကိုပေါက်ရေ..

  • အရီးခင်လတ်

    May 27, 2013 at 3:05 pm

    အိုးမဲမဲ ကြီးတွေ ကို ကြည့်ပြီး ကျုပ်လဲ နယ် အလှူ တွေ ကို လွမ်းသဗျို့။
    ကြည့်ရတာလဲ သန့်သန့်ရှင်းရှင်း လေး။
    စားချင်စရာကြီး။
    ကျုပ်တို့ ဒီလိုပြောရင် သူကြီးစက်ကွင်းက မလွတ်ရှိတော့ မလားဘဲ။
    😆

    ဒါကို တတ်နိုင်သူတွေ မို့ဆိုပြီး မကျွေးရင် စိတ်မကောင်းဖြစ်ရမှာ။
    အများကြီးမစားပါဘူး။
    ပုဂံ နဲ့ အပြည့် ဆိုဘဲ ရပါပြီ။
    😉

  • padonmar

    May 27, 2013 at 7:19 pm

    တတ်နိုင်တဲ့သူကလည်း စားချင်တာထက် ပျော်လို့ ဝင်စားတာရှိတတ်ပါတယ်။
    လှူလည်းလှူ စားလည်းစားပေါ့။
    ဒီနေရာမှာ လူ ၄မျိုးအကြောင်း မနှစ်က အာဇာနည်နေ့မှာ ဆောင်းပါးတစ်ခု ဖတ်ဖူးပါတယ်။
    (၁)စွန့်လည်းစွန့်တယ်၊စားလည်းစားတယ်။=သာမာန်လူ
    (၂)စွန့်လည်းမစွန့်ဘူး၊စားလည်းမစားဘူး၊=လူကတ်
    (၃)စွန့်တော့မစွန့်ဘူး၊စားတော့စားတယ်။=လောဘသမား
    (၄)စွန့်တယ်။ မစားဘူး၊=အာဇာနည်
    အဲတော့ ကိုယ်ပါချင်တဲ့နေရာမှာ ကိုယ်အတပ်ခံချင်တဲ့ နာမည် တပ်ခံရအောင်လုပ်ပေါ့နော်။

    ကြက်ဆင်ကြီး ဝင်ယူတဲ့ မာစီးဒီးပိုင်ရှင်လည်း တီဗွီက နာမည် အတပ်ခံလိုက်ရတယ်မလား။

Leave a Reply