မြန်မာပြည်တွင် ဗုဒ်စဗုဒ်လယ် ဗုဒ်ဆုံးဟူသော ဗုဒ်သုံးဗုဒ်ကို အလွန်တရာမှတန်ဖိုးထားမြတ်နိုးကြသည်။ထိုဗုဒ်

သုံးဗုဒ်တွင် ဗုဒ္ဓနှင့်အရှင်မဟာဗုဒ္ဓဃောသတို့ သည် နိုင်ငံခြားသားများဖြစ်ကြပြီး ဆရာတော်ဦးဗုဒ်သည်သာလျှင် မြန်မာပြည်ဇာတိဖွားဖြစ်သည်။တစ်နေ့ တွင် စာသင်ရဟန်းပျိုတပါးသည် ၄င်းဆရာတော်ဦးဗုဒ်ထံသို့ လာရောက်

ဦးခိုက်၍ သူပြုစုထားသော ကျမ်းစားအုပ်အား အမှားစစ်ပေးပါရန် အပ်နှံလေ၏။အမှားပါသည့် နေရာလေးများ

ကိုလဲ ထုံးတို့ ပေးထားရန် လျှောက်ထားပြီး ပြန်သွားသည်။ကျမ်းစာအုပ်အားစစ်ဆေး၍ပြီးလောက်မည့်အချိန်

တွင် ဆရာတော်ထံသို့ တစ်ခါပြန်သွားလေ၏။ထိုအခါ ဆရာတော်မှ ၄င်းရဟန်းငယ်၏စာအုပ်အား ထုံးအိုးထဲ

တွင် သွားယူချေဟု မိန့် လိုက်လေသည်။ထုံးမတို့ ပဲ ထုံးအိုးထဲတွင် စိမ်ထားပုံကိုကြည့်၍ အမှားမည်မျှရှိမည်ကို

တွက်ဆနိုင်ပေမည်။

အခါတပါးတွင်လည်း ၄င်းဆရာတော် ဦးဗုဒ်လား မည်သည့်ဆရာတော်လဲ ဆိုတာတော့ မမှတ်မိတော့။ ဆရာတော့်ကိုသာကြောင်းမာကြောင်းနှင့် မည်သို့ မည်ပုံနေထိုင်ရကြောင်းစသည်လျှောက်ထားသည့် စာ

တဆောင်ရောက်လာ၏။စာထဲတွင် အစစအဆင်ပြေပါလျှင် စာပြန်ရန်လည်း မှထား၏။ပရိယတ် ပဋိပတ် ကိစ္စ

များဖြင့် အလုပ်များလှ၍ စာပြန်ချိန်ကိုမပေးလိုသည်ကတကြောင်း စာမပြန်လျှင်မကောင်းသိကတစ်ကြောင်း

နောက်များမှာလည်း စာမလာစေချင်သည်ကို သိစေလိုတာကတစ်ကြောင်း စသည်စသည်အကြောင်းများကြောင့်

စာပြန်လိုက်သည်။ ၄င်းဆရာတော်၏ပြန်စာမှာ ပေစာတစ်ရွက်လုံးတွင် ‘’အိမ်း’’ ဟူသောတလုံးသာပါလေ၏။

ပြီးခဲ့တဲ့တစ်လခန့် က ဆရာလယ်တွင်းသားစောချစ်၏ဟောပြောပွဲခွေမှလှတောသားတို့ အကြောင်းကိုနား

ထောင်လိုက်ရ၍ ရယ်မောခဲ့ရ၏။လှတောသားတို့ သည် ပျော်စရာရွှင်စရာများကို ကိုယ်တိုင်ဖန်တီး ပြောဆိုပြီး

ရယ်မောနေကြ၍ ကျမ္မာရေး အလွန်ကောင်းကြကြောင်း၊ထို့ ကြောင့် ၄င်းတို့ ရွာတွင် ဆရာဝန်မလိုကြောင်း၊

အထက်လူကြီးများမှ စေလွှတ်လိုက်၍ ဆရာဝန်ရောက်လာသော်လည်း ရွာသားများမှာ ကျမ္မာရေးအလွန်

ကောင်းကြသဖြင့် ဆေးကုမည့်သူ သိပ်မရှိကြောင်း၊ထိုသို့ သောအခြေနေတွင် အနည်းငယ်ကျမ္မာရေးအနည်း

ငယ် ချို့ တဲ့သော သူများက ဆေးသွားကုရာတွင်လည်း သုံးယောက်ဆက်တိုက် သေးဆုံးခဲ့ကြောင်း၊တစ်

ယောက်မှ နှစ်ယောက်ထိ သေဆုံးချိန်တွင် ရွာသားများမှာ ခွင့်လွှတ်နားလည်နိုင်သော်လည်း သုံးယောက်

မြောက်သေးဆုံးသောအခါတွင် ၄င်းဆရာဝန်အား ဆက်လက်မထားရှိစေလိုတော့ကြောင်း၊ထို့ အတွက် ဆရာ

ဝန်အားတိုက်ရိုက်ပြောလျှင်လည်းမကောင်း ဆရာဝန်ကိုဖြတ်ပေးပါဟု တောင်းဆိုလျှင်လည်း မကောင်းသဖြင့်

အဘက်ဘက်မှ သင့်တော်လောက်သည့်စာတစ်ဆောင်အား အထက်သို့ ပို့ ပေးခဲ့ကြောင်း။၎င်းစာမှာ ‘’ဆရာဝန်အား တခြားဆရာဝန်နှင့် အစားထိုးပြောင်းလဲပေးလျှင်လဲ ပေးပါ၊မပေးနိုင်လျှင်လည်း ရွာသဂြိုင်းကုန်း

အား ချဲ့ ပေးပါရန်’’ ဖြစ်ကြောင်း စသည်စသည်။

အခုလည်းကျွှန်ုပ်တွင် ထိုထိုသို့ သောစကားများကို တစ်ခုမဟုတ်တစ်ခုပြောရန်အကြောင်းကဖန်လာခဲ့ချေပြီ

တကား။ကျွှန်ုပ်သည် စာရေးဆရာမဟုတ်၊စာရေး၍အသက်မွေးနေသူမဟုတ်၊စာပေကိုဝါသနာအရဖတ်မိခြင်း

ရေးမိခြင်းမျှသာဖြစ်သည်။အပြိုင်ဆိုင်လည်းမရှိ။စာပေနဲ့ ပက်သက်၍မျှော်မှန်းချက်ပန်းတိုင်ဟုပင် မည်မည်ရရ

မရှိ။ဒီစာတစ်ခုကို ဖတ်လိုက်လို့ စိတ်ချမ်းမည်ထင်လျှင် ဖတ်လိုက်သည်။ရေးလိုက်လို့ စိတ်ချမ်းသာမည်ထင်

လျှင် ရေးလိုက်သည်။ဆိုလိုသည်က ကျနော်သည်စာအတွက်မဟုတ်။စာသည်သာလျှင် ကျနော့်ဘဝ ဆယ်ရာ

ခိုင်နှုန်းလောက်ရဲ့ ဖျော်ဖြေရေးတစ်ခုဖြစ်သည်။ အွန်လိုင်းတွင်လူအများစာဖတ်ကြသည်။ထိုလူအများထဲတွင်

ကျွှန်ုပ်လည်း အပါအဝင်တစ်ဦးဖြစ်သည်။အခြားသူများဖတ်မိတာကိုလည်း ကျွှန်ုပ်ဖတ်မိနိုင်သလို ကျွှန်ုပ်ဖတ်ပြီး

သားကိုလဲ သူတို့ ဖတ်မိနိုင်သည်။သို့ သော် မည်သည့်စာကို မည်သူဖတ်ထားပြီးသလဲဆိုတာကိုတော့ မည်သူမျှ

သိကြလိမ့်မည်မဟုတ်ပေ။ကျွှန်ုပ်အနေနှင့် အင်္ဂလိပ်စာပေကို လွန်ခဲ့သည့် သုံးနှစ်ကမှစတင်သင်ကြားခဲ့သည်။

ဘာသာပြန်စာပေနဲ့ နည်းဆက်ခဲ့တာ မကြာသေး။ဘလော့ဂ်ဆိုတာကို မနေ့ တစ်နေ့ ကမှ စသိတဲ့သူ။ သို့ သော်

မတောက်တခေါက်နှင့် သိသလောက်ကြိုးစားပြီး ဘာသာပြန်စာပေဘလော့လေးတစ်ခုလုပ်ကြည့်ချင်သည်။

အလွယ်ဆုံးမှစတင်သင့်သည်ဟုနားလည်ထား၍ အလွယ်တကာ့အလွယ်ဆုံးများကို ရှာဖွေ၍ပြန်ကြည့်သည်။

ပြန်ပြီးသားလေးမျာကို မိတ်ဆွေများထံ ပြန်ရှယ်သည်။ထိုသောအခါတွင်ကား နိုင်းနိုင်းစနေ ပြန်ပြီးသားများဖြစ်

၍နေလေ၏။ အပြုသဘောပြောသည်မျာကို နှစ်လိုအားရမှုရှိခဲ့သော်လည်း သူများပြန်ပြီးသားကိုဘာလို့ ပြန်ရ

လဲ မတူအောင်ရှောင်ပြီးတော့ ပြန်ပါလား စသည်စသည် ပြောလာသောအခါများတွင်ကား အတန်ငယ် စိတ်မကောင်းဖြစ်မိသလိုလို ရှိ၏။

အမနိုင်းနိုင်းစနေလည်း အွန်လိုင်းမှ သူဖတ်မိတာကို သူပြန်သည်။ကျွှန်ုပ်လည်း ကျွှန်ုပ်ဖတ်မိသည်ကို ပြန်သည်။ သို့ သော်နောက်နောင် အဲ့သလိုအပြောမခံရရန်အတွက်မနိုင်းနိုင်းထံသာ လှမ်း၍တိုင်တည်ရန်ရှိတော့သည်။

ဖတ်ပြီးသား ဘာသာပြန်ပြီးသား အွန်လိုင်းစာမျက်နှာလေးများကိုတော့ဖြင့် မနိုင်းနိုင်းရေ တံတွေးသာစွပ်ခဲ့ပေး

ပါတော့လို့ ………………….

နန်းရှင်

၅၊၂၅၊၁၃။

About Nan Shin

Nan Shin has written 11 post in this Website..

အနိုင်လိုသူနဲ့ ချိုင်လိုသူတို့ ကြား မဆိုင်သလိုနေပြီး ဒိုင်ရှိုလေးနဲ့ ထိုင်ငိုရတဲ့ရက်တွေ မြန်မြန်သာ ကုန်ဆုံးပါစေတော့....လို့ ။