ငွေက အရေးကြီးသလားတဲ့….
မေးလာတယ်….
ဟုတ်ကဲ့ အရေးကြီးပါတယ်…ဒါပေမယ့်…
ငွေထက်အရေးကြီးတာတွေ လောကကြီးမှာ အများကြီးရှိပါသေးတယ်….
ဥပမာ…မိသားစု…မိတ်ဆွေသူငယ်ချင်းကောင်း…နာမည်…ဂုဏ်သိက္ခာ…ကျန်းမာရေး….
ချစ်ခြင်းမေတ္တာ စသဖြင့်ပေါ့….နောက်ထပ်လဲ အများကြီး ရှိပါသေးတယ်….

နောက်ပြီး အလုပ်လုပ်တယ်….ဘာ့အတွက် အလုပ်လုပ်တာလဲ….အဓိက ကတော့ ငွေအတွက်ပါပဲ…ဒါပေမယ့်လည်း…


တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နာမည်အတွက် အလုပ်လုပ်ရပါတယ်…

တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ဂုဏ်သိက္ခာအတွက် အလုပ်လုပ်ရပါတယ်…

တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် မခံချင်စိတ်အတွက် အလုပ်လုပ်ရပါတယ်…
တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နာကြည်းစိတ်အတွက် အလုပ်လုပ်ရပါတယ်…
တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် မိသားစုအတွက် အလုပ်လုပ်ရပါတယ်…

တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ချစ်ခြင်းမေတ္တာအတွက် အလုပ်လုပ်ရပါတယ်…

တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ကျန်းမာရေးအတွက် အလုပ်လုပ်ရပါတယ်…

တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နောက်မျိုးဆက်တွေအတွက် အလုပ်လုပ်ရပါတယ်…

တခါတလေရင်း….တခါတလေရင်းနဲ့ပဲ…ကိုယ်သေဖို့တောင် ကိုယ်လုပ်ဖို့ မေ့နေပါတော့တယ်….

နေဖို့လုပ်ရင်းနဲ့ သေဖို့လဲ လုပ်ရပါဦးမယ်….ကဲ…သတိ…သတိ…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...