မြေရှားသတ္တု (၁)

Mr WorldWideMay 31, 20131min1593

ကျနော် တရုတ်နိုင်ငံက ထုတ်လုပ်နေတဲ့ Rare Earth လို့ခေါ်တဲ့ မြေရှားသတ္တုအကြောင်းလေး အခန်းဆက်လေးအနေနဲ့တင်ပြချင်ပါတယ်။ ဒီစာတမ်းလေးက အင်တာနက်မှာလည်း ရှာဖွေဖတ်ရှုနိုင်ပါတယ်။ တရုတ်နိုင်ငံက မြေရှားသတ္တုထုတ်လုပ်ရာမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြောဆိုနေတာကြောင့် တရုတ်နိုင်ငံက ဒီစာတမ်းလေးကို ထုတ်ပြန်ခဲ့တာပါ။

မြေရှားသတ္တုဆိုတာဘာလဲ..ဘာအတွက်အသုံးများလဲ…သူတို့နိုင်ငံမှာ ဘယ်လိုတွေလုပ်နေလဲဆိုတာ ဗဟုသုတအလို့ဌာ စာတမ်းတစ်စောင်လုံးအား အင်္ဂလိပ်မှ မြန်မာလို ပြန်ပေးလိုက်ပါသည်။

နိဒါန်း

မြေရှားသတ္တုများသည်အရေးကြီးသော ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သော သဘာဝအရင်းအမြစ်ဖြစ်ပြီး ၎င်းတို့အား စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ နယ်ပယ်အသီးသီးတွင် ကျယ်ပြန့်စွာအသုံးပြုကြပါသည်။  တရုတ်နိုင်ငံသည် မြေရှားသတ္တုအရင်းအမြစ်များ ပေါ်များသောနိုင်ငံတစ်ခုဖြစ်ပါသည်။ ၁၉၅ဝ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ မြေရှားသတ္တုထုတ်လုပ်ရေးစက်မှုလုပ်ငန်းသည် ထူးခြားတိုးတက်မှုများရှိလာခဲ့ကြောင်း တွေ့ရှိရ ပါသည်။ နှစ်အတန်ကြာကြိုးပမ်းအားထုတ်ခဲ့ရပြီးနောက် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုထုတ် လုပ်သူ၊ သုံးစွဲသူ၊ တင်ပို့သူဖြစ်လာခဲ့ပါသည်။
မြေရှားသတ္တုထုတ်ယူသုံးစွဲခြင်းကြောင့် လူသားများအား အကျိုးရှိစေသကဲ့သို့ သဘာဝပတ်ဝန်းကျင် အပေါ် ရိုက်ခက်သည့်ပြဿနာများလဲ ကြုံတွေ့လာရပါသည်။ မြေရှားသတ္တုများ ထုတ်ယူသုံးစွဲရာတွင် ချင့်ချိန်သုံးစွဲ နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်အား ထိရောက်စွာကာကွယ်ပေးရေးသည် ကမ္ဘာကြီးအတွက် ယေဘုယျစိန်ခေါ်မှု တစ်ရပ်ဖြစ်လာရပါသည်။

တရုတ်နိုင်ငံအနေဖြင့် သတ္တုတူးဖော်ရေး၊ ထုတ်လုပ်ရေးနှင့် မြေရှားသတ္တုထွက်ကုန်ပစ္စည်းများအား ပြည်ပတင်ပို့ရေးတို့နှင့်ပတ်သက်၍ ကျယ်ပြန့်စွာချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ရေရှည်တည်တန့်ပြီး လူ့ကျန်းမာရေးကို မထိခိုက်နိုင်သော တိုးတက်သည့်စက်မှုလုပ်ငန်းအဖြစ် ဆောင်ကျဉ်းပေးနိုင်ရန်အတွက် အရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ထိန်းသိမ်းရေး ကြိုးပမ်းမှုများကိုလည်း တရုတ်နိုင်ငံ အနေဖြင့် အားပေးဆောင်ရွက်ခဲ့ပါသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံဖြိုးတိုးတက်မှုနှင့်အတူ မြေရှားသတ္တုထုတ်လုပ်ရေးအခန်းကဏ္ဍတွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ စည်းမျဉ်းများကို အစဉ်အမြဲလိုက်နာလျက် တရုတ်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးသို့ မြေရှားသတ္တုကုန်ပစ္စည်း အမြောက်အမြားကို တင်ပို့ပေးခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံကုန်သွယ်ရေးအဖွဲ့အစည်း၏ စည်းမျဉ်းများကို လိုက်နာ ဆောင်ရွက်လျက် ဤစက်မှုလုပ်ငန်းအား သိပ္ပံနည်းကျကြီးကြပ်ကွပ်ကဲမှုများကို တိုးမြင့်လုပ်ဆောင်သွားပါမည်။ ထို့အပြင် မြေရှားသတ္တုထုတ်ကုန်ပစ္စည်းများအား ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ခြင်းဖြင့် တိုးတက်ကြွယ်ဝသော ကမ္ဘာ့စီးပွားရေးအသွင်ဖြစ်ပေါ်လာရန်အတွက်လည်း တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ယခုအခါနိုင်ငံအများစုမှ တရုတ်နိုင်ငံ၏ မြေရှားသတ္တုထုတ်လုပ်ရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေ လျက်ရှိပြီး အမျိုးမျိုးသောထင်မြင်ယူဆချက်များလည်း ထွက်ပေါ်နေခဲ့ပါသည်။

(၁)

တရုတ်နိုင်ငံ၏မြေရှားသတ္တုထုတ်လုပ်ခြင်း၏လက်ရှိအခြေအနေ
မြေရှားသတ္တုများတွင် ဒြပ်စင် ၁ရ မျိုးပါဝင်ပြီး ၎င်းတို့မှာ- Lanthanum(La),Cerium(Ce),Praseodymium(Pr),Neodymium(Nd),Promethium(Pm),Samarium(Sm),Europium(Eu),Gadolinium(Gd),Terbuium(Tb),Dysprosium(Dy),Holminum(Ho),Ebium(Er),Thulium(Tm),Ytterbium(Yb) နှင့် Lutecium(Lu)တို့ဖြစ်ပါသည်။ မြေရှားသတ္တုတို့၏အက်တမ်အလေးချိန် နှင့်ရူပ၊ဓာတုဆိုင်ရာဂုဏ်သတ္တိများကြောင့် အပေ့ါစား၊ အလယ်အလတ်နှင့် အလေးစားသတ္တုဟူ၍ သုံးမျိုးခွဲခြားနိုင်ပါသည်။ ဖော်ပြပြီးခဲ့သော ဒြပ်စင်များအနက် ပထမ ငါးမျိုးမှာ အပေ့ါစားဖြစ်ပြီး ကျန်ဒြပ်စင်များမှာ အလယ်အလတ်၊သို့မဟုတ် အလေးစားများ ဖြစ်ပါသည်။ ၎င်းတို့၏ ထူးခြားသော ရူပ၊ဓာတုဂုဏ်သတ္တိများကြောင့် မြေရှားသတ္တုများသည် ခေတ်မှီစက်မှုလုပ်ငန်းတွင် မရှိမဖြစ် အသုံးဝင်လာခဲ့ပြီး စွမ်းအင်အသစ်များ ရှာဖွေရေး၊ ပစ္စည်းအသစ်များထုတ်လုပ်ရေး၊ စွမ်းအင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ကာကွယ်ရေး၊ လေကြောင်း၊ အာကာသနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များဆိုင်ရာ လုပ်ငန်းများတွင် ကျယ်ပြန့်စွာ အသုံးပြုလာခဲ့ပါသည်။ တရုတ်နိုင်ငံသည် မြေရှားသတ္တုအရင်းအမြစ်များ ပေါများသောနိုင်ငံဖြစ်ပြီး တစ်ကမ္ဘာလုံး၏ ၂၃ ရာခိုင်နှုန်း ခန့်ရှိပါသည်။ တရုတ်နိုင်ငံ၏ မြေရှားသတ္တုများအား အောက်ပါအချက် အလက်များအရ သိရှိနိုင်ပါသည်။
မြေရှားသတ္တုအရင်းအမြစ်အမျိုးအစားများမှာ ကွဲပြားခြားနားမှုများ ရှိပါသည်။ တရုတ်နိုင်ငံတွင် Bastnaesit/Manozite/Fergusbaite  အပါအဝင် အမျိုးမျိုးသော မြေရှားသတ္တုများ ရှိပါသည်။ ၎င်းတို့ထဲတွင် အိုင်ယွန်းအသွင်ရှိသော Iron-absorption အလယ်အလတ်နှင့် အလေးစားမြေရှားသတ္တုသိုက်များသည် ကမ္ဘာ ပေါ်တွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။
ပေ့ါပါးသော မြေရှားသတ္တုများ၏ ရေဒီယိုသတိ္တကြွမှုကြောင့် သဘာဝပတ်ဝန်းကျင်အတွက် ကြီးမားသော ပြဿနာတစ်ခု ဖြစ်ပေါ်လာရပါသည်။ ပေါ့ပါးသောမြေရှားသတ္တုသိုက် အများစုကို တူးဖော်နိုင် သော်လည်း သိုရီယမ် နှင့်အခြားရေဒီယိုသတ္တိသတ္တုကြွဒြပ်စင်များအား ကိုင်တွယ်ရန် ခက်ခဲသောကြောင့် ၎င်းတို့အား တူးဖော်စဉ်၊ အရည်ကျိုစဉ်နှင့် ခွဲခြမ်းစိတ်ဖြာခြင်းပြုလုပ်စဉ်တို့တွင် လူနှင့်သဘာဝပတ်ဝန်းကျင်မထိ ခိုက်စေရန် သတိကြီးမားစွာထားပြီး ဆောင်ရွက်ရပါသည်။
၁၉၇ဝ နောက်ပိုင်း ပြုပြင်ပြောင်းလဲမှုနှင့် ပွင့်လင်းလာသော မူဝါဒများကြောင့် တရုတ်နိုင်ငံ၏ မြေရှားသတ္တုစက်မှုလုပ်ငန်းများသည် လျင်မြန်စွာ တိုးတက်လာခဲ့ပါသည်။ သတ္တုတူးဖော်ခြင်း၊ အရည်ကျိုခြင်းနှင့် နည်းပညာအသုံးချခြင်းတို့နှင့် ပတ်သက်သော သုတေသနလုပ်ငန်းများ ထူးထူးခြားခြား တိုးတက်လာခဲ့ပြီး စက်မှုလုပ်ငန်းကြီးတစ်ခုအနေဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် တိုင်းပြည်၏ စီးပွားရေးနှင့် လူမှုရေးတို့အား တိုးတက်စေနိုင်မည့် လိုအပ်ချက်များကိုလည်း ပြည့်မှီစေခဲ့ပါသည်။

ဆက်လက်ဖော်ပြပါမည်….

 

3 comments

  • kai

    May 31, 2013 at 3:13 pm

    ချိုင်းနားမှာထွက်တယ်ဆိုတော့.. သိပ်စိတ်မဝင်စားကြဘူးဖြစ်နေပုံရတယ်..
    မြန်မာပြည်ထဲထွက်သဟေ့… ဆိုမှ.. ဒို့အရေးသမားတွေ.. သဘာဝဘာညာသမားတွေ.. “ထ”လာမှာ..

    ဆိုတော့…
    မြန်မာပြည်တွင်ထွက်သည်မထွက်သည်မသိ…
    လောလောဆယ်..
    မိမိတို့.. သဘောမတူကြောင်း.. သပိတ်မှောက်ကြောင်း.. ဆန္ဒထုတ်ဖေါ်ကြောင်း.. :kwi:

  • တရုတ်တွေ ချမ်းသာတာ
    ဒါတွေနဲ့လား မသိဘူး …..
    စပါယ်ရှယ်တွေကို စပါယ်ရှယ်စနစ် စပါယ်ရှယ် ဈေးနှုန်းနဲ့ ရောင်းတော့
    ထောလာတာပေါ့နော့ ….
    ကျုပ်တို့ဆီမှာတော့ဖြင့် … အဟွတ် …

  • Don Juan Ronald

    May 31, 2013 at 10:46 pm

    သွားရင်းလာရင်းနဲ့ကြားဘူးတာတော့၊
    ဂျပန်တွေတရုတ်ကြီးဆီမှဒီရှားပါးသောမြေကိုသိပ်အားကိုးတာ၊
    ခုတလောတရုတ်နဲ့ဂျပန်ဆက်ဆံရေးတင်းမာလာတော့၊
    တရုတ်ကြီးတွေက၊တချိန်ကျရင်ကုန်ခမ်းသွားမည်ကိုစိုးရိမ်တယ်ဆိုပြီး၊
    ရောင်းချမှုကိုလျှော့ချလိုက်တော့၊
    ခုတလောဂျပန်တွေနိုင်ငံအသီးသီးမှာ၊အပူတပြင်းလိုက်ပြီးစမ်းသပ်ရှာဖွေနေတယ်၊
    ကျနော်တို့ဗမာပြည်အပါအဝင်ပေါ့၊
    ဒါပေမဲ့ဒီရှားမြေကတရုတ်ကြီးတနိုင်ငံတည်းသာထွက်တယ်ဆိုပါလား။

Leave a Reply