လှိုင်းတွေဘယ်လောက်ထန်ထန် ငါ၏မာန်ကိုရွှက်လွှင့်လို့

မာနကိုလှော်တက်သဖွယ်အသုံးပြုမယ်

တောင်စွယ်ဘယ်လောက်မြင့်မြင့် ငါ့ခြေဖ၀ါးအစုံကို

အားကုန်သုံးရင်း ဖြတ်ကျော်မယ်

လောကဒဏ်ဘယ်လောက်ပြင်းပြင်း ငါ့ရင်တွင်းမှာတော့

အရိပ်ခိုနေသရောင် ငါ့မေ့ထားချင်တယ်

နောက်ဆုံးပန်းတိုင်လေးအဖြစ် အမေ့ရင်ခွင်ဟောင်းလေးနေရာကို

ငါတမ်းတနေမိတယ်

ဝသန်ခါမိုး

ဖြိုးဖြိုးလက်သည့်

ပုလဲမျက်ရည်

ခြွေသက်ဆင်းကျ

မြေခသည့်သွင်

စိုပြည်ဝင်းပ

ခန်းချောက်သည့်မြစ်

တစ်သွင်သွင်စီး

နောက်ဆုံးခရီး

ပင်လယ်စီသို့

ကူးလူးဖြတ်သန်း

ပန်းတိုင်နားခို

နွေ မိုး ဆောင်း ပြောင်းလဲသူသို့

                                                                 ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..

   Send article as PDF