“ဘုရားကြီးဘဲ နာပါတယ်ဆိုတဲ့ တူးဖို့တူးဖို့ဇာတ်လမ်းများ”

“ဘုရားကြီးဘဲ နာပါတယ်ဆိုတဲ့ တူးဖို့တူးဖို့ဇာတ်လမ်းများ”

 

 

ခေတ်ကာလသားသမီးများ တယ်မလွယ်လှဘူး။

ပြောရဆိုရတာအခက်သားလား။

ကျုပ်လဲစိတ်တိုတိုနဲ့လက်ဖက်ရည်ဆိုင်ကိုထွက်လာခဲ့တယ်။

ပြဿနာစတာ က  အိမ်ဆေးသုတ်တာကစတာဘဲ။

အိမ်ဆေးမသုတ်တာလေးငါးနှစ်လောက်ရှိနေတော့ “အရောင်လွင့်နေပြီ အိမ်ဆေးအသစ်သုတ်မယ်”လို့

ပြောလာတော့ သုတ်ပေါ့ အိမ်လှအောင်သပ်ရပ်အောင်လုပ်တာဘဲ ဘာကန့်ကွက်စရာရှိလဲနော့။

အဲဒီမှာ အလတ်ကောင်က တစ်စခန်းထလာတယ်။

ဝါယာကြိုးတွေ အိမ်မှာသွယ်ထားတာ စံနစ်မကျဘူး နောက်ခလုတ်ခုံတွေကလဲနေရာမှားနေတယ်

အသစ်ပြန်သွယ်မယ် ရိုက်မယ်။

သွယ်ပေါ့ ဝါယာကြိုးအဟောင်းအမြင်းတွေက မီးတွေဘာတွေထတောက်နိုင်တာကိုး။

ကောင်းအောင်လုပ်တာ ဘဲ ဘာကန့်ကွယ်စရာရှိလဲ လုပ်ပေါ့။

ဒါပေမယ့် ကျုပ်က မေးတယ်  ဘယ်ဟာအရင်စမှာလဲပေါ့.။

အလတ်ကောင်က ဝါယာအရင်ရိုက်မယ်တဲ့။

ကျုပ်က ဆေးအရင်သုတ်ပြီးမှ ဝါယာရိုက်ပါလား လို့ပြောတော့

သူ့သူငယ်ချင်းတွေအားတဲ့ရက်မှာ လုပ်ရမှာလို့ အညွှန့်တက်လာတယ်။

ခလုပ်ခုံတွေဘာတွေ ရိုက်ပြီးမှာ နေရာပြောင်းရင် ခက်မယ်နော် လို့ကျုပ်ကပြောတော့

အေးဆေး ပါ လို့ ပြန်ဖြေတယ်။

အကြီးကောင်ကတော့ ဘာအရင် လုပ်လုပ် ရတယ် တဲ့။

 

ဒါနဲ့ဘဲ ပြီးခဲ့တဲ့ တနင်္ဂနွေက သူတို့သူငယ်ချင်းတစ်သိုက်မနက်လင်းကတည်းက

ဝါယာကြီုးတွေဖြုတ်ကြ ခလုပ်တွေလဲကြနဲ့ လုပ်ကြတာပေါ့။

တစ်နေကုန်ဘဲဆိုပါတော့။

နောက်ရက်ရောက်တော့ အကြီးကောင်ချိန်းထားတဲ့ ဆေးသုတ်တဲ့အဖွဲ့ကလုပ်ငန်းစပါတယ်။

အဲတော့ သူတို့ ဆေးစသုတ်မယ်ဆိုတဲ့နေရာကို ရှင်းပေး။

အဲဒီကပစ္စည်းကို မသုတ်သေးတဲ့ဘက်ပုံ။

ပြီးပြန်ရွှေ့အလုပ်တွေ ကိုရှုပ်လို့ပါဘဲ။

သူတို့ကလဲ တစ်ရက်နဲ့အပြီးသုတ်ကြတာပါ။

အိမ်အသစ်မဆောက်နိုင်တောင်မှ အထဲမှာဆေးလေးဘာလေးသုတ်လိုက်တော့

ဘယ်လိုဘဲပြောပြော အမြင်လေးတင့်သွားတာတော့အမှန်ပါဘဲ။

ပြဿနာ က ဆေးသုတ်ပြီး ငါးရက်လောက်နေမှစတာ။

မီးပြင်တဲ့အဖွဲ့က နံရံကပ်ထားတဲ့ မီးခလုတ်ခုံကိုနေရာပြောင်းလိုက်ကြတယ်။

အရင်က တီဗွီကြည့် သီချင်းနားထောင်ရင်း အကျင်္ ီမီးပူတိုက်လို့ရတယ်။

အခုနေရာပြောင်းလိုက်တော့မမှီတော့ဘူး။

အဲတာနဲ့ဉာဏ်ကြီးရှင်များက မီးခလုတ်ခုံကို နေရာထပ်ပြောင်းပေးလိုက်ပါသတဲ့။

ကျုပ်အလုပ်ကပြန်လာတော့ နံရံက ထူးခြားနေပါတယ်လို့ထင် တာနဲ့ကြည့်လိုက်တော့

ဆေးသုတ်မထားတဲ့နံရံအဟောင်းကြီးကိုသွားတွေ့တော့တာပေ့ါ။

ကြည့်ရတာ မျက်လုံးထဲ စလုံးစခုနဲ့။

ကျုပ်လဲစိတ်တိုတော့ အကြီးကောင်ကို ခေါ်ပြောတာပေါ့။

“အဖေကလဲ ဆေးပြန်ထပ်သုတ်လဲရတာဘဲဟာ”လို့ပြန်ပြောကြပါလေရော။

“မကုန်သင့်ဘဲ ပိုက်ဆံထပ်ကုန်တာပေ့ါဟ”လို့ပြန်ပြောလိုက်ပေမယ့်

ကျုပ်စိတ်ထဲမှာတော့ အတော်လေးကို မကျေမနပ်ပေါ့။

ဒါနဲ့ကျုပ်လဲ ကျုပ်အဖွဲ့တွေရှိတဲ့လက်ဖက်ရည်ဆိုင်ကိုထွက်လာလိုက်တာပေါ့။

ကျုပ်လက်ဖက်ရည်ဆိုင်ရောက်တော့ ကိုစိုးရင်တို့ကရောက်နေနှင့်ပြီ။

ကျုပ်အရိပ်အကဲကိုသိတဲ့ အဖွဲ့တွေက

“ကိုအောင်မောင်းကြီးကွိုင်လာပြန်ပြီလား”လို့မေးကြပါတယ်။

ကျုပ်ကလဲအရှိန်မသေသေးတဲ့အသံနဲ့ဖြစ်ကြောင်းကုန်စင်ပြောတာပေါ့။

“ဒါဘာဆန်းသလဲဗျ “လို့ ကိုတက်ထွန်းကဝင်ပြောပါတယ်။

“ဆန်းတော့မဆန်းဘူး ပိုက်ဆံအလဟဿဖြစ်တာပေါ့”

“ကလေးတွေဘဲဗျာ ဒီလောက်တော့ရှိမှာပေါ့။

ဒီထက်မက အလဟဿဖြစ်ပြီး နိုင်ငံဘဏ္ဍာတော်တွေ မကုန်သင့်ဘဲကုန်နေတဲ့နေရာတွေ

အများကြီးရှိတယ်နက်ဖြန်မနက်အလုပ်သွားရင်ကျုပ်အိမ်ဘက်လှည့်ဝင်ခဲ့ဗျာ

အဲဒီအခါက ခင်ဗျား သဘောပေါက်သွားလိမ့်မယ်”လို့ကိုတက်ထွန်းကကျုပ်ကို

ကြည့်ပြီး ထပ်ပြောပါတယ်။

 

 

******************************************************

 

နောက်နေ့မနက်ရောက်တော့ ကိုတက်ထွန်းအိမ်ကိုဝင်ခေါ်လိုက်ပါတယ်။

“သူကရွှေတစ်ချောင်းဘေးက သွားရအောင်”လို့ ပြောတော့

“လိုင်းကားတွေနဲ့ရှုပ်မယ်ထင်တယ်”လို့ကျုပ်ပြန်မေးမှာသိလို့ထင်ပါတယ်

“အဝေးပြေးကားတွေဒီလမ်းမဖြတ်ရတော့ဘူး”လိုု့သူကဆက်ပြီး ပြောပါတယ်။

အဲဒါနဲ့ ၄၁လမ်းကနေရွှေတချောင်းအနောက်ဘက်အတိုင်းတောင်ဘက်ကို ဦးတည်ပြီး

ဝင်လာခဲ့ကြပါတယ်။

မနက်ခင်းအလုပ်သွားချိန်ဆိုတော ့ စက်ဘီးတွေဆိုင်ကယ်တွေနည်းနည်းလေးတော့ရှုပ်ပါတယ်။

သွားရင်းနဲ့ ဘုရားကြီးအနောက်မုဒ်နားက တံတားလဲလွန်ရောလမ်းပိတ်နေတာနဲ့ဆုံပါတော့တယ်။

လမ်းပေါ်မှာကားတွေပိတ်နေလို့ကြည့်လိုက်တော့။

လမ်းအနောက်ဘက်မှတော့ အဲဒီနားကအိမ်တွေက မနက်ခင်းရောင်းတဲ့ဈေးဆိုင်တွေရှိ။

လမ်းအရှေ့ဘက်ခြမ်းမှာတော့ ရွှေတစ်ချောင်းမြောင်းကိုဆယ်ထားတဲ့ ရွှံ့နွှံပုံကြီးကလမ်းပေါ်အပြည့်။

နောက်မြောင်းကော်တဲ့ စက်ယန္တရားကားတွေကလဲ အရှေ့ဘက်ခြမ်းမှာ မြေတွေကော်လိုက်

လမ်းမပေါ်ပုံလိုက်နဲ့ အလုပ်တွေလုပ်။

ရွှေတချောင်းကို   အုတ်တံတိုင်းလုပ်နေတဲ့ လုပ်သားများနဲ့သူတို့ပစ္စည်းတွေကလဲ

လမ်းပေါ်မှာဖြစ်သလိုချထား။

အုတ်ခဲတွေ ဘိလပ်မြေတွေ ရော ထုးံတွေသဲတွေရောကလမ်းပေါ်မှာ။

လမ်းကျဉ်းကျဉ်းလူများများဆိုတော့ ဖြေးဖြေးဘဲသွားလုို့ရပါတယ်။

လမ်းတစ်ခုလုံးမှာလဲရွှံ့ဗွက်တွေနဲ့ ပွထလို့နေပါတယ်။

တစ်ချို့နေရာကတော့ ဗွက်တွေကချောက်သွားတော့ ကတ္တရာလမ်းကပျောက်ပြီး

လမ်းတစ်ခုလုံးက မညီအညာ ခုးိလိုးခုလု။

ကားတွေဆိုင်ကယ်တွေက ဒီလမ်းကျဥ်းလေးထဲမှာဖြတ်နဲ့စိတ်ပျက်စရာ။

 

***********************************************************

လက်ဖက်ရည်ဆိုင်ရောက်ကြတော့ ကျနော်ကဘဲစပြောမိပါတော့တယ်။

“ကိုတက်ထွန်းရာ ဒီလမ်းက ကတ္တရာလမ်းခင်းထားတာ မကြာသေးဘူးမလား”

“ဟုတ်တယ်လေ နှစ်တောင်မပေါက်သေးဘူး”

“အခုဘယ်လိုဖြစ်ပြီး ပျက်စီးသွားတာလဲ“

“  ရွှေတစ်ချောင်းမြောင်းကို အုတ်စီတာလေ“

“ အဲတာ ဘယ်သူကလုပ်ပေးတာလဲ “

“စည်ပင်ကလေ “

“ လမ်းခင်းတာရော“

“အဲဒါလဲ စည်ပင်ကဘဲလေ “

ဒီရွှေတစ်ချောင်းအနောက်ဖက်ကလမ်းက ဟိုအရင်က တကယ်ကိုလမ်းကျဉ်းကျဉ်းလေးပါ။

မနှစ်လောက်က ၃၅အေလမ်းကနေ ဟိုးတောင်မြို့အဝင်ထိပ်အထိ

စပယ်ရှယ်ကောင်းနေအောင်ခင်းလိုက်ပါတယ်။

အရင်က စစ်ကိုင်းမန်းလေး လမ်းမ လမ်းကျဉ်းကျဉ်းလေးတစ်ခုထဲကို ပြွတ်သိပ်ကျပ်ညှပ်အောင်

သွားနေရာကနေ ရွှေတချောင်းအနောက်ဘက်ကလမ်းကလေးကောင်းလာတော့ ဒီလမ်းကလဲ သွားလို့ရတယ်ဆိုတော့အတော်လေးအဆင်ပြေပါတယ်။

 

နောက်မကြာခင်မှာဘဲ မန်းလေးမြို့တောင်ဘက်က မုံရွာရွှေဘို သွားတဲ့အဝေးပြေးကားလမ်း (မြောက်ကနေတောင်ဘက် အထွက်လမ်း)အဖြစ်သတ်မှတ်လိုက်ပါတယ်။

မန်းလေးမြိုကနေထွက်တဲ့ကားတွေက ၃၅လမ်းကနေ တောင်မြို့အထွက်လမ်းထိ ရွှေတစ်ချောင်း

အနောက်ဘက်လမ်း ၈၆လမ်းကဘဲ သွားရပါတော့တယ်။

အရင်သွားနေကျ စစ်ကိုင်းမန်းလေးလမ်းမကိုတော့ တောင်ကနေမြောက်ကိုလာတဲ့အဝင်လမ်းအဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။

ဒီလိုသတ်မှတ်ပေးလိုက်တော့ အရင်က ဘုရားကြီးကျောက်ဆစ်တန်းကွေ့မှာ

အဝေးပြေးကားတွေရော စစ်ကိုင်းမန်းလေး ကားတွေရပ်လမ်းပိတ်ရပ်ပြီးလူတင်လို့

လမ်းပိတ်တာ နည်းနည်းလေးတော့လျော့သွားပါတယ်။

(အခုတော့ကန်ပါတ်လမ်းကဘဲသွားရပါတော့တယ်)

 

လမ်းလေးကောင်းနေတာ ဘာမှမကြာလိုက်ဘူး ရွှေတစ်ချောင်းမြောင်း

တူးဖော်ရေးလုပ်ငန်းကြောင့်လမ်းက ပြန်ပျက်သွားပြန်ပါတယ်။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

အဲဒီမှာကျုပ်သဘောပေါက်လို့သွားတာကတော့

ကျုပ်တို့နိုင်ငံမှာ လုပ်ငန်းတစ်ခုကို စံနစ်တကျလုပ်တဲ့အကျင့်မရှိဘူးဆိုတာကိုပါဘဲ။

နောက်တစ်ချက်လုပ်ငန်းလုပ်တဲ့အခါ ရေရှည်စီမံကိန်းနဲ့လုပ်လေ့မရှိဘဲ

ဒါလုပ်မယ်ဆို ဒါဘဲအမြန်ပြီးအောင်လုပ်ဘို့ဘဲ စိုင်းပြင်းကြပြီး ဟိုဟာလေးတော့

ထည့်မစဉ်းစားကြတာအမှန်ပါဘဲ။

အခုအဖြစ်အပျက်လေးကိုကြည့်မယ်ဆိုရင် ရွှေတချောင်းမြောင်းကောလာတာလဲ

သိနေပြီးသားကိစ္စဖြစ်သလို ၈၆လမ်းက ချဲ့ဘို့လိုအပ်တယ် ချဲ့ရမယ်ဆိုတာလဲ

အထူးပြောစရာမလိုတဲ့ကိစ္စဖြစ်ပါတယ်။

အဲတော့ ဒီလမ်းကြီးကို ပြင်ရမယ်လို့ ဆုံးဖြတ်တဲ့အချိန်မှာ ကောနေတဲ့ရွှေတချောင်းမြောင်းကို

အရင်ပြင်ဘို့သင့်တယ်လို့ မစဉ်းစားမိဘူးလားဆိုတဲ့မေးခွန်းလေးက ကျုပ်ခေါင်းထဲပေါ်လာပါတယ်။

အခုတော့ ငွေကုန်ကြေးကျခံ အချိန်ကုန်ခံ လူတွေရဲ့လုပ်အားတွေကို အသုံးပြုပြီး

လမ်းကြီးကို အရင်ဆုံးတည်ဆောက်လိုက်တယ်။

အဲကောင်းသွားပြီ အသုံးပြုလို့ရပြီဆိုတဲ့အခါမှာ သူ့နံဘေးနားကရွှေတချောင်းကိုပြန်

ဖော်လိုက်တော့ ကောင်းပြီးသားလမ်းက ပြန်ပျက်စီးသွားပါတယ်။

အဲဒီပျက်သွားတာကို ပြန်ကောင်းအောင်လုပ်တော့ အချိန်ငွေကြေးနဲ့ လုပ်အားတွေကို

သုံးပြီး ပြန်ဆောင်ရွက်ကြရတော့ မိအေးနှစ်ခါ ဆိုသလိုပါဘဲ။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ဒီလိုအဖြစ်အပျက်မျိုးက ဒီတစ်နေရာထဲမှာမဟုတ်ဘဲ နေရာအတော်များများမှာ

ကြုံတွေ့နေရပြန်ပါတယ်။

ဌာနတစ်ခု ကလမ်းပျက်နေလို့ ပြင်တယ် အသစ်ခင်းတယ်။

လမ်းခင်းပြီးပြီဆိုမှနောက်ဌာနတစ်ခုက မြေအောက်လျပ်စစ်ကြိုးတွေမကောင်းလို့

ဓါတ်တိုင်အသစ်ထူမလို့ဆိုပြီး လာလုပ်လို့လုပ်။

အဲဒီပြင်ထားတဲ့လမ်းကိုလာတူးတဲ့အခါတူး။

မြောင်းတွေလမ်းတွေပြင်လို့ ပြးီခါမှာ

ရေသန့်ဌာနက ပိုက်ပြင်မယ်ဆိုလာတူးလို့ တူးနဲ့ ဆိုတဲ့အဖြစ်တွေက မကြာခဏမြင်တွေ့နေရပါတယ်။

ပြောရရင်တော့ နိုင်ငံတော်ရဲ့လက်အောက်မှာရှိတဲ့ဌာနအချင်းချင်းအချိတ်အဆက်မမိတာပါ။

အထင်ရှားဆုံးလို့ပြောရရင်တော့

မြိုသစ်က ၆၂လမ်း ပြင်တုံးက အဖြစ်အပျက်လေးပါဘဲ။

သက္ကရာဇ် ၂၀၀ဝလောက်ထိ အဲဒီလမ်းက တကယ့်ကို ကျဉ်းကျဥ်းလေးပါ။

တိုးတက်လာတဲ့ လူဦးရေနဲ့ မလိုက်ဖက်အောင်ကို ကျဥ်းမြောင်းခဲ့ပါတယ်။

နောက်တော့ ဒီလမ်းကြီးကိုချဲ့မယ်ဆိုပြီး ရှယ် ကောင်းအောင်လုပ်ပါတယ်။

လမ်းဆောက်တဲ့အချိန်က လမ်းအလည်ခေါင်မှာ ဓါတ်တိုင်တွေအကျအနလုပ်ခဲ့ပါတယ်။

လမ်းကြီးကလဲ ခင်းထားတာ ဖြူးဖြောင့် ညီညာ ဆိုင်ကယ်မောင်းရ ကားမောင်းရတာ

အတော်လေးကိုကောင်းပါတယ်။

နောက်တော့ ဘယ်လိုဆုံးဖြတ်ချက်တွေချလိုက်တယ်မသိပါဘူး လမ်းအလည်ခေါင်မှာရှိနေတဲ့

ဓါတ်တိုင်တွေကို ပြန်နှုတ်ပြီး လမ်းဘေးပြန်ပို့ပါတော့တယ်။

လမ်းခင်းပြီးစက ညီညာဖြောင့်ဖြူးနေတဲ့လမ်းမကြီးက အခုတော့ မညီမညာနဲ့ပျက်စီးသွားပါတယ်။

ကျုပ်ဖြစ်စေချင်တာကတော့ အားလုံးက နိုင်ငံတော်လက်အောက်မှာရှိနေတဲ့ဌာနတွေချည်းပါ။

အဲတော့ အသစ်လုပ်မယ် ပြင်တော့မယ်ဆိုရင် လုပ်မယ့်အကောင်အထည်ဖော်မယ်ဆိုတဲ့

အကြောင်းအခြားဌာနတွေနဲ့ တိုင်တိုင်ပင်ပင်လုပ်ကြမယ်ဆိုရင်အချိန်ကုန်ငွေကုန်သက်သာပါမယ်။

နောက်တစ်ချက်က အပြောင်းအလဲတစ်ခုလုပ်မယ်ဆိုရင် သေသေချာချာ ချပြ ဝိုင်းဆွေးနွေး

ပြီးမှ အကောင်းဆုံးဖြစ်အောင်လုပ်သင့်ပါတယ်။

အခုတော့ ဒီမှာလုပ်နေကြတာ ရေရှည်မစဉ်းစားဘဲလုပ်နေကြတာများပါတယ်။

ဓါတ်ကြိုးတွေလဲပြီးပြီ ဆိုမှ သစ်ပင်တွေလိုက်ခုတ်

အခုတော့ပလက်ဖောင်းခင်းပြီးပြီဆိုမှ  အုတ်ခုံဖောက်ပြီးသစ်ပင်စိုက်။

လမ်းလည်ခေါင် မှာ သံဇကာတွေ အုတ်တွေအခိုင်အမာတွေကာပြီးမှပြန်ဖျက်။

လမ်းမအလည်ခေါင် မှာအုတ်အင်္ဂတွေနဲ့ အခိုင်အမာစည်းခြားထားပြီးမှ ပြန်ဖျက်။

လမ်းခင်းပြီးပြီဆိုမှ ရေနုတ်မြောင်းပြင်၊

အဲလိုတွေလုပ်ပါများတော့  “တူးပို့တူးပို့”ဆိုတဲ့သင်္ကြန်သီချင်းလေးကို

“တူးဖို့ တူးဖို့ “ဆိုပြီး ပြောင်းလဲလို့ဆိုကြရတဲ့ထိကို အမြီးအမောက်မတည့်အောင်

လက်စွမ်းပြခဲ့ကြတာပါ။

အဲလိုလုပ်လို့ဘယ်သူတွေဘယ်လိုအကျုးိရှိသွားတယ်ဆိုတာကတော့ကျုပ်တို့လဲမသိဘူးနိုင်ပေဘူး။

ဒါပေမယ့် ဘယ်သူက ဒိုင်ခံပြီးနစ်နာရတယ်ဆိုတာကတော့သိပါသဗျာ။

ဘယ်သူနာသလဲဆိုတာကို တွေးမိတော့ငယ်ငယ်က ကြားဘူးခဲ့တဲ့ပုံပြင်လေးကိုပြန်သတိရလာပါတယ်။

******************************************************************************

တစ်ခါက တောနယ်ဘက်က လူတစ်ယောက် မန်းလေးမဟာမြတ်မုနိကိုဘုရားဖူးရောက်လာပါသတဲ့။

သူရောက်တာ ညနေအတော်လေးစောင်းနေပါပြီ။

အထုပ်တွေအပိုးတွေနဲ့ဝင်လာတဲ့ရွာသားကိုမြင်တော့စောင်းတန်းအဝင်ဝက ပန်းသည်က

ပန်းလှူပါအုံးရွှေချပါအုံးလို့ အော်ပြီးဈေးကြိုပါသတဲ့။

အဲဒါနဲ့ရွာသားနဲ့အဲဒီဈေးကြိုတဲ့မိန်းမ စကားတွေပြောဖြစ်ကြပါသတဲ့။

ရွာသားကလဲ ရွှေတစ်ဆယ်ကျပ်ဖိုးလောက်ရွေချင်တယ်ပေါ့။

အဲတော့ဈေးကြိုမိန်းမကလဲ ဒါဆို ရင်

ညပိုင်းဆိုရင်ရွှေချလို့ မရတော့ ဘူး မနက်စောစော မျက်နှာသစ်တော်ရေကပ်တာလဲဖူးရ

ရွှေလဲချလို့ရအောင် သူဆိုင်မှာဘဲတည်း။

ရွှေတစ်ဆယ်ဘိုးလဲ သူဆီကဘဲဝယ်။

စားရေးသောက်ရေးလဲစီစဉ်ပေးမယ်ဆိုပြောပါသတဲ့။

တိုတိုပြောရင်ရွာသားကလည်း မသွားတတ်မလာတတ်ဆိုတော့ ဈေးကြိုမိန်းမကျွေးတဲ့ထမင်းစားပြီး အဲဒီမှာဘဲအိပ်လိုက်ပါသတဲ့။

မနက်မိုးလင်းလို့ဘုရားရွှေသွားချပါတယ်။

ရွှေကလဲအဲဒီမိန်းမဆီကနေတစ်ဆယ်ဘိုးဆိုပြီးဝယ်လာခဲ့ပါသတဲ့။

ဘုရားကြိးကိုရွှေသင်္ကန်းကပ်တဲ့အချိန်မှာရွှေဆိုင်းက ငါးချပ်ထဲဘဲပါလာပါသတဲ့။

အဲဒါနဲ့ ရွှေချပြီးတဲ့အချိန်ဘုရားကြီးကရွှေရောင်းနေရာမှာကပ်ထားတဲ့စာဖတ်ကြည့်တော့

တစ်ဆယ်ဘိုးဆိုရင် ရွှေဆိုင်းဆယ်ခုရ ရမယ်ဆိုတာ သိသွားပါသတဲ့။

အဲဒါနဲ့ရွာသားလဲသူ့ကိုနှပ်ချတယ်ဆိုပြီး ရွှေဝယ်ခဲ့တဲ့မိန်းမကိုသွားပြီးရန်တွေ့ပါသတဲ့၊

နှစ်ယောက်သားတစ်ယောက်တစ်ခွန်း စကားတွေများတော့လူတွေအုံလာပြီး

ဂေါပကအဖွဲ့ဆီရောက်သွားပါသတဲ့။

ဂေါပကလူကြီးတွေကလဲနှစ်ယောက်စလုံးကိုအကျုးိအကြောင်းမေးကြည့်ပြီးတော့

ဘယ်လိုဖြေရှင်းပေးရမယ်မသိဖြစ်ကုန်ပါသတဲ့။

အဲဒီအချိန်မှာလာပြီးနားထောင်နေသူတွေထဲက အဖိုးကြီးတစ်ယောက်ကဝင်ပြောပါသတဲ့။

“ကဲကဲ ရွှေချတဲ့သူကလဲ ရွှေတစ်ဆယ်ဘိုးချချင်တာ ဟုတ်တယ်နော်။

ဒါပေမယ့် ပန်းသည်ဆီမှာ ညနေစာတစ်နပ်စား တစ်ညအိပ်ရေမိုးချိုးပြီး ရွှေဆိုင်းငါးခုတောင်ရသေးတယ်

တစ်ဆယ်ဘဲပေးရတယ်ဆိုတော့တန်ပါတယ်။.

ပန်းသည်မကလဲ ထမင်းကျွေးမွေးနေရာထိုင်ခင်းပေးပြီး ရွှေဆိုင်းငါးချပ်ဘဲထပ်ကုန်တာဆိုတော့

ညည်းလဲနေ့တွက်ကိုက်ပါသေးတယ်။

တစ်ကယ်နာတာကတော့ဘုရားကြီးပါအေ ရွှေသင်္ကန်းတစ်ဆယ်ဘိုး ရမှာကို ငါးကျပ်ဘိုးဘဲရလိုက်တာကိုး.

အဲတော့ တော်ကြ ရွှေသင်္ကန်းကပ်သူလဲ မနာ ပန်းသည်လည်းမနာ

တကယ်တော့ ဘုရားကြီးဘဲ နာတာပါအေ့” လို့ပြောလိုက်မှ ပြီးသွားပါသတဲ့။

ဒီပုံပြင်လေးတွေကြည့်မိတော့ လမ်းတွေကို ပြင်လိုက်ဖျက်လိုက်လုပ်နေတာ

ဘယ်သူတွေ ဘယ်လိုကောင်းစားပြီး ဘယ်လိုရသွားကြတယ်ဆိုတာကိုတော့ကျုပ်မသိတာအမှန်

အင်းတကယ်နာတာကတော့………………………………………………………………………………….

………………………………………………………………………………………………………………………

တစ်နိုင်ငံလုံးမှာ သာ ဒီလို တူးဖို့ တူးဖို့ ဇာတ်လမ်းခင်းနေမယ်ဆိုရင်

မကုန်သင့်ဘဲလေလွင့် ကုန်ကျသွားမယ့် ဘဏ္ဍာတော်ငွေတွေဘယ်လောက်များမလဲဆိုတာ

တွက်ကြည့်မိရင် ရင်မောစရာကြီးပါဘဲ။

 

ကိုပေါက်(မန္တလေး)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

26-5-2013

 

 

 

 

 

 

 

 

18 comments

  • ကထူးဆန်း

    May 27, 2013 at 10:30 am

    မြန်မာပြည်မှာတော့ တကယ်နာနေတာကတော့ ပြည်သူတွေပါဘဲ လေးပေါက်ရေ…

  • KZ

    May 27, 2013 at 10:38 am

    နာ နေတာကို နာလို့ နာမှန်း သိလာနိုင်ကြပါစေလို့ ပဲ။

    မသိသေးတဲ့ လူတွေ အများကြီး ရှိသေးတယ်။

    :harr:

  • TNA

    May 27, 2013 at 12:41 pm

    နာတာကတော့ပြောမနေပါနဲ့လေးပေါက်ရေ။ အခုရန်ကုန်မှာလဲ လမ်းတွေချဲ့တယ်လေ။ ကားပါကင်အတွက်ဆိုပီး။ ကွန်ကရစ်တွေလမ်းဘေးဝဲယာလောင်းတယ်။ ကောင်းပါတယ်။ ပလက်ဖောင်းလဲ အသစ်တွေပြန်လုပ်။ ဝမ်းသာစရာပေါ့။ ပြီးခဲ့တဲ့တပါတ်သွားတုန်းက ပလက်ဖောင်းပေါ်တက်တဲ့ ဆင်ခြေလျှောလေးတွေလုပ်နေတာတွေ့ခဲ့တယ်။ ဒီတပါတ်သွားတော့ အဲဒီဆင်ခြေလျှောတွေပြန်ဖျက်နေ တယ်။ အောက်ကရေပိုက်ဖော်ဖို့တဲ့။ ညနေကျတော့ အဲဒီဆင်ခြေလျှော အသစ်ပြန်လုပ်နေတယ်။ အဲတော့ လေးပေါက်ပြောသလို ဘယ်သူနာလဲမမေးချင်တော့ပါဘူးလေးပေါက်ရေ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 27, 2013 at 1:07 pm

    မြန်မာပြည်မှာကတော့ လုပ်ခြင်သလိုလုပ်ကြပြီးဆုံးရှုံးမှု့တွေအများကြီးဖြစ်နေတဲ့
    ကိစ္စတွေအများကြီးရှိလေရဲ့
    အထူးသဖြင့် အစိုးရဆိုတဲ့ လူကြီးတွေကတစ်ကယ်လည်းလုပ်ခြင်သလိုကိုလုပ်ကြတာဘဲ
    သူတို့ဖါသာ ဆိုင်ရာဆိုင်ရာဝါးကွက်ရရင်ပြီးတာဘဲ
    ဒီကိစ္စကိုပြည်သူတွေကလည်း လူတိုင်းလူတိုင်း နားလည်ပြီး ဝိုင်းဝန်းကာကွယ်နိုင်ကြဘို့
    လိုလိမ့်မယ်ထင်တယ်
    ဥပမာ
    ကိစ္စတစ်ခုမကျေနပ်ရင် စုပေါင်းပြီးဆန္ဒပြတာမျိုးပေါ့ :mrgreen:

  • ခင် ခ

    May 27, 2013 at 2:24 pm

    လျှပ်စစ်မီးပျက်တော့ ကျွန်တော် မြို့နယ်လျှပ်စစ်ရုံးကို “လျှပ်စစ်မီးပျက်နေတယ် အလုပ်လုပ်လက်စမို့ ဘယ်အချိန်လောက်ပြန် လာ မလဲသိချင်လို့ပါ´´ မေးတော့ “လျှပ်စစ်မီးပျက်တာ ခွဲရုံက မီးမလွှတ်လို့ပါ အဲဒီဖုန်းနံပါတ် xxxxx ကို မေးကြည့်ပါတဲ့´´ ဒါနဲ့ဘဲ ခွဲရုံကိုဆက်တော့“ ကျွန်တော်တို့က မီးမလွှတ် ဘဲ ဖြတ်ထားတာ မဟုတ်ပါဘူး မြို့နယ်ရုံးက လိုင်းပြင်နေလို့ မီး မလွှတ်သေးတာပါ သူတို့ လိုင်းပြင်ပြီးရင် ပြန်လွှတ် မှာမို့ မြို့နယ်ရုံးကိုပြန်မေးကြည့်ပါ´´ တဲ့။ ဒါနဲ့ဘဲ မြို့နယ်ရုံးပြန်ဆက်တော့ “လိုင်းပြင်တဲ့ အလိုင်းမန်းဖုန်း xxxxxx ဆီဆက်ကြည့်ပါ ဘယ်အချိန်ပြီးမလဲ သူတို့မသိဘူးတဲ့´´ ဒါနဲ့ဘဲ အလိုင်းမန်းဆီ ဆက်ကြည့်တော့ “သူတို့ပြင်လို့ပြီးနေတာ နာရီဝက်ကျော်လောက်ရှိပြီ မြို့နယ်ရုံး ကိုလည်း ပြီးတဲ့ အကြောင်း ပြင်ပြီးပြီးချင်း သတင်း ပို့ပြီးပြီ မြို့နယ်ရုံးတာမေးပါတဲ့´´ ဒါနဲ့ တိုင်းအင်ဂျင်နီယာမှုး လက်ကိုင်ဖုန်းဆက်ပြီး ဘယ်ပရောဂျက်ကပါ အလုပ်လုပ်လက်စမို့ လျှပ်စစ်မီး ဘယ်အချိန်များလာမလဲ သိချင်လို့ဆက်တာပါဆိုပြီးပြောတော့“သူလှမ်းပြောလိုက်မယ် နောက် ၁ဝ မိနစ်လောက်ဆို ရပါမည်တဲ့´´ တကယ်လည်း ၅ မိနစ်ကျော်လောက် မှာ လျှပ်စစ်မီးပြန်လာပါ၏။
    ဆိုလိုချင်တာ ကိစ္စရပ်တစ်ခုက ဘာကြောင့် အဲလိုဖြစ်ရတယ် ဘယ်လိုလုပ်နေတယ်ဆိုတာကို အမှန်အတိုင်း ပြည်သူကိုမပြောဘဲ ဟို ဌာနလို ဒီဌာနလို အဲလို ….လို ……လို တွေနဲ့ဘဲ လျှောက်လာခဲ့ကြ သလို ပူးပေါင်းညှိ့နှိုင်းဆောင်ရွက်ဖို့ အားမထုတ်ကြဘဲ မိမိ တာဝန်ကျေပြီးရော လုပ်နေကြတာ များနေသလိုဘဲလေ။

  • kyeemite

    May 27, 2013 at 2:42 pm

    ကိုပေါက်ထောက်ပြတာလေးက..ကောင်းပါတယ်…ဒါမျိုး
    တိုင်းပြည်နေရာအနှံ့မှာဖြစ်ပျက်နေတာပါ….
    ကျုပ်တွေ့မိဖတ်မိသလောက် ပလူပျံအောင်ထွက်နေတဲ့
    ဂျာနယ်တွေ၊ နေ့စဉ်သတင်းစာတွေမှာပါ
    အရင်နဲ့မတူ လွတ်လပ်စွာ ဒဲ့ ထောက်ပြရေးသားနေကြတာအများကြီးပါ..
    ဒါပေမဲ့ အစိုးရကြည့်ရတာတော့ ဒါတွေသတိထားဖတ်ပုံမရဘူးဗျ…

  • Ma Ei

    May 27, 2013 at 2:58 pm

    ကိုပေါက်ကသာ ကြည့်ရင်မောနေတာ
    တူးဖို့ တူးဖို့ ဇာတ်လမ်းခင်းနေတဲ့အတွက်
    မကုန်သင့်ဘဲကုန်မယ့် ဘဏ္ဍာငွေတွေက
    သူတို့ အိပ်ကပ်ထဲကထွက်ရတာမဟုတ်တော့
    စိတ်ဝင်စားပါ့မလားနော်…

    • ကထူးဆန်း

      May 27, 2013 at 5:13 pm

      မအိရေ.. သူတို့ အိပ်ကပ်ထဲ ကမထွက်ရတဲ့ အပြင် သူတို့ အိပ်ကပ်ထဲ ဝင်နေတာ ခင်ဗျ..
      အဲ့ဒါကြောင့် စိတ်ဝင်တစားနဲ့ကိုတဖွဲ့ က တူူးလိုက် တစ်ဖွဲ့ ကခင်းလိုက် တစ်ဖွဲ့ ကပြန်ခင်းလိုက်နဲ့ လုပ်နေတာ နေမှာ .. :kwi:

  • သုရှင်

    May 27, 2013 at 3:49 pm

    လွဲနေတာကတော့ တစ်နေရာတည်းကို မဟုတ်ဘူးဗျို ့

  • Shwe Ei

    May 27, 2013 at 4:13 pm

    အွန်း ဟုတ်ပ…….လမ်းတခါပြင်ချင် ဆိုင်းဘုတ်ထောင်ထားပြီး
    လူစည်ကားချိန် အားပါးတရ ပြင်ကျတာလဲ ဆိုးတယ်ဗျ။
    နေ့ခင်းနေ့လည် လူသွား လူလာများချိန်မှ လမ်းပိုကျပ်အောင် လုပ်သလိုပါဘဲ။
    ခနနေ မြေကြီးတင်တဲ့ကား လမ်းပိတ်ရပ်နေလိုက် ခနနေ ရေကား ခနနေ အုတ်ကား
    ခနနေ သဲကား…ဟုတ်နေတာဘာဘဲ။ :gee:

  • Mr. MarGa

    May 27, 2013 at 8:49 pm

    လေးပေါက်ရေ
    အဲဒီလမ်းပေါ့
    တကယ် ဝမ်းနည်းသွားတာ
    အစက အရမ်းကောင်းတယ်
    အဝေးပြေးတွေ သွားတဲ့အထိ ဘာမှ မဖြစ်သေး
    ရွှေတချောင်းလဲ ပြင်လိုက်ရော
    အဲဒီ မြေတွေ ပစ္စည်းတွေ ကားတွေ လက်ချက်နဲ့ ရစရာကို မရှိတော့တာ
    တွေ့တိုင်းလဲ စိတ် စနိုးစနောင့် ဖြစ်မိတယ်
    (ဖြစ်မိရုံပဲရှိတာ လေးပေါက်လို ပြောပြဖို့ မတွေးမိဘူး)
    အခု လာပြန်ပြီ 41 လမ်း
    ဘေးမှာ မြောင်းဖော်နေတယ်
    ဘယ်အချိန် လမ်းပျက်မလဲ ဆိုတာ ကြည့်နေရတယ်
    အဓိက ကတော့
    စနစ်မကျမှု လို့ပဲ ပြောရတော့မှာပေါ့ဗျာ။
    :buu:

  • padonmar

    May 27, 2013 at 9:39 pm

    ရန်ကုန်မှာလည်း ဒီလိုပါပဲ။
    လမ်းတွေကို ပြင်မယ်ဆို ကြံ့ဖွတ်တစ်ဝက် ရပ်ကွက်နေသူတွေ တစ်ဝက်ထည့်ရတယ်။
    ပြင်ပြီးမကြာခင် ရေပိုက်တွေ လဲရမယ်ဆိုပြီး လမ်းဘယ်ညာတူးလိုက်တာ အလယ်လေးပဲကောင်းတော့တယ်။
    ရေပိုက်ကလည်း ပြင်တယ်သာပြော ရေကကောင်းကောင်းမလာ။
    ဟိုပြက်လုံးတောင်သတိရမိသေး။
    စိုက်တာက တစ်ဖွဲ့၊ခုတ်တာက တစ်ဖွဲ့ ဆိုတာလေ။

  • ko pauk mandalay

    May 28, 2013 at 2:57 pm

    နေရာတိုင်းရဲ့လွဲချော်မူ့တွေဟာ
    မသိလို့ဖြစ်ကုန်တာလား
    တမင်တကာဘဲဖြစ်နေတာလားဆိုတာကို ခွဲခြားသိနိုင်အောင်လို့
    ဒီပိုစ်ကိုရေးဖြစ်သွားပါတယ်။

  • မောင် ပေ

    May 28, 2013 at 8:07 pm

    အဲ့ပုံပြင် ကို လေးဗောက် ရေးမှ ဖတ်ရတယ်ဗျား
    ဟီးးးးး

  • naywoon ni

    May 28, 2013 at 9:23 pm

    ကိုပေါက်ရေ……… သက်ဆိုင်တဲ့သူတွေ ဖတ်မိဖို့ လိုတယ်ဗျ….။ ကျနော် ဖွ ဘုတ်မှာ ရှယ်သွားပါတယ်…။ ကျနော်တို့ဆီမှာလဲ ဒီလိုပဲဗျ…။ နွေ မပေါက်ခင်ကတည်းက လမ်းချဲဖို့ဆိုပြီး ရန်ကုန်မန္တလေး လမ်းမကြီးကိုဘေးနှစ်ဘက်က လေးပေစီလောက် မြေသားတွေတူးပြီး ကျောက်တွေဖို့ သဲတွေခင်းထားတာ …။ ကားကြီးတွေကတော့ လမ်းချဲ့ထားတယ်ပေါ့ …။အရှိန်မလျော့ပဲမောင်း …။ လမ်းဘေးဆင်းရှေင်ရတဲ့ စက်ဘီးတွေ ဆိုင်ကယ်တွေကတော့ သဲဖုတ်ထဲ ကို့ရို့ကားယားနဲ့…။ အရင်လမ်းကမြေမာလမ်းလေး ….။ စက်ဘီးဆိုင်ကယ် သွားလို့ အဆင်ပြေသေးတယ်…။ ခုတော့ သဲထဲမှာ ကိုးရို့ကားယား အတော်နိုင်သဗျ….။ သင်္ကြန်အမီ လမ်းခင်းမယ်ဆိုတဲ့ အေးရှ ဘာဆိုလား ဘယ်နားသွားသေနေတယ်မပြောတတ်ဘူး….။ ခုမိုးကျနေပြီ …။ ဖျက်ထားတဲ့လမ်းလာမခင်းသေးဘူး ….။ မလုပ်နိုင်ရင် အစကတည်းက မဖျက်ကြပါနဲ့လား

  • uncle gyi

    May 28, 2013 at 11:17 pm

    တူးဖို့တူးဖို့လုပ်မှ
    အမှန်သာယာမှာမသိဖူးလားကိုပေါက်ရဲ့

  • ဦးဦးပါလေရာ

    May 29, 2013 at 12:11 am

    အော်… အော်…. လူတွေ … လူတွေ …..
    ကျုပ်တို့ကိုများ မသိဘူး၊ မတတ်ဘူး၊ မညှိနှိုင်းတတ်ဘူး၊ မစီမံတတ်ဘူးလို့ ထင်တတ်ကြပေရဲ့……
    အဲ့ဒါ ညံ့ချင်ယောင်ဆောင်နေတာ…
    ကိုယ်က ဘာရင်းရတာမှတ်လို့….
    အရှက်ကလေး သိက္ခာကလေး ပဲဟာ.. ပဲ့ပါသွားတာမှတ်လို့……
    ဟော…. ညံ့ကြေးရတာကျတော့
    တောင်ပုံ ရာပုံ ပြောမကုန်………..

  • ဦးကြောင်ကြီး

    May 29, 2013 at 9:05 am

    စနစ်ကြောင် ဟုတ်ဝူးဒဲ့.. ဟိုလူဂျီးဃ… ဟိုဟို မိုးပြာဦးထုပ်နဲ့ လူဂျီးပေါဒါ… တား.. ဘာမှ အတိဝူး…. :eee:

Leave a Reply