ကွက်လပ်ဖြည့်စိတ်ဓါတ်

who whoMay 25, 20131min1463

ပေါင်းမြက်သစ်ပင်၊ ထွေးယှက်ငင်လျှက်၊
အမြင်ရှုပ်ပွ၊ ရွှံ့ညွန်ထပြီး၊
မြေကမညီ၊ ဖုထစ်စီ၍၊
မပီသလမ်း၊ ခရီးကြမ်းကို၊
ကြိုးပမ်းအားထုတ်၊ စုပေါင်းလုပ်သော်၊
အဟုတ်ပီပြင်၊ လမ်းကောင်းမြင်လိမ့်။

သူလျှင်ရှေ့ဆောင်၊ ငါနောက်ဆောင်အံ့၊
သူနောက်ကဆောင်၊ ငါရှေ့ဆောင်အံ့၊
သူဘယ်ကဆောင်၊ ငါညာဆောင်အံ့၊
သူညာကဆောင်၊ ငါဘယ်ဆောင်အံ့၊
ရှေ့နောက်ဘယ်ညာ၊ မရွေးပါတည်း၊
တွေ့ရာလွတ်ကွက်၊ ငါဖြည့်စွက်မည်။

ခရီးသည်များ လမ်းညီညာလျှောက်၊
ပန်းတိုင်ရောက်၍၊ စိတ်နှောက်ကင်းကွာ၊
ချမ်းမြေ့သာစေ၊ ငါဆောင်လေသည်၊
များထွေကောင်းကျိုး၊ ရရန်သာ။ ။
ဥယျာဉ်မှူး ရန်ကင်းတောင်

3 comments

  • padonmar

    May 26, 2013 at 12:45 am

    အဲဒီ စိတ်ဓာတ်လေးမွေးနိုင်အောင် ကြိုးစားပါမယ် ဟူးဟူးရေ

  • ခင် ခ

    May 27, 2013 at 9:42 am

    ကဗျာပါ စိတ်ဓာတ်လေးအတိုင်း ဖြစ်လာကြရင်
    အလွန်ကောင်းသောကမ္ဘာမြေပေါ့ဗျာ။

  • kyeemite

    May 27, 2013 at 1:19 pm

    ကောင်းပါလေ့…ကောင်းပါလေ့

Leave a Reply