ကြီးစဉ်ငယ်လိုက် Stone..Cat..Frog

Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ဟိတ်ကောင်… မင်းက ဗဂေါင်ဒုံးကွ.. ဟေ.. ကျနော်… ကျနော်.. ကျားပါခင်ဗျာ။ ဘာကွ.. နောက်တာလား ပြောင်တာလား.. ကျားဆို တောထဲသွား၊ တရုတ်ပြည်ပို့လိုက်မယ် ဘာမှတ်တုံး..။ အဲဒါပြောတာ မဟုတ်ရပါဗူး၊ အန်တယ်ဂျီးရယ်.. နေ့နာမ်မေးတယ်ထင်လို့ တနင်္လာသားလို့ ဖြေမိတာပါ။ ခွင့်လွှတ်ပါခင်ဗျာ.. အန်တယ်ဂျီး လက်ခုပ်ထဲကရေ ခြင်းထဲကကြက် လှောင်အိမ်ထဲကငှက် ကန်ထဲကရွှေငါးလေးပါဂျာ..။ ဆိတ်ငြိမ်ရပ်ကွက်တခု အတွင်းရှိ ခမ်းနားထည်ဝါသော တိုက်ကြီးထဲဝယ် ဥပတိရုပ်ခန့်ငြားပြီး အသံဩဇာပြည့်စုံလှသည့် ဂုဏ်သရေရှိ လူငယ်တဦး၊ မင်းကုသနှင့် ဒဿဂီရိ စပ်ထားသည့် ညှောင်နှာနှာ အသံရှိသော လူဂျီးတယောက်တို့ အချီအချ ပြောဆိုနေသံဖြစ်၏… တိတိကျကျ ပြောရသော် ဦးကြောင်သမီး နနွင်းအား ကောင်ဟောင်ကျွန်းသား မစ္စတာ ကျောက်ခဲမှ လာရောက်တောင်းရမ်း အသနားခံနေခြင်းဖြစ်သည်။

တောက်စ်.. ငါ့သမီးနုနုထွတ်ထွတ်လေးနဲ့ တော်သလား တန်သလားကွ.. အမဲရိုး ဟင်းအိုးမှ အားမနာတယ်.. ဒါတော့ဦးရယ် စွပ်ကြည့်မှ သိမှာပေါ့.. ဘာကွ.. ဝယ်လာတဲ့လက်စွပ် ပြောတာပါဦးရယ်.. ဟောဒီမှာ ဒေါ်လာ တသိန်းခွဲတန် စိန်လက်စွပ်…။ ခွီး…. ရုပ်ကိုက… ပယ်ပယ်နယ်နယ် ပြောလိုက်မည်ပြုစဉ် ဧည့်ခန်းအတွင်းသို့ နတ်သမီးတမျှ ချောမောလှပသည့် မိန်းခလေးတဦး ကော်ဖီဗန်းကိုင် ဝင်လာသဖြင့်.. … ချောင်းတချက်ဟန့် စကားလွှဲလိုက်ပြီး.. အဟမ်း သမီးက မေတ္တာရှိတော့လည်း မတားသာဗူးပေါ့ကွာ.. သို့ပေသိ ဖခင်တယောက် အနေနဲ့ သာမီးဂလေးရှေ့ရေး စိတ်ချရအောင် မေးစရာရှိတာ မေးရမှာပဲဟေ့..။

မိဘတွေ ဘာလုပ်သလဲ.. သူတို့ကတပ်ကပါခင်ပါ.. ဟေ.. ငါလည်းစစ်တပ်ကပဲကွ.. ပြောစမ်း ဘယ်တပ်တုံး.. အဖေက ဦးလဗျံလှ ကေအိုင်အိုတပ်မဟာ(၁)၊ အမေက ဒေါ်နော်ဖိုးစေး ကေအန်ယူတပ်မဟာ(၇)ကပါခင်ဗျာ.. ဘာ… သူတို့က သူပုန်တွေ.. ဦးကြောင်အသံ မိုးခြိမ်းသံတမျှ ကျယ်လောင်လွန်းလှသည်။ ဘယ့်နှယ် ရာရာစစ ရန်သူ့သားက ငါလိုတပ်မဒေါ်သားဂေါင်းရဲ့ သမီးလေးကို… ရဲတင်းလွန်းလှတယ်.. ။ ဒီလိုရှိပါတယ်ဦး ကျနော် ငယ်ငယ်လေးထဲက မြို့ပေါ်က အဘိုးအဘွားတွေလက်ထဲ ကြီးပြင်းလာခဲ့တဲ့သူပါ၊ အလုပ်အကိုင်ကရော.. ကောင်ဟောင်မြေကြွက်စ် ကုမ္မဏီ လှိုင်ခေါင်းတူးဖော်ရေး အရာရှိပါ။ ကုမ္မဏီအခြေခိုင်ရဲ့လား.. အဲဒါကတော့ တရုတ်ပြည် အသားဈေးကွက်အပေါ် မူတည်ပါတယ်..။ အခုတလော တရုတ်ပြည်မှာ အမဲသား၊ဆိတ်သားအတု ဖမ်းဆီးရေးတွေ ကြမ်းနေတယ်ခင်ဗျ…။

ဒါတော့ မသိဗူးမောင်ရေ… အဖမ်းခံရရင်တော့ ငါ့သာမီးလေးနနွင်း ဆွဲမထည့်ပါနဲ့…။ လင်ပစ္စည်း မယားတဝက် ဆိုင်တယ်ဆိုတာ အဲဒါမပါဘူး..။ ထို့နောက် အက်စ်ဘီရဲသတင်းတပ်ဖွဲ့မှ ပေးထားသော မစ္စတာကျောက်ခဲ၏ ကိုယ်ရေးမှတ်တမ်းကို စစ်ဆေးဖတ်ရှုနေရာမှ တနေရာ အရောက်တွင် မျက်မှောင်ကြုတ်လျက်… နေပါအုံးကွ မင်း နိုင်ငံရေးလုပ်သလား၊ ဘယ်ပါတီဝင်လဲ…။ ကျနော်.. ကျနော်… လုပေါင်သစ်ပါတီဝင် ဖြစ်ခဲ့ဖူးပါတယ်… တယ်မိုက်ပါဂလား.. အဲဒါလည်းဦးရာ ငယ်စဉ်က မလိမ်မိုးမလိမ္မာ လုပ်မိတာပါ။ ဦးသာမီးနဲ့ ခြစ်တဲ့အချိန်ကစပီး နိုင်ငံရေး ကင်းရှင်းပါတယ်။ ေဩာ်.. မင်းက ကြံ့ခိုင်ရေးတောင် မဝင်ချင်ဘူး ဆိုပါတော့.. အဲလိုတော့လည်း ယတိပြတ် ဟုတ်ဖူးလေ.. ဦးဝင်ဆို ဝင်ပါ့မယ်…။

ကြံ့ဖွတ်အမာခံ ဦးကြောင် သဘောခွေ့သွားသည်။ ကြားဖြတ်ရွေးကောက်ပွဲ ပြီးကထဲက လူသစ်ရှာနေသည်မှာ တဦးမျှမရသေး.. ယနေ့ ဈေးဦးပေါက်လေဗျီ…..။ လူသစ်မှ နယ်နယ်ရရမှဟုတ် နိုင်ငံဂျားပျံ ပညာတတ်ကြီး ဖြစ်သည်။ ဒင်းကြည့်ရတာ ပုခုံးကောင်းကောင်းနဲ့ဆိုတော့ ငါ့သမီးအကျိုး ငါ့အကျိုး ပါတီအကျိုး…. သယ်ပိုး ခိုင်းကောင်းမည့်ပုံပဲ…။ ကဲကဲ ပါလာတဲ့ လက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့စမ်း..။ ဦးကျောက်ခဲ အတန်ငယ် တွေဝေသွား၏.. အဘယ်ကြောင့်ဆိုသော် ယောက္ခမ ကြောင်ကြီး သူ့ထက်အသက် ငယ်နေသောကြောင့်တီး.. ဟုတ်ပေသည်၊ အသက်၁၄နှစ်တွင် မိန်းမရသဖြင့် သာမီးလေးနနွင်း ၁၆နှစ် မပြည့်တပြည့်တွင် ဦးကြောင်ကြီးမှာ အသက်၃ဝပင် မရှိသေးချေ…. သို့သော် မတတ်နိုင်ပီ.. သူ့ဆန်စားရဲ၊ သူ့သမီးကြိုက် ဦးခိုက်ရပေလိမ့်မည်။

ဦးကျောက်ခဲ ဆက်သသော စိန်လက်စွပ်
ဦးကျောက်ခဲ ဆက်သသော စိန်လက်စွပ်

ထိုစဉ်ဝယ် ဟေ့ယောင် ငကြောင်ကြီး.. ဘယ်သွားသေနေလဲကွ၊ ငါလာမယ်ဆိုတာ မသိလေရော့သလား… အံမယ် ရာရာသသ ဒင်းကိုများ ဒူးထောက်နေတဲ့ သူနဲ့ဘာနဲ့.. ။ ပြောပြောဆိုဆိုဖြင့် အသက်ကြီးကြီး အဖိုးဂျီး တယောက် အရက်ပုလင်းကိုင်လျက် ဒယီးဒယိုင် ရောက်လာသည်။ ဟာ.. အဘဖားပြုတ်… အိန္ဒြေတခွဲသားနှင့် ဆိုဖာပေါ် ကန်တော့ခံ ထိုင်နေသော ဦးကြောင် ပြာပြာသလဲ ခရီးဦးကြိုပြုသည်ကို ထောက်ရှု၍ နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်မှန်း စာဖတ်သူများ သိလောက်ပေသည်။ ထိုသူမှာ ဖားပြုတ်ဂျော်နီအောင်ပု ဆိုသူဖြစ်လေ၏..။ ပို၍တိတိကျကျ ဆိုရသော် တရုပ်မွတ်စလင် ဝသဗုံ ကြေးမုံဂျီး၏ ဖခမည်းဒေါ်ဖြစ်သည်။ အသက်အားဖြင့်မူကား ကြောင်ကြီးထက် တနှစ်မျှငယ်သည်ဆိုလျင် စာဖတ်သူများ မျက်စေ့လည်ကုန်ကြပေမည်။ ဖြစ်ရပုံကား ကပု အသက် ၁၃နှစ်တွင် အိမ်ထောင်ကျ၍ ကြေးမုံဂျီး အသက် ၁၆နှစ် ပြည့်လတ်သော် အီတွန့်ဗွမ် အမည်ကင်ပွန်း တပ်ကာ အိမ်ထောင်ဖက် ရှာဖွေရာမှ လူဗျိုအဆစ် ဦးကြောင်၏ အဖနေရာ ရောက်ရလေသည်။

ဒီသူငယ်က ဘယ်သူလဲကွ.. သူက သာမီးလေးနနွင်း ခြစ်သူပါ၊ ဟေ့ယောင် ဘာကြောင်ကြည့်နေတာလဲ.. နှုတ်ဆက်လိုက်လေကွာ.. ဖိုးဖိုးဂျီးကို… ဟုတ်ကဲ့ခင်ဗျ.. တားတားကျောက်ခဲမှ ဖိုးဖိုးဖားပြုတ်ကို ဂါဝရပြုပါဒယ်။ စိတ်တွင်တော့ သေစမ်းဟဲ့.. ငါ့မှာ ကိုယ့်ထက်အသက်ငယ်သူကို ကန်တော့ရ၊ ဖားပြုတ်အရက်သမားကိုလည်း အရိုအသေပြုရ… နနွင်းရေ နင်တော့လား ရမှ သိစေ့မယ် ငါ့အကြောင်း… ဟင်း ဟင်း..။

ကန်တော့ခံ နေတာကိုး.. ဟန်ကျလိုက်လေ.. တလက်စထဲ ငါ့ကို ကန်တော့ကြစမ်း.. အေ့..။ ဒီတခါ ဦးကြောင် ဝဋ်လည်ပေပြီ၊ ငရဲမှာအပ ဝဋ်မှာအမြဲ ဆိုသည့်အတိုင်း နေ့ပင်မဆိုင်းချေ၊ ဤသို့ဖြင့် မြန်မာ့သမိုင်းတွင် တခါမှ မကြုံဖူးသေးသော မြေးသားမက်၊ သားသမက် ပြိုင်တူ ပူဇော်ကန်တော့ပွဲဂျီး လေချဉ်တအေ့အေ့ အသံကြားတွင် အထမြောက်လေသည်။ ယောက္ခမချုပ် ဖားပြုတ်ဂျော်နီအောင်ပုအား စားပွဲတွင်တင်၍ ဂျူနီယာ ယောက္ခမဂျီးနှင့် စီနီယာ သားသမက် ဦးကြောင် ဆိုဖာပေါ်ထိုင်ကာ ဂျူနီယာ မြေးသားမက် မစ္စတာကျောက်ခဲ၏ ကြမ်းပြင်တွင် ဝပ်ဆင်းလျက် ကြီးစဉ်ငယ်လိုက် ပူဇော်ပုံနေမှာ အတုယူလေးစား ဂုဏ်ယူအားကျဖွယ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဖြစ်ပေတော့သည်တမုံ့။

18 comments

  • ဦး ကျောက်ခဲ

    May 27, 2013 at 11:30 am

    ဟိုက်… ဒီကြောင်လုပ်တာ ဦးကျောက်တော့ ဘွပျက်ပြီ…
    ဟောင်ကောင် ဝေလ်စမစ်ပါဗျ…
    ဒင်းလုပ်မှ “မင်းကုသနှင့် ဒဿဂီရိ စပ်ထားသည့် ညှောင်နှာနှာရုပ်တဲ့”… တောက်စ်
    ဘယ့်နဲ့ဗျာ… သူနဲ့ ကိုအောင်ပုကို ကန်တော့ခိုင်းလို့အားမရသေး…
    ကျုပ်ချစ်ချစ်လေးကို “နနွင်း” တဲ့… စိတ်နာဒယ်…
    ဒင်းကို အမေဂျီးကားလိုက်ပြီး ဘရွတ်ကလင်းက လူမဲကြီးတွေလက်ကိုအပ်မှပဲ…
    :harr:

  • TNA

    May 27, 2013 at 12:03 pm

    အူးအူးကျောင်တို့ဘော်လုံးဘွရောက်ရှာပေါ့။ ဒါမှမဟုတ်ကြက်သွန်နီဘွလား။ အပြတ်နွာခံလိုက်ရဒါ တနားဇယာ။ ဟီးးးးးးးးးးးးးးးးးးးးးးးးးးးး

  • Miss Crystalline

    May 27, 2013 at 12:12 pm

    :harr: :harr: :harr:
    မရယ်နိုင်ဘူး.. ရမ်ဒီဂျက်ဆင်ကြီးကိုဘယ်လောက်တောင်မနာလိုတိုရှည်ဖြစ်နေလဲမသိ.. ဗလာချည်ဆော်တာနှစ်ခါရှိပြီး.. :kwi:

    • ဦး ကျောက်ခဲ

      May 27, 2013 at 12:55 pm

      အောင်မလေးဗျာ…
      ဖယားဖယား… အကြောင်းသိနောက်တစ်ယောက်တိုးပြန်ပြီလားမသိ…
      သိရင်လည်း မရက်စက်ကြပါနဲ့ကွယ်…
      :eee:

      • KZ

        May 27, 2013 at 1:01 pm

        ကွကို ဝီလ စမစ် လို့ မြင်နေချိန်မှာ
        သူများက ရမ်ဒီဂျက်ဆင်လို့ ပြောတိုင်း
        အကြောင်းသိမမှတ်ပါနဲ့။
        လူတိုင်း ဂလိုပဲ မြင်နေမှာ။

        ပုံ
        ဝီလစမစ် ၏ မွေးစားသမီး။

        :harr:

    • ကြက်အူလှည့်

      May 28, 2013 at 10:41 am

      ဘဒူများလဲလို့ ..လက်စသတ်တော့ အမေဒစ်ကင် အိုင်ဒိုး ကလူယီးကိုးးးးးး

      :harr:

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 27, 2013 at 1:11 pm

    ကျမဟစ်၍သာငိုလိုက်ခြင်ဘါသည်ဆိုသလိုမျိုးဖြစ်နေဘီ
    နှစ်ယောက်စလုံးကျုပ်ကိုတော့ ဖင်ကုန်းပြီးရှိခိုးနေဂျတာဘဲ
    ဇာတ်ထဲမှာ
    တစ်ယောက်က ကျုပ်သမီးကိုဘတ်ဒယ်
    တစ်ယောက်က ကျုပ်မြေးမလေးဂိုဘတ်ဒယ်

    ဒင်းတို့ဂျီးဒေါ်ဂျီးဒေကို ကျုပ်ဘတ်ဒယ်ဟယ်
    ခွီးးးး 👿

  • ko pauk mandalay

    May 27, 2013 at 1:30 pm

    အော် ကိုကိုကြောင် ဒုတိယ တစ်ပိုင်း ဆက်အုံးမယ်ဆို
    မြန်မြန်လုပ်ဗျာ၏
    ဒီတစ်ခါ အီတွမ်ဗွှမ့်က ဆယ်မွှာပူးမွေးတော့ ကြောင်ရုပ်ငါးရုပ်နဲ့ ဝက်ရုပ်ငါးရုပ်ထွက်တာလဲထည့်ရေးဗျာ
    ပြီးရင် ဖြစ်ရပ်မှန်ကို အခြေခံပါတယ်ဆိုပြီးလဲရေးနော်

  • kyeemite

    May 27, 2013 at 1:38 pm

    အော..ကိုရင်ကျောက်..ကိုရင်ကျောက်
    ကြောင်ကိုငါးကြော်မှန်မှန်မဆက်ဘူးမှတ်တယ်…ဟိ

  • Ei Kyipyar

    May 27, 2013 at 3:02 pm

    အန်ကယ်ကျောက်တို့ ဂါဝရ တရား ရှေ့ထားပုံများ လေးစားလောက်ပါတယ် .ေိေိ

  • အရီးခင်လတ်

    May 27, 2013 at 3:28 pm

    အပြင်မှာရော တကယ်ဘဲ ဒေါ်လာ တသိန်းခွဲတန် စိန်လက်စွပ် ကြီးလား ကကျောက်။
    အဲလာ ကကြောင် ရဲ့ သွယ်ဝိုက်သော နည်းပညာ နဲ့ အဆင်းဘီးတပ် ပေးတာဘဲ။
    😆

  • ကြောင်ဝတုတ်

    May 27, 2013 at 3:35 pm

    ဘယ်သူလဲကွဟေ…
    ငါ့အစ်ကိုကြီး ဒန်ဇီးလ်ဝါရှင်တန်ကိုပြောတာ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • padonmar

    May 27, 2013 at 7:48 pm

    ဖားဆိုလို့ ဖားသက်ပြင်းများလားလို့ လက်စသတ်တော့ ဖားပြုတ်ဖြစ်နေတာကိုး။
    ဦးကျောက်ရယ် ရှိခိုးရလဲ တန်ပါတယ်။
    သူတို့ သမီးလေးမြေးလေး ရမှာလေ။
    အတိတ်ကောင်းနိမိတ်ကောင်း ..
    လက်ဖွဲ့ခံလိုက်ရင် စိန်လက်စွပ်ဖိုးကျေပါတယ်။

    • Mr. MarGa

      May 27, 2013 at 8:09 pm

      လက်ထပ်ပွဲကျရင် တစ်ရွာလုံးကို လက်ဖွဲ့ခြင်း သည်းခံပါ ဆိုပြီး ဖိတ်မယ် ဆိုလားပဲ ဒေါ်လေးရေ့
      ပြေးပြီ ကွိ :kwi:

  • မောင် ပေ

    May 27, 2013 at 8:09 pm

    ဟားးးးး
    တစ်နေ ့တာ ပင်ပန်းခဲ့သမျှ
    ကိုကြောင့် စာဖတ်လိုက်ရုံနဲ ့
    ပြေပျောက်သွားတယ်ဗျာ
    ဂွတ်တယ်ဗျို ့

  • Ko chogyi

    May 28, 2013 at 5:57 pm

    ဦးကျောက်နှိပ်ကွပ်ခံမနေနဲ့
    မြန်မြန်ယူလိုက်တော့။

  • Ma Ma

    May 28, 2013 at 9:00 pm

    ကြောင်ကြီး ခင်းမှပဲ ဇာတ်စုံသိရတော့တယ်။
    အော်- အသက်ထက် ဝါ အရေးကြီးတယ်ဆိုတာ ခုမှပဲ သိတော့တယ်။ :harr:

    • Ma Ma

      May 28, 2013 at 9:20 pm

      ကြီးစဉ်ငယ်လိုက် Stone..Cat..Frog ဆိုတော့…….
      ခေါင်းစဉ်အတိုင်းဆိုရင်….
      ဘွပုနဲ့ ကြောင်ကြီးက မောင်ကျောက်ကို ထိုင်ကန်တော့ရမယ်။ :kwi:

      ကဲ-မောင်ကျောက်
      ကြောင်ကြီးလက်က ကယ်တင်လိုက်ပြီ။
      ကျေးဇူးမမေ့တတ်ဘူး ထင်ပါရဲ့။ :kwi:

Leave a Reply