မည်ကာမတ္တ လူ

သုရွင္May 28, 20132min1816

မည်ကာမတ္တ              လူ

အထောက်အထားတစ်ခုကိုမျှ

လက်ဝယ်ကိုင်ဆောင်ပြသ နိုင်ခြင်းမရှိတဲ့အခါ…။

လူမွှေး ၊ လူတောင်    ပြောင်ဖို့

လူသတ်မှတ်တဲ့ လူ ့ တန်းတစ်ခုကို

လူတန်းမစေ့ တဲ့အခါ…။

လူလိုသူလို ခေါ်ပြောဆက်ဆံ

နေရာပေးအလိုက်သိခြင်းမခံရတဲ့

ဖြစ်တည်ရုံ အဆင့်ရှိ

အလေအလွင့်လူသားဖြစ်တဲ့အခါ…။

လူတွေမွေးပြီး လူတွေ စွန့်ပစ်သွားခဲ့ကြတဲ့

လူအဖေအမေ မဲ့ လူသားတွေအဖြစ်

နေရာတစ်ခုသည်းသန့်ကန့်သတ်ခြင်း….

ခံကြရတဲ့အခါ…။

အင်္ဂါမစုံ၊ မသန်စွမ်းဘဝနဲ့

အထင်အမြင်သေးနှိမ်ချ

ခွဲခြားဆက်ဆံခြင်းခံကြရတဲ့အခါ…။

ရောဂါတစ်ခုအကြောင်းပြ

မြင်ရုံနဲ့နောက်တွန့်

ရှုံ ့ချကဲ့ရဲ့ပြီး မောင်းထုတ်နှင်ချပြီး

လူ့အသိုင်းအဝိုင်းနဲ့ မနီစပ်စေချင်ခံရတဲ့

အသက်ဝိညာဏ်ရှိ ခြေကောင်းလက်ကောင်းဘဝ

အမှားတစ်ခုကြောင့်ပဲဖြစ်ဖြစ်

အခန့်မသင့်လို့ ပဲဖြစ်ဖြစ် ရောက်ကြရတဲ့အခါ…။

ကျွန်တော်တို့တစ်တွေဟာ

လူ့သဘောသဘာဝကို ပိုင်ဆိုင်ထားကြပါလျှက်

မည်ကာမတ္တလူ ဖြစ်ကြရတယ်။

6 comments

  • အလင်း ဆက်

    May 28, 2013 at 5:33 pm

    လောလောဆယ်တော့

    ကဗျာကို ဖတ် ရုံ မည်ကာမတ္တ
    ဖတ် တယ်။
    ခံစား ရုံ မည်ကာမတ္တ ခံစားသွားပါတယ်။

    🙂

  • KZ

    May 28, 2013 at 5:42 pm

    လူ လူ ချင်း အတူတူကို ။။။။

    အခြေအနေ အနိမ့်အမြင့်
    သဘောထား အကြီးအသေး
    စိတ်ဓာတ် အတက် အကျ အလိုက် မူတည်ပြီး အချင်းချင်း တန်ဖိုးတွေ သတ်မှတ်ကြတာပဲ။
    လူ့တန်ဖိုးကလည်း အရေပြားတစ်ထောက်မှာ ရှိတာမဟုတ်ဘူးလို့ထင်ပါတယ်။

    တကယ်တော့ လူတိုင်း ကိုယ့်တန်ဖိုးကိုယ်စီရှိကြပါတယ်။။
    ကိုယ့်တန်ဖိုးကို ဖော်ထုတ်နိုင်တဲ့ လူနဲ့ မဖော်ထုတ်နိုင်တဲ့ လူကွာတာပါ။

    ဘာပဲဖြစ်ဖြစ် ကဗျာလေး ကောင်းပါတယ်ဗျ။

    ကဗျာ ပြခန်းမှာပါဖို့ စိတ်ဝင်စားရင် ကဗျာလေးတွေ ပို့ပေးနိုင်ပါတယ်။
    အလင်းစက် ကို alinsett.art@gmail.com ပို့ပေးပါ။

    :hee:

  • အလင်း ဆက်

    May 28, 2013 at 6:07 pm

    ကိုသု ရဲ ့ကဗျာ တွေကို
    ကဗျာပြခန်းက မျှော်နေပါ တယ် ဗျ

  • သုရှင်

    May 30, 2013 at 12:57 pm

    နောက်ကဗျာတွေ ကျ ရင် ပို့ပေးပါ့မယ် ဗျာ

  • Shwe Ei

    May 30, 2013 at 1:29 pm

    မည်ကာမတ္တ လူ

    အထောက်အထားတစ်ခုကိုမျှ

    လက်ဝယ်ကိုင်ဆောင်ပြသ နိုင်ခြင်းမရှိတဲ့အခါ…။

    လေဘာဒယ်တော် … :gee:

  • ကြက်အူလှည့်

    May 30, 2013 at 1:45 pm

    မိမိရှိတည်ရာ နေရာမှာ လူ ဆိုတာကို ဘယ်လို ဒီဖိုင်း လုပ်တယ် ဆိုတာနဲ့ပဲ ဆိုင်မယ်ခည..။
    တရားကျစရာကောင်းရဲ့ … အင်္ဂလိကန် ဆိုတဲ့ ကျုပ်တို့ကို လာကျွန်ပြုသွားတဲ့ နေမဝင်အင်ပါယာဟောင်းမှာ
    အိုင်းယွန်းလေဒီ လို့တင်စားတဲ့ မာဂရက်သက်ချာဆိုတဲ့ အာလဖွားယီး (တလောကဆုံးပြီ) ဘုန်းမီးနေလ
    တောက်ပတဲ့ခေတ်တုန်းကပေါ့ခီညာ..အသက် အစိတ်ကျော်မှ ကားတစီးမပိုင်ရင် အဲ့ဒိလူဟာ အလကားလူ လို့
    ပြောခဲ့ပါသတဲ့ … (အော်..သူရို့ဆီတော့ အခြေခံလူတန်းစားထက်နည်းနည်းမြင့်ရင်ကို ကား ဝယ်စီးသုံး လို့ရနေတာကိုး)
    အဲ့တုန်းကတော့ လူတွေက ဟုတ်လိုက်တာ ထောက်ပြတတ်လိုက်တာ လူ ဆိုတာကို အလွယ်ဆုံးနဲ့ အတိုဆုံး ဒီဖိုင်းလုပ်ပြနိုင်လိုက်တာ
    ဆိုပြီး ပါးစပ်အဟောင်းသားနဲ့ ခေါင်းတငြိမ့်ငြိမ့်ပေါ့
    လုပ်ခလစာနည်းပါးသလို တလောလေးကထိ သာမန်လူ ကားတင်သွင်းခွင့် ပိတ်ထားတဲ့ ကျနော်တို့ တိုင်းပြည်မှာတော့
    ဒီစကားက ဟာသ ပေါ့ဗျာ..။

    ဆက်ဆွဲရရင် လွန်ခဲ့တဲ့ နှစ် အနည်းငယ်တုန်းက ရော်ဘင်ညို ဆိုတဲ့ ဘရာဇီး ဘောလုံးကဝေလေးတယောက်
    အနှီဘွားတော်ယီး ရှိရာ အင်္ဂလိကန်ကို ရောက်လာပါသတဲ့ …။ ကမာ္ဘကျော်တဲ့ သန်းကြွယ်သူဌေးက ကားဝယ်မစီးဘူး
    ပတ်ဘလစ်ထရန်စပို့ သာသုံးပါသတဲ့ ..(ငယ်ဘွ ဆင်းရဲခဲ့တော့ ငွေစုတယ် တခြားမှာ ရင်းနှီးမြှုပ်နှံတယ်လို့ ဖတ်ဖူးပါတယ်)
    ဟော.. သည်တော့လည်း လူတွေ ဘွားတော်ယီး တရားကိုမေ့လို့ … ကျန်းးး စေ့စပ်တာ .ဇိမ်မခံတာ .. မြေသားဆန်တာ..
    လူသားပီသတာ … ဂရင်းဖြစ်တာ ..တောင်ပါလိုက်သေးးး… လူ-ဒက်ဖနေးရှင်းတွေ ပြောင်းလာလိုက်ပုံများပြောပါတယ်။
    တကယ်တော့ မည်ကာမတ္တ ဖြစ်ဦးတော့ လူဟာ လူပါပဲ။
    စီ-ရော်နယ်ဒို လည်းလူ ဆိုက်ကားသမား ကိုဘခက်လည်းလူ ..ဗရာကြော်ရောင်းတဲ့ မာမူကြီးလည်းလူ ပေါက်ဆီဆိုင်ဖွင့်တဲ့ လျောင်ကီး
    လည်းလူ ပဲပြုတ်သည်မထားလည်း လူ အူးတေဂွလည်းလူ ကနားစီးမိဂီလည်း လူ…လူ..လူ..လူ..

Leave a Reply