ကဗျာဇာတ်ပျက်

သုရွင္May 27, 20131min19213

ကြာတော့လည်း

ကဗျာတွေ ဇာတ်ပျက်လာတယ်။

ဧချင်းလည်းမဟုတ်…။

အိုင်ချင်းလည်းမဟုတ်…။

လေးလုုံးသုံးလုံးစပ်မဟုတ်…။

ဒွေးချိုးလေးချိုးမဟုတ်…။

ကာရံရှိတဲ့ကဗျာ ဘဝတွေ လျှောကျ….။

မော်ဒန်ကဗျာပါ ….တဲ့။

နောက်တော့ ပို့စ်တစ်လုံးထပ်ပိုလာတယ်။

အမျိုးသားရေးစိတ်ဓါတ်တွေ

ကဗျာနဲ့မှ လျှောကျ

ငါတို့ယဉ်ကျေးမှုကို ငါတို့ မချစ်နို်င်ကြတော့ဘူး။

စည်းချက်လေးတစ်ခုတည်း

လက်ရှိငါတို့ကဗျာမှာ ငွေ့ငွေ့ကျန်ရစ်ခဲ့

ကဗျာမာနမရှိတဲ့ ကဗျာဆရာတွေရှိတဲ့ နိုင်ငံမှာ

ငါ့ကဗျာ အပါအဝင် ခေတ်နဲ့ယှဉ်တဲ့ကဗျာ အားလုံး

ဇာတ်ပျက်ကုန်ကြပေါ့။             ။

13 comments

  • ရာမည

    May 27, 2013 at 1:28 pm

    ရှေးကဗျာတွေ တမ်းတနေတာထင်တယ်ကိုသူရှင်ခင်ဗျာ

    ရှေးကဗျာ
    ရေးစရာ တကယ်မရှိတာကြောင့်
    တွေးစရာ ဘာ ညာ အပြောတွေနဲ့
    ကလောင်သွား တပြောင်ပြောင် ။

    ဆောင်းအခါ နားရွက်တွေအေးပါလို ့
    ကျောင်းဆရာ ဝက်တွေမွေးလို ့ရယ်
    ရေနွေးကြမ်းနဲ့မင်္ဂလာဆောင် ။

    ခေတ်ကဗျာ
    ငြင်းစရာတကယ်များတာကြောင့်
    ရှင်းလေလေ ပြဿနာရှုပ်မှာမို ့
    ကဗျာဆို ကဗျာလို ့သာမှတ်ပေရော ့
    ဒို ့ ကတော ့ပို ့စ်မော်ဒန်
    နှစ်ခါပြန်တောင်ရွတ်လိုက်ချင်ရဲ ့လေး ။ ။

  • ko pauk mandalay

    May 27, 2013 at 1:38 pm

    မဟုတ်တော့ဘူး ပြောင်းသွားပြီ
    တကယ်အတည်ဖြစ်နေတာက
    LP ကဗျာအသစ်။.
    ဒါပေမယ့် သူများထက် ဆယ်နှစ်လောက်နောက်ကျမှ
    မြန်မာပြည်ကိုရောက်လာပါတယ်။

  • သုရှင်

    May 27, 2013 at 2:42 pm

    မဟုတ်တော့ပြန်ဘူးလားဗျို ့။

  • Mr. MarGa

    May 27, 2013 at 8:16 pm

    အို ကဗျာဆရာတို့
    ရှေးဟန်နှင့် ခေတ် ပေါင်းစပ်လှစ်လို့
    ကဗျာဟန်အသစ် တီထွင်ကြလော့ :kwi:

  • အလင်း ဆက်

    May 28, 2013 at 3:20 pm

    ကဗျာ
    အဲဒိ အ ကြောင်း အရာကို ပြော ရ ရင်တော့ မဆုံးနိုင် ပါ ဘူး။

    ကျွန်တော် ့အမြင် ပြော ရ ရင်တော့
    မော်ဒန် ကဗျာ လို ့ဆို ကြတဲ ့ ကဗျာ တွေ ဖြစ်တည် လာခြင်း ဟာ
    ကဗျာ့ တန်ဖိုး လျှောကျ သွားတာ မဟုတ် ပါဘူး လို ့
    တစ်ဆင့် မြင့် တက်သွား တာ ပါ လို ့
    အချိုး အ ကွေ ့တစ်ခု ကို ရောက် လာ လို ့ ချို းကွေ ့ချလိုက်တာပါ
    ဆရာ ဒဂုန်တာရာ ကလည်း လျှောကျ ဆိုတဲ့ စကားလုံးကို
    သုံးခဲ့ ဖူးတယ်
    ကျွန်တော်တို ့ ခေတ်လူငယ် ကဗျာ သမားတွေနဲ ့
    ဆရာဒဂုန် တာရာ ရဲ ့ စကားလုံး ( လျှောကျ ) ငြိမ်းချမ်းစွာ
    သ ဘောထားကွဲလွဲ ခဲ့ပါတယ် ။

    အခုလည်းးးးးးး

    =======

    နောက် တစ်ခု စကား အတင်း ဆက် ပြော ရ ရင်
    မော်ဒန် ကဗျာ တွေ မှာ ကာရန် မမဲ့ပါဘူးးး လို ့။

    ကဗျာကို ဘာသာစကားနဲ ့ရေးနေသ၍
    ကာရန် မမဲ့။
    အကျယ်တဝင့် မ ပြော သာသေးလို ့
    ဒ လောက်ပါပဲ ။
    သေချာ တွေး ကြည့် ရင်တော့ သိနိုင် ပါတယ်

    ကဗျာ ဆရာများအားးး လေးစား ယုံကြည်လျက်
    အလင်းဆက်

  • kai

    May 28, 2013 at 3:49 pm

    မန္တလေးသိန်းဇော်ရဲ့.. ကဗျာစာအုပ်ကလေး.. လေဒီခိုင်လက်ဆောင်ရတာ.. ယူဖတ်ဖြစ်တယ်..
    စာတွေလှလိုက်တာဗျာ..
    အဲဒါ.. စာအုပ်နောက်ဆုံးမှာ.. ကာရံနဲ့..ကဗျာအကြောင်းအင်တာဗျူးလေးပါတယ်..
    သူ့… အယူအဆလေးကြိုက်သဗျ… :kwi:

    အဲ..
    စာအုပ်နာမယ်က.. ကိုရင်ဘလက်ချောပြောတဲ့စာအုပ်နာမယ်ပါပဲ..

    ဆိုတော့..
    ကျုပ်အယူအဆကတော့..
    အနုပညာကို.. “အားနဲ့မလုပ်ပါနဲ့”လို့ပါပဲ..
    ကဗျာဆိုရင်လည်း.. ကာရံပါမှရယ်ဆိုပြီး.. အားထည့်ပြီး..အတင်းလိုက်မကာရံစေချင်လိုပါပေါ့…
    ပန်းချီဆွဲဆွဲ.. စာရေးရေး.. သီချင်းစပ်စပ်.. ဂစ်တာတီးတီး.. အဲလိုဖြစ်စေချင်တာပါ…

  • သုရှင်

    May 28, 2013 at 4:12 pm

    ကာရံတစ်ခုဖြစ်လာဖို့အတွက်ချည်းပဲ ဇောင်းပေးပြီး
    စဉ်းစားနေရင် ကိုယ်လိုချင်တဲ့ ( ကိုယ်ဆိုလိုချင်တဲ့) အဓိပါယ်နဲ့
    သွေဖီ သွားနိုင်တယ်ဆိုတာကို လက်ခံပါတယ်။
    သို့ပေမယ့် ကာရံ၊ ဒါမှမဟုတ် နရီ၊ ဒါမှမဟုတ် စည်းချက် လေး တစ်ခုမှ
    မပါတဲ့ ကဗျာ ဆိုတဲ့အရာကိုတော့ ကျွန်တော်တော့ စာပိုဒ် လို့ပဲ နာမည်ပေးချင်မိပါဂျောင်း
    :mrgreen:

  • ခင် ခ

    May 28, 2013 at 4:27 pm

    ခံစားချက်ကို စာစီကျရာဝယ်
    ကာရံညီသည်ရှိသော် ကဗျာဟုခေါ်
    ကာရံမညီ ကဗျာ မ မည်ဟု ဆိုသော်ငြားလည်း
    ရေးသူကညစ် ရေးပိုင်ခွင့်ရှိက ဖတ်သူအပြစ် ဆိုလေမလား၊
    ဖတ်သူကလည်း ဖတ်နိုင်ခွင့်ရှိက ရေးသူအပြစ် ဆိုလေမလား၊
    တကယ်တော့ ရေးသူခံစား ဖတ်သူမျှဝေနိုင်က
    ပေးသူယူသူ မျှဝေတူလို့ ကောင်းသည်ဟုသာ ဆိုလေသတည်း။
    ( ဤကား ကာရံညီကဗျာလည်းမဟုတ် ကာရံမညီကဗျာလည်းမဟုတ် ဟိုရေးဒီရေး စာတိုလေးပါ။)

  • အလင်း ဆက်

    May 28, 2013 at 5:38 pm

    ဗျာ / ပြေ ပြဿနာ တွေ ဖြစ်ချိန်က ကဗျာ လောက ရဲ့ အသံတွေ ပြန် ကြား ယောင် လာတယ်။

    အင်းးး ဗျာ / ပြေ ကိစ္စ တွေ တောင် ပွဲ ပြီး လုလု ဖြစ်နေပြီနော် ။

    • KZ

      May 28, 2013 at 5:44 pm

      အလက်ဆင်းလေး။

      ကိုသုရှင် ကဗျာတွေလည်း ကောင်းတယ်အေ။
      ပြခန်းအတွက် တောင်းကြည့်ဦး။

      :hee)

  • naywoon ni

    May 29, 2013 at 7:57 pm

    ကိုသုရှင်ခင်ဗျား ………..။
    ကျနော်ကတော့ ကဗျာတွေ ဇာတ်ပျက်တာလို့ မမြင်ဘူးဗျ….။ လူတွေ ဇာတ်ပျက်နေတာ ….။ အဲဒါကြောင့် ဖန်တီးမှုတွေပြောင်းလဲသွားရတာ ….။ ကျနော်တစ်ဦးထဲရဲ့အမြင်ကိုပြောတာပါ…။ ကျန်တဲ့သူတွေ ဘယ်လိုမြင်သလဲပြောကြပါဦး

  • naywoon ni

    May 29, 2013 at 9:39 pm

    ကဗျာက ဇာတ်ပျက်တာ မဟုတ်ဘူးရယ် …..။ လူတွေက ဇာတ်ပျက်နေတာဗျ…။ ကျနော် အမြင်ပါ တစ်ခြားသူတွေရဲ့ အမြင်ကိုလည်း သိချင်ပါရဲ့……….။

Leave a Reply