“ဘယ်လို သေလိုက်ရရင် ကောင်းမလဲ”

                                                                    “ဘယ်လို သေလိုက်ရရင် ကောင်းမလဲ”

 

“မောင်နင်နဲ့ငါ မယူရသေးဘူးလေ”

ဒါပေမယ့်ချစ်လွန်းတော့

နင်ဖြစ်ချင်တာဘာမဆို

နင်လိုချင်တာဘာဖြစ်ဖြစ်

ဖြစ်စေချင်တာငါလိုက်ဖြစ်ပေးခဲ့တာလဲနင်အသိ။

စည်းကျော်တာမကျော်တာ ငါမသိ

ဘောင်လွန်တာမလွန်တာငါမသိ

အဖိုးတန်တာ မတန်တာငါမသိ

စောင့်ထိန်းတာ မထိန်းတာငါမသိ

နင်လိုချင်တယ်ဆို နေ့ညမအချိန်မရွေး

ငါလို်က်လျောပေးခဲ့တာလဲနင်အသိ။

@@@@@@@@@@

တွေ့နေကျ နင့်အခန်းမှာ

အတူဆုံကြတဲ့တစ်ရက်

 ရိုမင်းတစ်တဲ့ တစ်ရည်သာတဲ့ဇာတ်လမ်းမှာ

ငါကမင်းသမီး နင်ကမင်းသား

အမြင့်ဆုံးဇာတ်ဝင်ခန်းကိုမှ

ကြံကြံဖန်ဖန်မှတ်တမ်းတင်ချင်ပါသတဲ့

မောင်လိုချင်တာလိုက်လျောနေကြငါ

ဘယ်သူသိတာမှတ်လို့နော်

သိပ်တော့မကြာပါဘူး

ဇာတ်ဝင်ခန်းလေးတစ်ခန်းထဲပါ

ပြီးတော့မှရှက်ရှက်နဲ့ကြည့်မိ

ဆမ်ဆောင်းဂလက်ဇီ

ကြည်မှကြည်ပါဘဲ။

“မောင်တော်တော်ကဲတာဘဲနော်”

%%%%%%%%%%%%%%%%%

ရှပ်ပြာရှပ်ပြာ နိုင်တဲ့ငါလေ

နန်းရှေ့က ဝိုင်ကေကေအိုမှာပေါ့

ကြေးအုးိစားရင်းဖုန်းအပြော

ဗြုန်းဆိုဘေးနားက ခုံကလူကအထ

ငါကလဲလက်အရမ်း

ဗြန်းကနဲအောက်ပြုတ်အကျ

ကြမ်းပြင်ပေါ်ဒေါက်ကနဲ

ပြန်ကောက်ပြီး ဖွင့်ကြည့်တော့ ဘာဆိုဘာမှမမြင်ရ

ငါ့အသဲနှလုံးတောင်ပါသွားသလိုပါအေ။

ဈေးကြီးကြီးပေးထားတဲ့ဖုန်း

သုံးရမရ သိနို်င်ဘို့

ခဏလေးဆေးရုံတင်လိုက်တာ

သုံးလေးရက်တောင်မကျဘူး

ပြန်ရပါတယ်

သုံးသောင်းဘဲကျတယ်ဆို

တကယ်ကိုသက်သာတာဘဲနော်။

သုံးရတာလဲအရင်လိုပါဘဲ

“ကျေးဇူးပါ အိုင်တီဆရာလေးရေ”

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

မနေ့ညက အချစ်ဆုံးသောသူငယ်ချင်း

ဝက်ဆိုက်တစ်ခုရဲ့ လင့်လေးပေးလာတယ်။

“ကောင်မ နင်တော်တော်ကဲ

ဘာဘဲပြောပြော မင်းသမီးတော့ဖြစ်ပြီ”တဲ့။

သူပေးလာတဲ့ လင့်ဖွင့်အကြည့်

သေပြီဆရာ

မောင်နဲ့ကျမရဲ့ဇာတ်ဝင်ခန်း

ပီမှပီကြည်မှကြည်

ကွန်ပြူတာဖန်သားပြင်ထက်မှာ

မြင်လိုက်ရတာ

သေသာသေလိုက်ချင်ပါတယ်။

အဆိပ်သောက်သေရင်ကောင်းမလား

ကြိုးဆွဲချသေရင်ကောင်းမလား

တိုက်အပေါ်ဆုံးထပ်က ခုန်ချရကောင်းမလား

ရေထဲဆင်းသေရင်ကောင်းမလား

ကားအောက်ခေါင်းထိုးဝင်ရင်ကောင်းမလား

ကောင်းမလား ကောင်းမလား ကောင်းမလား

ကောင်းမလား ကောင်းမလား ကောင်းမလား ကောင်းမလား ကောင်းမလား ကောင်းမလား

ကောင်းမလား ကောင်းမလား ကောင်းမလား ကောင်းမလား

ကောင်းမလား ကောင်းမလား

ကောင်းမလား

 

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

30-5-2013

 

 

(အရှိ မှန် ကိုအသိဉာဏ်နှင့်ယှဉ်၍ဖတ်ပါရန် တောင်းပန်အပ်ပါသည်)

 

 

 

 

 

 

45 comments

  • kyaw hteik

    May 30, 2013 at 11:10 pm

    ဘယ်​သူမပြု၊ မိမိမှု ရင်​ဆိုင်​လိုက်​ပါအခု
    ဖြစ်​သွားပြီတဲ့ကိစ္စ ၊သိပြီးတဲ့ကိစ္စ
    ​နောင်​မှ ​နောင်​တမရနဲ့
    ရဲရဲသာ ဘဝကို​ရှေ့ဆက်​
    ​လျှောက်​လှမ်​းလိုက်​ပါ မိန်​းက​လေး။
    ကဲ့ရဲ့ခုနစ်​ရက်​ ချီးမွမ်​းခုနစ်​ရက်​
    ​နောင်​ ထပ်​မမှားဖို့သာအဓ်ိကပါ။

  • လောကဂျီးမှာ ….
    လူတူ မရှား ..
    နံမယ် တူ မရှား ဘာတဲ့ ……
    ဂလိုဆိုဒေါ့ ရုပ်တည်ဂျီးနဲ့ နေလိုက်ရုံပေါ့ ….

    သို့ပေသိ ..
    အချို့က အရှက် နဲ့ အသက်ရှင်တယ် … ဒဲ့ …
    ဂလိုဆို ဘီလို သေသေ သေသင့်ဒယ် ထင်ဘာဒယ် …

    မဖြစ်ခင်က ဆင်ခြင်သင့်ပါတယ်ပေါ့လေ …
    ဖြစ်ပြီးမှပဲ နောင်တ ရတတ်တာကလည်း ဓမ္မတာ ပဲလေ …

    ပြောရရင်တော့ဖြင့် ….
    ဒီလိုမျိုးနဲ့ ဆိုင်မယ် မဆိုင်မယ်တော့ မသိပါဘူး ….
    ပဋာစာရီ ဆို ရူးသွားလိုက်တာ ကိုယ်မှာ အဝတ်တောင် မကပ်နိုင်ခဲ့ဘူးတဲ့ …
    ဒါပေမယ့် … တရားရသွားတဲ့ အခါမှာတော့ အေးငြိမ်းတဲ့ ဘဝ ပိုင်ရှင် ဖြစ်သွားတယ် …
    ဒီတော့ … ဘယ်လိုမှ မသေပါနဲ့ ….
    ဖြစ်နိုင်မယ်ဆို မယ်သီလရှင် ဝတ်ပြီး ရဟန်းတရားကို အားထုတ်ပါလို့ ….
    :mrgreen: :mrgreen:

  • Foreign Resident

    May 31, 2013 at 4:52 am

    မန္တလေးက နာမည်ကျော် ရှေ့နေမလေး အမှုထင်တယ် ။

    ကျနော် ကတော့ ၊
    ကျနော် မတရားမှု တစ်ခုခု လုပ်နေတဲ့ ပုံ / ဗီဒီယို မဟုတ်ရင် ၊
    သိပ် ရှက်စရာ မလိုလှဘူးလို့ ထင်ပါတယ် ။

    နဲနဲ ( နဲနဲ ) တော့ ရှက်စရာ ကောင်းချင် ကောင်းမပေါ့လေ ။
    ဘာဖြစ်လို့လဲဆိုတော့ ၊ သူများတွေက နောက်ကြလိမ့်မယ် ။
    ဟယ် ၊ သေးသေးလေး ( ပဲမြစ် ) တို့ ၊ အရမ်း အော်တာပဲကွယ် တို့ ။
    ဟီ ဟိ ။ ရှက်စရာကြီး ( နဲနဲ ) ။ ဒါပါပဲ ။

    အခု VDO က နှစ်ဦးသဘောတူ ဆက်ဆံကြတဲ့ VDO ဆိုတော့ကာ ၊
    ဘာ မတရားမှု မှ ရှိလိမ့်မယ် မထင်ပါဘူး ( မထင်ပါဘူး ) ။

    ဘုရားရှင် ကိုယ်တိုင်က ဟီရိ ဩတပ္ပ ဆိုတာ ၊
    မကောင်းမှု ကိုပြုလုပ်ရန် ရှက်ခြင်း ကြောက်ခြင်း လို့ ဆိုခဲ့တာပဲ ။
    ဒီ ကိစ္စ က မကောင်းမှု / မတရားမှု မှမဟုတ်တာ ။

    ဒီတော့ ၊ ဘာမှ သိပ်ပြဿနာ မရှိပါဘူး ၊
    သူ့ မှာလဲ ဒီဥစ္စာ ပါတယ် ၊ ကိုယ့် မှာလဲ ဒီဥစ္စာ ပါတယ် ။
    သူ လဲ ဒီ ကိစ္စလုပ်တယ် ၊ ကိုယ် လဲ ဒီ ကိစ္စလုပ်တယ် ။

    Even ၊ ကိုယ့် အဖေ နှင့် အမေ လည်း ဒီ ကိစ္စလုပ်ပြီး ကိုယ့်ကို မွေးလာတာပဲ ။
    Even ၊ အဘတို့ရဲ့ ဘုရားရှင် ရဲ့ အဖေ နှင့် အမေ လည်း ဒီ ကိစ္စလုပ်ပြီး ဘုရားရှင် ကို မွေးလာတာပဲ ။

    နှစ်ဦး နှစ်ဖက် ကောင်းလို့ လုပ်ကြတာပဲဟာ ။
    သိပ်ပြဿနာ မရှိပါဘူး ၊ အေးဆေး ( အေးဆေး ) ပါပဲ ။
    အသက် နှင့် အဝေးကြီး မှ အဝေးကြီး ပါ ။

    ဟဲ ဟဲ ။ အဘ ရဲ့ VDO လေးတွေ Internet မှာတက်လာရင်လည်း ၊
    အဘ ကို ( တိုးတိုးလေး ) လက်တို့အုန်းနော် ၊ ဟဲ ဟဲ ။

    ဟီ ဟိ ၊ တစ်နေ့လောက် ကိုယ့် VDO တွေကို ၊
    တယ်လီဖုန်း ကျပျောက်သွားတယ် ၊ သူများတွေ တင်သွားတယ် ဆိုပြီး ၊
    ကိုယ့် ဖာသာ ကိုယ် တင်ပြစ်လိုက်ဦးမှ ။
    ဟီ ဟိ ၊ ဝက်ဝက်ကွဲ အောင်မြင်မယ် ထင်တာပဲ ။ ဟီ ဟိ ။

    • KZ

      May 31, 2013 at 8:12 am

      အဟုဟု

      မနက်က ဘဖော ပြောတာ ဖတ်ပြီး ရီ လိုက်ရတာရယ်။

      :harr: :harr:

    • ဦး ကျောက်ခဲ

      May 31, 2013 at 8:39 am

      အဘဖောကိုတော့ ဆလံကြီး ၁ဝခါလောက်သပါ၏…
      မျက်စေ့ကြီး နားကြီး ကိုယ်ပိုင် ဆက်သွယ်ရေးဂြိုလ်တုတင်ထားသလားမှတ်ရတယ်…
      မောင်ကျောက် အဘကွန်မန့်ဖတ်မိမှ ဟိုမေးသည်မေး အဆင့်ပဲရှိသေး…
      :harr:

      • ko pauk mandalay

        May 31, 2013 at 9:14 am

        အော်မေ့လို့ ကိုဖော
        ဒီဟာက ဇာတ်လမ်းတစ်ပုဒ်
        ဟိုဟာက ဇာတ်လမ်းတစ်ပုဒ် သတ်သတ်စီ
        ဇာတ်ချင်းသွားရောလို့ မရဘူး။

    • ko pauk mandalay

      May 31, 2013 at 9:01 am

      ကိုဖော ကျနော်ကို မူပိုင်ပေးပါ။
      ဖြန့်ချိရေးတာဝန်ယူပါမည်။

    • ဦးပေါက်စာကိုဖတ်ပြီး ဝင်ရှက်လိုက်ရတာ
      အဘဖောမန့်ကိုဖတ်မိပြန်တော့လည်း ဒီလောက်ရှက်စရာမကောင်းတော့သလိုလို
      ဒါပေမယ့် မြန်မာပြည်အနေနဲ့တော့ အဲ..မျက်နှာဘယ်နားသွားထားရပါ့…. :p

    • TNA

      June 3, 2013 at 4:50 pm

      အောင်မယ်လေးအဘရယ်။ လေးပေါက်စာလေးဖတ်ပီး အဘနဲ့တွေ့မှ အွိဆို ဘယ်ရောက်တွားဒယ်မသိ။ အဘက အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အောင်မယ်ငိ့

  • ဦးကြောင်ကြီး

    May 31, 2013 at 9:38 am

    လင့်ခ်လေးဘာလေးသိရင် မျှပါဗျို့… ဆမ်ဆောင်းဂလက်ဇီနဲ့ ရိုက်ထားတာလေး ကြည့်ပီး ပယ်ပယ်နယ်နယ် ရှုံ့ချချင်လို့.. ဘယ့်နှယ်ဗျာ သူများသားသမီး ကိုယ်ဂျင်းမစာ…

  • kyeemite

    May 31, 2013 at 9:44 am

    အင်း..အင်တာနက်ခေတ်ကြီးမှာ
    လက်ကိုင်ဖုန်းတွေကလည်းခေတ်မှီလာတော့
    ဒီလိုကိစ္စတွေ ပြန့်ဖို့ လွယ်သွားတာပေါ့…
    မိန်းကလေးများသတိထားသင့်တာပေါ့..
    နောက်တစ်ခုက …တဲခိုခန်းတွေလည်းမယုံရဘူးနော
    ခုက ကင်မရာပုန်း တွေကလည်းခေတ်စားနေပြီဆိုတော့…

  • ခင် ခ

    May 31, 2013 at 10:32 am

    ဒီကလေးမလေးရဲ့ အ ချက်ပါအေ။
    ဖုန်းပြင်ဖို့ အပ်တာများ မန်မိုရီကဒ်တို့ ဆင်းကဒ်တို့ ထုတ်ပြီးမအပ်ဘူး။
    ဒို့များ ဖုန်း update လုပ်တိုင်း ဆော့ဝဲသွင်းဖို့ ဆိုင်အပ်တိုင်း ဆိုင်က မန်မိုရီကဒ်တို့ ဆင်းကဒ်တို့ ကိုယ်မဖြုတ်ထားလဲ သူတို့က ဖြုတ်ပေးတယ်လေ။

    • TNA

      June 3, 2013 at 4:52 pm

      ကိုခင်ခ ဘာဒွေများရိုက်ထားလို့ဒုန်း အာဟဲ

  • မောင် ပေ

    May 31, 2013 at 12:33 pm

    ဒီကိစ္စ ဖိုးဖိုး ပေ လုံးဝ မသိလိုက်ရဘူးကွဲ ့
    မောင်ပေါက် မန်းတလေး ရေ လင့်ခ်လေး မစတော်မူပါကွယ်
    ကျွတ်စ်
    ကြည်လင်ပြတ်သားမှု ရှိမှ ဖိုးဖိုးပေ တို ့က ကြိုက်တာနော

  • တစ်ခုလောက်တော့ပြင်မယ်ဗျာ…
    ဘယ်နှယ့် အိုင်တီသမားလဲ.. ဖုန်းပြင်သမားပြောပါဗျာ…
    ကျွန်တော်တို.အိုင်တီသမားတွေ ဘယ်တော့မှ သူများ ဗီဒီယို ဝက်ဘ်ပေါ်မတင်ဘူး………ဟွန်.
    ကြုံမှာ ဒီဗွီဒီ အချပ်လိုက် ကူးပေးလိုက်တာ……………အဟီးးးးးးးးးးးးးးးးးးးး :kwi: :kwi:

    • ဒက် . ဒက် .. တိုက်
      တား .. တား .. တားလေ ..
      အိုက်ဒါ .. အိုက်ဒါကို အော်ဒါ မွှာလို့ ရမားဟင်င် ..
      ဟီးးးးးးးးးးး
      :mrgreen: :mrgreen:

  • အရီးခင်လတ်

    May 31, 2013 at 2:24 pm

    တစ်ခုဘဲ သိချင်တာပါ။
    အဲဒီမင်းသား က အဲဒီ မင်းသမီး ကို အတည်ယူမတဲ့လား။
    မင်းသမီးက မယူလဲ အကြောင်းမဟုတ် ဆိုရင်တော့လဲ သူ့အရပ် နဲ့ သူ့ဇာတ် လို့ သာပြောတော့မယ်။
    ဒါပေမဲ့ အဲဒီ သူ့အရပ် ဆိုတာ တစ်ချိန်က ကိုယ် တန်ဖိုးရှိရှိ ကြီးပြင်းခဲ့တဲ့ အရပ်ဖြစ်နေတာရယ်၊ ဟိုးအရင်က ရှိခဲ့တဲ့ မြန်မာမလေးတွေ အလွန်တန်ဖိုးရှိတယ် ဆိုတဲ့ စကား က ပြတိုက်ထဲ ရောက်သွားတာရယ် ကိုတော့ စိတ်မကောင်းဘူး။
    ဒီနေရာမှာ ရှေးရိုးစွဲ လို့ဘဲ နေတော့မယ်။

    တစ်ချိန်က ဖိုးချို ရဲ့ “ချစ်သူ ကို” ဆိုတဲ့ သီချင်းကို ခံစားချက်အပြည့် နဲ့ ဆိုနိုင်တဲ့ သကောင့်သား များ ဒီခေတ် မြန်မာပြည်မှာ ရှိသေးလား သိတော့သိချင်သား။

    မှတ်ချက် – အနောက်တိုင်းမှာ ခရစ်ယာန် ဘာသာ ယုံကြည် ကိုးကွယ် သူ လူငယ်တိုင်း လက်မထပ်ခင် လိင်ကိစ္စပြုလုပ်ခြင်းကို ရှောင်ကြတာ ဒီနေ့ အထိဘဲ။
    အသိမိတ်ဆွေတွေထဲမှာ ရှိလို့ပါ။
    Promise of Purity ဆိုတာ ကို တန်ဖိုးထားတဲ့ အနောက်တိုင်းသားတွေတောင် ရှိနေတာ
    ဒီလို ထုံးစံရှိပြီး မြန်မာပြည်လို နေရာမှာ ဘာလို့ ဒီလို ပျောက်သွားခဲ့လဲ ဆိုတာ ????

    စိတ်ဝင်စားစရာ ဆောင်းပါးလေးထဲ က စာသားတစ်ချို့ မျှပေးပါတယ်။

    I was recently approached by my ten year old son with a question that sort of surprised me. He asked me for a “Promise or Purity” ring. With all the newest gizmos and gadgets of teens, preteens and tweens, I was very surprised to hear him ask for something as significant as a “Promise or Purity” ring. If anything I had expected him to ask for a cell phone, IPOD or Xbox 360. When the words “Promise or Purity” ring escaped from the lips of my ten year old, to be honest I was surprised.

    A “Promise or Purity” ring is an outward symbol of a promise made between a person and God to remain pure until marriage. It is a promise not to have sex prior to standing before your friends, family and God and saying the words “I DO” to the one you intend to spend the remainder of your days with. Many times there are even special ceremonies where children get up in front of their family and church to verbally proclaim their desire to keep their virginity until they are married. Also referred to as chastity rings, these rings are constant reminders to the wearer of the promise made between themselves and God to remain celibate until marriage.

    When I asked my son why he was interested in a “Promise or Purity” ring, I was rather impressed by his response. He explained to me that in Bible Study class his teacher and other students had been talking about how important marriage was. He also said because his father and I are divorced, it was even more important for him to find his life partner and to begin with a strong marriage. He explained that by keeping his virginity until marriage, it would start his marriage off on solid ground, ground that was firmly planted in Christ. It would prove he was trust worthy and deserving of his future bride.

    ဒါကိစ္စကို ထမင်းစားရေသောက် သဘောထားချင်လဲ ရပါတယ်။
    ဘဝမှာ ပလန်တစ်ခု ဆိုပြီး အသေအချာတွေး ထားရင်လဲ ရပါတယ်။
    ဒီတော့ ဒီမှာ Life Style ချင်း ကွာတာပေါ် မူတည်ပြီး စဉ်းစားပုံကွာမယ်။
    အဲဒီ ရလာဒ် က တစ်ဘဝလုံးပေါင်းရမဲ့ သူရဲ့ စိတ်အခြေအနေသိမှာဘဲ။
    မိန်းကလေး ကို တန်ဖိုးထားတဲ့ စိတ်ဓာတ် ရှိသူ ကောင်လေး ရဲ့ Life Style (ဒါမှမဟုတ်) ဘဝမှာ နေထိုင် မဲ့ ပုံစံ ဟာ မိန်းကလေးကို အလွယ် ရချင်တဲ့ စိတ်ဓာတ် ရှိသူ ကောင်လေး ရဲ့ Life Style (ဒါမှမဟုတ်) ဘဝမှာ နေထိုင် မဲ့ ပုံစံ မတူဘူး။
    မိန်းကလေး တွေ ဟာလဲ ဒီသဘောဘဲ။
    ကိုယ် အိမ်ထောင်တည်ပြီးချိန် ဘဝ မှာ ဘယ်လို ပုံစံ နဲ့ သွားချင်လဲ။
    ကိုယ့် အပေါ် ဘဲတည်ပါတယ်။

    အညံ့စား လွယ်ရာ တူရာစိတ်ဓာတ်ခြင်းရှိသူတွေ ပေါင်းတာ ဆိုလို့ ကတော့ ထပ်ပြီး အညံ့စား မျိုးဆက်တွေ ဘဲ ဆက်ရလာမှာ မထူးဆန်းဘူး။

    • ဝင့်ပြုံးမြင့်

      June 1, 2013 at 3:52 am

      အရီးလတ်နဲ့ ပြုံးနဲ့ အဲဒီနေရာမှာ အမြင်ချင်းမတူဘူး။ အရီးလတ်က မိန်းကလေးတွေကို တန်ဖိုးရှိစေချင်တယ်။ ပြုံးအမြင်မှာတော့ မိန်းကလေးတွေရဲ့ တန်ဖိုးဆိုတာ အဲဒီကိစ္စနဲ့ မဆိုင်၊ ပညာတတ်ဖြစ်ဖို့ပဲလိုတယ်လို့ ထင်တယ်။ ပြီးတော့ အိမ်ထောင်ရေးဆိုတာက တန်ရာ တန်ရာပါပဲ။ ဘာဥပဒေမှ တောင် မလိုပါဘူး။
      ကြိုတင်စမ်းသပ်မှုမရှိတဲ့ အိမ်ထောင်ရေးတွေဟာ ပြိုကွဲဖို့ အလားအလာ ပိုမများဘူးလား။ ပြုံးမိဘတွေကတော့ အဲဒီအတိုင်းပဲ။ ဟိုခေတ်အတွေးအခေါ်နဲ့ဆိုတော့ အိမ်ထောင်ပြိုကွဲခဲ့ကြ တယ်။ ကလေးတွေ ဓားစားခံဖြစ်တယ်။

      ပြီးတော့ ခေတ်အမြင်မှာဆိုရင် လက်မထပ်ခင် အတူနေ ယဉ်ကျေးမှုဟာ AIDS ရောဂါကို ထိန်းချုပ်နိုင်တယ် ထင်လို့ အတူနေကိစ္စတွေကို ပြုံး သိပ်ပြီးထောက်ခံပါတယ်နော်။

      • ဦးကြောင်ကြီး

        June 1, 2013 at 8:41 am

        ပညာတတ်ပါတယ်ဆိုတဲ့ မိန်းမ ကာမ သောင်းကျန်းတာ တွေ့ဖူးတယ်.. အားလားလား.. မထသ အမခေါ်ရလောက်တယ်…။ အမေပေးတဲ့ယာကွက် ကြိုက်တဲ့သူ ပေးထွန်တာ အပြစ်မပြောပါဘူး.. သို့သော် အဲဒီယာကွက်နဲ့ ဘဝတက်လမ်းရှာ၊ မျက်နှာပြောင်တိုက် မဟုတ်သလိုနေတာ တွေ့ပြန်တော့ ဒင်းကို အတုယူ လမ်းမှားလိုက်မည့် နောက်တက် သာမီးလေးတွေအတွက် ယင်လေးဒယ်… ဘာလို့လဲဆိုတော့ အနော်ကြောင်ကြီးမှာ သူတို့နွှာချင်တဲ့ ပိုက်ချံ၊ ရာထူး၊ ဂုဏ်ရှိန် မချိလို့…… :byae:

  • kai

    May 31, 2013 at 3:01 pm

    ဗီဒီယိုအက်ဒစ်တာ တယောက်ဆီချည်းကပ်..
    မျက်နှာနဲ့အရုပ် သေချာထပ်…
    ကလိတာရိတာအပြင် ထိတာလေးတွေပါတွဲထည့်
    အစစ်ကို အတုလုပ်
    အတုကို အစစ်ဟုတ်အောင်တင်
    သွားလေရော့.. လောကတခွင်..
    ဖေ့စ်ဘုတ်တခွင် လူတူမရှား
    ဟော..ကြည့်… အတုမဟုတ်လား..။

    (တွေးချင်သလိုတွေး.. ဖတ်ချင်သလိုဖတ်ပါ..။
    အဲဒါ.. အဖြေတခုသာ..) :kwi:

  • may july

    June 1, 2013 at 12:42 pm

    နောင်တဆိုတာ နောင်မှ တတတ်ကြတာမျိုးကိုးးးး

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 1, 2013 at 12:49 pm

    ကျုပ်လည်း ကိုယ့်ဖါသာပြန်ရိုက်ပြီး ဒေါက်တာချက်ကြီးဆိုဒ်မှာ
    ဟုမ်းမိတ် ဆိုပြီးတင်ခဲ့ဘူးတယ်

  • Mr. MarGa

    June 1, 2013 at 3:36 pm

    ကဗျာလဲမိုက်
    စာလဲမိုက်
    ငိုက်တိုက်တိုက်နဲ့
    ဖတ်သွားသဗျို့

  • အရီးခင်လတ်

    June 1, 2013 at 4:35 pm

    မပြုံးရေ

    အမြင်မတူတာလေး ဆွေးနွေးပေးလို့ ကျေးဇူးပါနော်။ 🙂
    ပြောချင်တာ အတူနေခြင်း မနေခြင်းထက် ကိုယ့်ကိုယ်ကို မဖြစ်သင့်တာ မဖြစ်အောင် စိတ်ထိန်းချုပ် နိုင်မှု ကို ပြောချင်တာပါ။

    ကျွန်မလဲ တကယ်တော့ ဟိတ်ဟန်လုပ်ပြီး မပြီးမစီးနိုင်ကို မင်္ဂလာပွဲတွေ နွဲပြတဲ့ တရားဝင်ကြောင်း လက်ထပ်ပွဲ တွေကို မကြိုက်ပါဘူး။
    စာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး နေရတဲ့ အနှောင်အဖွဲ့ ကိုလဲ လုံးဝ(လုံးဝ) ကို မနှစ်သက်ပါဘူး။
    ဒါပေမဲ့ ကိုယ့်နေထိုင်ရာ လူ့အဖွဲ့အစည်း က တစ်ချို့ အပိုင်းတွေ မှာ လို လို့ ဥပဒေ ဆိုတာ လုပ်ထားသမို့ ကိုယ်မကြိုက်လဲ လိုက်နာရမပေါ့။

    ကျွန်မတို့ လက်ထပ်တုန်းက စာချုပ်မှာ လက်မှတ်ထိုးတာ ဘယ်သူမှ မပါဘူး။
    အသိသက်သေ ကလဲ တရားရုံးက လူကြီး နှစ်ယောက်ကို အကူအညီတောင်းပြီး အသိလုပ်ခိုင်းလိုက်တာ။
    နီးရာသူငယ်ချင်း မိတ်ဆွေတွေဘဲ အသိပေး အမှတ်တရ ကျွေးတာမို့ ကျွန်မ တို့ မင်္ဂလာ စရိတ် ဘာဆို ဘာမှ (အဝတ်အစားဖိုးတောင်) မကုန်ပါဘူး။
    အဖေက တော့ စိတ်မကောင်းဘူး။ သူ့သမီး ကို ဒါထက်မက မြင်ချင်တာ။
    ဒါပေမဲ့ ကျွန်မတို့ လက်ထပ်တာ ဘဝ မှာ အေးအတူ၊ ပူအမျှ ရုန်းဖို့ အဖော်ရှာတာဘဲ။

    အဲဒီ အဖော်ဟာ ကျွန်မ အရင်းနှီးဆုံး သူငယ်ချင်းပါ။
    အဖြူစင်ဆုံး သူငယ်ချင်းဘဝ မှာ တစ်ယောက်အကြောင်း တစ်ယောက် သိပါတယ်။
    ၁ဝနှစ် ကျော် အဖြူစင်ဆုံး သူငယ်ချင်းဘဝနဲ့ ကျွန်မ တို့ လက်တွဲခဲ့ပါတယ်။
    အခုအထိလဲ သူငယ်ချင်း လိုပါဘဲ။ အင်မတန် ခင်မင် နေဆဲပါ။ အရင်လို ငြင်းခုံ နေဆဲပါ။
    သဘောကတော့ တစ်ယောက် နဲ့ တစ်ယောက် ရိုး မသွားဘူး လို့ ပြောလိုတာပါ။ 😉

    သေချာပါတယ်။ ကျွန်မ အတတ်ပြောရဲ တယ်။
    အဖိုးကြီး၊ အဖွားကြီး ဘဝ ထိ နေခွင့် ရရင်လဲ ကျွန်မတို့ အရင်လိုဘဲ။
    အမြဲနွေးထွေး နေမှာ။
    အဲဒါ ကျွန်မ လက်ရှိ ဘဝ ပါဘဲ။
    ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့ ဘဝကို ကျွန်မတို့ တဏှာပေမ ရှေ့ထားပြီး မဆောက်ခဲ့ လို့ဘဲ။
    တဏှာပေမ ထက်ပိုပြီး အရေးကြီးတာတွေကို ကျွန်မတို့ စဉ်းစားခဲ့လို့ဘဲ။
    ငွေ ကြေး ဂုဏ်ဓန ပေါ်မှာလဲ အခြေမခံဘူး။
    စိတ်တူ ရာ (အမြင် တူတာမဟုတ်၊ အမြဲ ကွဲပါတယ်) ကို အခြေခံခဲ့တာ။

    ကာမဆက်ဆံပြီးမှ တစ်ယောက်အကြောင်း တစ်ယောက် သိရမှာကတော့ မဟုတ်ပါဘူး ထင်ရဲ့။
    ယောကျာင်္းလေးဘက်က ဘာမှ မထူးပေမဲ့ မိန်းကလေး ကတော့ ထူးပါတယ်။
    အနည်းဆုံး ကိုယ်ဝန်ရှိသွားနိုင်ပါတယ်။
    ဟိုက မယူရင် ပြသနာတွေ အများကြီး ရှိလာပါမယ်။
    အဲလို ဇာတ်လမ်း တွေ က မြန်မာပြည်မှာ ဒီနေ့ အများကြီး ဖြစ်နေတာ။
    ဟိုမရောက် ဒီမရောက် ဗဟုသုတ နဲ ကြလဲ ပါသပေါ့။
    မိဘ ဆိုဆုံးမ အားနည်းပြီး သားသမီးကို ဂရုစိုက်မှု သွန်သင်မှု နဲ တာလဲ ပါသပေါ့။

    တစ်ခု တော့ ရှိတယ်။
    ကာမဆက်ဆံခြင်း ကို ကောင်း၊ မကောင်း ပေါ်မူတည်ပြီး ဘဝ လက်တွဲဖော် ရွေးမှာ ဆိုရင်တော့ အဲဒါက အရေးကြီးမှာပါ။
    ဒါပေမဲ့ အိမ်ထောင်ကျပြီး လို့ နှစ်ကိုယ်ဘဝကနေ မိသားစု ဖြစ်လာချိန် ဘဝတိုက်ပွဲ ကြမ်းကြမ်း တွေ ရှိလာတာ လူတိုင်းမှာပါ။
    အဲဒီချိန်မှာ ဘေးက ကိုယ့်တိုက်ပွဲဝင် ရဲဘော် က ဘယ်လို လူကို လိုချင်တာလဲ။
    ဒီမှာ စိတ်ဓာတ် ရေးရာ က အင်မတန် အရေးကြီးပါတယ်။
    အရင် ငယ်ကထဲ က သွေးနဲ့ကိုယ်၊ သားနဲ့ကို ထိန်းချုပ် နိုင်စွန်း ရှိသူတွေ ရဲ့ စိတ်ဓာတ်ဟာ မထိန်းချုပ် နိုင်ဘဲ ထင်ရာလွတ်သွားတတ်တဲ့ သူ နဲ့မတူပါဘူး။

    ရည်းစားတစ်ယောက် ထဲ နဲ့ ကြိုက်သလို ကဲပြီး ဒီလူ ကိုဘဲ ယူ ရင် ကို မဆိုးသေးပါဘူး။
    အခုဟာက ဒီလို မှ မဟုတ်တာလေ။
    ကိုယ့်ကို ဘယ်သူ ဘယ်လောက် ကြိုက်သလဲ ဖြစ်ချင်တာမို့ ကိုယ့်ဆီလာဖို့ ကို ရသလို ဖျားယောင်း နေကြတာ မြန်မာပြည် ရဲ့ မိန်းကလေးတွေ မှာ ဖြစ်နေတာ သတင်းတွေ အများကြီးဘဲ။
    အနောက်တိုင်း မှာ တောင် အဲလို ကဲချင်သလိုကဲ တာ ပညာမတတ် တဲ့ လူတန်းစားက များပါတယ်။
    အဲဒါအမှန်ပါ။
    ပညာတတ် လောကမှာ တော်ရုံ စောင့်ထိန်းပါတယ်။
    ဆက်ပြီး ပြောရရင် ယူကေမှာ Middle Class လို့ သတ်မှတ်ထားတဲ့ ပညာတတ်လူတန်းစား တွေဟာ ဆေးလိပ်၊ အရက် မသောက် ဘဲ ကျန်းမာရေးကို လိုက်စားလာကြတယ်လို့တောင် စစ်တမ်း ထွက်ပါတယ်။
    သဘောက ဘယ်ဟာကောင်းတယ်၊ မကောင်းဘူး ဆင်ခြင်နိုင်အား များလာပြီး စိတ် ကို ထိန်းချုပ်လာနိုင်တာလဲ ပါမှာပါ။

    အနောက်တိုင်း က လက်မထပ်ဘဲ အတူနေကြတာ က လဲ အကြောင်းရှိပါတယ်။
    လက်ထပ်ပြီးမှ ကွဲဖို့ ကွာဖို့ ဖြစ်လာရင် ပစ္စည်းခွဲတာ က အစ အတော်ရှုပ်ကုန်သမို့ တရားရေးအတွက်လဲ အင်မတန် စရိတ်ကြီးတာကိုး။
    နောက်ပြီး မင်္ဂလာဆောင်စရိတ် မကုန်ချင်လို့က လဲ အဓိက အကြောင်းဖြစ်မှာ။
    ဒီမှာ လက်မထပ်ဘဲ အတူနေကြတာဟာ တရားဝင် ဥပဒေ မပြုတာက လွဲလို့ မိဘ အိမ်က ခွဲပြီး အတူနေကြတာ၊ ကလေးယူတာ၊ အိမ်ထောင်တာဝန် ထမ်းတာ၊ အတူတူပါဘဲ။
    သူတို့ ဟာလဲ အိမ်ထောင်ရှင်ကောင်းတွေ ပါဘဲ။

    ဒီတော့ မြန်မာပြည်မှာလဲ လက်မထပ်ဘဲ အတူနေချင် နေပါ။
    တရားဝင် လက်မထပ် ဘဲ ကိုယ့်အိုးကိုယ့်အိမ် နဲ့ အတည်တကျ နေတာ အဲဒါက ပြသနာ မဟုတ်ပါဘူး။
    ပြသနာကတော့ သိတ်ပြီး မတွေးခေါ်တတ် တဲ့ ကလေးတွေဟာ Living Together ဆိုတာ ကို တလွဲ အဓိပ္ပါယ် ကောက် ကြမှာ အင်မတန် စိုးရိမ်ရပါတယ်။
    မြန်မာပြည်မှာ Living Together ဆိုတာဟာ လက်မထပ်ဘဲ ကာမ ဆက်ဆံ တာလို့ တွေးများ တွေး နေကြရင်တော့ သေပြီဆရာ ဘဲ။
    အဲဒါဟာ အဆိပ် ပါဘဲ။
    အဲဒါကို အ တွေးမမှား ဖို့ ပြောချင်တာပါ။

    ဆရာမ ဂျူး ရဲ့ အမှတ်တရ ထဲ က မင်းသား က တောင် ညအိပ်ညနေ တစ်အိမ်ထဲ နေတဲ့ မင်းသမီး ကို နမ်းရုံကလွဲ လို့ ဘာမှ မလုပ်ဘူး လို့ ရှိတာဘဲ။ 😉
    ဒါဟာ စောင့်ထိန်းနိုင်ခြင်း ကို ပြတာဘဲ။
    အခြေအနေမပေး လို့ မလုပ်ရတာထက် အခြေအနေပေးရက် မလုပ်ဘဲ စောင့်ထိန်းနိုင်တာ ပိုပြီး တန်ဖိုးရှိပါတယ်။

    မိန်းမ ၁၀ဝ မှာ ၉၉ ယောက် က ယောကျာင်္းတစ်ယောက် ဆီ ကနေ “မင်းကို လက်ထပ်ပါရစေ” လို့ ဒူးထောက်ပြီး လက်ထပ်လက်စွပ် ပေးလာမှာ ကို အရန်းတောင့်တ ကြပါတယ်။
    သဘောကတော့ ကိုယ့်ချစ်သူ နဲ့ မိသားစုဘဝ လိုချင်ကြပါတယ်။
    အဲဒါကို တန်ဖိုး ထားရင် ကိုယ့်ကိုယ်ကို လဲ တန်ဖိုး ရှိအောင် အရင်ကြိုးစားသင့်တာပါဘဲ။
    တန်ဖိုးရှိတဲ့ မိန်းမ တစ်ယောက် အတွက် တန်ဖိုးရှိတဲ့ ယောကျာင်္းတစ်ယောက် ရှိပါတယ်။

    ကျွန်မ က အစွန်းရောက်လွန်းရင်လဲ နဲနဲ ရွေ့ပြီး ကြည့်ပေးပါ။
    တစ်ဖက်စွန်း အထိတော့ မရောက်စေနဲ့ပေါ့။

    မပြုံး ရေ ပြန်ပြီး ဆွေးနွေး နိုင်ရင် ဆွေးနွေးပေးပါဦး။
    ဒါမှ ဟိုဘက် ဒီဘက် အပြန်အလှန် တွေးနိုင်ကြမှာ။
    မပြုံး အချိန်အတွက် ကျေးဇူးနော်။

    ကပေါက်ကြီး Post မှာ စကား ရှည် နေမိတာ စိတ်မရှိဘူး လို့ ထင်ပါတယ်။
    မြန်မာပြည်က မိန်းကလေးများ နဲ့ မိဘများ ဆီ ကို ပြောချင်တာလေးတွေ ပြောခွင့် ရလို့လဲ ကျေးဇူးပါဗျို့။
    ဆက်ပြီး စဉ်းစားခြင်း ကတော့ သူတို့ အပိုင်းဘဲပေါ့။

    အနည်းဆုံးတော့ သိက္ခာရှိတဲ့ ၊ ပညာရှိတဲ့ မိန်းကလေး တစ်ယောက် တိုးရင်ကို အဲဒီမိန်းကလေး ရဲ့ မျိုးဆက် က ပိုပြီးအသိပညာ မြင့်ဖို့ကို မျှော်လင့်လို့ ရပါတယ်။
    အသိပညာ နဲ့ စောင့်ထိန်းနိုင်အား ကောင်း တဲ့ မျိုးဆက် တွေ လက်ထဲ မှာ မြန်မာပြည် ကို ပိုပိုပြီး တိုးတက်မြင့်မား စေချင်ပါတယ်။
    ဒါဟာ ကျွန်မ ရဲ့ စစ်မှန်တဲ့ စေတနာပါဘဲ။
    ဒီအတွက် ကျွန်မ အချိန်တွေကို ဒီမှာ လာပြီး သုံးနေတာပါ။
    😛

    • ကထူးဆန်း

      June 1, 2013 at 10:54 pm

      ဆရာမ ဂျူး ရဲ့ အမှတ်တရ ထဲ က မင်းသား က တောင် ညအိပ်ညနေ တစ်အိမ်ထဲ နေတဲ့ မင်းသမီး ကို နမ်းရုံကလွဲ လို့ ဘာမှ မလုပ်ဘူး လို့ ရှိတာဘဲ။ 😉

      ရွာထဲ က ဦးကျောက် ကို အရီး မေ့သွားပြီလား … :hee: ကိုယ်တိုင် ဝန်ခံချက်နော်…

    • ဦးကြောင်ကြီး

      June 2, 2013 at 8:56 am

      အရီးလတ်ပြောတာ ထောက်ခံပါတယ်… သာမီးလေးတွေ လစ်ဗင်းတူဂဲသားကို လွတ်လပ်စွာ ကာမ သောင်းဂျန်းပိုင်ခွင့်လို့ အမှတ်မှားသွားမှာ စိုးရိမ်ပါတယ်.. အနည်းဆုံးတော့ ဦးကြောင် ပျံလာသည်အထိ ခဏသည်းခံ စောင့်ဂျပါလို့ ပေါဂျင်ဒယ်.. အဲနောက်ပိုင်းတော့ စိတ်ရှိဘောရှိ ထင်ဒိုင်းကဲဂျပေါ့ကွာ…။ စဂါး ကောင်းပျံပေါမယ်.. အဲလို ပြောနေရတာ မြန်မာပြည်မှာ အပျုစင်ဘဝ တန်ဖိုးထားတဲ့ဓလေ့ များစွာကျန်သေးတယ်လို့ ယူဆမိလို့ တိုက်တွန်နေရဂျင်း ဖြစ်ပါတယ်.. အခြားတိုင်းဗျီတွေမှာလို ဆယ်ကျော်သက်ထဲက လိင်ဆက်ဆံမှု မဆန်းတော့ဆိုရင် သို့မဟုတ် အဲဒီအချိန်ရောက်လာရင် (ရောက်လဲရောက်လာရမှာပါ.. ဘလို့လဲဆိုဒေါ့ မြန်မာ့ယဉ်ကျေးမှုမှာ တင်းကျပ်တဲ့ အစွန်းရောက် ဘာသာရေး မထွန်းကားဘူး) အဲဒီပုံစံပေါ့ဗျာ.. အခုတော့ တဝက်စီလို့ ယူဆပြီး စောင့်ထိန်းခြင်း အလေ့အထ အပျက်မခံဂျပါနဲ့အုံးလို့………….

      • မောင် ပေ

        June 2, 2013 at 11:50 am

        “ အပျိုစင်ဘဝ တန်ဖိုးထားတဲ့ဓလေ့ များစွာကျန်သေးတယ်လို့ ယူဆမိလို့ ”
        မှန် လိုက် လေ ကြာကြာကတ် ရယ်
        ကျန် သေး တာ ပေါ့ ဗျာ
        ကျုပ် တို ့အ ထက် မြန် မာ ပြည် ဘက် မှာ တော့ တော်တော်များများ ကျန်ပါသေးတယ်
        ဥပမာ တစ်ခု ပြောရရင်ကို
        အလယ်ပိုင်း အပူပိုင်းဒေသ က ရွာတွေ မှာ
        မုဆိုးမ အိမ် ည အချိန်မတော် ဝင် ဆွဲ လို ့ ဒဏ်ငွေ ၁ သိန်း လျော်ရရင်
        အပျို အိမ် ဆိုရင် ၁ဝ သိန်း လောက် လျော်ရတယ် လို ့ သိရတယ်
        နောက်ပြီး မြန်မာနိုင်ငံမှာ မွေးတဲ့ မြန်မာ ယောက်ျား တော်၂များများ / ဘယ်နိုင်ငံရောက်၂ ၊ မြန်မာနိုင်ငံထဲမှာပဲ ဖြစ်ဖြစ်
        မိန်းမရှုပ်ရင်သာ အပျို / အအို မရွေးပေမယ့်
        တစ်ဘဝလုံးစာ လက်ထပ်ဖို ့ရွေးပြီ ဟေ့ ဆိုရင် အပျိုပဲ ရွေးကြတာကလား

  • ko pauk mandalay

    June 1, 2013 at 5:04 pm

    ကိုလတ်ကြီးရေ
    အခုလို စေတနာရှေ့ထားပြီး စကားတွေရှည်ကြတာမြင်တော့ ကျေးဇူးတင်ဝမ်းသာပါ၏။
    အတွေးစဉ်မှ အမြင်တွေထုတ်ပြကြစေလိုပါတယ်။

  • အရီးခင်လတ်

    June 1, 2013 at 5:49 pm

    ဆက်ပြီး ရွှီးရရင်တော့
    ဒီ လို ကလေးတွေ ဖြစ်နေတာဟာ သူတို့ ဘာလုပ်ရမယ် ၊ ဘာလုပ်သင့်တယ် ဆိုတာ မသိလို့ ပါ။
    ငယ်ကထဲ က သူတို့ ကို အသိပညာအတွက် အကျိုးရှိစေမဲ့၊ သူတို့ စိတ်ပါဝင်စားတဲ့ သင်တန်းတွေ၊ အဖွဲ့စည်းတွေ နဲ့ ပံ့ပိုးမှု တွေ သာ ရှိခဲ့ရင် အဲဒီမှာ စိတ်ဝင်စားပြီး အဲဒီ မှာအချိန်တွေ သုံးနိုင်မှာပေါ့။
    အခုတော့ အင်တာနက် သုံးတာတောင် အီစီကလီရိုက်ဖို့၊ ချက် လုပ်ဖို့ ဖြစ်မှတော့ သူတို့ ကြီးလာချိန်မှာလဲ သူတို့ မျိုးဆက်ကလေးတွေ ကို ဘာပညာအသိ နဲ့ သွန်သင်မလဲ။
    ဒါနဲ့ တင် မျိုးဆက်သစ်တို့ တိုးတက်ဖို့ မဟုတ်ဘဲ ပိုပြီး နိမ့်ကျဖို့ သာဖြစ်တော့မှာ။
    ဒါဟာ မိဘတွေ မှာလဲ တာဝန်ရှိတယ်၊ ကျောင်းမှာလဲ တာဝန်ရှိတယ်၊ အစိုးရမှာလဲ တာဝန်ရှိပါတယ်။
    ဒါကို အခုချိန်မှာ အသေအချာ မစဉ်းစား တာဝန်မယူဘဲ ထားလို့ ကတော့ ညံ့တာတွေ အချင်းချင်း တိုက်စားပြီး ဘယ်တော့မှ နလန်ထူနိုင်မှာ မဟုတ်ပါ။
    ဘာကို ဘယ်လို သွန်သင်ရမှန်းမသိတဲ့ စီးပွါးဘဲ ဖိရှာနေရတဲ့ မိဘတွေရယ်၊ ကျူရှင်ကလွဲလို့ တစ်ခြားအပို သင်ကြားဖို့ စိတ်မပါတဲ့ ဆရာတွေရယ်၊ ကိုယ်သာနေရာမြဲရေး အာဏာရူး အစိုးရရယ် သူတို့လက်ထဲ မှာ ကျွန်မတို့ ရဲ့ အနာဂါတ်ပန်းတွေ ကြွေလင့် နေတာ ဆန်းတော့ မဆန်းပါဘူး။

    • surmi

      June 1, 2013 at 11:52 pm

      အရီး အရီး
      ဒီတစ်ခါ ဗမာပြည်ပြန်လာရင် ဖိုးချိုသီချင်းဆိုပြမယ် ..
      :harr:

  • ဝင့်ပြုံးမြင့်

    June 1, 2013 at 10:38 pm

    အရီးလတ်ရေ- တကယ်တော့ အရီးလတ်လည်း ကိုယ့်မေးခွန်း ကိုယ်ဖြေပြီးသွားပြီလေ။ ဒုတိယကွန်မင့်က မေးခွန်း။ တတိယကွန်မင့်က အဖြေ။
    —-
    လူတစ်ယောက်ဟာ သူ့ကိုယ်သူ ပိုင်ပါတယ် အရီးရေ။ အဲဒီလိုပဲ သူ့ sex ကို သူပဲပိုင်ပါတယ်။
    မြန်မာအသုံးအနှုန်း ကာမပိုင်လင်ယောက်ျား ဆိုတာ ဘာမှန်းကို မသိဘူး။ ကိုယ့်ကာမကို ယောက်ျားက ပိုင်တာလား။ ကိုယ်ပိုင်တာ မဟုတ်ဘူးလား။
    ပြုံးက အဲလိုပဲ နည်းနည်းတော့ ဂေါက်တယ်။
    —–
    ဟိုရှေးတုန်းကတော့ မြန်မာမိန်းကလေးတွေဟာ မိဘအုပ်ထိန်းမှုအောက်မှာ နေကြရတယ်။ နောက်တော့ အိမ်ထောင်ချပေးလိုက်ကြတယ်။ လင်ယောက်ျားရဲ့ အုပ်ထိန်းမှုအောက်မှာ နေကြရတယ်။ ဒီတော့ မိန်းကလေးတွေဟာ သူတို့ကိုယ်သူတို့ မပိုင်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ နေခဲ့ကြတာပါ။ တကယ်တော့ မိဘကတောင် သားသမီးကို မပိုင်တာပါ။ မိဘပိုင်တာက သားသမီးကို ပြုစုပျိုးထောင်ခွင့် -အဲဒီအခွင့်အရေးကိုသာ မိဘပိုင်တာပါ။ မိန်းကလေးတွေ အပျိုစင်ဘဝစောင့်ထိန်းတာကို ကိုယ်ကျင့်စာရိတ္တစံ အဖြစ် သဘောထားခဲ့ကြတယ်။ အိမ်ထောင်ချပေးလိုက်ပြီဆိုရင် ကိုယ်ကျင့်စာရိတ္တ အသာစီးရတဲ့လူက အားကောင်းပြီးသားပဲ။ ဒီအတွက် မိန်းကလေးတွေ ကိုယ်ကျင့်စာရိတ္တစံ ရအောင် စောင့်ထိန်းကြရတယ်။
    တကယ်တော့ မင်္ဂလာဆောင်ကြတာဟာ မိန်းကလေးဘက်က တင်တောင်းရတဲ့ကြေးက အပျိုစင်ဘဝ လို့ ထုတ်ဖော်မပြောဘဲ လက်သင့်ခံထားပြီးသား ယဉ်ကျေးမှုတစ်ခု ဖြစ်နေခဲ့ပြီ။
    —–
    အဲဒီကိစ္စ “စောင့်ထိန်းမှု ” ဆိုတာနဲ့ မိန်းကလေးတွေကို တုပ်ထားလိုက်တာ။
    ဒီဘက်ခေတ်မှာ အဲဒီအတွေးအခေါ်ဟာ မှားတယ်လို့ မြင်ပါတယ်။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်ပိုင်တဲ့အတွက် အပျိုစင်ဘဝကို သတို့သမီးတင်တောင်းကြေးအဖြစ် သဘောမထားတာ အပြစ်တစ်ခု မဟုတ်တော့ဘူး။ ဒီဘက်ခေတ်မှာ ဘဝတစ်ခု ထူထောင်ဖို့ ၂ယောက်စလုံး အင်တိုက်အားတိုက် ရုန်းကန်ရတာဆိုတော့ အရာရာ အသင့်မဖြစ်ဘူး။ အချိန်ယူရတယ်။ ဒီကြားကာလမှာ ချစ်သူချင်းနားလည်မှု ရှိတာ သိပ်ကောင်းပါတယ်။ စောင့်ထိန်းချင်တယ်ဆိုရင်လည်း သဘောပေါ့နော်။
    မိန်းကလေးဘက်က ပေးလိုက်ပြီးမှ ယောက်ျားလေးက ရပြီးသွားတော့ တကယ်ယူဖို့ အင်တင်တင်ဖြစ်သွားရင်လည်း သွားပေါ့။ စောစောစီးစီး သိရတာ ပိုကောင်းပါတယ်။ ဒါကို စာမေးပွဲစစ်တယ် လို့ သဘောထားရင် ကောင်းပါတယ်။
    —–
    ပြောသာပြောရ။ ပြုံးလည်း အရီးလတ်နဲ့ ဘဝတူတွေပါပဲ။ နောက်ဆုံးတော့ ၁ဝနှစ်ကျော် ခင်မင်ခဲ့တဲ့ ငယ်သူငယ်ချင်းကိုပဲ ယူခဲ့တာပါ။ ဒီကြားထဲ ရည်းစားတွေ ဗျောက်သောက်ထားလိုက်သေးတယ်။ လူဖြစ်စော သွားတာ နာတယ်နော်။ နည်းနည်းသာနောက်ကျပြီး လူဖြစ်လို့ကတော့ အင်တာနက်တန်ခိုးနဲ့ အနည်းဆုံး ရည်းစားကို ဦးနှောက်က မှတ်မိသလောက် အယောက် ၁၀ဝ လောက်ထားနိုင်မှာ … ဟီး။
    —-
    ဆရာမ ဂျူး ရဲ့ အမှတ်တရ က ဆရာမက လက်ရှိန်သတ်လိုက်တယ် ထင်ပါတယ်။ ရသပိုင်း သိပ်ကောင်းပေမယ့် ယုတ္တိ သိပ်မရှိဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီထဲက မင်းသားကတော့ သစ္စာမရှိဘူးလေ။ စောင့်ထိန်းသည်ဖြစ်စေ၊ မစောင့်ထိန်းသည် ဖြစ်စေ အဲဒီမင်းသား သစ္စာမရှိဘူး။
    —-
    ပြီးတော့ အရီးလတ်တို့ အင်္ဂလန်ရောက်နေတော့ မြန်မာပြည်နယ်က အဖြစ်တွေ သိပ်မသိလောက်ဘူး။ ဒီဘက်ခေတ် မိန်းကလေးတွေ ၁၅ နှစ်ဆို အကုန်သိ အကုန်တတ်၊ မသိသင့်တာမှန်သမျှ အကုန်သိပြီး သိသင့်တာမှန်သမျှ ဘာမှမသိကြတာ။ ပညာရေးညံ့ဖျင်းမှု အဓိက လို့ပဲ ပြောချင်ပါတယ်။ မိန်းမတစ်ယောက်ကို ပညာသာတတ်အောင် သင်ပေးလိုက်ရင် ကိုယ့်ကိုယ်ကိုယ်ရေစုန်မျောတဲ့ အလုပ် ဘယ်လုပ်တော့မလဲ။ အရည်အချင်းရှိသွားရင် သူတစ်သက်လုံး ခိုင်းစားလို့ရမယ့်ယောက်ျားတစ်ယောက်ကို သေချာပေါက်ရှာနိုင်ပါတယ်။ (သူသာ ဆန္ဒရှိရင်)

    • e tone

      June 4, 2013 at 11:23 am

      ဆရာမ ဝင့်ပြုံးမြင့်ရဲ့ ….

      လူတစ်ယောက်ဟာ သူ့ကိုယ်သူ ပိုင်ပါတယ် ။ အဲဒီလိုပဲ သူ့ sex ကို သူပဲပိုင်ပါတယ်။ မြန်မာအသုံးအနှုန်း ကာမပိုင်လင်ယောက်ျား ဆိုတာ ဘာမှန်းကို မသိဘူး။ ကိုယ့်ကာမကို ယောက်ျားက ပိုင်တာလား။ ကိုယ်ပိုင်တာ မဟုတ်ဘူးလား။ဟိုရှေးတုန်းကတော့ မြန်မာမိန်းကလေးတွေဟာ မိဘအုပ်ထိန်းမှုအောက်မှာ နေကြရတယ်။ နောက်တော့ အိမ်ထောင်ချပေးလိုက်ကြတယ်။ လင်ယောက်ျားရဲ့ အုပ်ထိန်းမှုအောက်မှာ နေကြရတယ်။ ဒီတော့ မိန်းကလေးတွေဟာ သူတို့ကိုယ်သူတို့ မပိုင်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ နေခဲ့ကြတာပါ။

      ဆိုတာကိုတော့ အကြွင်းမဲ့ထောက်ခံပါတယ် ။
      မိန်းမတွေကို တဆင့်နိမ့်လူသားလို ထိန်းချုပ် ဆက်ဆံတာတွေကိုလည်း မနှစ်မြို့ပါဘူး ။ ယောကျာ်းမို့လို့ အိမ်ထောင် ဦးစီးဖြစ်တယ် အိမ်ရဲ ့ ပင်မတိုင်ဖြစ်တယ်လို့ ပြောလျှင် အဲ့ဒီယောကျာ်းကို မွေးပေးတာ မိန်းမတစ်ဦးဖြစ်တဲ့ သူ့အမေဆိုတာလေး … တချို့ယောကျာ်းတွေ မေ့နေကြတယ် .. ။ ယောကျာ်းမို့ မိန်းမမို့လို့ ငါတကော ဖြစ်နေတာထက် မျှမျှတတ ဆက်ဆံရေးမျိုးလေးတွေကို ပိုသဘောကျတယ် ။

      အိမ်ထောင်ကျပြီးလို့ လင်ယောကျာ်းအပေါ် သစ္စာစောင့်သိတယ်ဆိုတာကတော့ ကိုယ်က လိုလိုလားလားနဲ့ တဦးတယောက်တည်းအတွက် ထိန်းချုပ်မှုတစ်ခုလို့ပဲမြင်ပါတယ် … သူကရှာကျွေးလို့ ၊ သူ့အရိမ်ခိုနေလို့ ကိုယ်က ထိန်းထားခံရတာမျိုးမဟုတ်ဘူး…ကိုယ့်အသိနဲ့ကိုယ် သူ့ရဲ့ အိမ်ထောင်ဖက်ဖြစ်နေတယ်ဆိုတဲ့ အသိကြောင့်ပဲ တည်တည်ငြိမ်ငြိမ်နေတာမျိုး၊ စောင့်ထိန်းတာမျိုးလို့ ယူဆထားပါတယ် (အိမ်ထောင်မရှိသေးလို့ … ဂလောက်ပဲ တွေးမိပါတယ်) ။
      မိဘက မွေးခဲ့ပေမယ့် အသက်ပြည့်တဲ့ အခါ စောင့်ထိန်းမှုဆိုတာက ကိုယ်ပိုင်ခံယူချက် ၊ ဦးနှောက်အသိဉာဏ်နဲ့ ထိန်းချုပ်စောင့်ထိန်းရတာမျိုးလို့ လက်ခံထားပါတယ် ။ အိမ်ထောင်ကျပြီး / မပြီး ကိုယ်တိုင်က အပေးကမ်းရက်ရောလို ့ တွေ့သမျှလူ လှူနေတာမျိုးတော့ အားမပေးပါဘူး ။ ဘယ်လောက် စိတ်ချတဲ့ အကာကွယ်ပဲ ယူယူ ၊ ပတ်သတ်သူများလေ (HIV/AIDS) ကူးစက်ခံရနိုင်ခြေများလို့ပါပဲ … ။အကာကွယ်ဆိုတာမျိုးတွေကလည်း … ရာနှုန်းပြည့် စိတ်ချလို့ မရကြောင်းလည်း ဖတ်ခဲ့ရဖူးပါတယ် ။

      လေးပေါက်ရဲ့ ဇာတ်လမ်းမှာ …. (ကိုယ်ထင်တာ ကိုယ်ပျော့စ်စ်ဘာမီ :mrgreen: ) လက်မထပ်ခင် လိုက်လျောခဲ့ပြီးမှတ်တမ်းတင်တာ လက်ခံတဲ့ မိန်းကလေးလည်း ၊ မမှားဘူး ။ သူလိုချင်တာ သူ့ချစ်သူကို တောင်းဆိုတဲ့ ကောင်လေးလည်း .. မမှားဘူး ။ အရွယ်ရောက်ပြီးသား လူ နှစ်ယောက်ရဲ့ ပတ်သတ်မှုနဲ့ စောင့်ထိန်းမှုကသူတို့ နှစ်ဦးပေါ်မှာပဲ မူတည်နေတာလို့ လက်ခံထားလို့ပါ ။ ကိုယ့် ဦးနှောက် အသိဉာဏ်အရ ရွေးချယ်မှုနဲ့ ပတ်သတ်တဲ့ နောက်ဆက်တွဲ … ဆိုးကျိုးရဲ့ ဂယက် ရိုက်ခတ်ခံခဲ့ရင်တောင် … ရင်ဆိုင်နိုင်ဖို့ စိတ်ဓါတ်တော့ ရှိထားမှ ဖြစ်မယ် ။ ဘယ်သူ မပြု မိမိမှုဆိုတာလေးတော့ …. လက်ခံထားရမယ် ။

      အဓိက တရားခံက ဖုန်းပြင်တဲ့ တစ်ယောက်ပါ … ။ ဆားဗစ်ကြေးလည်း ယူသေးတယ် ၊ အလုပ်အပ်သူရဲ့ ပရိုက်ဗိတ်ဆီကိုလည်း ချိုးဖောက်သေးတယ် …. စိတ်ဓါတ်အောက်ကျတာကတော့ ကမ်းကို ကုန်ရော … ။ သူများဖိုင်တွေကြည့်ခဲ့တယ်ဆိုလျှင်တောင် ပါ့ဘလစ်လုပ်ဖို့ထိ မယုတ်မာသင့်ဘူူး ။ အဲ့တိရိစာ္ဆန်က ကိုယ့်ကို မွေးခဲ့တဲ့ အမေတောင် မိန်းမဆိုတဲ့ အမျိုးဆိုတာ .. မေ့သွားပုံရတယ် …။

      ဇာတ်လမ်းကတော့ ပါ့ဘလစ်ဖြစ်ပြီး ၊ ကောင်မလေး အရှက်ကွဲခဲ့တယ်ပေါ့ …. ။ ငါ့ပုံ အင်တာနက်ပေါ် ပြန့်သွားပြီ ဆိုတဲ့အသိက … ကိုယ့်ကိုယ်ကို သေဒဏ်စီရင်ရလောက်အောင်အထိ လုံလောက်တဲ့ အကြောင်းပြချက် ဟုတ်မဟုတ်ဆိုတာကတော့… ကာယကံ မိန်းကလေးရဲ့ စိတ်ခံစားမှုပေါ်မှာပဲ မူတည်တယ် … ။ တကယ်တော့ ဘဝမှာ အဆိုးတွေ အကောင်းတွေ တလှည့်စီ ဒွန်တွဲနေခဲ့တာပါ .. အမှတ်မထင် ခြေချော်လဲတယ်ဆိုလျှင်တောင် ရုန်းထဖို့ ခွန်အားရှိရပါမယ် ။ လဲတဲ့နေရာ မထနိုင်ခဲ့လျှင် လမ်းကလူတွေ တက်နင်းခံရနိုင်ပါယ် ။ ပြင်ဆင်ခွင့်မရှိတဲ့ အတိတ်အတွက် ပူဆွေးနေရတာမျိုးက မတန်ဘူး မိအေး နှစ်ခါ နာရတဲ့ အဖြစ်မျိုးလေ ။လက်ရှိ အခြေနေကိုပဲ ရဲရဲ ရင်ဆိုင် ရပ်တည်ရင်း … အချိန်တွေကုစားသွားချိန်ကျ … စိတ်သက်သာရာရပါလိမ့်မယ် ။

  • kai

    June 2, 2013 at 3:51 am

    အရီလတ်နဲ့..ဆရာမပြုံးတို့ အတွေးအခေါ်တွေကို.. ကွန်ဆာဗေးတစ်နဲ့.. လစ်ဘရယ်အားပြိုင်တာလို့ထင်မိတယ်..
    ၂ဖက်လုံး အမြင်တမျိုးစီနဲ့.. မှန်တယ်ထင်မိပါတယ်..

    ဒါပေမယ့်…
    မြန်မာပြည်အခုအခြေအနေဟာ.. ကွန်ဆာဗေးတစ်လွန်းနေတာမို့.. လစ်ဘရယ်ဖက်ယိမ်းတာက.. သင့်လျှော်တယ်ထင်မိပြီး.. ဒီလိုနဲ့.. (သဘာဝအလျှောက်) အလယ်ဖက်ရွေ့လာမယ်ထင်ပါကြောင်း……။

    လူတစ်ယောက်ဟာ သူ့ကိုယ်သူ ပိုင်ပါတယ် အရီးရေ။ အဲဒီလိုပဲ သူ့ sex ကို သူပဲပိုင်ပါတယ်။
    မြန်မာအသုံးအနှုန်း ကာမပိုင်လင်ယောက်ျား ဆိုတာ ဘာမှန်းကို မသိဘူး။ ကိုယ့်ကာမကို ယောက်ျားက ပိုင်တာလား။ ကိုယ်ပိုင်တာ မဟုတ်ဘူးလား။

    အဲဒီမှာ.. ကာမပိုင်ဆိုတာ.. ကာမကို.. အထူးခွင့်မတောင်းပဲရယူပေးဆပ်ခွင့်ရှိဖို့.. စာချုပ်ချုပ်သဘောတူထားသူလို့ဖွင့်ချင်တာပါ…။
    လွယ်လွယ်နဲ့.. မုဒိန်းမှုနဲ့..တရားစွဲလို့မရဘူးပေါ့…
    မြန်မာပြည်ရဲ့.. “ကာမေသုမိစ္ဆာ”.. အူကြောင်ကြောင်ဖွင့်ချက်နဲ့တော့.. မဖြစ်ဖူးပေါ့…။ :kwi:

  • ဆူး

    June 2, 2013 at 12:40 pm

    အရီးလတ် နဲ့ ဆူး နဲ့ ဒီတခါ သဘောထားခြင်း တိုက်ဆိုင်ပါတယ်။
    အမျိုးသမီး တယောက် အနေနဲ့ တွေးကြည့်ပါတယ်။
    အရီးတို့ အန်တီ တို့ ဆွေးနွေးကြတဲ့ အထဲမှာ အိမ်ထောင်ဖက်တွေက နှစ်ပေါင်းများစွာ ခင်မင်မှုတွေနဲ့ စတင်ပြီး သံယောဇဉ် ဆောက်တည်ပြီး မှ တူနှစ်ကိုယ်တိုင်းပြည် တည်ထောင်ကြတယ်လို့ ရေးထားတာ တွေ့လို့ စိတ်တူ ကိုယ်တူ နဲ့ ပျော်ရွင်စရာ ကောင်းတဲ့ ဘဝတွေကို ပိုင်ဆိုင်ကြလိမ့်မယ်လို့ ယူဆပါတယ်။

    ဆူး အသက်နဲ့ ဆိုရင်တော့ အရီးတို့ အန်တီ ပြုံးတို့ထက် လူဖြစ်နောက်ကျမယ် ထင်တယ်။
    ဆူး အိမ်ထောင်ဖက် နဲ့ ရနှစ်ချစ်ကြိုက်ခဲ့ပြီးမှ လက်ထပ်ယူခဲ့ကြတာပါ။
    ခေတ်မှီတဲ့ အင်တာနက် ခေတ်ကြီးထဲမှာ ချစ်သူ ဖြစ်ခဲ့ကြပါတယ်။
    ဆူး ရဲ့ ရင်အုပ်မကွာ ထိန်းချုပ်လွန်းတဲ့ မိသားစု အသိုင်းအဝိုင်းကြောင့် ချစ်သူ ရှိတာ သိတော့ သင်တန်းတွေ အကုန် တခုမှ ပေးမတက်တော့ပဲ အိမ်ထဲမှာပဲ ပိတ်ထားလိုက်ကြတယ်။ ရုပ်ရှင်ထဲကလိုပါပဲ.. လက်ကိုင်ဖုန်းက အစ သိမ်းသွားကြတယ်။
    အိမ်ဘေး ပတ်ဝန်းကျင်မှာလည်း ရွယ်တူ မရှိပါဘူး။ ကျောင်းတက်တုန်းက ခင်မင်တဲ့ သူငယ်ချင်းတွေ ဟိုသွား ဒီသွား ခေါ်ရင်လည်း အိမ်က မလွတ်တဲ့ အတွက် ဘယ်မှ မသွားရဘူး။ အင်တာနက် ခေတ်ကြီး ရဲ့ ကောင်းမှုကြောင့် ချစ်သူနဲ့ အဆက်အသွယ်မပြတ် နေ့တိုင်း အင်တာနက်က ခိုးချက် (စာရိုက် စကားပြော) ရတယ်။
    ရင်ခုန်စရာလေးတွေထဲက လူလစ်တဲ့ အချိန်ဖုန်းခိုးဆက်ရတယ်။ နေ့နေ့ညည ဖုန်းခိုးဆက်တဲ့ အချိန် သူ့ဘက်ကလည်း ဘယ်အချိန် ဆက်ဆက် ပြန်ဆက်ပေးဖို့ အချိန်မရွေးအဆင်သင့် ဖြစ်နေတတ်တယ်။

    ရန်ဖြစ်လည်း အင်တာနက်မှာပဲ.. ချစ်တာလည်း အင်တာနက်ကပဲ..
    အင်တာနက် ခေတ်ကြီးထဲမှာ လူမမြင်ဖူးပဲ ကြူတဲ့ လူတွေ များစွာ ရှိပါတယ်။
    လူမြင်ပြီးလည်း ချစ်ပါတယ် ဆိုတဲ့ လူတွေ လည်း အများကြီး ကြုံဖူးပါတယ်။
    အမှောင်ဖုံးပြီး ဒီလူမှ ဒီလူ ဖြစ်တယ်လို့ပဲ ပြောလည်း ရပါတယ်။
    ရနှစ် အချိန် အတွင်းမှာ မိဘတွေရဲ့ တွန်းအားနဲ့ ယူစေချင်လို့ ဖိအားပေးတဲ့ လူတွေရှိခဲ့ပါတယ်။
    လုပ်ငန်းခွင် ထဲမှာ တွေ့ကြုံပြီး ချစ်ခွင့်ပန်တဲ့ လူတွေလည်း ရှိခဲ့ဖူးပါတယ်။
    အိမ်ထောင်မကျခင် အထိ လည်း ချစ်ခွင့်ပန်ပြီး အသည်းအသန် ကြိုက်ပါတယ် ဆိုတဲ့ လူတွေလည်း ရှိခဲ့ဖူးတယ်။
    ကိုယ့်ဂုဏ် ကိုယ်ဖော်ပြီး ကြွားချင်လို့ မဟုတ်ပါဘူး။

    ချစ်သူ ဖြစ်ခဲ့ကြတဲ့ သက်တမ်း တလျှောက် ကိုယ့်ဘက်က အမြဲတမ်း စောင့်ထိန်းပါတယ်။ ချစ်သူ ရှိတာပဲ ယောကျား ရှိတာမှ မဟုတ်တာ.. အပြိုင်ထား ဘာဖြစ်လဲ.. အချိန်မရွေးပြတ်နိုင်တာပဲ ဘာဖြစ်လဲ.. နင် ငါ့ကို ကြိုက်လို့ ရတယ် ပြောတဲ့ လူတွေ ရှိပါတယ်။
    ဘယ်သူတွေ ဘယ်လို ပြောပြော ကိုယ့် သိက္ခာ အတွက် ကိုယ့်ဟာ ကိုယ် စောင့်ထိန်း ရမယ် ထင်ပါတယ်။

    ပညာ အရည် အချင်း အနေနဲ့ ပြောမယ် ဆိုရင်လည်း သာမာန် ရိုးရိုး ဘွဲ့ကလေးပဲ ရှိပါတယ် ဘာမှ မယ်မယ်ရရ မတတ်ပါဘူး။

    အန်တီပြုံး ရဲ့ ကာမပိုင် ဆိုတဲ့ ကိစ္စလေး နားလည်းသလို တွေးကြည့်ချင်ပါတယ်။
    မုန့်ဟင်းခါး ဆိုတာနဲ့ မုန့်ဖတ် နဲ့ ဟင်းရည် လို့ အလိုလို သိကြသလို ဒီလူ နဲ့ ဒီလူ ဒီလိုပဲ လို့ တွဲပြီး သိကြတဲ့ သဘောလို့ပဲ ထင်ပါတယ်။
    ကိုယ့် စောင့်ထိန်းမှု (သီလ) နဲ့ ကိုယ့် အကျင့် ကို ကိုယ့်ဟာ ကိုယ် ထိန်းရမယ်လို့ပဲ ထင်ပါတယ်။
    ယောကျားကလည်း မိမိ ကို မပိုင်ပါဘူး။ (စောင့်ထိန်းမှု)
    မိဘ ကလည်း မိမိ ကို မပိုင်ပါဘူး။ (စောင့်ထိန်းမှု)
    ကိုယ့်သီလ ကို ကိုယ့်ဟာ ကိုယ်ပဲ ပိုင်ပါတယ်။

    ကိုယ့်အိမ်က ထမင်းအိုးထဲက ထမင်း ဘယ်အချိန် နှိုက်စားစား စားလို့ ရပါတယ်။ ကိုယ့်အိမ်က ထမင်းအိုး ထဲက ထမင်း အပြင် လူ တယောက်က လာနှိုက်စားရင်တော့ ဘယ်သူမှ သဘောကျမယ် မထင်ဘူး။ ပိုင်ရှင် မသိပဲ စားတာ ဆိုရင် ခိုးမှု မြောက်ပါတယ်။
    ဒါ ထမင်းအိုးထဲက ထမင်း အဆင့်ပဲ ရှိပါသေးတယ်။
    ထမင်းထက် ပိုပြိး တန်ဖိုးထားတဲ့ ပိုင်ဆိုင်မှု အိမ်တွေ ကားတွေ ဆိုရင်တော့ ပိုဆိုးပေါ့..
    လူ တယောက် နဲ့ တယောက် တန်ဖိုးထားမှု ပေါ် မူတည်ပြီးတော့ အမြင်ကွာသွားမယ် ထင်ပါတယ်။

    • အရီးခင်လတ်

      June 2, 2013 at 3:09 pm

      ဆူးကို မြင်ကထဲ က ခပ်ထက်ထက် နဲ့ တည်ကြည်တဲ့ မိန်းကလေးလို့ မြင်ပါတယ်။
      ဆူး အမျိုးသား ကံကောင်းပါတယ်။
      နှစ်ဖက် ညှိတတ်ရင် ပျော်ရွှင်စရာ မိသားစုဘဝ လေးဖြစ် ကို ဖြစ်ရ မှာပါ။
      မှတ်ချက် – ထက်မှတော့ စွာရမှာဘဲလေ၊မဟုတ်လား။ 😛

  • အရီးခင်လတ်

    June 2, 2013 at 3:05 pm

    ဝင်ရောက်ဖတ်ရှုကြကုန်သော မဟာဂဇက် ရွာသူ/သား အပေါင်းနှင့်
    ဝင်ရောက်ဆွေးနွေးကြကုန်သော မပြုံး၊ ကကြောင်ကြီး၊ မောင်ပေ၊ ဆူး၊ ကထူးဆန်း၊ သီချင်းဆိုပြမဲ့ ကဆာမိ (တကယ်ကို လာနားထောင်မှာ) နဲ့ သူကြီးမင်း တို့ကို ကပေါက်ကြီး နှင့်ပေါင်းပြီး ကျေးဇူးတင်ရှိကြောင်း ပနာမ ပြောကြားလိုပါတယ်။
    ဆက်ပြီး ပွဲဆက်ရရင်တော့ …. 😆

    မပြုံးရေ

    အမှန်ပြောရရင် ဒီလို ဆွေးနွေးရတာ ပျော်စရာကြီး။
    ကျွန်မ က အပြင်မှာလဲ အငြင်းသန်ပါ့။
    ဟုတ်ဟုတ်မဟုတ်ဟုတ် ဖဲ့ကပ်ပြီး အပျော်ကို ထိုင်ငြင်းတတ်တာ။
    မမြင်မတူရာ ဖြစ်နေပေမဲ့ မပြုံး အယူအဆတွေ ကိုလဲ လက်မခံ နိုင်စရာမရှိပါဘူး။
    ကိုယ့်အယူအဆ ကိုတော့ မဖြုတ်နိုင်သေးဘူး။
    ညီအစ်မတော်လိုက်ပြီ မို့ လိုရာ ဆက်ဆွဲပြီး ဆက်ငြင်းကြစို့။ 😉

    မပြုံးပြောတဲ့ ထဲ မှာ
    { မိန်းကလေးဘက်က ပေးလိုက်ပြီးမှ ယောက်ျားလေးက ရပြီးသွားတော့ တကယ်ယူဖို့ အင်တင်တင်ဖြစ်သွားရင်လည်း သွားပေါ့။ }
    ဒါဟာ ဒီနေ့မြန်မာပြည် ရဲ့ အကြီးမားဆုံး ပြသနာဖြစ်လာတော့ မယ်လို့ ထင်တယ်။
    ဖြစ်လဲဖြစ် နေပါပြီ ထင်ရဲ့။
    မိန်းကလေးဘက်က ပေးလိုက် ရပြီးနောက် ဗဟုသုတချို့ယွင်း အားနည်းမှု ကနေ ရတာတဲ့ အကျိုးဆက် က “ကိုယ်ဝန်” ရှိလာတာဘဲ။
    ဒီနိုင်ငံမှာတော့ ဆေးခန်း တွေမှာကို မတားခဲ့မိဘဲ ဆက်ဆံမိ လိုက်ရင် (၂၄နာရီလား/ ၄၈နာရီလား) အဲဒီ အတွင်း ဆေးခန်း ကိုလာခဲ့ပါ။ ဆေးပေးမယ် ဆိုပြီး ရှိပါတယ်။
    အဓိကကတော့ ဆယ်ကျော်သက် လက်တဲ့စမ်းတဲ့ အရွယ်တွေ ကိုယ်ဝန်ရှိသွားမှာစိုးလို့ အစိုးရက ကူညီပေးတာပါ။
    ဒီမှာ ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ရှိလဲ တော်ရုံ ဖျက်မချဘူး။ မွေးကြတယ်။
    မွေးရဲမှာပေါ့။
    လင်မရှိလို့ ကလေးမွေးလဲ သူတို့ကို ကဲ့ရဲ့မဲ့သူမှမှမရှိတာ။
    ပြီးတော့ ကလေးစားရိတ်၊ စားစရိတ်၊ နေစရိတ် အားလုံး ကို အစိုးရကထောက်ပံ့ ပေးနေတော့ တစ်ချို့များ ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ယူပြီး အိမ်အကြီးကြီး နဲ့ နေနိုင်ပါ့။
    ဒီတော့ သူများနိုင်ငံ မှာ ဆယ်ကျော်သက် နဲ့ ကိုယ်ဝန်ရှိလဲ အစစ အဆင်ပြေနေတာ ပါ။

    ကျွန်မတို့ ရွှေပြည်ကြီး ကို ပြန်ကြည့်ရအောင်။
    ကျွန်မ ၂၀၁ဝ လောက်က မြန်မာပြည်ပြန်ချိန် မီးမမှန်လို့ ညဖက်မှာ ဟိုတယ်မှာ အခန်းငှားနေခဲ့ရဘူးတယ်။
    ကိုယ့်အတွက်တော့ မဟုတ်ပါဘူး။ ကလေးကြောင့်ပါ။
    အဲဒီမှာ ကျွန်မ ကိုယ့်မျက်စိ တောင် ကိုယ်မယုံချင်ဘူး။
    နေ့လည် မှာ ကျောင်းဝတ်စုံ အဖြူ၊ အစိမ်း နဲ့ ဟိုတယ် က ဘယ်လို ဆက်စပ်ပါသလဲ။
    လိင်လွတ်လပ်ခွင့် ရှိပါတယ်ဆိုတဲ့ ဒီလိုတိုင်းပြည်မှာတောင် အသက်မပြည့်သူ ဒီလို မျိုး လာလုပ်လို့ မရပါဘူး။
    မြန်မာပြည်မှာ ပိုက်ဆံရပြီးရော ဘယ်သူလာလာ လက်ခံ နေတော့ ပိုက်ဆံ သုံးချင်တဲ့ ကလေးတိုင်း အလွယ်လမ်း ကို အလွယ်လေး လိုက်ကြမှာဘဲ။
    ဒါက ဒီမှာ မရပ်ဘူး။
    သူတို့ ကိုယ်ဝန်မရှိသွားနိုင်ပါဘူး လို့ ဘယ်နှစ်ရာခိုင်နှုန်း သေချာလဲ။
    ထားပါတော့။ ၉၀% ကတော့ စိတ်ချပါတယ်လို့။
    ကိုယ်ဝန် ရသွားတဲ့ ၁၀% က ဘာလုပ်မှာလဲ။
    ဒီနိုင်ငံမှာလို တားဆေး အတွက် ကူဖို့လဲ မရှိဘူး။ ကလေး ကိုလဲ တရားဝင် မမွေးရဲဘူး။
    မွေးရဲ ရင်လဲ ကျွေးမွေးဖို့ တာဝန်မယူနိုင်ဘူး။
    ဒီတော့ ဘာလုပ် မလဲ။
    ဖျက်ချရုံဘဲပေါ့။
    ကိုယ်ဝန် ကို ဆေးရုံမှာ တရားဝင် ဖျက်ချ မပေးဘူး ထင်ပါတယ်။
    တစ်ချို့ ဆေးခန်းတွေ မှာလဲ ဖျက်မပေးပါဘူး။
    ဒီတော့ ငွေမျက်နှာဘဲ ကြည့်တဲ့နေရာ လဲ ဆိုရခက်၊ ဒီလို လူတွေကို ကူညီ တာ လို့ လဲ ဆိုရခက်တဲ့ ဆေးခန်း တွေမှာ ကိုယ့်ရဲ့ စိတ်အလိုလွယ်ရာလိုက်မိတဲ့ အကျိုးဆက် အပြစ်ကင်းတဲ့ လူ့အသက်တစ်ချောင်း ကို သတ်လိုက်တာပါဘဲ။
    ဒါမျိုး အသတ်ခံ နေရတဲ့ ကလေးတွေ တစ်နေ့ ဘယ်နှစ်ယောက် ရှိနေမလဲ။
    ဒါဟာ ဗုဒ္ဓဘာသာကိုးကွယ်သူ ရာနှုန်း များပြီး ဘာသာ သာသနာကို စောင့်ရှောက်လိုသူတွေ အင်မတန်များ တဲ့ မြေမှာနော်။
    သူများဘာသာ ကလေးမွေးတာ ကို အမျိုးဘာသာ ကာကွယ်ဖို့ တားဆီးရေး လုပ်နေတဲ့ အဖွဲ့အစည်း နဲ့ လူအများ ဟာ ကိုယ့်မြေ မှာ ဒီလို ကာမကျူးလွန်အပြီး အပြစ်ကင်းတဲ့ လူတောင် မဖြစ်ရသေးတဲ့ ကလေးတွေကို တရားမဝင်လူသတ်နေတဲ့ အကြောင်း တွေ ကိုတော့ မသိကျိုးကျွန် ပြုနေတာကလဲ အံ့ဖွယ် ပါဘဲ။
    တကယ်ဘဲ လူမျိုး ဘာသာ ကို စောင့်ရှောက်လိုရင် ဒီလိုမျိုး တွေ ကို အရင်ဆုံး ကာကွယ်မပေးသင့် ပေဖူးလား။

    ကျွန်မ စိတ်ထဲ မှာ ကိုယ့်လူငယ်တွေ ကို တာဝန်ယူချင်စိတ်၊ တာဝန်ယူရဲစိတ် ရှိစေချင်တယ်။
    ဒီမှာတင် တစ်ချို့ အကြောင်းတွေဟာ လူငယ်တွေရဲ့ တာဝန်ယူချင်စိတ်၊ တာဝန်ယူရဲစိတ် ကို အဟန့်အတားဖြစ်နေစေတာတွေကို မြင်လာရတယ်။
    အဓိက ဒီလို လွယ်လွယ်ရနေတဲ့ အကြောင်းတွေဘဲ။
    ကာမ ကို အလွယ်ရတယ်။ အဲဒီ ဟာ ကို တာဝန် ယူလိုစိတ်နဲ့ မဟုတ်ဘူး။ စိတ်ဖျော်ဖြေဖို့ သက်သက်ဘဲ။

    အနောက်တိုင်းမှာ Living Together နေတယ် ဆိုတာ မိဘ အိမ်က ကို ခွဲဆင်းပြီး နှစ်ကိုယ်ဘဝ ထူထောင်တာ။
    ကိုယ့်ထမင်းကိုယ်ရှာစားတာ။
    ကိုယ့် ကလေး ကို ကိုယ့် ပါတနာ နဲ့ တာဝန်ယူပြီး မွေးတာ။
    ကိုယ့် ဘဝ အဖော် ကို တရားဝင် စာချုပ်မထားဘဲ နေတာဘဲ။
    အခန့်မသင့်ရင်သာ ကွဲသွားမယ်။ ရေရှည်အတွက် မှန်းပြီး နေတာ။
    မြန်မာပြည် က လို တိတ်တိတ်ပုန်း ဟော်တယ် တွေ၊ တည်းခိုခန်းတွေဆီ သွားပြီး ခိုးစားနေကြတာမဟုတ်ဘူး။

    မြန်မာပြည်မှာ က တစ်ယောက် ကမ အများကြီး နဲ့ ကဲဖို့ ကို ပိုပြီး အားသန် နေကြတာ။
    ဒါကိုဘဲ ဂုဏ်ယူစရာမှတ်နေတာ။
    အသက်ငယ် ဆယ်ကျော်သက်တွေ မှာ ဒီလို စိတ်တွေ ဖြစ်နေတာ။
    ရည်းစားထားဖို့ထက်ကျော်ပြီးကို အဆင့်လွန်နေပြီး ကိုယ့်ဘဝ အတွက် ပညာရေး ကို ခေါင်းထဲ ကို မထည့်ကြတော့တာ။
    ငါကြီးသွားရင် ဘာလုပ်မလဲ ဆိုတဲ့ အတွေးမျိုး တွေးဖို့တောင် အသိမရှိကြတာ။

    မြန်မာပြည်မှာလဲ မင်္ဂလာဆောင် စားရိတ် မကုန်ချင်ရင် Living Together လုပ်လို့ ရသပေါ့။
    ဘာထူးမလဲ။ ကိုယ့်အိုးကိုယ့်အိမ် ခွဲပြီး နေရုံဘဲ။
    အဲဒီလိုမျိုးကျပြန်တော့ မြန်မာပြည်က မမ များ က လက်ခံမတဲ့လား။
    နောက်မှာ ကဲချင်သလိုကဲ ပြီး လက်ထပ်ပွဲ ကိုတော့ အခမ်းနားဆုံး ကြွေးတင်ရင်တင်ပါစေ လုပ်မှာဘဲ ဆိုပြီး လုပ်ချင်နေတာ မဟုတ်လား။

    မြန်မာပြည် မှာ တစ်ခုခု ဆို အတုခိုး မြန်ပါတယ်။
    မပြုံးပြောသလို မကောင်းတာတွေ (လွယ်တာမို့ လဲ ဖြစ်နိုင်တယ်) ယူနေကြတာ ဖြစ်နေသလားဘဲ။
    ဒါကြောင့် ကကြောင် ပြောသလိုဘဲ တစ်ချို့ ဟာတွေ က စောပြီး ရောက်လွန်းနေတော့ အဆိပ်ပြန့်နေသမို့ ပြန်ပြီး အဆိပ်ဖြေ ဖို့ လိုနေတာ။

    နောက် တစ်ချက် ကတော့ အပျော်ပါ။ Serious မထားပါနဲ့။ :-)))
    { အရည်အချင်းရှိသွားရင် သူတစ်သက်လုံး ခိုင်းစားလို့ရမယ့်ယောက်ျားတစ်ယောက်ကို သေချာပေါက်ရှာနိုင်ပါတယ်။ }
    ဒါကို ကန့်ကွက်ပါတယ်။ 😉
    မိန်းမ တစ်ယောက် ရဲ့ အဖော် ဟာ နွား မဟုတ် စေရဘူး။
    အမေတို့ ခေတ်က လဲ အဖေ့ လုပ်စာကို အမေတို့ စားရတာပါ။ သူတို့ အလုပ် မလုပ်ကြဘူး။
    ဒါပေမဲ့ ကလေး တွေ ကို အမေ တို့ လက်နဲ့ ကိုယ်တိုင် ပျိုးထောင် ပေးခဲ့တာ။
    အိမ်မှုကိစ္စတွေ အားလုံး သူတို့ လုပ်ခဲ့ရတာ။
    ကျွန်မတို့ ငယ်တုန်းက အဝတ်လျှော်စက် မရှိ လို့ အဝတ်လျှော်ပေးသူ ငှားတာကလွဲ လို့ အားလုံး ကို အမေ လုပ်တာ။
    ပြောရရင် အဖေနဲ့ လက်ရည်တပြင်တည်း အိမ်ထဲမှာ အလုပ်လုပ်ပေးခဲ့တာ။
    အခု ခေတ်မှာ အလုပ်လုပ် လို့ အိမ်အဖော်ငှားတာ ထားပါ။
    တစ်ချို့ များ ဘာအလုပ်မှမလုပ် ဘဲ အခန့်သားထိုင် လို့ အကျိုးမဲ့ ကိစ္စတွေ နဲ့ ယောကျာင်္း လုပ်စာ ထိုင်ဖြုန်း နေသူတွေ အများကြီးပါ။
    ဒါဟာ တာဝန်ယူတတ်ရတဲ့ လူသား တစ်ယောက် အတွက် စံ နဲ့ နှိုင်း ရင် တန်ဖိုး မရှိတဲ့ မိန်းမပါ။
    သူ့ မိန်းမ သူ ဟာသူ ကျွေးနိုင်လို့ ထားတာ နင့်အပူလား လို့ ပြောလဲ ရပါတယ်။
    အဲဒီ လို မိန်းမ ကို ယူထားတဲ့ ယောကျာင်္း ဟာ နွား လဲ ဖြစ်ရင် ဖြစ်မယ်။
    မဟုတ်လဲ သူကိုယ်တိုင် နောက်မှာ ဖောက်ပြား နေသူလဲ ဖြစ်မယ်။
    အဲဒီက သားသမီး လေးတွေဟာ ပိုက်ဆံ ချမ်းသာရင် ချမ်းသာမယ်။
    စိတ်ဓာတ်ရေးရာမှာ မြင့်ဖို့ ခက်နေနိုင်ပါတယ်။
    ဒီတော့ ခိုင်းစား ဆိုတာဟာ တာဝန်ယူချင်တဲ့ မိန်းမ တစ်ယောက်မှာ မရှိသင့်ပါဘူး။
    (မပြုံး အဲလို မဟုတ်တာ ကျွန်မ အသေအချာ သိပါတယ်)

    နောက်ဆုံး ကတော့ ပိုပိုပြီး အပျော် ငြင်းပေါ့။ (May be .. my favourite part)
    ဆရာမ ဂျူး ရဲ့ အမှတ်တရ …
    စုစုထွေး နဲ့ သူမ ရဲ့ မောင် …
    အဲဒီ ဝတ္တုထွက်တော့ ကျွန်မ ဆယ်ကျော်သက်လွန်စ။
    စာပေဝေဖန်ရေးမှာ မြန်မာ့ ယဉ်ကျေးမှု ကို အရုပ်ဆိုးစေတဲ့ စာအုပ် လို့ အပြင်းအထန် ဝေဖန် နေကြတာ ကို ကျွန်မ နားမလည်ခဲ့ဘူး။ ဘာမှားလို့လဲ ပေါ့။
    အဲဒီတုန်း က ကျွန်မ လေးစား ခဲ့တာ ကျောင်းသား နှစ်ယောက် ရဲ့ စောင့်ထိန်း နိုင်ခဲ့ခြင်း ကိုဘဲ။
    အဲဒီ အကြောင်းဟာ ယူတတ်ရင် အင်မတန် တန်ဖိုးရှိခဲ့ပါတယ်။
    မဖြစ်နိုင်ဖူး မဟုတ်မပြုံးရေ။
    ရွာထဲ မှာ ကိုကျောက် သက်သေ ရှိ သတဲ့။
    ကထူးဆန်း က ထပ်ဆင့် ထောက်ခံထားတယ်။
    ကျွန်မလဲ ဒီလို စိတ်ထိန်းတတ်တဲ့ အမျိုးကောင်းသားလေးတွေ ရှိတာသိပါတယ်။
    ရရင်ရသလို တုတ်မှာဘဲ ဆိုတဲ့ အလွယ်လိုက် အလွယ်ကြိုက် မင်းသား တွေလဲ အများကြီးပေါ့။

    ဆရာမ ဂျူး ရဲ့ ဝတ္တုတွေက ဒီနေ့ ကိုရီးယားဇာတ်လမ်း တွေထက်ပိုပြီး၊ သာမာန် အပေါစား အချစ်ဝတ္တုတွေထက်ပိုပြီး အဆိပ်အတောက်ကင်းတယ် လို့ ကျွန်မတော့ ထင်တာဘဲ။
    ဒါကတော့။ သူ့အမြင်၊ ကိုယ့်အမြင်ပေါ့။

    အမှတ်တရမှာ စုစုထွေး ရဲ့ မောင် ယူလိုက် တဲ့ မိန်းကလေး က သူ့ရဲ့ ရီးစားဦး မိန်းကလေးမဟုတ်လား။
    စုစုထွေး နဲ့ မတွေ့ခင်ကထဲ က ကြိုက်ပြီးသား။
    စုစုထွေး ကတော့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း ဖြစ်ခဲ့မပေါ့။
    ဒါမျိုးတွေ ကျောင်းအတူတက်၊ အလုပ်အတူလုပ်သူတွေမှာ ဖြစ်လေ့ရှိပါတယ်။
    လူလွတ်က ကြားရတာ တော်သေးရဲ့။
    အသိ နဲ့ မထိန်းတတ်လို့ အိမ်ထောင်ကွဲ တာတွေ လဲ ပုံပြင်မဟုတ်။ အများကြီးမဟုတ်လား။
    ရှိတာပါဘဲ။
    ဒါပေမဲ့ နောက်ဆုံးတော့ မောင် က သူရဲ့ ပထမဆုံး ရည်းစားကို သစ္စာမပျက် ခဲ့တာ မဟုတ်လား။
    သူ အဲဒီမိန်းကလေးကို သစ္စာရှိခဲ့ပါတယ်။
    ကျွန်မတော့ စုစုထွေး ရဲ့ မောင့် ကိုလဲ အပြစ်မတင်လိုပါဘူး။
    သူလဲ ယောကျာင်္း တစ်ယောက်ဘဲ။ သူ့ကို မှီခို မဲ့ သူကို ဘဲ လိုချင်မှာပေါ့။
    တစ်ချို့ လူတွေက ခပ်ထက်ထက် မိန်းမ တွေကို ကြောက်ကြသလားဘဲ။
    အဲဒီ ပျော့ ပျော့ ညံ့ညံ့ မိန်ကလေး ကို မထားပစ်ခဲ့ လို့ ကျွန်မတော့ စုစုထွေး ရဲ့ မောင့် ကို ကျေးဇူးတောင် တင်မိပါရဲ့။
    စုစုထွေး ကိုတော့ လား။
    သနားလိုက်မိပါတယ်။
    ဒီလို ပျော့ ပျော့ ညံ့ညံ့ ဇဝေဇဝါ စိတ်ရှိ တဲ့လူ ကို ကြိုက်လိုက် မိတဲ့ သူ့အပြစ်ကိုတော့ သူခံရမှာပေါ့။ 😛
    ဒါပေမဲ့ သူ ခံနိုင်ရည် ရှိခဲ့မှာပါ။
    ဒါကြောင့်လဲ သူ့ ဟာသူ အပျိုကြီး လုပ် နေတာပေါ့။ 😉
    အနည်းဆုံးတော့ သူလဲ နောက်ဆုံးမှာ အဲဒီ မောင် ကို နှောင်ထားဆဲ ဆိုတာ သူသိခွင့် ရလိုက်တာဘဲ။
    ဟိုမင်းသားက မိန်းမ အနားထားပြီး တစ်ခါတစ်ခါ သူ့ကို လွမ်းနေတာလေ။
    ဟာ ဟ ..
    ဇာတ်လမ်း မှာ အားလုံး တရားပါတယ်လေ။
    အဲဒီထဲမှာလား။
    “ကမ္ဘာပေါ်မှာ ယောကျာ်းဆိုလို့ နင်တစ်ယောက်ထဲ ကျန်နေရင်တောင်မှ မယူဘူး” ဆိုတဲ့ မိန်းမ တစ်ယောက်ရဲ့ မာန စကား ကို အကြိုက်ဆုံးဘဲ။

    နောက် ကြုံတိုင်း ဒီလို ဆွေးနွေးကြစို့ မပြုံးရေ။
    အပြင်ရောက်ရင် တွေ့ချင်သူတစ်ယောက် တိုးပြန်ပြီ။

    ချစ်ခင်စွာဖြင့်

  • uncle gyi

    June 2, 2013 at 11:37 pm

    ဘယ်လိုမှမသေနဲ့
    ပိုတောင်နာမည်ကြီးသွားပြီ

    အစကသိပ်သတိမထားမိကြတာကိုပေါက်လုပ်လိုက်မှ
    လူတိုင်းစိတ်ဝင်စားသွားတော့တယ်
    လူဆိုးမခေါ်တော့ဖူး

  • weiwei

    June 3, 2013 at 9:25 am

    ပို့စ်နဲ့ ကွန်မန့်တွေ အားလုံးဖတ်ပြီး စဉ်းစားမိတဲ့ စကားတစ်ခုက …
    သိသာသိစေ မမြင်စေနဲ့တဲ့ ….. သိပ်ကိုကောင်းတဲ့ မြန်မာစကားတစ်ခုပါပဲ …

  • ko pauk mandalay

    June 3, 2013 at 1:21 pm

    ကျနော်ပြောချင်တဲ့ အဓိကအချက်က
    (သိသာသိစေ မမြင်စေနဲ့တဲ့ )
    ဒါပါဘဲ။
    အာဒမ်အေဝ ခေတ်က စလို့ အခု ကျနော်တို့ထိ
    ဖိုမဆက်ဆံခြင်းဆိုတာ အပြစ်တစ်ခုမဟုတ်သလို
    ဂုဏ်ယူဝံ့ကြွားစရာတစ်ခုလဲမဟုတ်ပါဘူး။
    အဲတော့ လူ့ဘဝဆိုတာ ဖုံးသင့်တာဖုံး ပုန်းသင့်တာပုန်းကွယ်သင့်တာကွယ်ပေါ့။
    ဒါကိုဘဲ ယဉ်ကျေးမှု့လို့ခေါင်းစဉ်တပ်ခဲ့ကြတာပေါ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 3, 2013 at 1:35 pm

    ဒီအကြောင်းတွေကိုပြောရတာ ဂွတော့ကျလှသဗျ
    လူငယ်တို့သဘာဝ လင်မယားအဖြစ်အိမ်ယာမထူထောင်ခင် တိမ်သလား နက်သလား ချိုသလား ငံသလား
    စမ်းသပ်မှု့တွေကို မလုပ်ဂျပါနဲ့လို့ပြောရလည်းခက်ခက် လုပ်ဂျပါပြောရလည်းခပ်ခက်ခက်
    မသိခြင်ယောင်စောင်နေရလည်းခပ်ခက်ခက်
    သမီးရှင်တွေဆို ပိုတောင်ဂွကျဦးမယ်ထင်တယ်
    ဘာဘဲဖြစ်ဖြစ် သဂျီးမင်းအာဘော်အတိုင်းတွေးရရင်တော့ ကိုယ့်ကိုယ်ကိုယ် မိန်းမဖြစ်လို့ နစ်နာတယ်မတွေးဘဲ
    ငါ့သမီးဆော်ထည့်ပလိုက်တာ နင့်သားလည်းဂေါင်းပျဲသွားတာဘဲမှတ်လါး ဆိုပြီး လက်မထောင်ပြဘို့ဆိုတာကတော့
    တစ်ကယ်ဖြစ်လာရင် မိန်းကလေးတွေဖက်ကနစ်နာတယ်ဆိုတဲ့ အတွေးကလည်း ဖျက်လို့မနိုင်သေးဘူး
    ပြောရရင် ဒီလိုကိစ္စတွေမှာ ယောက်ျားလေးတွေက ပိုပြီးလက်ကမြင်းကြောထတတ်တယ်
    အမှတ်တရပေါ့တို့ ပြီးရင်ပြန်ဖျက်မှာပေါ့တို့ စသည်စသည်လုပ်တတ်ကြတယ်
    ကျုပ်မသတီတာက အချို့ကောင်တွေဆို ကိုယ့်ရုပ်ကိုကြတော့ မပါစေဘဲနဲ့ ကောင်မလေးရုပ်ကြတော့
    အထင်ရှားကြီး
    သူ့ဖါသာ ကြက်ဘဲဖြစ်ဖြစ် ဖါဘဲဖြစ်ဖြစ်ပေါ့
    ရှိပါသေးတယ် အချို့ကောင်တွေ အပျော်သဘောလိုက်လုပ်ပြီးတော့ ရွာပတ်ပြီးမောင်းထုတာ
    ဒီကောင်မ ငါစားပြီးပြီ ဆိုတဲ့ကောင်စားမျိုးတွေ
    ပြောလို့သာပြောတာ
    ကျုပ်လည်းစားလာတာ လက်ဆယ်ချောင်းထောင် ခြေဆယ်ခြောင်းထောင်
    ဘယ်မှတ်မိတော့မတုံး
    ကလားဆိုင်က နံဗျားပြောဘါဒယ်

  • အရီးခင်လတ်

    June 3, 2013 at 2:30 pm

    ဟေ့ ကျုပ် ကို ကွန်ဆာဗေးတစ်လို့ ဆိုတဲ့ သူကြီး။
    ရှင်ရော လိင်တူခြင်းလက်ထပ်တာ တွေ ကို လက်ခံလား။
    ကျုပ်လို ကွန်ဆာဗေးတစ် အဖွားကြီးကတော့ သဘာတူပါ့။
    သူ့တို့ ဟာ သူတော့ ဗီဇစိတ်ထဲ မှာ တူရာချစ်တဲ့ စိတ်ပါလာတာ ဘယ်လိုလုပ်ပြီး တားမတုန်း။
    အဲ့လူတွေက လိင်မတူရာကို စည်းမစောင့် လွန်ကဲလွန်းတဲ့ သူတွေထက် အဆင့်မြင့်တယ်မြင်မိတယ်။

    ဒါကြောင့် ရွာထဲ က ကကြောင်ကြီး နဲ့ ဘပု တို့ ကို ဘယ်လို တရားဝင်ပေါင်းသင်းနိုင်အောင် လုပ်ပေးရမလဲ စဉ်းစားနေမိတယ်။
    ကကျောက် သတင်းထွက်ပြီး ကထဲ က သူတို့ နှစ်ယောက် ပိုပြီး အကဲ မလှဘူး။
    ကြည့်ပါလား။ ဟိုနေ့က ဘပု အချစ်ကဗျာ နဲ့ ကကြောင်ကြီး ရဲ့ ဖွင့်ဟ ဝန်ခံချက် မှတ်ချက် ကို။
    http://myanmargazette.net/177464

    ကကြောင်က ကကျောက်ခဲ ထက်တောင် သာတဲ့ စိန်လက်စွပ် ကြီးတောင် ဘပု အတွက် ဝယ်ထားတယ် ဆိုလား။
    နားစွန်နားဖျား ရပ်ကွက်ကပါ။
    (စီဒီ တူ ကဘချော)
    ကိုကျောက် အညံ့မခံ နဲ့ ပိုသာပါစေ။

    :kwi:

  • Shwe Ei

    June 4, 2013 at 12:27 pm

    ဟုမ်းမိတ် လို့ပျောလို့ရတဲ့ sex movie တွေ အွန်လိုင်းပေါ်ရောက်လာတာ
    ကာယကံရှင်နဲ့ပိုဆိုင်တယ်ဗျ။

    မိန်းခလေးကိုတိုင်လိုလိုချင်ချင် အရိုက်ခံလို့ ဖြစ်လာတာများတယ်။

    ၂ဦးသဘောတူမဟုတ်ဘဲ အွန်လိုင်းပေါ်ရောက်သွားတယ်ဆိုရင်တော့ ဂလောက်ထဲထဲဝင်ဝင်ပတ်သတ်နေတဲ့ ယောက်ကျားက ဘယ်လိုကောင်စားလဲ မသိလောက်အောင် ပိန်းတဲ့အပြစ်ခံရတာပေါ့လေ။

    ယောက်ကျားတယောက်နဲ့ တရားဝင်မယူရသေးဘဲ ၂ဦးသဘောတူ လိင်ဆက်ဆံတာကို ဗီဒီယိုအရိုက်ခံရဲလောက်အောင် သတ္တိရှိသူမျိုးကျ သူ့သဘောသူဆောင်တယ်လို့ဘဲပြောရတော့မယ်။

    ဗမာပြည်မှာ လစ်ဗင်းတူဂဲသား ကိုနားလည်လက်ခံထားတဲ့ပုံစံက အရီးလတ်ပြောသလို အတော်လေး အဒိတ်ပယ်ကောက်လွဲနေတဲ့ သဘောရှိတယ်။

    sex ကိတ်စကို လက်တည့်စမ်းချင်သူ မည်သူမဆို ဘလိုကာကွယ်ရလဲ ဆိုတာလောက်တော့ အရင်ဆုံးသိသင့်တယ်လို့ မြင်မိတယ်။

    sex education အဒိကလုပ်ရမဲ့ နေရာက ကျောင်းတွေ (အလယ်တန်း အထက်တန်း တက္ကသိုလ်)
    ပြီးတော့ လုပ်ငန်းခွင်တွေမှာလဲ လိုအပ်တာဘဲ။

    ဒါလုပ်ရင် ဒါဖြစ်တယ်ဆိုတာလောက်တော့ သိနေမှ ဒါမဖြစ်အောင် ဘလိုကာကွယ်ရမလဲဆိုတဲ့ thinking ဝင်လာမယ်ဖြစ်ကြောင်း။

    ဗာမမိန်းမတိုင်း ဗမာယောက်ကျားတိုင်း ဗမာပြည်ဖြစ်လို့ ဗုဒ္ဓဘာသာဖြစ်လို့ ဗမာမိန်းခလေးဖြစ်လို့ ဆိုတဲ့ ဘောင်တွေ သတ်မှတ်ချက်တွေနဲ့တိုင်းပြီး နေတတ်ရင်တော့ အပေါ်က ပြောတဲ့ ကိုယ်ဝန်ဖျက်ချချင်းအမှု စားပီးနားမလည်လုပ်သွားလို့ ပိုးသတ်ဆေးသောက်တဲ့ အမှု အွန်လိုင်းမင်းသမီးဖြစ်သွားတဲ့အမှုတွေ တက်လာစရာအကြောင်းမရှိတော့ဝူးပေါ့။

    အခုက ဗမာယောက်ကျားတွေပါးစပ်က အလွယ်ရလို့ လို့အပြစ်တင်တယ်..ဗမာမိန်းမတေ ပါးစပ်က ချစ်လွန်းလို့အလိုလိုက်မိတယ်ဆိုတာမျိုး ချေပတယ်။ ကျနော့်အမြင်ကတော့ ၂ဦး၂ဖက် ဆတ်ဆလူူးရမ်းကျတာမို့…ဖြစ်ပြီးသွားမှ အပြန်အလှန် လက်ညိုးထိုးတာအလုပ်မဖြစ်ဝူးလို့မြင်မိပါကြောင်း။

    လတ်တလော ဗမာပြည်အခြေအနေက ထစ်ခနဲရှိ မိန်းမတန်မဲ့နဲ့ လို့ လက်ညိုးထိုးမဲ့သူ ခပ်များများဖြစ်နေပြီး ယောက်ကျားဆိုတာတော့ ဒီလိုကောင်စားချည်းဘဲမို့ အပြစ်တင်လို့မရဝူးလို့ အလွယ်ပြောကျမဲ့သူက ၁၀၀% ဖြစ်နေတော့…ဗမာမိန်းခလေးတွေ သိသင့်တာလေးတော့ သိအောင်လုပ်ကြဖို့လိုဘီဖြစ်ကြောင်း။

    လေးစားလျက်
    ရွှေအိ

  • Shwe Ei

    June 4, 2013 at 1:17 pm

    လေးပေါက်ရေ…အခုဘဲ ကိုယဲစီနဲ့အွန်လိုင်းမှာစကားပြောဖြစ်ရာကနေ….လေးပေါက်ပို့စ်အကြောင်းရောက်သွားလို့…
    ရွာထဲလဲဝင်လို့မရဖြစ်နေတဲ့ ကိုယဲစီအတွက် ကြားထဲကနေ ကွန်မန့်ရေးပေးမယ်လို့
    အာမခံလိုက်မိဘီ။ သူပြောချင်တာတွေက ဂလိုတဲ့ဗျာ……

    sex နဲ့ love , ရည်းစားနဲ့ အိမ်ထောင်ရေး၊ တခြားစီဘဲ။ ရှင်းရှင်းပြောရရင် သူငယ်ချင်းမ ၂ယောက် ပြောတာ ကြားဖူးတယ်။ ခုတော့ အိမ်ထောင်သည်တွေပါဘဲ။ တယောက်က ထိန်းသိမ်းထားတယ်။ နောက်တယောက်က အမြည်းကျွေးပီးသား။ ဘာပြောတယ်မှတ်တုန်း….နင်ငတ်တာပေါ့တဲ့။ အခုခေတ်မှာ sex ဆိုတာ ယောင်္ကျားတဦးအလိုကျ ဖြည့်ဆည်းပေးခြင်းမဟုတ် ၊ ဝက်သားဒုတ်ထိုး တူတူစားတယ်လို့မှတ်ယူပါလေ ကွိကွိ ….
    အစိမ်းစားဂျဇေလိုဘာဒယ် (သခွားသီး)

    ဟတ်ကဲ့ အိုက်ဒါဘာဘဲခညာ။ အနော်က ကိုယ်စားလှယ်ဝင်ရေးပေးတာဖြစ်လို့ အကြောင်းပြန်ချင်ရင် ကိုရဲစည် နံမယ်တပ်ပီး အကြောင်းပြန်စေလိုကြောင်း… :mrgreen:

    ကွန်မန့်ကိုယ်စားလှယ်

    ရွှေအိ

  • ဝင့်ပြုံးမြင့်

    June 4, 2013 at 7:02 pm

    လစ်လစ်သည် တစ်တစ်အား အရှုံးပေးလိုက်၏။
    လစ်လစ်=လစ်ဘရယ်
    တစ်တစ်=ကွန်ဆာဗေးတစ်
    မအားလို့ မငြင်းနိုင်တော့ဘူး အရီးရေ့။ ဒါကြောင့် … ဟီး ..
    —-
    အွန်လိုင်းမင်းသမီး အဖြစ် ရှက်စရာကောင်းတာက ဒီလိုပါ။
    အချစ်ရဲ့ ကြီးကျယ်ခမ်းနားမှုတွေ ဘယ်ရောက်ကုန်မှန်း မသိအောင် တိရစာ္ဆန်လို ပြုမူကြလို့ ဖြစ်ပါတယ်။

Leave a Reply