သရက်သီးကိတ်လေးပါ…

ခုရက်ပိုင်း သရက်သီးတွေ လက်ဆောင်ရထားလို့ ဒီတိုင်းစားနေရာက အဆန်းထွင်ပြီး ကိတ်မုန့်ထဲထည်လို့ သရက်သီးကိတ်လေး လုပ်လိုက်ပါမယ်။ ကိတ်သားကတော့ ထောပတ်ကိတ်လုပ်နည်းအတိုင်းကို သရက်သီးတုံးလေးတွေ ထည့်အလှဆင်လိုက်တာပါ။ သရက်သီးတုံးလေးတွေ အတွက် နဲနဲမာတဲ့ သရက်သီးကိုသုံးသင့်ပါတယ်။

ပထမဦးဆုံး မုန့်ဖုတ်မည့် ခွက်ထဲကို သကြား 1ဇွန်း၊ထောပတ် 1 ဇွန်းလောက်ထည့်ပြီး အပူပေးပါ။

သကြားပျော်ပြီးအရောင်ရင့်ရင့် လေးဖြစ်တဲ့အထိပါ…ပြီးရင် မီးဖိုပေါ်ကချ၊ အေးသွားရင် သရက်သီးတုံးလေးတွေ

ထည့်ထားလိုက်ပါ…

1… ပါဝင်ပစ္စည်းတွေ…

1… ပါဝင်ပစ္စည်းတွေ…

 

ကိတ်တစ်လုံးစာ မုန့်ရည်အတွက်ပါဝင်ပစ္စည်းတွေ…

1…ဂျုံ 5 tbsp

2…baking powder 1 tsp

3…သကြား  4 tbsp

4…ထောပတ်(ဂီး)  3 tbsp

5…နွားနို့  3 tbsp

6…ကြက်ဥ 1 လုံး  လိုအပ်ပါတယ်…

ခွက်တစ်ခုအတွင်းမှာ သကြား နဲ့ ထောပတ်ကို ဖြူပြီးပွလာအောင်ခေါက်ရပါမယ်…

အရောင်ဖြူဖြူလေးနဲ့ ပွလာပြီဆိုရင် ကြက်ဥ တစ်လုံးထည့်ခေါက်ရပါမယ်။

ကြက်ဥပျောက်ပြီး ခရင်မ်နှစ်နှစ်လေးဖြစ်လာမှ ဂျုံ၊ဘေကင်ပေါင်ဒါ အရောနဲ့ နို့ကို တစ်ဝက်စီထည့်မွှေလိုက်ပါတယ်…

ရလာတဲ့ မုန့်နှစ်ခရင်မ်ကို သရက်သီးတုံးလေးတွေထည့်ထားတဲ့ မုန့်ဖုတ်မည့်ခွက်ထဲ လောင်းထည့်လိုက်ရင်မုန့်ဖုတ်ဘို့ အဆင်သင့်ဖြစ်နေပါပြီ…

2… သကြား နဲ့ ထောပတ်ကို ဖြူပြီးပွလာအောင်ခေါက်ရပါမယ်

2… သကြား နဲ့ ထောပတ်ကို ဖြူပြီးပွလာအောင်ခေါက်ရပါမယ်

3… ဂျုံ၊ဘေကင်ပေါင်ဒါ အရောနဲ့ နို့ကို တစ်ဝက်စီထည့်မွှေလိုက်ပါတယ်

3… ဂျုံ၊ဘေကင်ပေါင်ဒါ အရောနဲ့ နို့ကို တစ်ဝက်စီထည့်မွှေလိုက်ပါတယ်

4…မုန့်နှစ်ခရင်မ်

4…မုန့်နှစ်ခရင်မ်

5… မုန့်ကျက်ပါပြီ…

5… မုန့်ကျက်ပါပြီ…

 

Oven ကိုအပေါ်၊အောက် 180 ဒီဂရီ နဲ့ 10 မိနစ်လောက် ကြိုဖွင့်ထားရမှာပါ…

အပူချိန်မှန်ပြီဆိုရင် ပြင်ဆင်ထားတဲ့ မုန့်ခွက်လေးကို အလယ်ဆင့်မှာထည့်ပြီး 15 မိနစ် ဖုတ်ပါ…

လိုအပ်ရင် အပေါ်မီးလျှော့ပြီး အောက်မီးနဲ့ပဲ 5 မိနစ်လောက် ထပ်ဖုတ်ရပါမယ်…

သွားကြားထိုးတံလေးနဲ့ ထိုးပြီးစမ်းကြည့်လို့ မုန့်နှစ်ရည် ကပ်ပါမလာရင် မုန့်ကျက်ပါပြီ…

ခဏခဏစမ်းလိုက် အပူချိန် အတိုးအလျှော့လုပ်လိုက်နဲ့ မကျက်မချင်း အဆင်ပြေသလိုညှိလိုက်တာပါပဲ…

ကျက်ပြီဆိုရင်ခဏ အအေးခံ၊ ပန်းကန်ထဲမှောက်ချလိုက်ရင်ဖြင့် အရောင် အဆင်း လှပတဲ့ သရက်သီးကိတ်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ…

6…သရက်သီးကိတ်

6…သရက်သီးကိတ်

7…စိတ်လိုက်ပြီ…

7…စိတ်လိုက်ပြီ…

ခင်တဲ့

အန်တီ မအိ

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..