တကယ်လို့များ…. တစ်ဒေါ်လာက်ို…..

နွေဦးMay 30, 20131min35332

ပြောကြတာဘဲဗျာ ..

နိုင်ငံကို အုပ်ချုပ်မင်းလုပ်ကြတဲ့သူတွေဟာ

ကိုယ့်နိုင်ငံသားတွေကို

ကိုယ့်သားသမီးကိုချစ်သလိုု

ကိုယ့်မိသားစုကိုစောင့်ရှောက်သလို

နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို

ဦးထိပ်ပန်ဆင်ပြီးလုပ်မှသာ မင်းကောင်းမင်းမြတ်ဆိုသတဲ့..။

မိသားစုတခုအနေနဲ့ ကြည့်မယ်ဆို

နိုင်ငံခေါင်းဆောင်ဟာ အိမ်ထောင်ဦးစီးနဲ့တူသတဲ့ ။

ဆိုပါစို့ အဖေလိုမျိုးပေါ့ ။

တိုင်းသူပြည်သားတွေဟာလည်း သားသမီးတွေနဲ့တူပါသတဲ့ ။

စီးပွားဖက်နိုင်ငံများက ဖခင်ရဲ့မိတ်ဆွေများနဲ့တူပါသတဲ့ ။

အဖေတယောက်အနေနဲ့

ကိုယ့်သားသမီးတွေကို မုန့်ဝယ်ကြွေးမယ် မုန့်ဖိုးပေးတယ်ပေါ့ ။

ကိုယ်ပေးလိုက်တဲ့ မုန့်ဖိုးလေးနဲ့ ငါ့ခလေး ဘာများဝယ်စားလဲပေါ့ ။

အဖေတယောက်အနေနဲ့ဆို ဒီလိုတော့ စဉ်းစားမိမှာပါ ။

ငါ့သမီးလေး ငါပေးတဲ့ပိုက်ဆံ တစ်ထောင်နဲ့

မုန့်တစ်ခုမှရရဲ့လား.. နှစ်ခုရရင် ကောင်းမှာဘဲ..

သုံးခုသာဆိုငါ့သမီးလေး ဝဝလင်လင် စားရမယ်လို့ တွေးမိသလားဘဲ..။

ဒီလိုဘဲ..

 လစာ ရတဲ့ နိုင်ငံသူနိုင်ငံသားတယောက်ရဲ့

လက်ထဲက ပိုက်ဆံ တစ်ထောင်ဟာ….

တစ်ဒေါ်လာမှ ရရဲ့လား.. နှစ်ဒေါ်လာမှရရဲ့လား..

ငွေတစ်ထောင်ကို သုံးဒေါ်လာလောက်ရရင် ငါ့နိုင်ငံသားတွေ

ချမ်းချမ်းသာသာ နေနိုင်မယ်လို့ တွေးမိရဲ့လားဘဲ…။

ပိုက်ဆံတစ်ထောင်နဲ့ မုန့်နှစ်ခုမရရင်

ပိုက်ဆံနှစ်ထောင်ပေးပြီး မုန့်နှစ်ခုဝယ်စားဘို့ ပေးမယ်ဆိုတဲ့..

ခလေးအတွေးလောက်နဲ့တော့ တိုင်းပြည်ခေါင်းဆောင်မလုပ်သင့်ဘူးထင်တာဘဲ..။

အိမ်က အဖေက သူ့မိတ်ဆွေတွေနဲ့ ညနေဆို အရက်ဆိုင်ထိုင် ..

သူငယ်ချင်းတွေရဲ့အကျိုးစီးပွားကိုဦးစားပေး…

သောက်စရာပိုက်ဆံမရှိတော့ သမီးနားဋောင်းချွတ်ရောင်း..

အိမ်ပေါ်ကျူးကျော်တက်လာတဲ့ ခွေးသူတောင်းစားတွေလဲမောင်းမထုတ်နိုင်

အိမ်မှာဖြစ်ချင်သလိုဖြစ်နေ

ကိုယ်လုပ်တာဘဲ အဟုတ်မှတ်လို့

ဒီကြားထဲ သမီးလက်ထဲကပိုက်ဆံလေး တန်ဘိုးမရှိအောင်လုပ်နေသေးတော့….။

အော်…ပြောလိုက်သေးတယ်..

မနေချင် အိမ်ပေါ်က ဆင်းသွားတဲ့….။

ကျုပ်တို့နိုင်ငံလည်း အဲလိုအဖေနဲ့ နေရတဲ့ မိသားစုလို…

နိုင်ငံတခုလုံး ဖရိုဖရဲနဲ့….

ငမွဲ ဇာတ်ခင်းတော့မှာပါလား….။

 

 

နွေဦးရဲ့…လေရူးလို့မှတ်ပါ…။

32 comments

  • နွေဦး

    May 30, 2013 at 10:28 am

    တော်ပါသေးရဲ့
    ပထွေးအဖေမခေါ်ရသေးတဲ့ဘဝ…

  • ကြက်အူလှည့်

    May 30, 2013 at 10:49 am

    အနက်ပွားလေး တွေးရရင် ဖြင့် ..
    သားသမီး ဆိုတာ မိဘ ကို ရွေးချယ်ခွင့် မရပေမယ့်
    ပြည်သူဆိုတာ အစိုးရကို ရွေးခွင့် ရသင့် ပါရဲ့ဗျာ..

    in democracy people get what they deserve
    ဆိုလား … မားးးးခိုမ် တခါတခါ ထထရွတ်တတ်တာလေးပါ.. အာဟိ

    :harr:

  • kyeemite

    May 30, 2013 at 11:01 am

    Exchange Rate
    Date : 30th May 2013
    945.00 / USD
    ဒါကတော့ ဒီနေ့ ဗဟိုဘဏ်ဈေးနှုံးပါပဲ…
    လင့်က.. http://www.cbm.gov.mm/
    ကိုနွေဦးရဲ့ ပေါက်ကွဲသံစဉ်တွေပါလား…
    ဘာပြောရမှန်းတောင်မသိတော့ပါဘူးဗျာ…
    ဒေါ်လာဈေးတက်လာတာ နိုင်ငံခြားထွက်အလုပ်လုပ်နေသူတွေ၊
    ပြည်တွင်းမှာတင်ဒေါ်လာစားနေသူတွေ အတွက်တော့ ကောင်းပြန်ရော။
    မြန်မာငွေတန်ဖိုးကျတော့ အင်ပို့သမားတွေအတွက်က မကောင်းပြန်ဘူး…
    ကျုပ်အထင်တော့ တစ်ထောင်ဝန်းကျင်ရောက်ရင် တန့်သွားမယ်ထင်ရဲ့။။ 🙄

    • နွေဦး

      May 30, 2013 at 11:54 am

      ]”ဒေါ်လာဈေးတက်လာတာ နိုင်ငံခြားထွက်အလုပ်လုပ်နေသူတွေ၊
      ပြည်တွင်းမှာတင်ဒေါ်လာစားနေသူတွေ အတွက်တော့ ကောင်းပြန်ရော။
      မြန်မာငွေတန်ဖိုးကျတော့ အင်ပို့သမားတွေအတွက်က မကောင်းပြန်ဘူး…”
      အဲလိုလူမျိုးတွေက အလွန်ဆုံးရှိမှ သိန်းဂဏန်းပါဗျာ..
      ပြီးတော့ သူတို့ မငတ်ကြသေးပါဘူး…
      သူတို့ကို ငဲ့ပြီးတော့ ကျန်တဲ့သန်း၆ဝလောက်က ငုတ်တုတ် ခံကြ ဆို ….?

      • padonmar

        May 30, 2013 at 10:09 pm

        Exporter Importer ဆိုတာကို လူတန်းစား သပ်သပ်ထားတွက်ရင် ဆိုရှယ်လစ်အတွေးအခေါ်ကြီးအတိုင်း ဖြစ်နေမှာပေါ့။
        ကျန်သန်း ၆ဝကလည်း ဒီအလုပ်နဲ့ ဆက်စပ်နေတာပါပဲ။
        လယ်သမားလက်ကထွက်တဲ့ ပဲ၊ပြောင်းနှမ်း၊စပါး အကုန် အိတ်စပို့လုပ်နေရပါတယ်။
        အိတ်စပို့ရှိတဲ့ ကုန်မှ ဈေးကောင်းရလို့ လယ်သမားစိုက်ရကျိုးနပ်ပါတယ်။
        ခုခေတ်လယ်သမားက ငွေဈေးလည်း နားထောင်ပါတယ်။
        သူ့ကုန်ကို ဗိုက်မနာရင် ဒေါ်လာဈေးနားထောင်ပြီးမှ ရောင်းကြပါတယ်။
        (ရန်ကုန်ကလူတောင် မသိတဲ့ ဈေးနှုန်းတွေကို စကိုင်းနက်ကပြောသွားတာလို့ ပြန်ပြောပြကြသေးတယ်)
        အင်ပို့ကလည်းး ပြည်ပအားကိုး ပုဆိန်ရိုးက တစ်ပြည်လုံးပဲလို့ ပြောကြသလို အပ်ကစ ကွန်ပျူတာအဆုံး အင်ပို့ချည်းပါပဲ။
        တောလက်ကျေးရွာတောင် တီဗွီလေးတော့ ကြည့်ကြသေးတာ။
        ဒါကြောင့် သန်း၆ဝနဲ့ သိန်းဂဏန်းကိုခွဲမမြင်ကြပါနဲ့။

  • kai

    May 30, 2013 at 11:11 am

    ယူအက်စ်စီးပွားရေးပြန်ကောင်းသလိုလိုဖြစ်လာတာမို့… ဒေါ်လာကခိုင်လာတာပါ…
    သူကိုယ်တိုင်ဈေးတက်လာတာပေါ့…

    ကျပ်-ဒေါ်လာဈေးကလည်း.. ဒေါ်လာကတက်တာပါ..။ ကျပ်ကကျတယ်လို့.. သိပ်မထင်ကြောင်း..
    မယုံရင်..ယန်း-ဒေါ်လာကြည့်ပေါ့…

    ဆိုတော့…
    ယူအက်စ်က.. ရေနံတွေအပြင်ကမဝယ်တော့ပဲ.. သူ့ပြည်တွင်းမှာထုတ်မယ့်အပြင်.. ပြန်တောင်ရောင်းစားမဲ့… သဘောမြင်နေရပါပြီ..
    ရေနံရောင်းနိုင်ငံတွေ.. လာမယ့်၁ဝစုနှစ်အတွင်.း.. မျက်ဖြူဆိုက်တော့မယ်ဖြစ်ကြောင်း…

    ဆိုတော့…
    ဒေါ်လာငွေတွေလည်ပါတ်အောင်… ဒီကမ္ဘာကြီးမှာ.. စစ်ပွဲကြီးတွေ.. ပဋိပက္ခတွေ… လုပ်ရမှာဖြစ်တာမို့… ဒီတချီမှာ.. ယူအက်စ်ရဲ့.. မျက်စိဘယ်နေရာကျတယ်ထင်ကြပါသလည်း…

    ဒန်တန်တန်… :kwi:
    =

    US exports crude oil to China | South China Morning Post
    http://www.scmp.com/business/commodities/article/…/us-exports-crude-oil-chi…‎
    Apr 18, 2013 – US crude oil production will soon surpass oil imports. Photo: MCT. The US has started exporting crude oil to China for the first time since 2005, …
    =
    How the US Oil, Gas Boom Could Shake Up Global Order – CNBC.com
    http://www.cnbc.com/id/100606163‎
    Apr 1, 2013 – Without fanfare, China passed the United States in December to become the world’s leading importer of oil—the first time in nearly 40 years that the U.S. … upheaval in countries and regions heavily dependent on oil exports.

    • နွေဦး

      May 30, 2013 at 11:58 am

      အိုး…ဗမာစကားရှိတယ်လေ..
      ဘာတဲ့ “ကြာရင်……..နဲ့ ငါး အရုပ်ရေးပြရမယ်ဆိုဘဲ..”
      အဲဘက်လှည့်တော့မှာ…

    • ကြက်အူလှည့်

      May 30, 2013 at 12:06 pm

      မားးးးခိုမ်
      သများကို မျက်ရည်မဆည်နိုင်ဖြစ်မယ့် သဒင်းဒေ မတင်ပါနဲ့လား ကွီ
      သများ မေ့ထားဒဲ့ ကိစ္စဒွေဘာာာာ.
      (အိုက်ဒါဒွေက အာပဲ ပေးတတ်တဲ့ အာပေး ဆိုတဲ့ ကွန်ဇာဗေးတစ် ဝံဂျီးဂျုပ် ဇုတ် ကြောင့်..)
      :chee:

      စကားမစပ် ဒီက ငွေလွှဲတွေ ခုနောက်ပိုင်းခေတ် (ကားသွင်းခွင့်ရပြီးနောက်ပိုင်း)
      ပါရာဒိုင်း တွေ အပြောင်းအလဲ ဖြစ်နေသဗျ…။
      ဦးဦး ဟလုမိုတိုလည်း ဒီမြေ အနေကြာဖူးမယ်မှတ်တယ်…
      ရန်ကုန်မှာ ဘဘ တွေပြောင်းတော့ တိုကီယိုက ဘာဘာ က ရွှေတွေလည်း အပြောင်းအလဲတွေ ပေါ်သပေါ့ဗျာ

      (ရှောဆိုင်း သိချင်ယင်တော့ ကွကိုယ် အသိမေးကျိပါ…)
      သများ ကတော့ ဘယ်တယောက်ကိုမှ မကြည်လို့ တကျပ်မှ မလွှဲဘု …ဟီးးး
      (တကယ်က ကွကိုယ် သုံး-မလောက်တာ..)
      :byae:

      ရွာပြန်ပြီး အဟွာခံ စားတာပဲ အေးဘာဒယ်ဗျာ..
      (အဟွာ= အလှူ)

      • KZ

        May 30, 2013 at 12:20 pm

        ဒေါ်လှ အကြောင်း မပြောကြပါနဲ့။
        ရင်ဘတ်ထဲက အောင့်အောင့်လာလို့ပါ (စီဒီ တူ ကြက်အူလှည့်)

        ခုဆို နိုင်ဂျန် ဂတ်ခြားမှာ စားရိတ်တွေ တက်လွန်းလို့ စားချင်တာတွေ ဝယ် မစားနိုင်တာ ကြာပါပြီ။
        လူလည်း ပိန်ကျပြီး လူရုပ် မပေါ်တော့ပါဘူး။ အဟွတ်။ :mrgreen:

        ကိုယ်မရောက်ခင်က ဒေါ်လှ ကြီး ဈေးကောင်းသဟဲ့ ဆို နန့်နန့်တက် နိုင်ဂျန်ဂါးကို သွားချင်နွန်နွံ့။
        ရောက်ပြီး တစ်လ နေတော့ ရွှေဝါရောင် တော်လှန်ရေးအပြီး ကျပ် တို့ တရိပ်ရိပ်တက်ပြီး ဒေါ်လှကြီး တရိပ်ရိပ်ကျလာတာကို ရင်နာနာနဲ့ ကြည့်နေခဲ့ရသူပါ။
        ခုထိလည်း လိုချင်သလောက် မတက်သေး။

        ငွေဈေး တက်ပါစေ ကျပါစေ ဆုလည်း မတောင်းကောင်းသမို့ ခုတော့လည်း ဘယ် ဈေးပေါက်ပေါက် လက်ခံရတော့တာပဲ၊
        မကင်းနိုင်ဘူးကိုး။
        :byae:

  • KZ

    May 30, 2013 at 11:14 am

    ဟမ်း။
    ဒီနေ့ ပြောချင်တာတွေကို ဖဘမှာလည်း မရေးရဲ။
    ရွာထဲမှာလည်း မရေးရဲလို့ ဘယ်မှာ ရေးရမတုန်း လိုက်ရှာနေတာရယ်။
    ဖေချစ် သားသမီးတွေကလည်း များသားလား။ :mrgreen:

    ခုတော့ ဦးနွေဦးကြီးက မုန့်ဖိုး ပိုက်ဆံဘက်က ရေးသွားပြီ။

    ဖေကြီး မအားဘူး။ နိုင်ဂျံဂါးသွားရဦးမယ်။ အိမ် အတွက်………တဲ့။
    ဖေကြီး နေကောင်းဘူး။ စက်တတ်ထားရတာရယ်။
    ဖေကြီး အိမ်ထောင်ဦးစီးနေရာကလည်း ဖယ်ပေးနိုင်သေးဘူး။
    ဖေကြီး သားဆိုးတွေကိုလည်း မဆုံးမနိုင်သေးဘူး။
    ဖေကြီး …………………………………. နိုင်သေးဘူး။
    ဖေကြီး …………………………………. နိုင်သေးဘူး။
    ဖေကြီး …………………………………. နိုင်သေးဘူး။
    ဖေကြီး …………………………………. နိုင်သေးဘူး။

    ဟွန့် ဒါပဲနော်။
    ဖေကြီးကို ဘာမှ မလုပ်နိန်ဘူး မပြောနဲ့။
    လုပ်နိုင်တဲ့ ဖေ့ ဖေကြီးဒွေ ပြန်ခေါ်လိုက်မာ။ ဒါပဲ။
    :kwi:

    ဘယ်သူ့ ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှု ရှိရင် တည့်တည့်ပြောခြင်းဖြစ်၏။
    :harr:

    • ကြက်အူလှည့်

      May 30, 2013 at 11:43 am

      ဟေ့ ဘပြောင်စိန် ကို မထိနဲ့ကွ…
      ဟိုအူးလေး မူးဇော် အလိုတော်အရဒေါ့
      လည်လည်သွားရင်း ဆန်ရှင်ဒွေကို (အလုံးစုံ)အလုံးစုံ ဖယ်နိုင်အောင် လုပ်နိုင်တာ ဒို့အဘ ကွ။
      ညီးဒို့ နှုတ်ခမ်းနီနဲ့ မိတ်ကပ်လိမ်းတဲ့ ဘွားဒေါ်ယီးတုန်းက အလုံးစုံ ဖယ်နိုင်ဂဲ့ဒါ မဟုတ်ဘု ကွ။
      ကွ. .ကွ. ..ကွကွ…။
      :kwi:
      ဟိ ..အဲ့လိုနဲ့ပဲ တကွကွ နဲ့ ပျော်ပျော်ယီး လော်ဘီ လုပ်ဂျလေသဒီးပေါ့ဗျာ…

      ဒါနဲ့ ခီညားတို့လည်း ခက်စ်တယ်.. အဘတို့ ထမင်းရောင်းတယ် မုန့်ဟင်းခါးရောင်းမယ် ဆိုတော့
      မတ်တပ်ရပ် လက်ခုပ်တီးဒယ်… ဟော ..နန်းဂလေး အကြော်ရောင်းတော့ မီးဒုတ်ရှို့ဒယ်…။
      ကိုယ်တော်လေးဖျား ..ကိုယ်တော်လေး ရဲ့သားတော်လေး ဘုရားဝတ်ပြုသွားတာ ပြန်မလာဘုရယ်..
      မှိုင်းမတော်မူပါ့ ကိုယ်တော်လေးဖျား..ဟီဟိ
      :harr:
      အော်.. ထူးခြားဆန်းပြား မြန်မာ့ဖေ့စဖုတ် သတင်းများပါကွီ …ကွိကွိ…

  • အရီးခင်လတ်

    May 30, 2013 at 2:32 pm

    နဂိုထဲက အဖေ မဟုတ်ပါဘူး ကိုနွေဦးရယ်။
    လက်နက်နဲ့ ခြောက်ပြီး ကျုပ်တို့ အိမ်ကို သိမ်းထား၊ ကျုပ်တို့ကို နှိပ်စက် နေတဲ့ ဓားပြကြီးတွေပါ။
    အဖေ မခေါ်ပါရစေနဲ့။

    • နွေဦး

      May 30, 2013 at 2:38 pm

      ဟုတ်ပါ့အရီးရေ..
      ကျုပ် အမှတ်မှားတာပါ့..။
      သင်းတို့က အဖေမှ မဟုတ်တော့
      ဒီလိုဘဲလုပ်ကြတော့မပေါ့နော…။

  • Ma Ma

    May 30, 2013 at 2:42 pm

    တွေးစရာတွေက အများသား။
    ငွေဈေးတက်တာကို အရင်တုန်းကတော့ အပြစ်မြင်ခဲ့တယ်။
    ငွေဈေးတွေကျရင် ပိုပြီး စားနိုင်သုံးနိုင်လို့ အရောင်းအဝယ်တွေကောင်းပြီး စီးပွားဖွံ့ဖြိုးလာမယ်လို့ ထင်ရပေမယ့်….
    တကယ်တမ်း ငွေဈေးတွေကျသွားတုန်းက တောင်သူလယ်သမားတွေ ချွတ်ခြုံကျသွားခဲ့တာ သိပ်မကြာသေးပါဘူး။

    တစ်ခါတုန်းက (အတော်လေးတော့ ကြာပါပြီ)….
    စင်္ကာပူစီးပွားရေးကျတော့ ဝန်ကြီးချုပ်လီကွမ်ယုက တိုင်းသူပြည်သားတွေကို စားကြသုံးကြဖို့၊ ငွေကို အိပ်ယာအောက်မထားကြဖို့နဲ့ ထားခြင်းထားရင် ဘဏ်မှာအပ်ထားဖို့ ပြောတယ်လို့ ဂျာနယ်တစ်ခုမှာ ဖတ်ဖူးတယ်။
    အဲဒီစာကိုဖတ်ရတော့ အင်မတန်အံ့ဩသွားမိတယ်။
    သာမန်အမြင်နဲ့ဆိုရင် စီးပွားရေးကျရင် ခြိုးခြံချွေတာ သုံးစွဲရမှာလို့ မြင်ပေမယ့်….
    တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တွက်တော့ ငွေရတဲ့သူက သုံးစွဲမှ အရောင်းအဝယ်တွေကောင်းမယ်။
    အရောင်းအဝယ်တွေကောင်းမှ လူတွေအလုပ်ရကြမယ်။ စီးပွားဖြစ်ကြမယ်ဆိုပဲ။
    Domino Effect လို့ပဲ ခေါ်မလားတော့ မသိဘူး။

    • kai

      May 30, 2013 at 2:59 pm

      လူငယ်တွေ.. ငွေမသုံးမဖြုန်းပဲ.. တရားစခန်းဝင်တာတွေကို.. ကျုပ်ဘာလို့အပြစ်ပြောနေခဲ့သလည်း.. အမတော်နည်းနည်းသဘောပေါက်နိုင်မလားမသိဘူး..
      ငွေဆိုတာ.. လည်ပါတ်.. လှည့်ပါတ်ရပါတယ်..။ မှန်ကန်တဲ့လည်ပါတ်မှုရှိရပါတယ်..
      ငွေတွေဟာ.. ငွေအကြောင်းနားလည်သူတွေလက်ထဲမှာ…ရှိရပါတယ်..

      အမတော်လို.. လုပ်ငန်းရှင်ကိုပြောရတာ.. ရီစရာလိုဖြစ်နေပေမယ့်… တနိုင်ငံလုံးအတိုင်းအတာနဲ့.. အဲဒီအိုင်ဒီယာက.. သာမန်လုပ်ငန်းရှင်တိုင်းမှာရှိနေမှဖြစ်မယ်လို့.. ယူဆမိတယ်..
      အဲဒီလိုဖြစ်အောင်. အသိပေးရာမှာ.. . မီဒီယာတွေတာဝန်အရေးကြီးတာပါ…

      ဆိုတော့…
      အမေရိကားရဲ့..အဓိကပို့ကုန်ဟာ.. စက္ကူတွေလို့.. ပြောဖူးခဲ့တယ်..
      ဒေါ်လာငွေတွေပေါ့…
      စက္ကူကို ကမ္ဘာသုံးဒေါ်လာ(ငွေစက္ကူ)ဖြစ်အောင်လုပ်ရာမှာ.. အမေရိကန်တွေ.. အင်မတန်ကျွမ်းကျင်ကြောင်း.. :kwi:

      • အရီးခင်လတ်

        May 30, 2013 at 3:17 pm

        လာပြန်ပြီလော။ ဒီ တရားစခန်းဝင် ကိစ္စ။
        တရားစခန်းမှာလဲ ဝင်ကြေးပေးမှ ထမင်းစားရတာ သူကြီးမင်းရဲ့။
        အလကားမကျွေးဘူး။
        တရားစခန်း ကလည်း အဲဒီ ငွေ နဲ့ အစားအစာတွေ ဝယ် ရတာ။
        ငွေကလှည့်နေတာပါ့။ 😆

        • kai

          May 30, 2013 at 3:33 pm

          မှန်ကန်တဲ့လည်ပါတ်မှုရှိရပါတယ်..
          ငွေတွေဟာ.. ငွေအကြောင်းနားလည်သူတွေလက်ထဲမှာ…ရှိရပါတယ်..

          ဆိုတော့…
          ဘုန်းကြီးတွေနဲ့..ကပ္ပိယတွေကို.. MBAသင်တန်းတက်ခိုင်းရင်ကောင်းမလားပဲနော… :kwi:

        • အရီးခင်လတ်

          May 30, 2013 at 4:06 pm

          ကျုပ် အဖိုး၊ အဖွား များ ခေတ် က MBA မရှိပေါင် တော်။
          ငွေလှည့်လည်မှု ကျွမ်းကျင်လွန်းလို့။
          ဒါဟာ Experience ကနေ သင်သွားတာဘဲ။
          ဝါသနာ နဲ့ စိတ်ဝင်စားဖို့ဘဲ လိုတာ။
          ဝါရန်ဘတ်ဖက် Warren Buffett ဆိုတာလဲ ငယ်ကထဲ က သူ့ဟာသူ ကို စိတ်ဝင်တစား အရောင်းအဝယ် လုပ်ခဲ့တာ။
          ပြောချင်တာက MBA တွေ၊ Master ဘွဲ့ တွေထက် စိတ်ပါဝင်စားမှု နဲ့ အခွင့်အရေး ရရှိမှု က အရေးကြီးကြောင်း ပြောချင်တာ။
          အဲဒီ ကပိ္ပယ တွေထဲမလဲ မြုပ်နေတဲ့ မီးခဲ တွေပါနိုင်သပေါ့။
          (ဘုန်းကြီးတော့ မပါရ)
          😆

      • Ma Ma

        May 30, 2013 at 3:43 pm

        သဂျီးပြောတဲ့
        ကျပ်ကကျတာ မဟုတ်ပဲ ဒေါ်လာကတက်လာတာပါ ဆိုတာကို မြင်တတ်ကြဖို့ လိုမယ်ထင်ပါတယ်။

        ကျမကိုယ်ပိုင်အတွေးနဲ့ဆိုရင်တော့ လူငယ်တွေ ငွေမသုံးမဖြုန်းတာနဲ့ တရားစခန်းဝင်တာကို တစ်တွဲထဲမကြည့်ပဲ ခွဲခြားကြည့်လိုက်ရအောင်။

        သင်္ကြန်မှာ သောက်စားပျော်ပါးပြီး သုံးဖြုန်းတာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အလုံးစုံထိခိုက်စေပါတယ်။
        ဒါတောင် သံသရာအတွက် ကုသိုလ်ရေးကို ထည့်မတွက်သေးဘူး။ :buu:

        တရားစခန်းဝင်ကြတဲ့အတွက် ငွေလည်ပတ်စီးဆင်းမှု မရှိဘူးလို့တော့ ပြောမရဘူးထင်ပါတယ်။

        လူဆိုတာ အိမ်မှာပဲနေနေ၊ တရားရိပ်သာမှာပဲနေနေ
        ပုံမှန်တော့ စားသောက်နေကြတာမို့
        ထူးပြီးတော့ ချွေတာသလို ဖြစ်မသွားတာမို့
        စားသုံးတာ မလျော့ဘူးလို့ ထင်ပါတယ်။

        ဒါ့အပြင် ရိပ်သာဝင်လို့ သဒ္ဒါတွေပေါက်ပြီး ဇရပ်တွေလှူ၊ ကျောင်းတွေဆောက်ကြရင်
        ဆောက်လုပ်ရေးပစ္စည်းတွေ ရောင်းရလို့ ငွေလည်ပတ်စီးဆင်းမှုကိုတောင် အားပေးသေးတယ်။ :hee:

        အဲ- ပြောမယ့်သာ ပြောရတယ်။
        ကိုယ်တိုင်ကတော့ လုပ်ငန်းရှင်ဆိုပေမယ့် မိရိုးဖလာလုပ်ငန်းရှင်မို့ ကမာ္ဘနဲ့ယှဉ်တဲ့ အသိပညာအတွေးအခေါ်ပိုင်းမှာ အားနည်းညံ့ဖျင်းတာတော့ အမှန်ပဲ။

        အဲဒါကြောင့်လည်း သဂျီးရဲ့ ရွာထဲကနေ မတူထူးခြားတဲ့ အတွေးအခေါ်တွေ အသိအမြင်တွေ သိရကြားရတာကို သဘောကျလို့ ဒီရွာမှာ အခြေချနေထိုင်ဖြစ်ခဲ့တာပါပဲ။ :hee:

  • Yin Nyine Nway

    May 30, 2013 at 4:17 pm

    အဲလိုဈေးတတ်တော့ ထွက်ခဲ့မိတဲ့ Duty Free အလုပ်လေးကို နှမြောမိသား…
    ဆက်လုပ်ရင် ခုလောက်ဆို တော်တော်ရနေလောက်ဘီ :'(

  • မောင် ပေ

    May 30, 2013 at 6:45 pm

    အဲဒါတွေ ကို ကြိုသိလို ့
    ၁ဝ ဒေါ်လာ တိတိ ၉၀ဝ ဈေးနဲ ့ဝယ်စုထားတယ် ကိုနွေဦးရေ
    ဟီ ဟိ
    အဲ့တုန်းက လက်ထဲ သိန်း၅ထောင်လောက် ချမ်းသာရင်
    အားလုံး ဒေါ်လာနဲ ့ချိန်းပစ်ခဲ့ချင်တာကလား

  • Foreign Resident

    May 31, 2013 at 7:11 am

    Ma Ma says:
    ” တကယ်တမ်း ငွေဈေးတွေကျသွားတုန်းက
    တောင်သူလယ်သမားတွေ ချွတ်ခြုံကျသွားခဲ့တာ ၊
    သိပ်မကြာသေးပါဘူး ”

    ဟုတ်ပါတယ် ၊ ဒေါ်လာဈေးကို ဆွဲတင်နေတာက ၊
    တစ်တိုင်းပြည်လုံး စီပွားရေး တက်ဖို့ပါ ။
    တစ်ဦး တစ်ဖွဲ့ အတွက် လုပ်နေတာ မဟုတ်ပါဘူး ။
    ကမာ္ဘ့ဘဏ် ၊ IMF တို့ရဲ့ အကြံပေးချက် အရလည်း ပါပါတယ် ။

    ဥပမာ ။ ။ ဩဇီ ဒေါ်လာ တန်ဖိုးတက်တာကို အဘ တို့ မကြိုက်ပါဘူး ။
    အဘ တို့ ( ဩဇီ နိုင်ငံသား ) တစ်ဦးချင်း အတွက် ကောင်းပေမယ့် ၊
    ဩဇီ နိုင်ငံကြီး အတွက် မကောင်းပါဘူး ။
    အဘ ကတော့ ဩဇီ နိုင်ငံ တစ်ခုလုံးရဲ့ အကျိုးစီးပွားကို ပိုလိုလားပါတယ် ။

    အရေးကြီးတာက ၊
    ဒေါ်လာဈေး တက်တာလဲ မကြိုက်ပါဘူး ၊ ကျတာလဲ မကြိုက်ပါဘူး ။
    ငြိမ်စေချင်တာပါ ။

    ၁၀၀ဝ လောက်မှာ ငြိမ်နေရင်တော့ ကောင်းမယ် ထင်တယ် ။
    တွက်ရတာလဲ လွယ်တာပေါ့ ။

  • ဦး ကျောက်ခဲ

    May 31, 2013 at 9:18 am

    အကိုကြီးရေ…
    GDP နဲ့ INFLATION အကြောင်း ထဲထဲဝင်ဝင်ပြောရရင် ပိုရှုပ်ပေမည့်…
    ငွေဈေးငြိမ်တာကိုတော့ အားလုံး နှစ်ခြိုက်ကြမယ်ထင်ပါတယ်…
    အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံးက ငွေဈေးမငြိမ်ရင် အလုပ်မလုပ်ချင်ကြဘူး…
    ငွေဈေးတက်တော့ ဒေါ်လာစားတွေကပျော်ပေမည့် ကျပ်သမားတွေက ထိတာပေါ့…
    မောင်ကျောက်ဘွားအေကြီးပြောတဲ့ ညအိပ်ရာဝင်ပုံပြင်..
    “စပါးကုန်သည်နဲ့ သားရေ(သရေ)ကုန်သည်၊ ကုန်ရောင်း/ကုန်ဝယ် သလို ဖြစ်နေပြီထင်ရဲ့”
    :kwi:

  • kyeemite

    May 31, 2013 at 9:25 am

    “တစ်ခါတုန်းက (အတော်လေးတော့ ကြာပါပြီ)….
    စင်္ကာပူစီးပွားရေးကျတော့ ဝန်ကြီးချုပ်လီကွမ်ယုက တိုင်းသူပြည်သားတွေကို စားကြသုံးကြဖို့၊ ငွေကို အိပ်ယာအောက်မထားကြဖို့နဲ့ ထားခြင်းထားရင် ဘဏ်မှာအပ်ထားဖို့ ပြောတယ်လို့ ဂျာနယ်တစ်ခုမှာ ဖတ်ဖူးတယ်။”
    မြန်မာပြည်မှာတော့ ဘဏ်တွေပြဿနာတစ်ခါတက်လိုက်ပြီးကတည်းက
    ပုဂ္ဂလိကဘဏ်တွေအပေါ်အယုံအကြည်နဲသွားပြီး(ယုံကြည်မှုပျက်သွားပြီး)
    ငွေတွေလက်ထဲကိုင်ထားကြတာများလို့..အိပ်နေ၊ သေနေတဲ့ငွေပမာဏမနဲဘူးထင်ပါတယ်
    အစိုးရဘဏ်ကျပြန်တော့ ငွေသွင်းငွေထုတ်နေ့တပိုင်းလောက်ကုန်တာရယ်..
    ငွေများများထုတ်တိုင်း အဆင့်တွေများပြီးပိုကြန့်ကြာတာရယ်ကြောင့်
    အတိုးရမှန်းသိပေမဲ့ မအပ်ချင်ကြပြန်ဘူး….
    ဘဏ်စံနစ်အာမခံရှိဖို့နဲ့ သွင်းထုတ်လွယ်ကူလျှင်မြန်ဖို့ အလေးထားဆောင်ရွက်သင့်ပါတယ်..

  • ဦးကြောင်ကြီး

    May 31, 2013 at 9:51 am

    ငှက်ကထဂျီး ဦးရွှေမန်း ပြောထားတဲ့ စကားကြောင့် တက်ရဲတယ် ထင်တာပဲ..။ ဘယ်လိုတက်တက် ဈေးကွက်သဘောကို မလွန်ဆန်ဖို့တော့ လိုတယ်။ တခုရှိတာ ဒေါ်လာ မြင့်တော့ အင်ပို့သွင်းကုန်ဈေး တက်လာတယ်။ အစိုးရက အင်ပို့တင်သွင်းမှုကို လျော့ချဂျင်လို့များလား.. ဒါဆို အင်ပို့သွင်းကုန်ပစ္စည်း အစားထိုး (ဥပမာ – အချိုမှုန့်၊ စားအုံးဆီ၊ ဆေးဝါး၊ စက်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ လူသုံးကုန်၊ စားသောက်ကုန်… ) လုပ်ငန်းတွေ အင်အားကောင်းရမယ် မြေတောင်မြှောက်ပေးတဲ့ မူဝါဒ ကျင့်သုံးရမယ်။ ဒါဆို နိုင်ငံဒေါ်အတွက် နှစ်ပြန် အကျိုးရှိနိုင်တယ်။ အကုန် လိုက်မလုပ်နိုင်တောင် တနိုင်တပိုင် ဥပမာ- နယ်စပ်ကသွင်းတဲ့ စားကုန်၊ လူသုံးကုန်လို အသေးစားလုပ်ငန်းတွေ ခေါင်းထောင်လာရင် သာဓုခေါ်စရာပဲ.. နို့မို့ရင်တော့ သိပ်မနိပ်ဘူး။

  • ကျွန်တော်တို.တော့ ငွေဈေးတက်ချင်သလောက်တက် ကျချင်သလောက်ကျ……. ပေးသလောက်ယူ ရသလောက်သုံးပဲ………ဟိဟိ..

    အော် ကိုနွေဦးရေ.. တင်စားမှုလေးကောင်းလိုက်တာ..
    အခုတော့ အဖေ အသစ်ရောက်လာပါပြီဗျာ…. သူခမျာလဲလုပ်နေရှာတာပေါ့.. အခုတော့ ငါးတကာယိုဒဲ့ချီး ပုဇွန်ဆိတ်ခေါင်း ဆိုတော့ ခေါင်းပေါ်က ချီးတွေ ဆေးချနေရရှာတော့လဲ……..
    သားသမီးတွေ မုန်.ဖို.လောက်လားမလောက်လား အရေးမစိုက်နိုင်ရှာဘူးပေါ့ဗျာ….. သားသမီးတွေကလဲ ကောင်းတဲ့သူရှိသလို…. အဖေသိက္ခာ ချနေတဲ့သူတွေလဲ ရှိသကိုးဗျ………

  • uncle gyi

    May 31, 2013 at 11:19 pm

    ဒေါ်လာတက်တာကိုကြိုက်တဲ့သူတွေကကောင်းတယ်ပြောတယ်
    ဘယ်လိုကောင်းသလဲမေးတော့အခြေခံလူတန်းစားတွေကောင်းတယ်တဲ့
    ဘယ်အခြေခံလည်းမေးတော့တောင်သူလယ်သမားတွေတဲ့
    မြင်ရသမျှတောင်သူလယ်သမားကဒုန်ရင်းဒုန်ရင်းပါပဲ
    ဒုန်းပျံလိုခုန်တက်ပြီးကောင်းသွားတာက
    export သမားတွေပါပဲ
    ခံရတာကပြည်သူတွေပါပဲ
    ကုန်ဈေးနှုံတွေတက်ကုန်လို့

  • kai

    June 1, 2013 at 1:31 am

    သာမန်အားဖြင့်.. ဒေါ်လာဈေးတက်ရင်.. အင်ပို့ကျပြီး.. အိပ်စ်ပို့တက်ရတယ်..။ တိုးရစ်အလည်ဝင်လာတာများရတယ်..။

  • padonmar

    June 1, 2013 at 7:17 am

    • နွေဦး

      June 1, 2013 at 12:04 pm

      ကျွန်တော့်လို ပရမ်းပဒါ မဟုတ်ဘဲ အချက်အလက်နဲ့ ရှင်းပြတဲ့ ပညာရှင်တွေ ရဲ့ အဆိုကိုတော့ လက်ခံလောက်ပါရဲ့နော်..
      ကျွန်တော်ကတော့ ကျွန်တော့်ခလေး ပိုက်ဆံတထောင်နဲ့ မုန့်သုံးခု ရစေချင်တာပါဘဲဗျာ..။

  • TNA

    June 3, 2013 at 4:46 pm

    ဒေါ်လာဈေးမတက်ရင်တော့ ဒေါ်လာစားတွေ ကုန်သည်တွေငိုရမှာပဲ။ ဒေါ်လာဈေးမတက်တော့လဲ ကုန်ဈေးနှုန်းကမကျတော့လဲသိပ်တော့မထူးပါဘူး။ ကုန်ဈေးနှုန်းကိုပဲချရမယ်ထင်ပါ တယ်။ ပြည်တွင်းမှာ ထွက် နေတဲ့ ပြည်တွင်းဖြစ်စားသောက်ကုန်တွေကိုနှိုက်က ဒေါ်လာဈေးနဲ့မပါတ်သက်ပဲ တဟုန်ထိုးတက်နေ တာက တထောင်ဖိုး သုံးခုမရခြင်းရဲ့အဖြေလို့ထင်ပါတယ်။ ဒါကြောင့် အခြေခံစားသောက်ကုန်တွေရဲ့ ကုန်ဈေးနှုန်းပဲအရင်ချသင့်တယ်လို့ ထင်မိပါတယ်။

Leave a Reply