မညှာမတာချစ်ခဲ့တဲ့ နာဂစ်ရဲ့  ကျနော်တို့ရပ်ကွက်အတွက် လက်ဆောင်မွန်ကတော့ တာဝါကရိန်းအကျိုးကြီးပေါ့ဗျာ ၊

ဒိုင်းမွန်းကွန်ဒို ဆောက်ရင်းတန်းလန်း အဲဒီ နာဂစ်ညမှာ ပြည်ရိပ်မွန်တိုက်တစ်လုံးအပေါ် ကျိုးကျခဲ့ပါတယ် ၊

ကျနော့် အသိ ကိုအောင်ကြွယ်ရဲ့ ဆလွန်းကားလေးခမျာ ရစရာကို မရှိခဲ့ပါဘူး ၊ အဲဒီညမှာ အဲဒီနေရာ ရပ်မိတာကို မှားတယ်ပဲ ဆိုပါစို့ ၊

သူက စမ်းချောင်းမှာနေပြီး အဲဒီညကျမှ ရပ်ကွက်ထဲက ဘော်ဒါတွေနဲ့ လာဝိုင်းဖွဲ့ပြီး မပြန်ဖြစ်တာပါ ၊

အဲဒီ တာဝါကရိန်း အပိုင်းပိုင်းကြီးကို စီမံကိန်းမြေပုံထဲမှာ ကလေးကစားကွင်းဆိုပေမယ့်

စားမဝနိုင်တဲ့ လူကြီးမင်းများ ဝေငှခွဲယူထားတဲ့ မြေကွက် ၂ ကွက်မှာ ပစ်ထားခဲ့တာ

အခုမှ ပြန်လာသယ်ပါတယ် ၊

လူကြီးမင်းများ အဆင့်ဆင့်ရောင်းစားထားတဲ့  အဲဒီအကွက်တွေမှာ ၈ ထပ်ကွန်ဒိုတွေ လာတော့မှာမို့ တဲ့ ၊ ၊

ကားလမ်းပေါ် ဆော့နေရတဲ့ ကလေးတွေကိုကြည့်ပြီး

ကိုလေးကို မေတ္တာပို့ရမလား သေသွားပြီဖြစ်တဲ့ ကျော်ဝင်းကို ဆဲဆိုရမလား ရရစားစား စည်ပင်အဖွဲ့များကိုပဲ  . . . . .photo1375_001

အင်းးးးးး  တော်ပါပြီဗျာ

အကုသိုလ်များမိတော့မယ်လေ ။

 

 

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..