မဟိုဟာနဲ့ ကျွန်တော် ဟိုဒင်းမှာ ဟိုလိုဖြစ်ခဲ့တာ

ကျွန်တော့်ရဲ့ မဟိုဟာရယ်

ဟိုနေ့ညက ဟိုကိစ္စဟာ ကျွန်တော့်ဘက်က မှားပေမယ့်

ခင်ဗျားသာ ကျွန်တော်ပြောသလို ဟိုလို လုပ်ပေးခဲ့မယ်ဆို

ဒီပြဿနာက ဘာမှဖြစ်လာခဲ့မှာ မဟုတ်ဘူး။

 

အဲဒီတုန်းက ခင်ဗျားနဲ့ ကျွန်တော့်ကြားက

ဟိုဒင်းဟာ ဟိုလိုမဖြစ်ခဲ့ရင်

ဟိုတစ်နေ့ကလိုပဲ ဟိုလိုနဲ့ ပြီးသွားရမယ့် ကိစ္စ

ခက်နေတာက ခင်ဗျားကလည်း ဟိုဟာကို ဒီလိုလုပ်ပစ်လိုက်တယ်

ကျွန်တော်ကလည်း ဒီဟာကို ဟိုလိုလုပ်ချင်တယ်

နားလည်မှုမတူတဲ့ ကျွန်တော်တို့နှစ်ယောက် ဒီလိုဖြစ်ခဲ့ကြတာ

ဘယ်သူ့ကို အပြစ်တင်ရပါ့။

 

ဒီမယ် မဟိုဟာ

ခင်ဗျားအမြဲလိုချင်နေတဲ့ ဟိုဥစ္စာက ကျွန်တော့်ဆီမှာ မရှိဘူး

ဟိုဒင်းတစ်ခုပဲ ကျွန်တော့်မှာ ရှိတယ်

ဟိုနေ့က ခင်ဗျားပြလိုက်တဲ့ ဟိုဒင်းကို မြင်ကတည်းက

ကျွန်တော် နားလည်လိုက်တယ်

ကျွန်တော့် ဟိုဒင်းဟာ ဟိုလိုမဖြစ်တော့ဘူးဆိုတာ။

 

မဟိုဟာရယ်

လာမယ့် ဟိုနေ့မှာ

ဟိုဒင်းလုပ်ဖို့ ဟိုဟာသာယူခဲ့ပါ

ရှေ့ဆက်ရမယ့် ဟိုဒင်းလမ်းတွေမှာ

ခင်ဗျားဆီက ဟိုဟာနဲ့ ကျုပ်ဆီက ဒီဟာသာ ရှိရင်

အားလုံး ဟိုဟာဖြစ်သွားမယ်ဆိုတာ

ခင်ဗျားကို ဟိုဟာလုပ်ပြချင်လိုက်တာ။

 

— ဗိုလ်နင့် —

12 comments

  • သူကလေး

    May 27, 2013 at 12:39 pm

    ဟိုလေ … ဘယ်လိုပြောရမှန်းကိုမသိတော့ဘူး …
    ဟိုဒင်း … ကောင်းပါတယ်လို့ :kwi:

  • ခင် ခ

    May 27, 2013 at 3:01 pm

    ဟိုဒင်းလုပ်ဖို့ ကိစ္စကို ဟိုလိုတော့ အကြံပေးချင်ပေမယ့်
    ဟိုလိုမဖြစ်ဘဲ ဟိုဟာဘဲ ဖြစ်ခဲ့ရင် ဟိုလို အကြံပေးတာမှားလို့
    ဟိုဒင်းတော့ ဟိုဟာဖြစ်သွားတယ်ဖြစ်မှာဆိုးလို ဟိုလိုအကြံကို ပေးရဲတော့ပါဘူးလေ။

  • kyeemite

    May 27, 2013 at 3:10 pm

    ဟိုနေ့ကလိုပဲဖတ်ကြည့်တော့
    ဟိုလိုလို ဒီလိုလိုနဲ့ ဟိုဟာသိပ်မဖြစ်ဘူးဗျ..
    ခင်ဗျားသာဟိုလိုရေးခဲ့ရင် ဒီလောက် စိတ်ထဲဟိုဒင်းဖြစ်မှာမဟုတ်ဘူး…
    ဒါပေမဲ့ ခင်ဗျားပြောတဲ့ဟိုဒင်းကတော့ ကျုပ်မှာလဲရှိရဲ့…
    ဟိုဟာလုပ်ရင်သုံးတဲ့ဟိုဒင်းကိုပြောတာမဟုတ်လားဗျ…
    ဟိုဗျာ..နောက်မှပဲ ဟိုဒင်းတော့မယ် :harr: :kwi:

    • အရီးခင်လတ်

      May 27, 2013 at 3:21 pm

      ကကြီးမိုက် သိရင် လဲ ရှို မထား နဲ့။
      ထုတ်ပြော။
      :kwi:

  • Shwe Ei

    May 27, 2013 at 3:15 pm

    ဟိုလေ..ဟဝှာ ကိတ်စ တက်စတင်း လုပ်ကျိတာ ဟဝှာမပုနဲ့နော် :mrgreen:

  • အရီးခင်လတ်

    May 27, 2013 at 3:19 pm

    ဟိုဒင်း ?
    ဟိုကိစ္စ ?
    ဟိုဟာ ?
    ဟိုလို ?
    ဟိုတစ်နေ့ ?
    ဟိုဥစ္စာ ?
    ဟိုဒင်းလမ်း ?
    ဒီလို ?
    ဒီဟာ ?

    အဖွားကြီးမို့ နားမလည်ဘူး။
    Someone helps me….. Meaning Please!!!!
    😆

  • KZ

    May 27, 2013 at 3:29 pm

    မတိ ဘူး။
    ကိုယ်နားလည်ချင်သလို နားလည်လိုက်ပြီ။

    မသိကိန်း X ဖြစ်ပါစေ နဲ့ Y ဖြစ်ပါစေ ထားပြီး…..\

    :kwi:

  • kyeemite

    May 28, 2013 at 8:54 am

    ဟာသလုပ်တာနဲ့တူပါတယ်ဗျာ…ဟုတ်တယ်မဟုတ်လား ကိုဟိုဒင်း
    :kwi:

  • နွေဦး

    May 28, 2013 at 2:17 pm

    ဟိုဥစ္စာ ဟိုဒင်းမပြုလဲ နောက်ဆုံးတော့ ဟိုဟာကဟိုလိုဖြစ်သွားမှာဘဲမဟုတ်လား..။

    • နွေဦး

      May 28, 2013 at 2:28 pm

      သဂျီးရေ ကျုပ်ဟိုဟာတွေ ဟိုဒင်းထဲမှာ ဟိုဒင်းဖြစ်ကုန်တော့မယ်
      သဂျီးဟာက ဟိုဒင်းလုပ်လို့မရသေးဘူးဗျို့…။
      ရှင်းချက်..။
      ကျုပ်ဟိုဟာ = ကျုပ်ရဲ့ post
      ဟိုဒင်းထဲမှာ = dreaf ထဲမှာ
      ဟိုဒင်းဖြစ် = ပျက်သွား
      သဂျီးဟာ =The Mandalay Gazette
      ဟိုဒင်းလုပ်…= ဟိုဒင်းလုပ်တယ်ဆိုမှတော့ ဟိုဒင်း လုပ်တာဘဲပေါ့ဗျာ…ပြောရင်းနဲ့စိတ်မရှည်တော့ဘူး..dashboard ကဖွင့်လို့မရတဲ့အထဲ….ရှင်းပြနေရတာကတမှောက်…
      ကဲကွာ..ကဲကွာ…ချလွမ်..ခွမ်း…..(ကျကွဲသံ)

  • may july

    May 28, 2013 at 3:59 pm

    ဟိုက် .. ဟိုဒင်း နဲ့ ဟိုဟာ ဟိုနေရာမှာ ဟိုလိုဖြစ်တယ်ဆိုတော့
    ဟိုဟာ ကို ဟိုဒင်းက ဟိုလို လုပ် လိုက်တာဖြစ်မယ် ..
    ဘာလဲတော့ သိဘူး တ ဟို ဟို နဲ့ .. :kwi:

  • မောင် ပေ

    May 28, 2013 at 7:31 pm

    ဟိုဒင်း ကို ဟဝှါ ပြုရင်
    ဟိုမှာမှ ကောင်းတာကလား
    :kwi:

Leave a Reply