အိပ်မက်တွေထဲမှာ

ငါ့ အိပ်မက်တွေဟာ

ကဗျာဆန်ချင်မှ ဆန်မယ်

ဒါပေမယ့် မင်း ပါတယ် ၊

ငါ့ အိပ်မက်တွေဟာ

မဟာဆန်ချင်မှ ဆန်မယ်

ဒါပေမယ့် မင်း ပါတယ် ၊

ငါ့ အိပ်မက်တွေဟာ

အထာဆန်ချင်မှ ဆန်မယ်

ဒါပေမယ့် မင်း ပါတယ် ၊

ငါ့ အိပ်မက်တွေဟာ

ကညာဆန်ချင်မှ ဆန်မယ်

ဒါပေမယ့် မင်း ပါတယ် ၊

ငါ့ အိပ်မက်တွေဟာ

ဆရာဆန်ချင်မှ ဆန်မယ်

ဒါပေမယ့် မင်း ပါတယ် ၊

ငါ့ အိပ်မက်တွေဟာ

ဇရာဆန်ချင်မှ ဆန်မယ်

ဒါပေမယ့် မင်း ပါတယ် ၊

ငါ့ အိပ်မက်တွေဟာ

အညာဆန်ချင်မှ ဆန်မယ်

ဒါပေမယ့် မင်း ပါတယ် ၊

ငါ့ အိပ်မက်တွေဟာ
့   ့   ့   ့   ့   ့   ့   ့   ့
့   ့   ့   ့  မင်း ပါတယ် ၊

ငါ့ အိပ်မက်တွေဟာ
့   ့   ့   ့   ့   ့   ့   ့   ့
့   ့   ့   ့  မင်း ပါတယ် ၊

ငါ့ အိပ်မက်တွေဟာ
့   ့   ့   ့   ့   ့   ့   ့   ့
့   ့   ့   ့  မင်း ပါတယ် ၊

10 comments

  • KZ

    May 29, 2013 at 4:20 pm

    ဒီ လူ ..
    ကိုမျိုးသန့်ကြီး….
    အိပ်မက် မက် နေတုန်းလာတော့။

    အိပ်မက်ထဲ မင်း က ဘာတွေ ပါ လိုက်တုန်း။

    :harr:

    • Myo Thant

      May 29, 2013 at 4:28 pm

      ဂရုဏာ မုဒိတာ မေတ္တာ သစ္စာ အကြင်နာ 🙂

  • အရီးခင်လတ်

    May 29, 2013 at 4:39 pm

    ရှေးတုန်းက အဖွားတို့သာ ကြားရင် ပယောဂ ဝင်ပြီ ဆိုပြီး ဆရာပင့် ဆေးကြိမ်လုံး နဲ့ ဆော် ခံနေရတော့မှာ။
    😆

    • Myo Thant

      May 29, 2013 at 4:46 pm

      အရီးရယ်
      အိုင်တီခေတ်လေကွယ် 🙂

  • မောင် ပေ

    May 29, 2013 at 8:47 pm

    အိပ်မက်ကောင်းနေတုန်း
    အမေ က လာနှိုးတယ်
    ထတော့ … အလုပ်နောက်ကြလိမ့်မယ်တဲ့
    ဝါးးးးးး

  • အလင်း ဆက်

    May 29, 2013 at 8:56 pm

    အိပ်မက်ထဲမှာ..
    ကဗျာပြခန်းအတွက်..ကဗျာလေးတွေ ပို ့ပေးနေတယ်လို ့ကော…
    မမက်ဘူးလား.ဗျ ။
    :kwi:

    အင်းးး ကဗျာပြခန်း အရေး..လုံးပမ်းတော့မှပဲ.. ကျွန်တော်လည်း..ကဗျာဓါးပြ ဖြစ်နေပြီ ။
    🙂

    • Myo Thant

      May 30, 2013 at 9:13 am

      ပို့ပါ့မယ်ဗျာ ၊ တင်ပြီးသားထဲက ယူချင်လည်း ယူပါ ၊
      ချစ်သုဝေလေးကော နေကောင်းရဲ့ လား 🙂 🙂

  • Ma Ma

    May 30, 2013 at 7:26 am

    အဲ- ဘွပုနဲ့တွေ့ရင် ပါတာက အဓိပ္ပါယ် တမျိုးတမည်ပြောင်းလဲသွားနိုင်တယ်။ :harr:

  • kyeemite

    May 30, 2013 at 8:51 am

    ♪ ♫ ♬ ♭ ♮ ♯
    အိပ်မက်ကအနိုးမှာ….
    အိပ်မက်နဲ့ တို့ဘဝ..
    တူညီနေတာကို…မင်းတွေ့ရမယ်..
    ခုတော့အိပ်အုံး…အချစ်ဆုံး♪ ♫ ♬ ♭ ♮ ♯
    ဘိုထီးသီချင်းလေးသတိရသွားလို့ပါဗျာ… :hee:

  • ဦးကြောင်ကြီး

    May 31, 2013 at 10:09 am

    အိမ်မက်တွေထဲမှာ
    မြိန်ရှက်ဂွေဆွဲပါ
    တိမ်တက်နေစဲရာ
    အိမ်ကြက်ငွေပွဲလာ
    နှိမ်လျက်ဂိန်သဲနာ
    စိန်ငတ်မြေခဲဖွာ
    ငြိမ်သက်ရွှေဂဲအာ
    ဇိမ်နှပ်လေဝဲငါ..

Leave a Reply