ဓာတ်သေပညာ (အပိုင်း-၁)

၃ မိနစ်အတွင်းဆရာဖြစ်နည်း ရက်ရှည် သင်တန်းပြီးတဲ့ အခါ..အများရဲ့ တောင်းဆိုချက်များ အရ (ဟုတ် ဟုတ် မဟုတ် ဟုတ် ဂလိုပဲရေးသည်) ဓာတ်သေပညာ အကြောင်း ကိုထပ်မံပို့ချလိုက်ပါဂျောင်း

ခုတင်ပြမှာကတော့ ဓာတ်သေပညာ ဖြစ်တဲ့အတွက် နဲနဲ ရှုပ်ချင်လည်း ရှုပ်ပါမယ်.. မရှုပ်ချင်လည်း မရှုပ်ပါဘူး.. မရှုပ်ပေမယ့် တစ်ခါတစ်လေ လူအထင်ကြီင်္းအောင် ရှုပ်ထားတာကြောင့် ရှုပ်တာတွေလည်းရှိပါမယ်… ရှုပ်လို့ နားမလည်ရင် မမေးပါနဲ့ ကိုယ့်အားကိုယ်ကိုးပီး သိအောင်လုပ်ပါ (ဟီး ပြန်လည်းမဖြေတတ်တော့)

 

အပိုင်း-၁ ကိုတော့ အခေါ်အဝေါ်တွေနဲ့စပါမယ်. ဓာတ်သေပညာ မှာ လူအထင်ကြီးအောင် များများ ပြောရမယ့် စကားလုံးတွေက

  • အိတ်စပိုရှာ (exposure)
  • အပါချာ(aperture)
  • ရှက်တာစပိ ( shutter speed)
  • ISO/ ASA  အဲဒါတွေဖြစ်ပါတယ်

 

အိတ်စပိုရှာ (exposure)

အိတ်စပိုရှာ ဆိုတာကတော့ ကင်မလာထဲကို အလင်းဘယ်လောက်ရောက်သလဲ ဆိုတဲ့ အတိုင်းအတာဖြစ်ပါတယ်.. အိတ်စပိုရှာ များသွားတဲ့ ပုံဟာ ဖြူဖွေးသွားပြီး၊ နဲသွားတဲ့ ပုံဟာ မှောင်သွားတာ တွေ့ရမှာ ပါ။ တစ်ခါတစ်လေ ကင်မလာနဲ့ရိုက်လိုက်တဲ့ အခါ မှောင်မဲနေတဲ့ ပုံတွေ ထွက်လာပြီး တခါတလေ ဖွေးနေတဲ့ ပုံတွေတွေ့ရမှာ ပါ .. ဒါဆို ဆရာကြီးလုပ်ပြီးပြောရမယ့် စကားက “ပုံက ဖွေးနေရင် အိတ်စပိုရှာ များသွားပြီ၊ မှောင်နေရင် အိတ်စပိုရှာ နဲသွားပြီ” ပေါ့နော် .. ပုံမှန်ပုံဆိုရင်တော့ အိတ်စပိုရှာ မှန်တယ်ပေါ့ဗျာ..

 

အဲ တခါတလေ တမင်တကာ ဖွေးနေအောင် အိုဗာ(over) လုပ်ရိုက်ထားတဲ့ပုံတွေ.. မှောင်နေအောင် အန်ဒါ (under) လုပ်ရိုက်ထားတဲ့ ပုံတွေလည်း တွေ့ရပါမယ် ..

 

ဒီပုံမှာ ဆိုရင် CJ 7 ကောင်လေးဟာ ပုံ ၁ မှာ under ဖြစ်နေပြီး. ပုံ ၃ မှာ over ဖြစ်နေပါတယ်.. အလယ်ကတော့ အိတ်စပိုရှာ  မှန်တယ်ပေါ့ဗျာ။

အပိုင်း-၂ ဆိုပီးထပ်ဖောပါဦးမယ်..

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)