ရခိုင်ပြည်နယ် ဗူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ဘင်္ဂါလီများ ခလေးနှစ်ဦးထက် ပိုမမွေးရ ထုတ်ပြန်တဲ့ အမိန့်ကြောင့် ပူညံပူညံ လတ်တလော ဖြစ်နေတာ ကြားမိဂျမှာပေါ့။ ပြောရတော့ ခက်သားဗျ.. လူ့အခွင့်အရေး ရှုဒေါင့်ကကြည့်ရင် ဘယ်လိုမှ အဆင်မပြေဘူး၊ ဒါကြောင့်ပဲ ဒေသန္တရအမိန့်ဆိုပြီး အတက်အဆုတ်လွယ်အောင် လုပ်ထားတာ။ နိုင်ငံတကာဖိအား သိပ်များလာတော့ အစိုးရက ပြန်စဉ်းစားပါ့မယ် ဖြစ်လာရပြီ။ အန်အယ်လ်ဒီ ဘွားဒေါ်ဂျီးဖက်က ကြည့်ပြန်တော့လည်း ဒီလိုမျိုးကိစ္စမှ ငြိမ်နေလို့ မဖြစ်နိုင်ဘူး။ ကိုယ်တိုင်က မိန်းမသား၊ ခလေးအမေတဦး၊ ဒီမိုကရေစီခေါင်းဆောင် တယောက်အနေနဲ့ ကျင့်ဝတ်ပိုင်း၊ သိက္ခာပိုင်း၊ အချက်အလက်ပိုင်း ဘယ်ဖက်ကမှ ပြေးမလွတ်ဘူး.. ဒီတော့ ဆန့်ကျင်ကြောင်း ပြောရပြီပေ့ါဗျာ..။ နားလည်နိုင်ပါတယ်…။

မွေးဖွားနှုန်း ကန့်သတ်မှုကို လက်မခံဆိုရင် ဘင်္ဂါလီဦးရေ တိုးပွားနှုန်းကို ဘယ်လိုထိန်းချုပ်ကြ မလဲ.. ဘယ်သူ တာဝန်ခံမလဲ အဖြေရှာဖို့ ပဲရှိတယ်။ အခုဟာက သူတို့ရဲ့ ခလေးမွေးနှုန်း၊ လူဦးရေစာရင်းတွေသည် ပါးစပ်ပြော ဖြစ်နေတယ်၊ အများပြည်သူကို တင်ပြတာ မတွေ့ရဘူး။ အချက်အလက် ပြည့်စုံမှ ဆွေးနွေးလို့ ဖြစ်မှာပေါ့…။ ပြည်သူဆီကလာတဲ့ ခံစားချက် အကြံပြုချက်များသည် ပြည်ပဖိအားကို ပြန်လည်တုံ့ပြန်ဖို့ လုံလောက်တဲ့အား ဖြစ်ပါမယ်။ စစ်အစိုးရခေတ် ကြံဖွတ်လူထု စည်းဝေးပွဲတွေလိုတော့ လုပ်နဲ့ပေါ့ဗျာ..။

သတင်းတွေမှာဆိုတာ မွတ်ဆလင်ဦးရေသည် တိုင်းပြည်လူဦးရေရဲ့ ၄%ရှိသတဲ့။ စုစုပေါင်း သန်း၆ဝရှိတယ်ဆို ၂.၄သန်းရှိတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ် စာရင်းပါ ထည့်ယူသလား မရှင်းဘူး။ ပါတယ်ဆို လက်ရှိမှာ တသန်းခွဲ ပြည်တွင်းရောက်နေပြီ၊ နောက်ထပ်တသန်း ဝင်လာရင်…. …။ လဝက ဌာနချုပ် စာရင်းထဲမှာ ဘယ်နှစ်ယောက် ပြသလဲ.. ပြည်နယ်၊တိုင်းနဲ့ ကွပ်ကဲရေးရုံး စာရင်းတွေနဲ့ ဘယ်လောက်ကွာသလဲ…။ မလိမ်ကြေး မညာကြေးဗျာ သမိုင်းတရားခံ အဖြစ်မခံဂျပါနဲ့..။ မြို့နယ်ရုံးတွေက လာဘ်ယူပြီး ထုတ်ပေးထားတဲ့ မှတ်ပုံတင်ကတ်တွေရော.. နှစ်ပေါင်းများစွာ ရုံးချုပ်နဲ့ ပေါင်းရိုက်ပေါင်းစား တချို့လည်း ဝန်ထမ်း သက်သာချောင်ချိရေး ခေါင်းစဉ်အောက် ခွင့်ပြုချက်ယူ လုပ်တယ်လို့ သံသယဖြစ်ဖွယ် များစွာရှိနေတယ်။ ဒီအရေး ပေါ့သေးသေး မတွက်နဲ့နော်… မျိုးဆက်တဆက် နှစ်၂ဝအတွင်းမှာ မြန်မာပြည် နိုင်ငံရေး၊ လူမှုစီးပွားပုံရိပ် ကပြောင်းကပြန် ဖြစ်သွားမှာ….။

နားလည်သလောက်တော့ အဲဒီဥပဒေ ဟိုးအရင်ခေတ်ထဲက ရှိပေမဲ့ မကြပ်မတ်နိုင်လို့ သက်ရောက်မှု မရှိဘူး..။ လိုရင်သုံးဖို့ ချထားတဲ့ အဟန့်အတား လောက်သာ ဖြစ်နေတယ်။ ယူအန်လို တတိယအဖွဲ့အစည်းတွေကနေ ထောက်ပံ့တယ်။ အလှူရှင် ဘယ်သူလဲ.. ဗျူရိုကရေစီယန္တရား သိပ်ကြီးတဲ့ ယူအန်လိုအဖွဲ့မျိုးမှာ သိရန်မဖြစ်နိုင် သလောက်ပဲ။ စာရွက်ပေါ်မှာတော့ ရှိမှာပေါ့ဗျာ.. တကယ်နောက်ကွယ်က ပေးသူကို ရှာဖို့မလွယ် ပြောတာပါ။ သတင်းတခုမှာဆိုတာ ခလေးမွေးရင် အထောက်အထားပြ အန်ဂျီအိုပေးတဲ့ ထောက်ပံ့ပစ္စည်း သွားထုတ်ယုံပဲ။ သားဆက်ခြား ပညာပေးရေး လုပ်ကြပါလိမ့်မယ် သို့သော် အောင်မြင်မှု ရှိမရှိ မသိရဘူး…၊ အစိုးရနဲ့ အန်ဂျီအို ဘယ်သူမှန်လို့ ဘယ်သူမှားလဲ ပွင့်လင်းမှု မရှိတာ ပြသနာ ဖြစ်နေတယ်

ကာတွန်း - အောင်မော်

ကာတွန်း – အောင်မော်

ခလေးမွေးနှုန်း ကန့်သတ်တာ မှားတယ်ဆိုရင် ကြိုက်သလောက် မွေးခွင့်ပြုထား၊ မွေးတိုင်း ထောက်ပံ့နေတာလဲ မမှန်လို့ ထင်တာပဲ။ စင်ကာပူမှာ တချိန်က ခလေးနှစ်ယောက် ပိုမယူရ ဥပဒေ ရှိခဲ့ဖူးတယ်။ တရုတ်မှာ ခုချိန်ထိ တအိမ်ထောင် ခလေးတယောက် ပေါ်လစီရှိတယ်။ ပြည်တွင်းပြည်ပ ဝေဖန်မှုများ ရှိပေမဲ့ သိပ်မထိရောက်ဘူး။ စင်ကာပူဆိုရင် သင့်တော်ပြီ ယူဆတဲ့ အချိန်ရောက်မှ ပယ်ဖျက်ပေးလိုက်တယ် ထင်တယ်။ ကျိုးကြောင်းခိုင်လုံ ဖို့ပဲ အရေးကြီးတယ်။ ခြောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါထက်ကောင်းတဲ့ နည်းရှိရင်လည်း စဉ်းစားတာပေါ့။

အခွင့်အရေးနဲ့အတူ တာဝန်ယူမှု တွဲဖက်ထားတာမို့ ခလေးနှစ်ယောက် မူဝါဒ ဆန့်ကျင်သူများ ဖက်ကလည်း ရေရာခိုင်လုံတဲ့ အကြံပြုချက် တင်ပြပါ။ ဒါမှ မူရင်းနိုင်ငံသားများဖက်က ကျိုးကောင်းခိုင်လုံ ဆင်ခြင်တုံ တရားနဲ့ ဆုံးဖြတ်လို့ရမယ်။ မွေးသူကမွေးလို့ ပေးသူပေးနိုင်ပေမဲ့ လက်ခံထားသူဖက်က မတတ်နိုင်ဆိုရင် အမုန်းတရား အခြေမခံဘဲ နှစ်ဖက်အကျိုးစီးပွား အရင်းတည် အဖြေရှာမှ အဆင်ပြေမယ်။ အဲဒီအတွက် လိုအပ်နေတာ တိကျ လုံလောက်တဲ့ သတင်း အချက်အလက် စီးဆင်းမှုပါပဲ…။

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး