သက်ရှိလူသားဆဲလ်များမှ ပင်မဗီဇဆဲလ်များ ကလုန်းလုပ်ယူခြင်းကို အမေရိကန်နိုင်ငံ၊ Portland ပြည်နယ်ရှိ  Oregon Health&Science University မှ သုတေသနအဖွဲ့ကအောင်မြင်စွာ ပြုလုပ်နိုင် ခဲ့ပါသည်။ ကျန်းမာသောကိုယ်ခန္ဓာဆဲလ်များမှ မူလဗီဇဆဲလ်ကို ဖန်တီးယူခြင်းသည် ကမ္ဘာ့တစ်ဝန်းမှ သုတေသန ပညာရှင်များ နှစ်ပေါင်းများစွာ အပတ်တကုတ်လုပ်ဆောင်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ဤသို့ဖန်တီးနိုင် ခြင်းသည် ရောဂါကြောင့်လည်းကောင်း၊ အသက်အရွယ်အရလည်းကောင်း သေဆုံး၊ သို့မဟုတ် ဒဏ်ရာရနေ သော ဆဲလ်များနေရာတွင် အသစ်တစ်ခုအစားထိုးပေးနိုင်ရေးစသည့် ဆေးဘက်ဆိုင်ရာအစီအစဉ်များအတွက် အဓိကအောင်မြင်မှုတစ်ခုဖြစ်ပါသည်။ ဓာတ်ခွဲခန်းထဲတွင် ကိုယ်အင်္ဂါများအစားထိုးကုသရေးအတွက် အသဲ၊ကျောက်ကပ်၊ နှလုံးတို့ကို အသစ်တစ်ခုအဖြစ်ဖန်တီးခြင်းနှင့် Parkinson ရောဂါကဲ့သို့ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါများခံစားနေရသူများအတွက် အစားထိုးကုသပေးနိုင်ခြင်းတို့လုပ်ဆောင်လာနိုင်မည် ဖြစ်ပါသည်။

clomne

၎င်းသုတေသနလုပ်ငန်းအား Oregon National Primate Research ၏ Reproductive and Development Science ဌာနမှ Mr.Shoukhrat Mitalipov က ဦးဆောင်၍သုတေသနလုပ်ဆောင်နေခြင်း ဖြစ်ပြီး ၄င်းတို့တွေ့ရှိထားသော ဗီဇဆဲလ်ပြောင်းလဲမှုအား somatic cell nuclear transfer ဟုအမည်ပေး ထားကြောင်း သိရှိရပါသည်။
သုတေသနအဖွဲ့သည် နို့တိုက်သတ္တ၀ါများကို ၄င်းတို့တွေ့ရှိထားသော ဆဲလ်များနှင့်စမ်းသပ်ရာ အောင်မြင်ခဲ့ပြီး လူသားများကိုပါစမ်းသပ်နိုင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ သုတေသနပြုလုပ်မှု သည် လူသားကလုန်းဖန်တီးနိုင်သည့်ဘက်သို့ ဦးတည်နေပုံရှိသော်လည်း Mr.Mitalipov  က ၄င်းတို့သုတေသန လုပ်ငန်း၏ ရည်ရွယ်ချက်မှာ အနာဂတ်တိုက်ပွဲများ၌ ဒဏ်ရာရလူနာများအတွက် အစားထိုးကုသပေးရေးကိုသာ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: http://www.wired.co.uk/news/archive/2013-05/17/cloned-stem-cells

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)