Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်

Mr WorldWideMay 30, 20131min1343

Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်သည် လူဦးရေထူထပ်သောဒေသတစ်ခုသို့ ဦးတည်ကျ ရောက်လာနေသည့် တာတိုပစ်ဒုံးပျံများနှင့် အကွာအဝေး ၄ ကီလိုမီတာမှ ၇ဝ ကီလိုမီတာအတွင်းမှ ပစ်ခတ်လိုက် သော ရန်သူ့အမြောက်ဆံများအား ကြားဖြတ်တိုက်ခိုက်ရေးနှင့် ပစ်ချဖျက်ဆီးနိုင်ရေးဒီဇိုင်းရေးဆွဲထားသော ရွေ့လျားလေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုဖြစ်သည်။
Iron Dome စနစ်အား Rafael Adveanced Defenese System မှ သုတေသန ပြုလုပ်ခဲ့သည်။ အစ္စရေး နိုင်ငံ၏ တောင်ဘက်နှင့်မြောက်ဘက်နယ်စပ်များရှိ လူဦးရေထူထပ်သောဒေသများသို့ ခြိမ်းခြောက်ပျံသန်းလာ သော ဒုံးပျံများကိုကာကွယ်ပေးမည့် လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုအဖြစ် တီထွင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်၊မတ်လ ၂ရ ရက်နေ့တွင် Iron Dome စနစ်အား ပထမဦးဆုံး တရားဝင်ကြေငြာခဲ့သည်။ ၂၀၁၁ ခုနှစ်၊ဧပြီလ ရ ရက်နေ့တွင် ဂါဇာဒေသမှပစ်ခတ်လိုက်သည့် Grad ဒုံးပျံတစ်ခုအား ပထမဆုံးအကြိမ်အောင်မြင် စွာကြားဖြတ်ဟန့်တားနိုင်ခဲ့သည်။ ဂျေရုဆလင်၏အဆိုအရ ၎င်းစနစ်အနေဖြင့် အစ္စရေးနိုင်ငံ၏ လူဦးရေထူထပ် သောဒေသများသို့ ဂါဇာဒေသမှပစ်ခတ်လိုက်သည့် ဒုံးပျံများ၏ ၉ဝ ရာခိုင်နှုန်းကိုပစ်ချနိုင်ခဲ့ကာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ ဒုံးပျံအစင်းရေ ၄၀ဝ ထက်မနည်းကြားဖြတ်ဟန့်တားနိုင်ခဲ့သည်ဟု ဆိုသည်။

00

Iron Dome စနစ်တွင် အစိတ်အပိုင်း သုံးခုပါဝင်သည်။ ရေဒါထောက်လှမ်းခြင်းနှင့် ရေဒါတပ်ဆင်ခြင်း အပိုင်း (Detection and Radar Installation) ၊ တိုက်ပွဲခန့်ခွဲမှုနှင့် လက်နက်ထိန်းချုပ်ရေးအပိုင်း (Battle Managememt and Wapons Control-BMC)  နှင့် ဒုံးကျည်ပစ်ခတ်သည့်အဖွဲ့တို့ဖြစ်သည်။ ၎င်းရေဒါစနစ် သည် ဆန့်ကျင်ဘက်ဒုံးကျည်များနှင့်အမြောက်ဆံများအား ရန်သူမှပစ်လွှတ်လိုက်သည့်အခါ ထောက်လှမ်းရှာဖွေပေးသည်။ တိုက်ပွဲခန့်ခွဲမှုနှင့်လက်နက်ထိန်းချုပ်ရေးအပိုင်း (BMC) မှာမူ Iron Drome

လေကြောင်းရန်ကာကွယ် ရေးစနစ်တစ်ခုလုံး၏ ဦးနှောက်ဖြစ်ပြီး ယင်းအပိုင်းအနေဖြင့် ရန်သူ့ဒုံးကျည်၏ လမ်းကြောင်းနှင့် ၎င်းကျရောက် ပေါက်ကွဲမည်ဟု ခန့်မှန်းရသည့်နေရာအားတွက်ချက်ပေးသည်။ ထို BMC အနေဖြင့် ပစ်မှတ်အမြောက်အမြား အားခြေရာခံခြင်းနှင့် တန်ပြန်ပစ်ခတ်ခြင်းတို့ကို တစ်ပြိုင်နက်တည်း လုပ်ဆောင် နိုင်စွမ်းရှိပေသည်။
လူမနေသည့်ကွင်းပြင်တစ်ခုကဲ့သို့ ထိခိုက်ပျက်စီးမှုနည်းပါးမည့်ဒေသတစ်ခုသို့ ဒုံးပျံတစ်စင်းဦးတည်ဝင် ရောက်လာပါက Iron Dome စနစ်သည် ထိုဒုံးပျံအားလွှတ်ပေးလိုက်သည်။ သို့သော် လူဦးရေထူထပ်သည့် ဒေသတစ်ခုကဲ့သို့ ထိခိုက်ပျက်စီးမှုများမည့် ပစ်မှတ်တစ်ခုသို့ရန်သူ့ဒုံးပျံဦးတည်ပျံသန်းလာပါကမ Iron Dome  အနေဖြင့် Tamir ဒုံးကျည်တစ်စင်းအားပစ်လွှတ်၍ ၎င်းရန်သူ့ဒုံးပျံကို ဟန့်တားဖျက်ဆီးသည်။ ယင်း  Iron Dome  စနစ်မှာ ရန်သူ့ဒုံးပျံ၏ပျံသန်းလာရာလမ်းကြောင်းတစ်လျောက် ကြားဖြတ်တိုက်ခိုက်ရန် အကောင်းဆုံး နေရာနှင့် ရန်သူ့ဒုံးပျံအပျက်အစီးများ လူဦးရေထူထပ်သည်နေရာများသို့ ကျရောက်မူမှ ရှောင်ရှားနိုင်ရန်လည်း တွက်ချက်နိုင်ပေသည်။  Iron Dome အနေဖြင့် လျင်မြန်သည့် အရှိန်နှုန်းဖြင့် ဝင်ရောက်လာသော ရန်သူ့ဒုံးပျံ များကို ၎င်းတို့၏ပျံသန်းမှုလမ်းကြောင်းကို တွက်ချက်မှုပြီးစီးသည်နှင့် ပစ်လွှတ်ရန်ဆုံးဖြတ်ချက်ကို အချိန်စက္ကန့် အနည်းငယ်အတွင်းချမှတ်နိုင်သည်။
Tamir ကြားဖြတ်ဒုံးကျည်တစ်စင်း၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ သောင်းခန့်ရှိပြီး ယင်းဒုံးကျည် များအနေဖြင့် နေ့ညမရွေး၊ ရာသီဥတုမရွေး ပစ်ခတ်နိုင်စွမ်းရှိသည်။ ၎င်းတို့၏ပျံသန်းမှုအား မြေပြင်ရှိ BMC ရေဒါစနစ်ဖြင့် ပဲ့ထိန်းလမ်းညွှန်ပေးကာ ပျံသန်းမှုလမ်းကြောင်းကို ထိန်းသိမ်းပေးသည်။ Tamir ကြားဖြတ်ဒုံးကျည် သည် ဝင်ရောက်လာသော ရန်သူ့ဒုံးပျံ၊သို့မဟုတ် အမြောက်ဆံ ပစ်မှတ်နှင့် နီးကပ်လာသောအခါ ဒုံးကျည်တွင် ပါရှိသည့် ၎င်း၏ကိုယ်ပိုင်ရေဒါအကူအညီဖြင့် ပစ်မှတ်နှင့်နီးကပ်နိုင်သမျ နီးကပ်အောင်ပျံသန်းသည်။ ထို့နောက် ထိပ်ဖူးတွင် သယ်ဆောင်လာသည့် ပေါက်ကွဲပစ္စည်းများအား ပေါက်ကွဲစေကာ ဝင်ရောက်လာသည့် ပစ်မှတ်ကို ပျက်စီးစေသည်။

Irom Dome လေကြောင်းရန်ကာကွယ်ရေးစနစ်ကို လိုအပ်ပါက ထရပ်ကားတစ်စီးဖြင့်ပင် ရွေ့ပြောင်း နိုင်ပြီး အများအားဖြင့် ရေဒါတပ်ဖွဲ့တစ်ခုမှ ဒုံးလွှတ်စင်သုံးခုအား ထိန်းချုပ်လေ့ရှိသည်။ ဒုံးလွှတ်စင်တစ်ခုစီ၌ ဒုံးကျည်အရေအတွက် ၂ဝ စီပါဝင်သည်။ ဒုံးလွှတ်စင်များအား အတူတကွအုပ်စုဖွဲ့၍သော်လည်းကောင်း၊ ကျယ်ပြန့်သောနေရာဒေသတစ်ခုအား ကာကွယ်ရန်အတွက် ဖြန့်ခွဲ၍သော်လည်းကောင်း နေရာချထားနိုင်သည်။ အများအားဖြင့် Iron Dome စနစ်တစ်ခုအား အချင်းဝက် ၇ဝ ကီလိုမီတာရှိ ဒေသတစ်ခုအား ကာကွယ်ရန် အသုံးပြုလေ့ရှိပေသည်။

Source: http://www.allmilitaryweapons.com/2012/11/iron-dome-air-defense-system.html

 

3 comments

  • မောင် ပေ

    May 30, 2013 at 8:00 pm

    အချင်းဝက် 70 ကီလိုမီတာ = 70000 မီတာ = 229600 ပေ
    အဲဒါ ကို အချင်းပြည့်ယူရင် 229600 * 2 = 459200 ပေ
    ဆိုတော့ ၊ မန်းတလေး လမ်း ဘလော့တစ်ကွက်စာ ကာကွယ်ပေးနိုင်မှာပေါ့နော

  • NK

    June 17, 2013 at 1:42 pm

    ဒါ ဆာ အရှည်ကောက်လေး ပြောပြ ပါ့လား..

  • NK

    June 17, 2013 at 1:45 pm

    DASA အရှည်ကောက်လေးပြောပြပါ့လား

Leave a Reply