နာဂစ်၏ လက်ဆောင်မွန်

မညှာမတာချစ်ခဲ့တဲ့ နာဂစ်ရဲ့  ကျနော်တို့ရပ်ကွက်အတွက် လက်ဆောင်မွန်ကတော့ တာဝါကရိန်းအကျိုးကြီးပေါ့ဗျာ ၊

ဒိုင်းမွန်းကွန်ဒို ဆောက်ရင်းတန်းလန်း အဲဒီ နာဂစ်ညမှာ ပြည်ရိပ်မွန်တိုက်တစ်လုံးအပေါ် ကျိုးကျခဲ့ပါတယ် ၊

ကျနော့် အသိ ကိုအောင်ကြွယ်ရဲ့ ဆလွန်းကားလေးခမျာ ရစရာကို မရှိခဲ့ပါဘူး ၊ အဲဒီညမှာ အဲဒီနေရာ ရပ်မိတာကို မှားတယ်ပဲ ဆိုပါစို့ ၊

သူက စမ်းချောင်းမှာနေပြီး အဲဒီညကျမှ ရပ်ကွက်ထဲက ဘော်ဒါတွေနဲ့ လာဝိုင်းဖွဲ့ပြီး မပြန်ဖြစ်တာပါ ၊

အဲဒီ တာဝါကရိန်း အပိုင်းပိုင်းကြီးကို စီမံကိန်းမြေပုံထဲမှာ ကလေးကစားကွင်းဆိုပေမယ့်

စားမဝနိူင်တဲ့ လူကြီးမင်းများ ဝေငှခွဲယူထားတဲ့ မြေကွက် ၂ ကွက်မှာ ပစ်ထားခဲ့တာ

အခုမှ ပြန်လာသယ်ပါတယ် ၊

လူကြီးမင်းများ အဆင့်ဆင့်ရောင်းစားထားတဲ့  အဲဒီအကွက်တွေမှာ ၈ ထပ်ကွန်ဒိုတွေ လာတော့မှာမို့ တဲ့ ၊ ၊

ကားလမ်းပေါ် ဆော့နေရတဲ့ ကလေးတွေကိုကြည့်ပြီး

ကိုလေးကို မေတ္တာပို့ရမလား သေသွားပြီဖြစ်တဲ့ ကျော်ဝင်းကို ဆဲဆိုရမလား ရရစားစား စည်ပင်အဖွဲ့များကိုပဲ  . . . . .photo1375_001

အင်းးးးးး  တော်ပါပြီဗျာ

အကုသိုလ်များမိတော့မယ်လေ ။

 

 

5 comments

  • surmi

    May 26, 2013 at 9:08 am

    ဆက်ပြောလေ ဆရာရဲ့
    :hee:
    မြှောက်ပေးနေတာ

  • မောင် ပေ

    May 26, 2013 at 1:11 pm

    “ကိုအောင်ကြွယ်ရဲ့ ဆလွန်းကားလေး” အတွက် လျော်ကြေး ရ လိုက် သ လား ဗျ

    • Myo Thant

      May 27, 2013 at 8:57 am

      ဘယ်ကလာဗျာ ၊ သဘာဝဘေးကြောင့် မပေးနိူင်ဘူးဆိုလို့ ရုံးတွေ ဘာတွေပါ ရောက်ကုန်သေးတယ် ၊ နောက်ဆုံးတော့ ဂရုဏာကြေးသဘောမျိုးနဲ့ ကျေနပ်လိုက်ရတယ် ၊ လူတွေလည်း ပမ်းနေပြီလေ ၊ တာဝါကရိန်းနဲ့တိုက်မိလို့ ပျက်သွားတဲ့ ၈ လွှာက အခန်းကိုတော့ ပြန်ပြင်ပေးခဲ့ပါတယ် ၊ အဲဒီညက ကားကို ဗန်ဒါစားသောက်ဆိုင်ထဲ ထည့်ဖို့ ပြောပေမယ့် ကိုအောင်ကြွယ်က ရပါတယ် ဆိုပြီး ဗန်ဒါဆိုင်ဘေးမှာ ရပ်ထားခဲ့တာ ၊ ဖြစ်ချင်လို့ပေါ့ဗျာ ၊ ဘယ်သူက ထင်မှာတုန်း ၊ အဲဒီ အီးဒီ ဆလွန်းကို ဘော်ဒီအလုံးလိုက် ချိန်းလိုက်ရတယ် ၊

  • TNA

    May 26, 2013 at 3:06 pm

    အင်းအိုက်လိုဒွေချည်းပါပဲ။ ကျွန်မတို့နားမှာလဲ ကလေးကစားကွင်းနဲ့ရေကူးကန်ဆိုပီး အခုတော့ စားသောက် ဆိုင်ဖွင့် လိုက်တယ်။ နောက်တော့ အခု ကွန်ဒိုမီနီယံတဲ့ ဆောက်အုံးမတဲ့။ စီမံကိန်းစာရွက်ကတော့ ခြစား သွားတာပေါ့ကိုမျုးိသန့်ရေ။ တရပ်ကွက်သားချင်း။ နီးနီးလေးတွေပဲ။ တွေ့ရတာဝမ်းသာပါအိ။ ( ရွာထဲ မှာတွေ့ တာ )

Leave a Reply