Congratulations Winn ဂုဏ်ယူပါတယ် ဝင်း

padonmarMay 28, 20131min28021

မနေ့က ကျောင်းနေဖက် သူငယ်ချင်းတွေဆီက e-mail လေး ဝင်လာပါတယ်။

သူငယ်ချင်း သန်းထွန်းအောင်ရဲ့ သားငယ်လေး ဝင်း ရေကူးမှာ ဆုရလို့တဲ့။

ထုံးစံအတိုင်း Conratulations မြန်မြန်ပို့ပြီးမှ စာကို သေချာဖတ်ကြည့်တော့

သူကလေးက လွန်ခဲ့တဲ့ ၁၈ နှစ်က အမေရိကားရဲ့ National Swimming Record ဒီ အသက်အုပ်စု မှာ မီတာ ၁၀ဝ အလွတ်ကူးစံချိန်ကို ချိုးလိုက်နိုင်တာကိုး။

ဒို့ မြန်မာ့နွယ်ဖွား ၁ဝနှစ်သားကလေးက အမေရိကားရဲ့ စံချိန်ချိုးနိုင်တယ်ဆိုတော့ အားလုံး ဂုဏ်ယူနိုင်ကြဖို့ မျှဝေပေးချင်တာနဲ့ တတ်သလောက် မှတ်သလောက် ဘာသာပြန်ပေးလိုက်ပါတယ်။

မှားတာတွေ့ရင်လည်း ထောက်ပြကြအုံးနော်။

record1

အခု လတ်တလော စံချိန်ချိုးလိုက်တဲ့ သူ့စံချိန်က မီတာ ၁၀ဝ အလွတ်တန်း (၁ဝနှစ်တန်းမှာ) 1:01:21. ပါ။

အရင် Kris Humphries. တင်ခဲ့တဲ့ စံချိန်က 1:02.29 (1995 တုံးကပါ)

Kris Humphries ဟာ မိုက်ကယ်ဖေး အပြင် အမေရိကားရဲ့ စံချိန်တွေ အများဆုံး ချိုးထားနိုင်တဲ့ နာမည်ကျော်တစ်ဦးဖြစ်ပါတယ်။

ဝင်း ကလေးက Sierra Nevada records နဗားဒါး စံချိန် ရ ခုကိုလည်း ချိုးလိုက်နိုင်ပါတယ်တဲ့။

နာမည်ကျော် ရေကူးချန်ပီယံ မိုက်ကယ် ဖေး က ရေကူးလောကကနေ အနားယူသွားပြီး 2016 အိုလံပစ်ပွဲတွေမှာ ပြန်လာဖို့ အစီအစဉ်မရှိဘူးဆိုတော့ ဝင်း ကလေးဟာ 2020 အိုလံပစ် အတွက် US ရဲ့

ထိပ်တန်း လျှို့ဝှက် စီမ့ကိန်းအဖြစ် စဉ်းစားစရာဖြစ်လာပါတယ်။ဝင်းရဲ့ နာမည်အပြည့်အစုံက ဝင်းမိုက်ကယ်အောင် ပါ။

မိုက်ကယ်ဖေးရဲ့ နာမည်နဲ့ ဆင်တာလည်း တိုက်ဆိုင်မှုပါပဲ။

အောင်ဆိုတာကတော့ သူ့အဖေ ဒေါက်တာ သန်းထွန်းအောင်ရဲ့ နာမည်က ယူထားတာပါ။

သူ့အဖေကလည်း ကျောင်းတုံးက ရေကူးချန်ပီယံပါပဲ။

(ကျမတို့ ဂဇက် မြို့ပိုင်မင်း ဒေါက်တာမောင်မောင်ကြည်တို့နဲ့ တစ်ခေတ်ထဲပေါ့၊ ဒေါက်တာမောင်မောင်ကြည်နဲ့ မနီလာစိန်ရဲ့ သားတွေလည်း ရေကူးမှာ ဆုတွေ အမြဲ ချိတ်တယ်လို့ ကြားဖူးပါတယ၊်)

ဒေါက်တာသန်းထွန်းအောင်နဲ့ ဇနီး မိမိနိုင် တို့ဟာ သားသမီး ၃ယောက်ကို ရေကူးသမားကောင်းတွေဖြစ်အောင် ပျိုးထောင်ပေးနေကြပါတယ်။

ဝင်းကလေးက အငယ်ဆုံးဖြစ်ပြီး သူ့အမ၊သူ့အကိုတို့ နဲ့ အစဉ် ပြိုင်နေရတာဖြစ်ပါတယ်။

record2

ကျမ အကြိုက်ဆုံး စာသားကတော့

ဒီ ၁ဝနှစ်သားလေးက ရေကူးကန်ထဲမှာ နာရီပေါင်းများစွာ စိမ်နေရလည်း မမှုပါဘူး၊ရေထဲနေရတာ ကြိုက်တာကိုက သူ့ကို ပြိုင်ပွဲတွေမှာ အနိုင်ရအောင် ကူညီပေးလိုက်သလိုပါပဲ။

သူတို့နေတဲ့ Redding မြို့လေး က ရေကူးအသင်း နည်းပြ က `ဒီကလေးဟာ ရေကူးအားကစားကို သိပ်အသည်းအသန် သဘောထားလေ့ကျင့်နေရတာ မဟုတ်ပါဘူး။

အဲဒါကိုက သူ့ကို ပြိုင်ပွဲတွက် စိတ်ဖိစီးမှုတွေက သက်သာစေတာပါပဲ ´လို့ မှတ်ချက်ပေးပါတယ်။

record3

ကလေးတွေကို အတင်းအကျပ် ခိုင်းစေတာထက် သူစိတ်ပါဝင်စားတာကို အားပေးလိုက်ရင် ပိုထူးချွန်လာတယ်ဆိုတာ ကျမတို့ဆီ က မိဘတွေ သိစေချင်ပါတယ်။

စကားအတင်းစပ် ဝင်း ကလေးဟာ အမျိုးသားစာပေဆုတွေ အကြိမ်ကြိမ်ရတဲ့ သမိုင်းစာရေးဆရာမကြီး ဒေါ်ကြန် ရဲ့ မြေး တော်ပါတယ်။

21 comments

  • padonmar

    May 29, 2013 at 4:17 am

    (ဘိုလို ထည့်ပေးအုံးမလို့ အောက်ကစာကြီးကို ကြောက်လို့ ကိုယ့်ဖာသာကိုယ်ပဲ သွားဖတ်ကြည့်ကြပေတော့

    Copyright 2013 by KRCRTV.com All rights reserved. This material may not be published, broadcast, rewritten or redistributed.)

  • YUYA MON

    May 29, 2013 at 6:24 am

    CONGRATULATIONS……. THAR THAR !!!!

  • ဦးကြောင်ကြီး

    May 29, 2013 at 7:23 am

    ဒလောက်တော်နေရင် ကျုပ်မွေးထားတဲ့ ဖျံဂျီးနဲ့ ရေကူးပြိုင်မလား မေးချင်တယ်…
    Congratulation! ပါ သားသားရယ်… ကြီးလာရင် ဦးကြောင်ညီမအငယ်ဆုံး မိရွှေဝါနဲ့ ဒိတ်ပေးဖို့ ကမ်းလှမ်းပါရစေ…

  • KZ

    May 29, 2013 at 8:07 am

    တော်လိုက်တာနော်။
    ကိုယ်တိုင် ဒီတစ်သက် မလုပ်နိုင်တော့မဲ့ အားကစားမို့ရော
    သူကိုယ်တိုင် ထူးချွန်တာရောမို့ ချီးကျူးမိပါတယ်။ :mrgreen:

  • Ma Ma

    May 29, 2013 at 8:59 am

    တချို့ကတော့ အောင်မြင်မှုရဖို့ အသည်းအသန်ကြိုးစားကြရတယ်။
    တချို့ကျတော့လည်း ဘဝပေးကုသိုလ်လို့ပဲ ပြောရမလား၊ ပါရမီလို့ပဲ ပြောရမလား။ စိတ်ဖိစီးမှုမရှိပဲ အောင်မြင်မှုကို အလွယ်တကူရကြပြန်တယ်။
    ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အောင်မြင်မှုရတယ်ဆိုကတည်းက ပင်ကိုယ်ထူးချွန်မှုကို အားထုတ်မှုက ထပ်ဆင့်ထားလို့သာ ဖြစ်တာမို့………
    မြန်မာဇာတိနွယ်တစ်ယောက်အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ :hee:

  • Ma Ma

    May 29, 2013 at 8:59 am

    တချို့ကတော့ အောင်မြင်မှုရဖို့ အသည်းအသန်ကြိုးစားကြရတယ်။
    တချို့ကျတော့လည်း ဘဝပေးကုသိုလ်လို့ပဲ ပြောရမလား၊ ပါရမီလို့ပဲ ပြောရမလား။ စိတ်ဖိစီးမှုမရှိပဲ အောင်မြင်မှုကို အလွယ်တကူရကြပြန်တယ်။
    ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အောင်မြင်မှုရတယ်ဆိုကတည်းက ပင်ကိုယ်ထူးချွန်မှုကို အားထုတ်မှုက ထပ်ဆင့်ထားလို့သာ ဖြစ်တာမို့………
    ကမာ္ဘ့တန်းဝင် မြန်မာဇာတိနွယ်တစ်ယောက်အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ :hee:

  • Ko chogyi

    May 29, 2013 at 10:25 am

    ကိုယ်တိုင်က ရေကူးရမှာကြောက်တော့
    သူအောင်မြင်တာကို ချီးကျူးပါတယ်။
    စိတ်မကောင်းတာကတော့
    အမိနိုင်ငံကိုယ်စားပြုမဟုတ်လို့ပါ။

    • ko pauk mandalay

      May 29, 2013 at 12:04 pm

      ကိုယ်တိုင်က ရေကူးရမှာကြောက်တော့

      ပြောမှ ပြောတတ်လေတယ ်ကိုချိုကြီးရယ်
      အယ်ဟယ် အယ်ဟယ်

  • Mr. MarGa

    May 29, 2013 at 10:43 am

    အိုကွယ်
    တို့မြန်မာ သာကီမျိုး တွေပ
    တစ်မျိုး တစ်ဘာသာ ဗျူဟာ ပြောင်း ပေမင့်
    ဒို့ မြန်မာဟာ အစဉ် မညိုးခဲ့ပါဘု
    ကြိုး ကာသာ ဆက်ပါလေတော့
    အမောင် ဝင်းငဲ့
    :kwi:

  • ကထူးဆန်း

    May 29, 2013 at 11:21 am

    ခေါင်းထဲ ဘာဝင်လာလဲဆိုတော့ သူ မြန်မာပြည်မှာ ရှိရင်ကော ဒီလိုဘဲ ထူးချွန်မလား ဆိုတာ ..
    သိ်ပ် အသည်း အသန် သဘောထားလေ့ကျင့် နေရတာ မဟုတ်ဘူး ဆိုတော့ အင်း စံနစ်ကြောင့် မဟုတ်ဘူးလို့ဘဲ ယူဆ ရမလိုဖြစ်တော့
    ဝမ်းနည်း ဝမ်းသာပေါ့ .. ၅၀% ဘဲ ဂုဏ်ယူလို့ ရတော့မယ် လေ .. :hee:

  • kyeemite

    May 29, 2013 at 12:00 pm

    အံ့ဘွယ်ကလေးပါပဲ….
    ဖအေ တော်တိုင်းသားတော် တတ်တာမဟုတ်ပါဘူး
    သူ့ပင်ကို ကကို ဝါသနာပါပြီးစိတ်ပါလက်ပါကူးကျင့်ခဲ့လို့ပါ…ချီးကျူးပါတယ် ဝင်းကလေးရေ

    • အရီးခင်လတ်

      May 29, 2013 at 2:13 pm

      ဟိုးအရင် သူဘဲ ပြောတယ်။
      အဖေတော်လို့ သူသား သမီးလေးတွေ စာရေးကောင်း ဆို။ 😆

  • may july

    May 29, 2013 at 12:38 pm

    ဂုဏ်ယူပါတယ် ဝင်းမိုက်ကယ်အောင်ရေ ..
    ဆက်လက်ပြီး အောင်မြင်မှုတွေ ရရှိနိုင်ပါစေ …

  • ကြက်အူလှည့်

    May 29, 2013 at 12:46 pm

    ဝမ်းသာရမာလား ဝမ်းနည်းရမှာလား မိညီမရယ်…
    အိုလံပစ်ရွှေရရင်တောင် ယူအက်စ်အေ အလံအလေးပြုပီးယူမှာ ဆိုတော့..
    နိုင်ငံဆိုတာ ကိုမေ့လို့ ကိုယ့်လူမျိုး အနေနဲ့တော့ မုဒိတာ အားပါးတရပွားမှာ ဖြစ်ပါကြောင်းရယ်။

    :byae:

  • အရီးခင်လတ်

    May 29, 2013 at 2:12 pm

    အနောက်တိုင်းတွေမှာ အင်မတန်ကောင်းတဲ့ အလေ့အကျင့် တစ်ခု သတိထားမိပါတယ်။
    အဲဒါက သူတို့နိုင်ငံသား (Nationality ) ဆိုတာနဲ့ Ethnic identity (မျိုးနွယ်စု လို့ ခေါ်မလား) ခွဲမြင်ကြပါတယ်။
    သဘောကတော့ ဘယ်မျိုးနွယ်စု ကမဆို သူတို့ နိုင်ငံသား ဖြစ်ရင် အဲဒီအတွက် နိုင်ငံသားအခွင့်အရေး တန်တူအပြည့်ပေးပါတယ်။
    ဒါပေမဲ့ ဆိုင်သူ့ မျိုးနွယ်စု ကိုလဲ ဖျောက်မပြစ် ပါဘူး။
    လူတစ်ယောက် သူတို့နိုင်ငံ မှာ ထူးချွန်သွားရင်လဲ သူ့ရဲ့ မူရင်းဇစ်မြစ် ကို ဖော်ပြပေးလေ့ရှိပါတယ်။
    ဒီတော့ မြန်မာနိုင်ငံသားတစ်ယောက် ဒီလို အောင်မြင်လာချိန် မှာ သူဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံသားမဟုတ်တောင်မှ မျိုးနွယ်စုရှင် မြန်မာနိုင်ငံ က ဂုဏ်ယူခွင့်ရှိပါတယ်။

    ဒါကြောင့် နိုင်ငံပြင်ပမှာ နေသူတွေမှာ တာဝန်ယူတတ်တဲ့ စိတ်ရှိရင် တာဝန်ကြီးပါတယ်။
    သူများနိုင်ငံမှာ နိုင်ငံသားလုပ်နေပေမဲ့ ကိုယ့်ရဲ့ မျိုးနွယ်စု ကို တစ်နည်းတစ်လမ်း ဂုဏ်မြှင့်ပေးလို့ ရပါတယ်။
    ဂုဏ်မြှင့်ပေးရမဲ့ တာဝန်ရှိပါတယ်။

    ဂုဏ်ယူပါတယ် ဝင်းရေ။
    ကိုယ့်မျိုးနွယ်စု က ဂုဏ်ယူရတဲ့၊ ကိုယ့်မျိုးနွယ်စု အပါအဝင် လူသားမျိုးနွယ်စု အားလုံးကိုပါ အကျိုးပြုပေးနိုင်တဲ့ သားကောင်း ရတနာလေး ဖြစ်ပါစေ။
    သူ့မိဘတွေကတော့ Over the Moon ဖြစ်နေမှာ။
    2020 အိုလံပစ် အတွက် စောင့်ပြီး အားပေးနေမယ်။

    ဒီတော့ မြန်မာပရိတ်သတ်ကြီး ဝမ်းသာ၊ ဝမ်းနည်း မဖြစ်ကြပါနဲ့။
    ရာနှုန်းပြည့်ဝမ်းသာပြီး အားပေးကြပါ။
    တစ်ခုတော့ ရှိတယ် အဲဒီ အမေရိကားနိုင်ငံကိုယ်စားပြု ကလေးနဲ့ မြန်မာပြည်ကိုယ်စားပြု ကလေး ထိပ်တိုက် တွေ့ရင်တော့ ကိုယ့်မြန်မာပြည် ကိုယ်စားပြုသူ ကိုအားပေးပေါ့။
    ဘယ်သူပြောနိုင်မလဲနော။ မြန်မာပြည်ကလဲ ဒီလို ဝင်ပြိုင်နိုင်တဲ့ ကလေး ပေါ်မလာဘူးလို့။
    နောက် ခုနှစ် အတွင်း မြန်မာပြည်ကလဲ အများကြီးတိုးတက် မှာ လို့ မျှော်ကြည့်ပြီး ကြိုးစားကြတာပေါ့။

    ချစ်အစ်မ ရေ ဒီလို ကောင်းသတင်းလေးအတွက် ကျေးဇူးပါ။

    • kai

      May 30, 2013 at 12:20 am

      သာမန်အားဖြင့်…
      အဲဒီကလေးကို.. Myanmar American လို့ခေါ်တာပေါ့..။ အခုတော့.. Burman American သုံးမယ်.. :kwi:
      ယူအက်စ်မှာ.. ဂျာမန်ကလာအခြေချတဲ့သူဆို.. ဂျာမန်-အမေရိကန်..။
      ချိုင်းနားကလာတဲ့သူကို.. ချိုင်းနီး-အမေရိကန်စသဖြင့်(တရားဝင်)သုံးနှုန်းခေါ်ရတာပါ…။

  • တကယ်ကို ဂုဏ်ယူပါတယ်ရှင်… (ကိုယ်တွေကတော့ အခုမှ ရေကူးသင်တန်းတက်မလို့ စဉ်းစားတုန်း… 🙂 )
    အရီးပြောသလိုပဲ ရာနှုန်းပြည့်ဝမ်းသာပြီး အားပေးလိုက်ပါတယ်…

  • ဦးဦးပါလေရာ

    May 29, 2013 at 7:20 pm

    ဂုဏ်ယူတယ်ဆိုတာထက်-
    ကျုပ်ကတော့ ဝမ်းသာတာ…
    ကိုယ့်လူမျိုးတွေ အောက်ကျနေတာများလွန်းလို့ ကိုယ့်လူမျိုးထဲက ဘယ်သူအပေါ်ရောက်ရောက် ဝမ်းသာမိတာပဲ…။

    အပေါ်မှာ မပဒုမ္မာပြောထားလို့ ထပ်ဖြည့်ရရင်
    မြို့ပိုင်ကြီး ဒေါက်တာမောင်မောင်ကြည်ကိုယ်တိုင်လဲ ရေကူူးချန်ပီယံ၊ ရေကူးသင်တန်းဆရာပါနော…။
    ကျုပ်ထင်တာမမှားရင် ကျုပ်ကိုရေကူးသင်ပေးဘူးတဲ့ဆရာတွေထဲမှာ သူလဲပါတယ်ထင်တာပဲ……

    • Yin Nyine Nway

      May 30, 2013 at 4:16 pm

      ဟုတ်တယ် လေးလေးပါလေရာ
      တချိုဆို မြန်မာဆိုတာတောင်မသိတာတော့ တော်တော် စိတ်မကောင်းဖစ်တယ်
      ခုတော့ မြန်မာကို ကမ္ဘာက သိတော့ သိလာကြပါပြီ

  • မောင် ပေ

    May 29, 2013 at 8:04 pm

    ဒါတောင် ဂေဇက်ရေကူးချန်ပီယံတွေ ဆီ မှာ တပည့်မခံ ရသေးဘူးနော
    ဘာပဲ ဖြစ်ဖြစ်
    ဝင်းမိုက်ကယ်အောင် အတွက် ကွန်ဂရက်ကျူလေးရှင်းပါ

Leave a Reply