ဪ  ဒီနေ့ မေ ၂ရ ဆိုတော့ လကုန်တော့မယ်ပေါ့ ၊

ဇွန်လ ၁ ရက်နေ့ဆိုရင် သားသားရဲ့  မွေးနေ့ ပြန်ရောက်ပြီပဲ ၊ ဘာများ ပူဆာဦးမလဲမသိ ၊

၃ ရက်နေ့ကတော့ သား ကျောင်းပြန်တက်ရမယ့်နေ့ပဲ ၊

အိုင်စီအီးစီက ကျောင်းလခများ တိုးဦးမှာလား ၊ မတိုးပါစေနဲ့ မိုးနတ်မင်းရယ် ၊

မွေးနေ့လက်ဆောင် ၊ ပြီးရင် ကျောင်းလခ ကျောင်းကားခ ကျောင်းသုံးစာအုပ် ဗလာစာအုပ်  ကျောပိုးအိတ် ယူနီဖေါင်း  အမယ်လေးလေး  မနည်းပါလားနော် ၊

မိုးရာသီဆိုတော့ ထီးတို့ မိုးကာတို့က ပါလာဦးမှာ ၊

အဲဒီ ဇွန်လပြီး ဇူလိုင် ရ ရက်က သမီးငယ် မွေးနေ့ ၊ မုန့်ဘိုး ဘယ်လောက်တောင် တောင်းဦးမယ် မသိ ၊

အဲ ဩဂုတ်လမှာတော့ ၁၁ ရက်နေ့က သမီးကြီးမွေးနေ့ ၊ ၁၅ ရက်နေ့က ကျနော့် အမေမွေးနေ့ ၊ တန်းစီနေတာပါပဲလား ၊

လခများကလည်း ဒေါ်လာဈေးလို တက်ရိပ်က မပြ ၊

အင်းးး  တော်သေးတာပေါ့လေ ၊ ကိုယ့်ဟာနဲ့ကိုယ် အပိုကုန်စရာ သိပ်မရှိလို့ ၊

တစ်လနေလို့ အကျင်္ီတစ်ထည် ပုဆိုးတစ်ထည်တောင် မဝယ်ဖြစ်ပါဘူး ၊

ရုံးမှာက ယူနီဖေါင်းနဲ့ပဲမို့ ကိုယ့်ဟာကိုယ် ဝယ်ဝတ်တာက ခပ်ရှားရှား ၊

တခြားတစ်ပါးကို ပရဲဆင့် ဝယ်ပေးရတာမျိုးကလည်း ကံဆိုးစွာနဲ့ပဲ မရှိခဲ့ ( အတော်မျက်စိမွဲတဲ့ မြားနတ်မောင်ပဲကွာ ) ၊

ဘာပဲဖြစ်ဖြစ်လေ အဲဒီလို မိသားစုလေးနဲ့ နေခွင့်ရနေတာကိုကပဲ မင်္ဂလာတစ်ပါးပေါ့ ၊

ရုံးက ဝန်ထမ်းတွေ ၊ သူငယ်ချင်း အပေါင်းအသင်းတွေအပြင် အခုဆို ဂဇက်က ဆွေမျိုးတွေပါတိုးလာလို့ ဘဝဟာ ကျေနပ်စရာပါဗျာ ၊

 

Photo1162

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..