အိုဘယ့် …ခရီးသည်

အေတြးေလးMay 25, 20131min1096

fအိုဘယ့် ခရီးသည်………….
လောကအမှန်လောကဓံကို
ရင်ဆိုင်နိုင်ဖို့..
ချွေးစို့စို့နှင့်
ရုန်းကန်လှုပ်ရှား..
မျက်မပွားဘဲ …
လေးပါး ဗြဟ္မာစိုရ်..
အထိုထိုကို တွင်တွင်ရှုမှတ်..
အဆက်ဆက်တွင် ..
သင်သာမောပန်းခဲ့လေပြီ..
sအိုဘယ့်ခရီးသည်…..
မွေးဖွားကာ စ
မိနှင့်ဖကို ပြုစုလုပ်ကျွေး
မလုပ်ပေးလည်း
ယခု လူ့ဘောင်လူ့တန်ဆောင် တွင်..
သင်သာအရွယ်ရောက်ခဲ့ပြီမို့
မွေးမိဖခင် ကျေးဇူးရှင်ကို
သင်သာလုပ်ကျွေးအပ်ပေပြီ..။
tအိုဘယ့်ခရီးသည်…
လူဟူသည်ကား လူတရားနှင့်
အိမ်ထောင်သားမွေး ပြု လုပ် ရေးကို
သင်သာ မသွေပြုလုပ်ပေမည်..
လင်သားမယား ဝတ္တရားလည်း..
သင်သာမသွေ ကျေပါလေ…။
ftအိုဘယ့်ခရီးသည်…..
အိမ်ထောင်ပြုငြား
သားနှင့် သမီး အသီးသီးနှင့်
မိသားစုဘဝ သင်တောင့်တမည်..
သားသမီးများရ ရင် သော်ငြား…
မိဘ ဝတ္တရားကျေပါလေ….
fiအိုဘယ့်ခရီးသည်……
သင်သာ သက်ကြီး
သမီးမြေးနှင့် သာယာမနေ
တရားမြေမှာ သင်သာမွေ့လျော်
ပျော် ပါလေတော့…
သင်သာ တရားရှာ သင့်ပေပြီ..။
finအိုဘယ့်ခရီးသည်…..
ဘဝ နောက်ဆုံး သင်ရောက်သော်ငြား
ဘဝဟူသည် အငိုနှင့်စ အငိုနှင့်ဆုံး
သင် မှတ်အုံးတော့ ….
သင်သာ ဘဝ ဖြောင့်ဖြောင့် ကူးအောင်
တရားရှုမှတ်…မပြတ် ပြု၍
လောက ကြီး ၏ နောက်ဆုံးခရီးကို
သင်သာ ဝမ်းမြောက်သွားပါလေတော့………။
အော်………………အိုဘယ့်ခရီးသည်……….။
သင်သာလူသားလူ့တရားလည်း
မမေ့မလျော့ အားထုတ် ပါတော့………………။
အတွေးလေး
18/5/2013

0န်ခံချက် ။ ။ ဤ ကဗျာလေး ကို ကျွန်တော် mobile mother၏ပြိုင် ပွဲတစ်ခုတွင် ဝင်ပြိုင်ခဲ့ဖူးပါသည် ။ကျတော် ၏ပေါ့လျော့မှုကြောင့် ဓါတ်ပုံများ အပြည့်အစုံမပါသွားသည့် အတွက် ယခု တင်ပေးလိုက်ခြင်းဖြစ်ပါသည်။

6 comments

  • ဟုတ် …
    ခရီးသည် ကဗျာကို အားပေးသွားပါတယ် ..
    အငိုနဲ့စ၊ အငိုနဲ့ အဆုံးသတ်တဲ့ ဇာတ်တစ်ပုဒ်ကို
    ဖတ်ရှုခံစား အားပေးသွားပါတယ်လို့ ..

    ဒါ့ထက် ဟိုခရီးတစ်ကွေ့မှာပေါ့ဗျာ …
    မိသားစုဘွ တောင့်တပေမယ့် ..
    ပြည့်မလာဒဲ့ လူဒွေဂိုကျဒေါ့ ဘိုကြောရမဲ သိဝူးနော် .. 🙄 :mrgreen:

    • may july

      May 25, 2013 at 3:04 pm

      ကံ ကံ ၏ အကျိုးလို့ ဆိုလေမလား …. :mrgreen:

  • အလင်း ဆက်

    May 25, 2013 at 5:39 pm

    အင်းးးး
    ခရီးသည်တွေလည်းးးများလှပါပေါ့
    :kwi:
    အ တွေး လေး ရေ
    ကဗျာ ကောင်းလေးကို ဖတ် ရှု ခံစားသွားပါ တယ် နော့
    ရေးပါအုံးးး

    ခင် မင် စွာ

  • မောင် ပေ

    May 25, 2013 at 6:41 pm

    **ဒီနေ ့ခရီးသည်များ**
    စီးပွားရှာ
    အိမ်ထောင်ပြု
    သားမွေး
    စီးပွားရှာ
    အားရင် နိုင်ငံရေးဝင်ငံ
    စီးပွားရှာ

  • kyeemite

    May 27, 2013 at 11:28 am

    အိုဘယ့်ခရီးသည် ကဗျာနဲ့ ဆုရသလားဗျ…
    အတွေးလေးရဲ့ ကဗျာကိုအားပေးသွားတယ်နော..

  • အတွေးလေး

    May 30, 2013 at 1:22 pm

    မရပါ ဘူး ကို ကျီးမိုက် ရေ ကျတော့်ထက်တော် တဲ့သူတွေ ကလည်း အများသား မဟုတ်လား ဗျ အားပေးတာကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ 🙂

Leave a Reply