အတု

naywoon niMay 28, 20131min20613

အတု……
ငါအခုရောက်နေတဲ့နေရာကိုတောင်မှ
အတုလား အစစ်လား မဝေခွဲတတ်တော့ပါဘူး….။
ငါ့အနားမှာရှိနေတဲ့အရာတွေကိုတောင်မှ
ဘယ်ဟာကဖြင့် အတု ဒီအရာကတော့ အစစ်ရယ်လို
ငါမခွဲခြားတတ်တော့တာကြာပေါ့……….။
လူအတု မိန်းမအတု ယောက်ျားအတု
ပစ္စည်းအတု… ဆေးဝါးအတု
နာမယ်တောင်အတု ရှိသေးရဲ့…..။
ရုပ်ရှင်တွေထဲမှာလို
အတုကို သေမပေးလေတော့
အားလုံးက သူတို့ဟာ အစစ်တွေပါလို့ အော်ဟစ်လို့……….။
တစ်ချို့ အတုကို ငွေကြေးကြောင့်တုတယ်။
တစ်ချို့….. ကျော်ကြားမှုကိုလိုချင်လို့တုတယ်။
တစ်ချို့ …….. ချစ်လို့လိုက်တုတယ်။
တစ်ချို့ကျပြန်တော့ …….
မုန်းလွန်းလိ်ု့ကို သူ့နာမယ်ပျက်အောင်တုသတဲ့…။
တစ်ချို့က အတုကို ပညာရည်နိမ့်ပါးလို့သုံးကြတယ်…။
တစ်ချို့က အတုကို ငွေကြေးမတတ်နိုင်လို့ သုံးရတယ်…။
တစ်ချို့က အတုကို သုံးချင်လို့ကိုသုံးကြတယ်….။
ဘာကြောင့်ပဲတုတု
ဘယ်လိုကြောင့်ပဲသုံးသုံး
နောက်ဆုံးတော့ အတုဟာ အတုပါပဲ…။
ဒါသေချာတယ်…….
အတုဆိုကတည်းက အစစ်ကိုမှီပြီးမှပေါ်လာရတာ
အချစ်အတု
မိတ်ဆွေအတု
သံယောဇဉ်အတု
နတ်အတု
ကိုးကွယ်ရာအတု
ဆရာအတု
ယုံကြည်ချက်အတု
အတု အတုတွေကြားမှာတော့ဖြင့်
လောကမှာနှစ်ခုမရှိသင့်တဲ့အရာတွေ
လိုက် မတုကြပါနဲ့လား
ဥပမာ …. နေအတု လအတု
ရာသီဥတု အတုတွေပါပေါ်ဦးမယ်
ဘယ်နဲ့ဗျာ
ကျုပ်တို့လူမျိုးတွေကိုယ်၌က
ဒဏ္ဍာရီလိုလို ပုံပြင်လိုလို ကြားမှာပျော်ပါး
နောင်လာနောက်သားတွေ အမှတ်အထင်လွဲအောင်
အငြင်းအခုန်တွေနဲ့ အချိန်တွေကုန်အောင်
မလုပ်ကြရင်ကောင်းမယ်……။
နေဝန်းနီ

13 comments

  • ဦးကြောင်ကြီး

    May 29, 2013 at 7:43 am

    အတု
    လဥ
    ကပု
    ဂလု
    ခရု
    သပြု
    ဗဟု
    ယခု..

  • KZ

    May 29, 2013 at 8:35 am

    ကိုယ်တိုင်ကို စိတ်ခံစားချက် အတုတွေနဲ့ နေသားကျနေတာ ကြာပေါ့။

    :byae:

  • Nyo Win

    May 29, 2013 at 10:12 am

    စကားအတု…
    အလှအတု…
    ဘဝအတု…
    ပတ်ဝန်းကျင်အတုမှာ…
    လူအတုတစ်ယောက်အဖြစ်..မကျင်လည်ချင်တော့….
    နှုတ်ထွက်မှုအစစ်…လုပ်ခဲ့ရပေါ့……….

  • ခင် ခ

    May 29, 2013 at 11:25 am

    ဪ အတု တွေကလွှမ်းမိုးလာတာလား၊
    အစစ်တွေက မလွှမ်းနိုင်တာလား၊
    အစစ်ကြောင့် အတုပျောက်တာလား၊
    အတုကြောင့် အစစ်ပါ အတုထင်ခံရတာလား၊
    ဟုတ်တယ် အဲဒီလိုတွေ မေးခွန်းထုတ်ပြီး ငြင်းနေမယ့်အစား
    ထိရောက်တဲ့ လုပ်သင့်တာကိုဘဲ ပြောပေးတာ ပိုအကျိုးရှိမယ်လေ။
    မှားရင်ပြင်ပေး လက်တွဲခေါ်ရေး အခုမနှေး ပြုကြပါမဝေး….ပေါ့။

  • အလင်း ဆက်

    May 29, 2013 at 11:48 am

    ချစ်သုဝေကို ကျွန်တော်ချစ်တာတော့
    နှလုံးသား အစစ်နဲ့ပါ

    ဘာမှတော့မဆိုင်ဘူးပေါ့။
    ဒါဘေမယ့် အချစ် အ ကြောင်းပဲ ပြောချင်နေတယ် အခုတ လော
    🙂

    • ကြက်အူလှည့်

      May 29, 2013 at 12:10 pm

      မထွီဇာ ကိုတော့ …မကျိုက်ပါဘု …ကျုပ်ကဒေါ့ စစ်စစ် တုတု သင်ချာယီးမှ သင်ချာယီးပဲ

      ကျွဲကောသီးမျှ အိမွမွ ..အာဟိ

      :harr:

  • nozomi

    May 29, 2013 at 3:33 pm

    အစစ်ထက် ပို‌ကောင်းတဲ့ အတု
    အစစ်ထက် ပိုလှတဲ့ အတု
    အစစ် ထက် အစစ် နဲ ့ ပိုတူတဲ့ အတု
    အတု‌‌ယောင် ‌ဆောင်တဲ့ အစစ် အစစ်‌ယောင် ‌ဆောင်တဲ့ အတု
    အို ဒီ‌လောက ထဲ
    ဘယ်ဟာ က အတု ဘယ်ဟာက အစစ်လဲ မသိချ‌င်‌တော့ပါဘူး

    • ကြက်အူလှည့်

      May 29, 2013 at 3:42 pm

      အိုက်ဒါ ပုလဲ ဗျို့ ပုလဲ..
      ပုလဲဆိုတဲ့ ရတနာ က ထူးဆန်းတယ်ခည
      အစစ်လှလွန်းရင် အတုနဲ့ တူသွားပြီး
      အတုလှလွန်းပြန်တော့လည်း အစစ်နဲ့ တူပြန်သဗျ..

      :harr:

      အစစ်ထဲမှာတောင် နာဂူပုလဲတွေ လို ဟာတွေ ကို အစစ်ခေါ်ပြီး ဝတ်ဆံနဲ့မွေးတဲ့ မွေးပုလဲတွေကို
      အတု တံဆိပ်ကပ်ရမှာကျပြန်တော့လည်း သနားစရာကောင်းပြန်။

      :kwi:

      နဝရတ်(မေးဇိအကွဲလေးမဟုတ်ပါ)-၉ပါး မှာ သူတခုတည်း တွင်းထွက်ကျောက်မြက်မဟုတ်တာလေးလည်း
      ထူးပြန်သဗျ…။ အိုဘယ့် ပုလဲ။

  • kyeemite

    May 29, 2013 at 3:38 pm

    ဆြာနီ တစ်ယောက် အရက်အတုမိလာပြီထင်တယ်
    ပေါက်ကွဲနေတယ်..
    တစ်ကယ်ကတော့ အစစ်မသုံးနိုင်တဲ့ လူတန်းစားတွေအတွက်
    အတုလေးနဲ့ပဲ ဖြေသိမ့်နေကြရတာပါဗျာ… :byae:

  • အရီးခင်လတ်

    May 29, 2013 at 4:51 pm

    တစ်ချို့ အတု က အစစ် ထက်တောင် ကောင်း တယ်လို့ ဆိုတာ ကြားဖူးတယ် ကိုနီ ရေ့။ 😛

  • Shwe Ei

    May 29, 2013 at 5:28 pm

    သူတပါးကို ထိခိုက်မဲ့ အတုဆိုရင်တော့
    ဘာအတုဘဲဖြစ်ဖြစ် (ရုပ်၊စိတ်) မကောင်းပါဝူးဗျာ။ :gee:

  • မောင် ပေ

    May 29, 2013 at 8:40 pm

    အတုတွေပေါလွန်းလို ့
    ထွေးညို တစ်ခုကိုပဲ
    အားထားနေရတာကလား

  • kyaw hteik

    May 30, 2013 at 1:26 am

    ​လောကနိယာမအတိုင်​းပဲ အဖြူရှိရင်​ အမဲရှိမယ်​။
    ဖြစ်​တာရှိရင်​ ပျက်​တာရှိမယ်​။အစစ်​ရှိလို့ အတု​ပေါ်လာတာ/
    အစစ်​မရှိရင်​ အတုဟာအစစ်​ပဲဖြစ်​မှာ။အစစ်​ရဲ့ဂုဏ်​ကို အတု​တွေက​ဖော်​ပြ​နေတာ။

Leave a Reply