Shutdown လုပ်သည့်အချိန် ကြာမြင့်လွန်းလျှင်

Yin Nyine NwayJuly 28, 20102min670

တစ်နေ့က ကျွန်တော့် Gmail Inbox ထဲ ရောက်လာတဲ့ email တွေကို ဖတ်ရင်း မိန်းကလေးတစ်ယောက်က ပို့ထားတဲ့ Please Help Me ဆိုတဲ့ email ကို တွေ့တာနဲ့ ဖတ်ကြည့်မိပါတယ်။ သူ့ကွန်ပျူတာမှာ ဖြစ်နေတဲ့ ပြဿနာတွေကို တန်းစီပြီး ရေးပြထားပါတယ်။ သူ့မေးခွန်းတွေအများကြီးထဲမှာ ကွန်ပျူတာကို shud down လုပ်ရင် ကြာလွန်းလို့ မြန်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းတစ်ခု ပါလာပါတယ်။ အခုတလော ကျွန်တော်တွေ့နေရတဲ့ ကွန်ပျူတာတော်တော်များများမှာလည်း Shutdown လုပ်တဲ့အချိန် ကြာတာကို သတိပြုမိတာနဲ့ အဲဒီ ပြဿနာကို ဖြေရှင်းနည်းလေးကို ဒီနေ့ တင်ဖြစ်လိုက်ပါတယ်။

ဖြစ်ပေါ်ရခြင်း၏အကြောင်းရင်း

ွှWindows XP ကွန်ပျူတာကို shutdown လုပ်တဲ့အခါမှာ ကွန်ပျူတာသုံးစဉ်တုန်းက အလုပ်လုပ်နေတဲ့ services တွေကို အရင်ပိတ်ပါတယ်။ services ဆိုတာက ကျွန်တော်တို့ မသိဘဲ နောက်ကွယ်ကနေ အလုပ်လုပ်နေတဲ့ process လေးတွေကို ပြောတာပါ။ ဥပမာပြောရရင် ကွန်ပျူတာနဲ့ Print ထုတ်ဖို့အတွက် Print Spooler ဆိုတဲ့ service အလုပ်လုပ်နေမှ ရပါမယ်။ အဲဒီတော့ service တစ်ခုခုနဲ့ ပတ်သတ်ပြီး Problem ဖြစ်နေမယ်ဆိုရင် Shutdown လုပ်တဲ့အချိန်ဟာ မလိုအပ်ဘဲ ကြာမြင့်သွားပါလိမ့်မယ်။

ဖြေရှင်းနည်း

ကွန်ပျူတာသမားတော်တော်များများကတော့ Nvidia Driver Helper Service (Nvidia Video Card မှသုံးသည်) ဟာ Shutdown လုပ်တဲ့အချိန်ကို ကြာစေတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း အဲဒီပြဿနာကို Nvidia Video Card Driver ကို Update လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ တစ်ချို့သူတွေကတော့ Terminal Service ကို Disable လုပ်လိုက်ရင် Shutdown လုပ်တဲ့အချိန် သိသိသာသာကို မြန်သွားတယ်လို့ ပြောကြပြန်ပါတယ်။ Terminal Services ဟာ Remote Assistance, Remote Desktop နဲ့ Fast User Switching တွေအလုပ်လုပ်နိုင်ဖို့အတွက် ထောက်ပံ့ပေးပါတယ်။ သုံးမျိုးစလုံးကို မြန်မာနိုင်ငံက ကွန်ပျူတာသုံးစွဲသူတွေ မသုံးသလောက်နီးပါးရှိတဲ့အတွက် အဲဒီ Terminal Services ကို ပိတ်ထားလိုက်လို့ရပါတယ်။ ပိတ်နည်းကတော့
၁။ Start>Run မှတစ်ဆင့် services.msc ဟုရိုက်ပြီး Enter ခေါက်ပါ။
၂။ Services Window ပွင့်လာပါလိမ့်မည်။ Services အမည်များကိုလည်း တန်းစီပြီး တွေ့ရပါလိမ့်မည်။
၃။ ထိုအထဲတွင် Terminal Services ကိုတွေ့အောင်ရှာပါ။ တွေ့လျှင် Double Click နှိပ်ပါ။
၄။ Properties Dialog box တစ်ခုကျလာပါလိမ့်မည်။ Startup type drop down list box ကိုနှိပ်ပြီး Disabled ကိုရွေးပါ။ OK နှိပ်ပါ။
၅။ Computer ကို Restart လုပ်ပါ။ နောက်တစ်ခါ Shutdown လုပ်ကြည့်ပါ။ ပိုမြန်လာပါလိမ့်မည်။

shutdown အချိန်ကို ကြာမြင့်စေတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Windows ဟာ shutdown လုပ်တဲ့အခါမှာ Virtual Memory နဲ့ Hibernation Cache ကို ဖျက်ဖို့ ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို Virtual Memory နဲ့ Hibernation Cache ကို ဖျက်ခြင်းဟာ Shutdown လုပ်တဲ့အချိန်ကို အရမ်းကြာမြင့်စေပါတယ်။ တကယ်တမ်းတော့ အဲဒီဖျက်တဲ့ Function ကို Windows က ပိတ်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့ software တွေက အဲဒါကို ပြန်ဖွင့်တတ်ပါတယ်။

အဲဒီလို သွားဖျက်တဲ့ Feature လေး ကိုယ့်ပီစီမှာ ဖွင့်ထားသလား၊ ပိတ်ထားသလား ဆုံးဖြတ်ဖို့အတွက် Run ထဲမှာ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပွင့်လာရင် ဘယ်ဘယ်မှာရှိတဲ့ Computer Configuration>Windows Settings>Security Settings>Local Policies>Security Options ကို ရောက်အောင်သွားပါ။ ပြီးရင် ညာဘက်မှာပေါ်လာတဲ့ စာတန်းတွေထဲကနေ Shutdown: Clear virtual memory page file ဆိုတဲ့ စာသားလေးကို ရှာပါ။ Disabled ဖြစ်နေတယ်ဆိုရင် ပိတ်ထားတာပါ။ Enabled ဖြစ်နေတယ်ဆိုရင် Disabled လုပ်ပစ်ရမှာပါ။ Disabled လုပ်ဖို့အတွက် အဲဒီစာသားပေါ်မှာ Double Click နှိပ်ပြီး Disabled ကိုရွေးပါ။ OK ပေါ် နှိပ်ပါ။ ကွန်ပျူတာကို Restart လုပ်ပါ။

ကျန်ရှိသေးသည့် နည်းလမ်းများအား ဆက်လက်ဖော်ပြပါမည်။
အိုင်တီမန်း
ရေးသားသူThurein 0 comments Links to this post
Labels:Speed Up Computer
ကွန်ပျူတာအမြန်နှုန်းမြင့်စေဖို့ လုပ်ဆောင်သင့်သောအချက်များ

၁။ File Indexing ကို Disable လုပ်ထားပါ

ဖိုင်တွေရှာဖွေတဲ့အခါမှာ ပိုပြီး မြန်ဆန်စေဖို့ သုံးတဲ့ windows xp ရဲ့ component တစ်ခုဖြစ်ပါတယ်။ ဖိုင်ရှာဖွေတဲ့အလုပ်ကို ခဏခဏမလုပ်ဘူးဆိုရင်တော့ ပိတ်ထားတာက သင့်တော်ပါလိမ့်မယ်။ Disable လုပ်တဲ့နည်းကတော့

Control Panel>Add/Remove Windows Components မှာ Indexing Service ရှေ့က အမှန်ခြစ် ကလေးကို ဖြုတ်ရုံပါပဲ။

၂။ Start up program တွေကို ဖြုတ်ပစ်ပါ

Start up program ဆိုတာက Windows တက်တက်ချင်း run တဲ့ program ပါ။ အများအားဖြင့် မလိုအပ်တာတွေပဲများပြီး စောင့်နေရတာပဲ ပိုပါတယ်။ အဲဒါတွေကို Disable လုပ်မယ်ဆိုရင်တော့

Start>Run မှာ msconfig လို့ရိုက်ပါ။ ပြီးရင် startup tab ကို နှိပ်ပြီး Disable All ကို နှိပ်ပါ။

တစ်လက်စတည်း Service tab ကိုလည်း နှိပ်ပါ။ Hide All Microsoft Service ရှေ့မှာ အမှန်ခြစ်ပေးပါ။ ကျန်နေတဲ့ service တွေရဲ့ ရှေ့က အမှန်ခြစ်တွေကို ဖြူတ်ပစ်ပါ။ Antivirus service တွေကိုတော့ မဖြုတ်မိပါစနေဲ့။

၃။ Temp Folder ကို အလိုအလျောက်ဖျက်စေဖို့ို့

Temporary ဖိုင်တွေဟာ program တွေက လိုအပ်လို့ ဖန်တီးလိုက်ပြီးတဲ့နောက်ပိုင်း ကျန်နေခဲ့တဲ့ မလိုအပ်တဲ့ဖိုင်တွေပဲ ဖြစ်ပါတယ်။ ဒီဖိုင်တွေကို အလိုအလျောက်ရှင်းစေချင်ရင်တော့

Start>Run ကနေ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပြီးရင် Computer configuration> Administrative Templates> Windows Components> Terminal Services> Temporary Folder အတိုင်း သွားပါ။

ပြီးရင် ညာဘက်မှာ Do Not Delete Temp Folder Upon Exit ပေါ်မှာ Double Click နှိပ်ပြီး Disable ကို ရွေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါတော့။

၄။ Virtual Memory တိုးပေးပါ

Virtual Memory ဆိုတာက RAM မလုံလောက်တဲ့အခါ Hard disk ထဲမှာ နေရာတစ်ခုသတ်မှတ်ပြီး Memory အတုအဖြစ် သတ်မှတ်သုံးစွဲတာဖြစ်ပါတယ်။ သင့်ကွန်ပျူတာက RAM ပမာဏများနေရင်တော့ ကိစ္စမရှိပေမဲ့ RAM နည်းနေရင်တော့ Virtual Memory ကို တိုးပေးပါ။ တိုးနည်းကတော့

Start>Run ကနေ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advanced tab ကို နှိပ်ပါ။ အပေါ်ဆုံးက Setting button ကို နှိပ်ပါ။ Advanced ကို နှိပ်ပါ။ Change ကို နှိပ်ပါ။ initial size text box ထဲမှာ လက်ရှိ RAM ပမာဏရဲ့ ၁.၅ ဆရိုက်ထည့်ပါ။ Maximum size text box ထဲမှာတော့ လက်ရှိ RAM ပမာဏရဲ့ ၃ဆ ရိုက်ထည့်ပါ။ ပြီးရင် Set ကို နှိပ်ပါ။ OK နှိပ်ပြီး ထွက်လိုက်ပါ။

၅။ မလိုအပ်တဲ့Font တွေကို ဖျက်ပစ်ပါ

Program တစ်ခုတင်လိုက်တိုင်း Font တွေ တိုးတိုးသွားတာကို သင်သတိပြုမိရဲ့လား။ Fonts တွေ အများကြီးရှိနေရင် Windows တက်တာကအစ Program တွေ ဖွင့်တာအဆုံး ကြာနေတတ်ပါတယ်။ ဒါကြောင့် မသုံးတဲ့ font တွေကို ဖျက်ပစ်ပါ။ ဖျက်နည်းကတော့

Start>Run ကနေ fonts လို့ရိုက်ပြီး Enter ခေါက်ပါ။ Fonts တွေ ပေါ်လာပါလိမ့်မယ်။ မသုံးတဲ့ font ကို select လုပ်ပြီး Delete Key ကိုသာ နှိပ်လိုက်ပါ။ Windows က သုံးတဲ့ Font တွေ မဖျက်မိတော့ သတိထားပါ။

၆။ Visual Effect တွေကို လျှော့ချပါ

Windows XP မှာ အမြင်လှပအောင်လုပ်ပေးနေတဲ့ Visual Effect တွေကို လျော့ချပေးပါ။ လုပ်နည်းကတော့

Start>Run မှာ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advaned ကိုနှိပ် အပေါ်ဆုံးက Setting ဆီ သွားပြီး Adjust for best performance ကို ရွေးပေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါ။