`ကြီးမိုက်ရဲ့ဘဝ´…..“Life”

ဘဝ ဆိုတာနဲ့ပါတ်သက်ပြီး လူအမျိုးမျိုးတို့က

သူတို့အတွေ့အကြုံတွေပေါ်မူတည်ပြီး…..အဓိပ်ပါယ် အမျိုးမျိုးဖွင့်ခဲ့ကြပါ၏…

quotes-about-lifeနောက်ရှိပါသေးတယ်….အများကြီးပါပဲ…အဲထဲကမှ..မေတ္တာရှင်ကြီး မာသာထရီစာပြောတာက..

“Life is an opportunity, benefit from it.
Life is beauty, admire it.
Life is a dream, realize it.
Life is a challenge, meet it.
Life is a duty, complete it.
Life is a game, play it.
Life is a promise, fulfill it.
Life is sorrow, overcome it.
Life is a song, sing it.
Life is a struggle, accept it.
Life is a tragedy, confront it.
Life is an adventure, dare it.
Life is luck, make it.
Life is too precious, do not destroy it.
Life is life, fight for it.” ― Mother Teresa

အဲ..သိပ်ပံ ပညာရှင်ကြီး အိုင်စတိုင်းကတော့ တစ်မျိုး…ရိုးရိုးလေးပြောထားသဗျ….

“Life is like riding a bicycle. To keep your balance, you must keep moving.”― Albert Einstein

ဆြာဘားနပ်လျှောကတော့  သူ့နည်းသူ့ဟန်နဲ့ဆိုခဲ့ပြန်သဗျ…

“Life isn’t about finding yourself. Life is about creating yourself.”― George Bernard Shaw

ဒီလိုတော့ဘယ်ရမတုန်းဗျာ…အရှေ့တိုင်းက ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီကလည်း အညံ့မခံဆိုပြန်ပါရော…

“Where there is love there is life.”― Mahatma Gandhi

နောက်ထပ်လည်း အများကြီးရှိပါသေးရဲ့လေ……မကုန်နိုင်ပါဘူး…

ဒီတော့..ကြီးမိုက်ဆိုတဲ့ကောင်ကလည်း အကြီးအကျယ်စဉ်းစားတော့တာပေါ့ဗျာ….

ဘာလဲကွ“ဘဝ” ဆိုတာ...
ဘာလဲကွ“ဘဝ” ဆိုတာ…

အသေအချာ လေးလေးနက်နက်စဉ်းစားလိုက်တာတော်တော်မူးသွားမှ(တစ်ပိုင်းကျိုးမှ) အဖြေထွက်လာသဗျ…. :kwi:

Normal
0

false
false
false

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

ဘဝဆိုတာဘာလဲကွ..?

လူတော်တော်များများ ဒီမေးခွန်းကိုအတည်လိုလို နောက်သလိုလိုနဲ့ မေးဖူးကြတယ်

`လူတစ်ယောက်ရဲ့ဘဝဆိုတာ ဘာလဲ..?

ဟာ..ဒါလေးများဗျာ..ဘဝ ဆိုတာ `ဘဝ´ ပဲပေါ့…ဗျ

`ဘ` နဲ့ `၀´ နဲ့ပေါင်းထားတာဘဝပေါ့ဗျာ..တဲ့

ဒီလိုပြောသံကို လူတိုင်းလိုလို ကြားဖူးမှာပါ..

ဒီလိုကြားဖူးတဲ့အခါတိုင်းလည်း..

နောက်ပြောင် အရွဲ့တိုက် ပြီးပြောတယ်လို့ပဲ အလွယ်တကူယူဆပြီး `ဟာသ´ လို့ပဲ သဘောထားပီးမေ့ပစ်လိုက်ကြတာပဲ…

တစ်ကယ်ဆိုတော့ `ဘဝ´ ဆိုတာ `ဘဝ´ပါဆိုတာ အမှန်ပါဗျာ…..

“ဘဝ”ဆိုတဲ့စကားစုမှာ စာလုံး ၂ လုံးပဲပါတယ်..”ဘ”နဲ့”၀”နဲ့.

ကဲ…

ကြည့်ကြရအောင်..

”ဘ”=ဘယ်သူလဲ..

ဘယ်ကလာတာလဲ..

ဘာတွေလုပ်ချင်တာလဲ..

ဘာတွေလုပ်နိုင်ခဲ့လဲ..

ဘယ်လောက်ကြိုးစားခဲ့လဲ..

ဘယ်လောက်အခွင့်အရေးတွေရခဲ့လဲ..

ဘယ်လောက်တောင်မှအခွင့်အရေးတွေလက်လွှတ်ခဲ့ရလဲ..

ဘာကြောင့်လဲ..

ဘယ်လိုတွေတွေးမိနေလဲ..

ဘယ်လိုပညာတွေသင်ခဲ့သလဲ..

ဘယ်လိုပညာရပ်မျိုးကိုစိတ်ဝင်စားလဲ..

ဘယ်လိုကြိုးစားခဲ့သလဲ..

ဘာကြောင့်လိုချင်တာမရခဲ့တာလဲ..

ဘာကြောင့်ရသမျှနဲ့မရောင့်ရဲခဲ့တာလဲ..

ဘယ်လိုအတွေ့အကြုံတွေရခဲ့သလဲ..

ရခဲ့တဲ့အတွေ့အကြုံတွေအပေါ်မှာ-ဘယ်လိုသုံးသပ်ခဲ့လဲ-

ဘယ်လိုကောက်ချက်ချခဲ့လဲ-

ဘယ်လိုပြုပြင်ခဲ့လဲ-ဘယ်လိုတိုးတက်အောင်ကြိုးစားခဲ့လဲ..

ဘာဆက်လုပ်မလဲစဉ်းစားပြီးပြီလား..

”၀”..

ကြိုးစားလို့ဝပြီလား..

ဝအောင်စားဖို့ဝင်ငွေရှိရဲ့လား..

ဝအောင်ခံစားခဲ့ပြီးပြီလား..

ဝအောင်လေ့လာခွင့်ရခဲ့ရဲ့လား..

ဝအောင်ပညာရှာခဲ့ရသလား..

ဝအောင်မိုက်မဲခဲ့ဖူးပြီလား..

ဝအောင်ပျော်ရွှင်ခဲ့ရဲ့လား..

ဝအောင်လိမ္မာခဲ့ဖူးပြီလား..

ဝအောင်အများအကျိုးဆောင်ခဲ့ရဲ့လား..

ဆိုတော့..ဘနဲ့ဝ ကိုပေါင်းလိုက်ရင်..ခင်ဗျားတို့ကျုပ်တို့ရင်ဆိုင်နေရတဲ့တကယ့်ဘဝရဲ့

အခြေအနေကို အကဲခတ်နိုင်တာပါပဲ..

ဘနဲ့ဝကိုပေါင်းလိုက်ပါ…

ဘဝဆိုတာဖြစ်လာမှာ..

ဘဝမှာသင်ဟာအခရာပါ..

သင်မလုပ်ရင်ဘာမှမဖြစ်တာ..ဘဝရဲ့အခြေခံအရင်းအမြစ်ပါ.

သင်သာဘဝရဲ့ပဲ့ကိုင်ပါ..သင်လှော်သလောက်သာ ဘဝလှေကသွားမှာ..အဲ့ဒီ့လှေကသင့်လှေပါ..

ဘဝရေယဉ်ကြောမှာ မျောနေသူတွေထဲက

တတ်နိုင်သလောက် သင့်လှေပေါ်တင်ခေါ်ပါ

လှေပေါ်ပါလာသူတွေကသင့်ကိုမှီခိုနေတာ

သင်လမ်းမှန်ပို့မှခရီးမှန်ကိုရောက်မှာပါ..

သင်ပို့မယ့်လမ်းသင်ရွေးပါ..

သူတို့ကိုပို့ရင်းနဲ့ သင်ရည်မှန်းရာကိုလည်းရောက်အောင်သွားပါ..

 

ဒါပေမဲ့…ဘဝမှာ..ရည်မှန်းရာရောက်ဖို့ဆိုရင်….

ဒါလေးတွေကိုတော့ရှောင်ကြနော့….ပရာတဝသုတ် တဲ့

ကျုပ်ရဲ့ ထူးဆန်းသောငယ်သူငယ်ချင်း တစ်ယောက်

ဒုတိယမြောက် အိမ်ရောက်လာပြန်တုန်း ရေးပေးသွားတာလေးပါ..

( အဲဒီသူငယ်ချင်းအကြောင်းပို့စ်တင်ဖူးသေးတယ်…ဖတ်ကြည့်ချင်ရင်တော့..

ဒီမှာ https://myanmargazette.net/133851  )

 

 

 

မိတ်ဆွေများဖတ်ကြည့်လိုက်ပါလေ…ကောင်းရင်ဆောင်

မကောင်းရင်ရှောင်ပေါ့ဗျာ…

 

                                          ပရာတဝသုတ်

                            (PARABHAVA  SUTTA)

It is easy to see whether a person can be prosperous or not. A person who loves the true doctrine (Dhamma) will be prosperous and who does not is a victim to downfall.

၁။ထိုသူတိုးပွား၊မတိုးပွားဟု၊မြင်ကြားကာမျှ၊သိလွယ်လှ၏၊ဓမ္မတရား၊ချစ်သူကားမူ၊ထိုသူမုချ၊

   ကြီးပွားရ၏။

He who loves wicked ones and likes their false doctrine, but not love the virtuous ones, is the cause of downfall.

၂။သူယုတ်ကိုချစ်၊သူမြတ်ပစ်ငြား၊သူယုတ်များနှင့်၊အမှားတရားသာ၊နှစ်သက်ပါမူ၊ထိုသူမုချ၊ပျက်

    စီးရ၏။

He who is found of sleep, friends and gossip, not industrious, but lazy and quick to get angry, is the cause of downfall.

၃။ အအိပ်ကြီးမား၊ပေါင်းဖော်များနှင့်၊စုထားပျော်လှ၊လုံ့လမရှိ၊လွန်ပျင်းရိလျက်၊အမျက်ကြီးမူ၊ထို

    သူမုချ၊ပျက်စီးရ၏။

He who is wealthy enough, but does not support his old parents, is the cause of downfall. 

၄။ ကျွေးမွေးခြင်းငှာ၊စွမ်းနိုင်ပါလည်း၊သက်ရွယ်ကြီးမား၊မိဘများကို၊မကျွေးငြားမူ၊ထိုသူမုချ၊ပျက်          စီးရ၏။

He who has already invited holy monks, or mendicants for their requisites, but deceives them again, is the cause of downfall.

၅။ ရဟန်းပုဏ္ဍား၊လှူဖွယ်များကို၊ဖိတ်ကြားပြီးမှ၊မုသားပြောကာ၊လှည့်ပတ်ပါမူ၊ထိုသူမုချ၊ပျက်စီး

    ရ၏။

He who has enough wealth, property and food but enjoy them alone, is the cause of downfall.

၆။ စည်းစိမ်ဥစ္စာ၊ချမ်းသာစွာနှင့်၊အစာရေစာ၊လုံလောက်ပါလည်း၊တစ်ယောက်တည်းသာ၊သုံး

    စားပါမူ၊ထိုသူမုချ၊ပျက်စီးရ၏။

He who is much proud of his birth, wealth and caste looks down and despises his kinsman is the cause of downfall.

 

၇။ မျိုးဇတ်ဥစ္စာ၊ဤသုံးဖြာတွင်၊များစွာမာန်တိုး၊ကိုယ်ဆွေမျိုးပေါ်၊လွန်မောက်မော်က၊ထိုသူမုချ၊

    ပျက်စီးရ၏။

He who wastes his money by addicting to women, drink and gambling, is the cause of downfall. 

၈။မိန်းမလိုက်စား၊သေရည်များနှင့်၊လောင်းကစားတွင်၊စီးပွားဥစ္စာ၊သုံးဖြုန်းပါမူ၊ထိုသူမုချ၊ပျက်စီး              ရ၏။

He who is not contented with his wife, indulges in wives of others and courtesans, is the cause of downfall.

 

၉။ တစ်ယောက်နှင့်မျှ၊အားမရက၊သူ့မယားပါ၊ပြည့်တန်ဆာကို၊သွားကာပျော်ပါး၊လွန်လိုက်စားမူ၊

    ထိုသူမုချ၊ပျက်စီးရ၏။

He who, in his old-age, gets married a young lady and cannot, sleep well due to much worries for her, is the cause of downfall.

၁၀။အရွယ်နုနယ်၊မိန်းမငယ်ကို၊အရွယ်လွန်ပြီး၊လူအိုကြီးက၊ယူပြီးကာမှ၊စိတ်မချ၍၊သောကပို

     ကာ၊မအိပ်ပါမူ၊ထိုသူမုချ၊ပျက်စီးရ၏။

He who gives authority to a woman or man of glutton, who used to keep properties with a disorderly manner, is the cause of downfall.

 

၁၁။စားသောက်လွန်ကဲ၊သုံးစွဲကြီးလှ၊မိန်းမ-ယောက်ျား၊ပုဂ္ဂိုလ်များကို၊ပေးငြားခွင့်သာ၊ခိုင်းစေပါမူ

     ၊ထိုသူမုချ၊ပျက်စီးရ၏။

He, being scanty of wealth, but too much greedy for wealth and ever graves (craves) for a kingdom, is a cause of downfall.

၁၂။စည်းစိမ်နည်းပါး၊ရှိသော်ငြားလည်း၊စီးပွားချစ်ခင်၊မင်းဖြစ်ချင်၍၊လိုအင်ပြင်းပြ၊လောဘရှိမူ၊ထို

     သူမုချ၊ပျက်စီးရ၏။

 

 

အခုတလောရွာထဲ လည်းရောက်တစ်ချက်ပျောက်တစ်ချက်နဲ့…စာတွေလည်းဖတ်ဖြစ်ပါရဲ့..

ကွန်မန့်တော့ ပေးဖြစ်တဲ့အခါလည်းရှိရဲ့ မပေးဖြစ်ပဲ ဖတ်ရုံဖတ်သွားခဲ့တာလည်းရှိရဲ့..

ရင်းနှီးခင်မင်သူတွေရော..လူသစ်တွေကိုပါ ကွန်မန့်တွေပေးဖို့…

ကိုယ့်အကြောင်းနဲ့ကိုယ်ပျက်ကွက်နေမိခဲ့ပါတယ်…ဒီအတွက်ကြီးမိုက်စိတ်မကောင်းပါဘူး…

ကြီးမိုက်အနေနဲ့က အင်တာနက်ကိုရုံးရောက်မှ သုံးဖြစ်တာပါ…ရုံးဆိုတော့လည်းထုံးစံအတိုင်း

နိစ္စဓူဝ ရုံးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ကြားကမှ…လှစ်ကနဲ..လှစ်ကနဲ ..ရွာထဲဝင်စာဖတ်ရတာဗျ..ဆိုတော့..မလွယ်ဘူးပေါ့ဗျာ..နားလည်ပေးကြပါနော့…

 

အခုတော့ ..ကျုပ်ဆိုတဲ့ကြီးမိုက်ကြီး…မူးမူးရူးရူးနဲ့ ပေါက်ကရလေးဆယ် ရေးထားတာလေးတွေ

အားပေးဖတ်ရှုပြီး…ကျုပ်အင်မတန်မှနှစ်သက်တဲ့ ဘိုထီးရဲ့သီချင်းလေးတစ်ပိုင်းတစ်စ နားသောတဆင်ကြပါအုံး…

♪ ♬ ♭ ♪ ♫ ♪ ♬ ♭

♪ ♫ ♬ ♭

`လုပ်စရာရှိတာ ပီးအောင်မြန်မြန်လုပ်…သိပ်မတွေးနဲ့…သိပ်မမေးနဲ့…

အချိန်ကုန်တယ်…လေကုန်တယ်…♪ ♫ ♬ ♭ ♮ ♯

အရသာတွေ့တိုင်း..ပေးတာအကုန်မယူနဲ့..

အန္တရာယ်က      လက်တစ်ကမ်းမှာ..

ကြာကြာဝါးမဲ့သွား….ဘာစားစားအရိုးကြည့်ရှောင်ဟေ့…

♪ ♫ ♬ ♭ ♮ ♯

လူဆိုတာအကျင့်ရဲ့ကျေးကျွန်….

ထီထိုးရင်း..တိုက်ဖို့မေ့ရင်း….

♪ ♫ ♬ ♭

`..ကြိုက်တာရမယ်..သူ့တန်ရာတန်ကြေး…

ဘရာသာရေ…….ဇေပါတယ်..

ငွေသာအရင် မ,စ ပါ…..

ကိုယ့်ခြေထောက်ပေါ်ရပ်ကာနေနိုင်သ၍…

လျှောက်အုံးဟေ့…… လျှောက်အုံးဟေ့……

နောက်ဆုံးနေ့..ထိ…ကိုယ်ပလက်ဖေါင်းမင်းသား အရင့်စား…♪ ♫ ♬ ♭

 

 

အားလုံးကိုလေးစားခင်မင်လျှက်….

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၂၄-၅-၀၃( ကဆုန်လပြည့်နေ့ )

 မှတ်ချက်။ အကိုးအကား တွေကို အင်တာနက်မှယူပါသည်..သူကဒီလိုလည်းရေးထားလို့ပါ

If you love this quotes about life page, share this to your beloved friends!

.လင့်ကတော့…

http://sayingimages.com/life-quotes-best-images-with-quotes-about-life/

 

 

 

31 comments

  • Myo Thant

    May 28, 2013 at 3:46 pm

    ဘယ်လိုမန့်ရမှန်း မသိလောက်အောင်
    ကြိုက်လို့ကို မဝပါဗျို့

  • ခင် ခ

    May 28, 2013 at 3:48 pm

    ဘ ဝင် မမြင့်ဘဲ
    ဘ ဝင် ကျသော
    ဘ ဝ တွေသာ ဖြစ်ကြဖို့ ကြိုးစားကြပါစို့…….ပေါ့ဗျာ။

  • kyeemite

    May 28, 2013 at 3:55 pm

    ရူးကြောင်မူးကြောင်နဲ့ရေးထားတာတွေကို…
    စောစောစီးစီးဝင်အားပေးတဲ့ ကိုမျိုးသန့်ကြီးနဲ့
    ကိုခင်ခကြီးတို့ကိုရှဲရှဲနော.. :hee:

  • အရီးခင်လတ်

    May 28, 2013 at 4:25 pm

    {{ သူယုတ်ကိုချစ်၊သူမြတ်ပစ်ငြား၊သူယုတ်များနှင့်၊အမှားတရားသာ၊နှစ်သက်ပါမူ၊ထိုသူမုချ၊ပျက်စီးရ၏။ }}

    အဲလာ ဟုတ်ရဲ့လား ကကြီးမိုက်ရယ်
    ကျုပ်တို့ ရွှေပြည်တော်ကြီးမှာတော့ မှန်ဘူး ထင်ရဲ့။
    အနဲဆုံး လက်လှမ်းမှီသ၍တောင် နှစ်ပေါင်း ၃ဝနီးတော့မယ်။
    အရင်ထဲက ဟာ တစ်ဗိုလ်ဆင်း၊ တစ်ဗိုလ်တက် စနစ် နဲ့။
    ဆင်းသွားတာတောင် အိတ်ဖောင်းမြဲ။

    ဘာဘဲဖြစ်ဖြစ် ကျုပ်တို့လို သူတော်ကောင်း တွေကတော့ လိုက်နာပါ့မယ်။ 😉
    ကျေးဇူးပါ ကကြီးမိုက်ရယ်။ 😛

    • kyeemite

      May 29, 2013 at 8:54 am

      ကိုခင်လတ်ကြီး ပြောတာ သွေးထွက်အောင်မှန်ကြောင်းပါ
      ကျုပ်တို့ဆီက သူယုတ်တွေဆိုတာက သူတို့ကိုယ်သူတို့
      သူတော်မြတ်တွေလို့ထင်နေတာကလား… 😆

      မေဂျူလိုင်ရေ…အားပေးဖတ်ရှုတာ ရှဲရှဲပါနော
      ဘဝမှာ အဆင်ပြေချောမွေ့ပါစေကွယ်.. :528:

  • may july

    May 28, 2013 at 4:38 pm

    ဘ နဲ့ ဝ ကိုပေါင်းပြီး ဘဝ လုပ်ကြည့် …..

    ဘဝ ဆိုတာကြီးကို ချောမွေ့အောင် တော်တော် ကြိုးစားနေရပါတယ် .. :hee:

  • KZ

    May 28, 2013 at 5:48 pm

    ကိုကြီးမိုက် ကြိုက်တယ်ဗျာ။

    ဒီ စာကို။ :mrgreen:

    အကုန်နားလည်အောင်ဖတ်ဖို့ ၂ ပိုင်းလောက် အဟွာပြုပြီးမှ ဖတ်လိုက်ရတယ်။

    အချိန် ၂ ပိုင်းခွဲပြီး ဖတ်ရတယ်လို့ ပြောတာပါ။
    :kwi:

  • မောင် ပေ

    May 28, 2013 at 7:18 pm

    ပရာတဝသုတ် ဆိုတာကို လေးမိုက် ကောင်းမှု နဲ ့ အခုမှ စ ဖတ် ဖူး တာ ဖြစ် ကြောင်း ပြောပါရစေ
    သူလဲ လောကနီတိ လို ပဲ ၊ လိုက်နာနိုင်ရင် အကျိုးစီးပွား တော်တော်များမှာပဲနော
    ကျေးကျေးပါ လေးမိုက်

    • kyeemite

      May 29, 2013 at 9:14 am

      KZ @…
      KZ ကနောက်နေပြန်ပီ…ကျနော့အတွေးကရိုးရိုးလေးပါဗျာ :mrgreen:
      ကျနော်ကတော့ “Life is life, fight for it.” ― Mother Teresa ဆိုတာလေးသဘောကျဂျောင်းးး

      ကိုပေ@..
      ကြယ်လေးလုံးပိုင်ရှင် ဆြာပေက အားပေးပြီးကြိုက်တယ်ဆိုလို့ ဝမ်းသာပါ၏
      သင့်ခရုပါကိုပေရေ..

  • padonmar

    May 28, 2013 at 8:44 pm

    ဦးမိုက်
    ဘ ရယ် ဝ ရယ် ဖွင့်ထားတာလေး ကောင်းလိုက်တာ။
    ဗိုလ်ထီးရဲ့ ပလက်ဖောင်းမင်းသား လည်း ကြိုက်တယ်။
    အဲ…စကားအတင်းစပ်..ပရာဘဝသုတ်ဖြစ်မယ်နော် (တ နဲ့ ဘ မှားနေသလားလို့)
    မောင်ပေ့ ကွန်မန့်မှာ တွေ့မှ သတိထားမိသွားတာ။

    • kyeemite

      May 29, 2013 at 8:36 am

      အန်တီဒုံရေ…အားပေးတာကျေးဇူးပါ…
      ဒီစာတစ်ပုဒ်ထွက်ဖို့တည်နေခဲ့တာအတော်ကြာပေါ့..ပြီးခဲ့တဲ့လပြည့်နေ့မှ
      အဆုံးသတ်နိုင်တယ်ဗျ…

      “အဲ…စကားအတင်းစပ်..ပရာဘဝသုတ်ဖြစ်မယ်နော် (တ နဲ့ ဘ မှားနေသလားလို့)”

      ဒီဟာလေးတော့သေချာပြန်စစ်လိုက်ပါအုံးမယ်နော…ထောက်ပြတာကျေးကျေးပါ :hee:

  • ရေးထားတာကို အရမ်းကြိုက်တယ်… အူးမိုက်ရေ…
    အိုင်းစတိုင်းရဲ့ ဘဝ ကို အကြိုက်ဆုံးပဲ…

    သမီးလည်း အခုထက်ထိ ဘ နဲ့ ဝ ကို လိပ်ပတ်မလည်သေးပါဘူး… 🙂

  • Ma Ma

    May 29, 2013 at 7:48 am

    တစ်ပိုင်းကျိုးမှ အဖြေထွက်လာသဗျ….
    အဲဒါတွေကြောင့် သဂျီးက သောက်သုံးသင့်ကြောင်း အမြဲထောက်ခံနေတာကိုးးးးးးးးးးး :kwi:
    ဘဝအကြောင်းကို ဘက်စုံထောင့်စုံက ရေးပြပြီး ပလက်ဖောင်းမင်းသားနဲ့ဇာတ်သိမ်းတာ အလွန်ကို လှပပါကြောင်းးးးးးးးးးး
    ဖတ်ရှု့ခံစား မှတ်သားသွားပါကြောင်းးးးးးးး :hee:

    • kyeemite

      May 29, 2013 at 8:48 am

      ဟား ဟား ဟား :harr:
      မမ ရေ ကျနော့အတွေးစာလေးကိုလှပတယ်ဆိုလို့ ဝမ်းသာပါ၏။သင့်ခရုပါနော

      မွန်မလေးလုံလုံရေ….လိပ်ပတ်မလည်သေးတာကအရေးမကြီးဘူး..
      လိပ်ပက်လက်မလန်ဖို့အရေးကြီးတယ်… 🙂

  • ဦးကြောင်ကြီး

    May 29, 2013 at 7:55 am

    ဘဝဆိုတာ ဘူးလို့ဝမှ ဘဝမည်တယ်… မဝသ၍ ဘွကြောင်း နားအလည်နိုင်ဗူး…။ ဒါကြောင့် မီးကုန်ယမ်းကုန် ဗူးကြပါ… :528:

    • Ma Ma

      May 29, 2013 at 8:19 am

      ဘဝအကြောင်း ဒက်ဖက်နေးရှင်းဖွင့်ဖို့ နောက်ထပ်စာတစ်ကြောင်း ရသွားပြီ။
      ဒါ့ထက်စကားမစပ် ကြောင်ကြီးအတွက် ကြောင်ရှာရဗိုပါမလေး ဖွဘုတ်မှာ တွေ့ပြီးပြီလား မသိ :harr:

    • kyeemite

      May 29, 2013 at 8:56 am

      မှတ်သားလောက်ပါတယ် ဆြာကြောင်ရေ.. :kwi:

  • kyaw hteik

    May 30, 2013 at 1:39 am

    အခုလို ဘဝဒဿနကို ဖတ်​ရှုခွင်​့ရတဲ့အတွက်​ ​ကျေးဇူးအထူးတင်​ရှိပါတယ်​။
    တကယ်​အကျိုးရှိ​သောစာများမို့ မှတ်​သားထားပါတယ်​။

  • Shwe Ei

    May 30, 2013 at 10:35 am

    အို…သများတို့အရွယ်က ဘဝအကြောင်းတွေ အလေးအနက်ထား
    စဉ်းစားဖို့စောလွန်းပါသေးတယ်လေ ေိေိ 😉

  • အလင်း ဆက်

    May 30, 2013 at 10:45 am

    သိပ် အရသာ ကောင်း တဲ့ ထမင်းစားပွဲကြီး နဲ ့ကြုံလိုက် ရ သလိုပါ ပဲ။
    ဖတ်လို ့မ ဝဘူး ။ ဘဝ ကို ကိုယ်ခံယူထားတာကိုတော့
    ထုတ်ပြော မ နေ ချင်တော့ ပါဘူး။
    🙂

  • ကြက်အူလှည့်

    May 30, 2013 at 10:56 am

    တနေ့သေကြရမည် .. မသေခင် လုပ်ချင်တာလုပ်ကြ

    :harr:

    နောက်တာပါ အူးလေးမိုက်ခ် ရယ်.. ဘကုံး နဲ့ ဝလုံးကို စလုံးနဲ့ စပြီးရင်တော့…
    ခရီးများအဆုံးထိ လျှောက် ကြရမှာပါ…။
    နောက်ပြန်လျှောက်သလား Shuffeling လုပ်နေသလား ဂျွမ်းထိုးနေသလား
    ပြေးလွှားနေသလား ကတော့ … ကေစ့်ဘိုင် ကေ့စ် ပါခီည…

    :kwi:

    • kyeemite

      May 30, 2013 at 11:35 am

      မရွှေအိနဲ့ စကူဒလိုင်ဘာရေ…ဂန္ဒီကြီးကဆိုထားတယ်နော…
      “Where there is love there is life.”― Mahatma Gandhi
      ကိုဖေါ စကားငှားသုံးရရင်…“စဉ်းစားကြစေလိုပါတယ်”…ဟိ 😉
      ~~~~~~~~~~~~~~~~~~~~~~~~~~~~
      ကိုkyaw hteik နဲ့ အလက်ဆင်းတို့ကိုလည်း
      ဝင်ရောက်အားပေးဖတ်ရှုလို့ ကျေးဇူးတင်ပါဂျောင်းးးး 😆

  • black chaw

    May 30, 2013 at 12:20 pm

    ဘဝ…ဆိုတာ နိမ့်မြင့်တက်ကျများလွန်းလို့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာလည်း…
    နိမ့်တဲ့အခါ တစ်မျိုး…၊ မြင့်တဲ့အခါ တစ်မျိုး ဖြစ်နေလိမ့်မယ်လို့…
    ထင်ပါတယ် ကိုမိုက်ရေ…။ (အထင်ပါဗျာ)
    ဒါကြောင့်…
    ဘဝ ကို အဓိပ္ပာယ်ဖွင့်ဆိုချက် ကလည်း အမြဲတမ်းပြောင်းလည်းနေလိမ့်မယ်လို့…
    ထင်ပါတယ်…။
    သီချင်းတွေကပြောတဲ့ ဘဝ အကြောင်း နည်းနည်း ရေးချင်ပါသေးတယ်…။
    ထူးအိမ်သင် က

    လူ့ဘဝဟာ တိုက်ပွဲ ကြိုးဝိုင်းတစ်ခုပါပဲ…

    ဆိုပြီး လူ့ဘဝကို လက်ဝှေ့ကြိုးဝိုင်း လို့ တင်စားပြခဲ့ပါတယ်…။
    ဝင်းမင်းထွေးကြီးက ချစ်ကောင်း သီချင်းတစ်ပုဒ်ထဲမှာ

    ဘဝ ဆိုတာလည်း တင်းနစ်(စ်) ရိုက်နေတယ်

    ဆိုပြီး လူ့ဘဝကို တင်းနစ်(စ်) ပွဲတစ်ပွဲနဲ့ တင်စားခဲ့ပါသေးတယ်…။
    အဲဒီသီချင်းထဲက
    ရိုးသားမှုတစ်ခုလောက်နဲ့တင်မဖြစ်နိုင်ဘူး
    ပါးနပ်မှုမရှိရင် မဖြစ်ပြန်ဘူး
    ဆိုတဲ့ စာသားလေး…ကျွန်တော်ကြိုက်နေမိတယ်ဗျာ…။
    ဘဝမှာ ရိုးသားမှုရော…ပါးနပ်မှုပါ…လိုအပ်တယ်လို့
    ကျွန်တော်ထင်ပါတယ်…။
    ဒေါက်တာဆောင်းဦးလှိုင်ကြီးကျတော့တစ်မျိုးဗျ…။

    တချို့တချို့အတွက်လွယ်ပေမယ့်
    ကိုယ်ဟာရုန်းကန်လာခဲ့ဘူးတယ်…
    ကြိုးစားခဲ့သမျှအချည်းအနှီးနဲ့ ဘဝကအဲဒီလိုပဲ…

    ဆိုပြီး ကြိုးစားတိုင်း အလွယ်တကူ မဖြစ်တဲ့ဘဝကို
    သီချင်းထဲမှာ ထည့်ပြီး ညည်းတွားတယ်ပေါ့ဗျာ…။
    ထားလိုက်ပါတော့ဗျာ…။
    သီချင်းတွေက စိတ်မဝင်စားရင် ပျင်းဖို့ကောင်းပါတယ်…။
    ကျွန်တော် မှတ်မှတ်ရရရှိနေတဲ့ ဘဝအဓိပ္ပာယ် ဖွင့်ဆိုချက်ကလေး
    ပြန်ပြောပြီး ကျွန်တော့်ကွန်းမန့်ကို အဆုံးသတ်ပါရစေ…။
    Forrest Gamp ဇာတ်ကားရဲ့အဖွင့်မှာ Tom Hanks ပြောသွားတဲ့စကားလေး…။

    Life was Like a box of Chocolates.

    တဲ့…။
    ဘဝဆိုတာ ချောကလက်ဗူးလေးတစ်ဗူးရယ်လို့လည်း
    အဓိပ္ပါယ်ဖွင့်တတ်ကြပါတယ်ဗျာ…။
    ခင်မင်လေးစားတဲ့
    ဘလက်ချော…။
    :mrgreen:

    • Shwe Ei

      May 30, 2013 at 1:02 pm

      ဘဝမှာ ရိုးသားမှုရော…ပါးနပ်မှုပါ…လိုအပ်တယ်လို့

      အွန်း….အခုမှ တကယ်စဉ်းစားစရာ ရသွားတယ် အူးမိုက်ရေ့ :bar:

    • kyeemite

      May 30, 2013 at 2:23 pm

      အချိန်တွေမအားလပ်တဲ့ကြားက ကွန်မင့်အရှည်ကြီးနဲ့
      “ဘဝ” အဓိပ္ပါယ်အကြောင်းလေးတွေ ဝင်ရောက်အားဖြည့်ပေးသွားတာ
      ကျေးဇူးအကြီးကြီးတင်ပါကြောင်း ရဲဘော်ဘလက်ရေ…
      ဘဝမှာ ရိုးသားမှုရော…ပါးနပ်မှုပါ…လိုအပ်တယ်လို့
      ကျွန်တော်လည်း ရဲဘော်လိုပဲ ယုံကြည်ပါဂျောင်းးး

  • နွေဦး

    May 30, 2013 at 12:43 pm

    အိမ်ထဲ ထိုင်နေတုန်းတော့ အိမ်ကို မမြင်ဘူး..
    အိမ်နဲ့ ခပ်လှမ်းလှမ်းရောက်မှ
    ကိုယ်နေခဲ့တဲ့အိမ်က
    လှတယ် မလှဘူး ဆိုတာသိနိုင်တယ်…။
    နွေဦးတွေးမိတာပါ…။

  • kyeemite

    May 30, 2013 at 2:31 pm

    ဝင်ရောက်ဖတ်ရှု ဆွေးနွေးပေးတာကျေးဇူးပါကိုနွေဦးရေ..

  • Yin Nyine Nway

    May 30, 2013 at 2:53 pm

    အနော်က လေးလေးကြီးမိုက်ရဲ့ ဘဝ ထင်နေတာ ..
    အားလုံးရဲ့ ဘဝ ဖြစ်နေတယ်
    ဘဝဆိုတာကတော့ အနော့်အတွက် ချောလည်းမချောဘူး
    ကြမ်းတယ်ဆိုလည်း မဟုတ်ပြန်တဲ့အတွက်
    ဘဝအတွက ်သင်္ခန်းစာတွေ အများကြီးရပါတယ် ချင့်….

  • ချစ်ကိုဂျီးတောင်မှ
    တစ်ပိုင်းကျိုးကာမှ အဖြေထွက်တယ် ဆိုဒေါ့ …
    အင်း …
    ကျုပ်ဆို လေးငါးပိုင်း ကျိုးမှ အဖြေထွက်လာလောက်တယ် …
    အပြင်မှာ မထွက်ရင် အိပ်မက်ထဲမှာ ထွက်လိမ့်မပေါ့နော် ….
    Life တွေကို လေ့လာသွားပါတယ်ဗျာ ….
    အေးဆေးတဲ့ အချိန်ကျမှ တနုံ့နုံ့နဲ့ တွေးကြည့်ရဦးမယ် …

    • kyeemite

      May 31, 2013 at 9:55 am

      နွေးသီး@
      ဖတ်ရှုအားပေးတာကျေးကျေးပါနော 😆
      မဟာရာဇာ အံစာတုံ@
      ညီလေးအံစာရေ…
      ဘဝကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဖွင့်ပါကွာ…
      ကိုယ်တိုင်က အဓိပ္ပါယ်ရှိအောင်နေတတ်ဖို့ပိုအရေးကြီးမယ်ထင်ပါတယ်…
      ကျေးဇူးနော.. 😉

  • marblecommet

    June 1, 2013 at 9:46 am

    ကျော်တို့လို
    အကုသိုလ်အတုံးအခဲလေးကျတော့
    လေးမိုက်စာနား သိပ်မကပ်နိုင်သလိုပဲ…..
    ဘာဖြစ်ဖြစ် အတင်းကာရော တွယ်ကပ်ဖတ်ရှု
    မှတ်သားသွားပါတယ်ခည……

Leave a Reply