How to make main menu – blogspot

Myanmar Web DesignerMay 31, 20132min1413

မင်္ဂလာပါ..

ဒီတစ်ခေါက်တော့ blogspot နဲ့ လုပ်ထားတဲ့ website တွေမှာ Main Menu ထည့်သွင်းပုံကို ပြောပြမှာ ဖြစ်ပါတယ်။ Blog spot ရဲ့ အားသာချက်တွေကိုတော့ blogger (blogspot) strong points မှာ ပြောပြထားဖူးပါတယ်။ ဘလော့ရေးတော့မယ်ဆိုရင် ဖတ်ထားသင့်တဲ့ ဆောင်းပါးတစ်ခုလည်း ဖြစ်ပါတယ်။ အခုပြောပြမယ့် သင်ခန်းစာကိုတော့ ကိုယ်ပိုင် blog တစ်ခု ရှိထားမှ လိုက်လုပ်လို့ ရမှာဖြစ်ပါတယ်။ တစ်ကယ်လို့ ခင်ဗျားမှာ ကိုယ်ပိုင် blog မရှိသေးဘူးဆိုရင် How to make a blogger website မှာ ဝင်ဖတ်လိုက်ပါ။ blogspot website တစ်ခု ပြုလုပ်နည်းကို ရေးထားပေးပါတယ်။ ဒီနေ့သင်ခန်းစာကတော့ အဲဒီ blog မှာ main menu ပေါ်အောင် ပြုလုပ်နည်းကို ပြောပြမှာပါ။

အရင်ဆုံး blog လုပ်ထားတဲ့ gmail အကောင့်ကို ဝင်လိုက်ပါ။ ပြီးရင် www.blogger.com ကို ဝင်လိုက်ပါ။ ပြီးရင် အောက်က ပုံတွေအတိုင်း လိုက်လုပ်ပေးပါ။ (ပုံအကြီးကြည့်နိုင်ဖို့ ပုံကို ကလစ်နှိပ်ပြီး ကြည့်နိုင်ပါတယ်။)

01

New Post ကို နှိပ်လိုက်ပြီဆိုရင်တော့ နောက်တစ်မျက်နှာမှာ post title နဲ့ post content တွေ ရေးရမယ့် စာမျက်နှာကို ရောက်ပါလိမ့်မယ်။ ကိုယ်တင်မယ့် post ကို ရေးလိုက်ပါ။ ပြီးရင် ကွန်ပျူတာရဲ့ ညာဘက်အခြမ်းမှာ Labels ဆိုတဲ့နေရာလေးရှိပါတယ်။ click နှိပ်လိုက်ပါ။ အောက်က ပုံအတိုင်း မြင်ရပါမယ်။ ပုံထဲက အညွှန်းတွေအတိုင်း လိုက်လုပ်ပေးပါ။

02

ဒါပြီးရင် အဲဒီ labels ရဲ့ အပေါ်နားမှာ Publish ဆိုတဲ့ အဝါရောင် ခလုတ်လေးရှိပါတယ်၊ နှိပ်လိုက်ပါ။နောက်တစ်ဆင့်က browser မှာ new tab ဖွင့်လိုက်ပါ၊ ပြီးရင် ခင်ဗျားရဲ့ blog လိပ်စာကို ရိုက်လိုက်ပါ။ အောက်ကပုံ အတိုင်း ဆက်လုပ်ပါ။

03

ဒါပြီးရင် အခုန post တင်တဲ့ဖက်ကို ပြန်သွားပါ။ အောက်ကပုံအတိုင်း ဆက်လုပ်ပါ။

04

05

ဒါဆိုရင် သင်ခန်းစာ ပြီးပါပြီ။ ခင်ဗျားရဲ့ blog ကိုပြန်ကြည့်လိုက်ပါ။ Menu တစ်ခု ပေါ်နေတာ တွေ့ရပါလိမ့်မယ်။ အဲဒီ menu ကိုနှိပ်လိုက်ရင် ခင်ဗျားရေးထားတဲ့ post ကို တွေ့ပါမယ်။ menu တစ်ခုအောက်မှာ post တွေ တစ်ခုထက်ပိုထားချင်ရင်တော့ labels ပေးတဲ့အချိန်မှာ အတူတူပေးရပါမယ်။ ဥပမာ – web design ဆိုတဲ့ menu အောက်မှာ post A ကော post B ကော နှစ်ခုလုံးကို ရှိစေချင်တယ်ဆိုရင်။ Post A ကိုရော Post B ကိုရော label မှာ web-design လို့ပေးပြီးတော့ လင့်ခ်ချိတ်ပေးရပါမယ်။ label ပေးတဲ့နေရာမှာ space မသုံးပါနဲ့ space အစား dash(-) ကို သုံးပါ။ ဒီလောက်ဆိုရင် လုံလောက်ပြီထင်ပါတယ်။ အဆင်မပြေတာရှိရင် comment မှာ မေးခဲ့ပါ။

3 comments

  • ဟုတ်ကဲ့ …
    စမ်းပြီး ကလိကြည့်လိုက်ပါဦးမယ် ..
    အဆင်မပြေတာ ရှိရင်
    လာပြောပါ့မယ် ..
    ကျေးဇူးပါ ..

  • မင်းမင်း

    July 2, 2013 at 10:31 am

    အစကတော့ကလိဘူးတယ်။
    ကော်နရှင် ကနှေးနှေးနေတော့ ပစ်ထားလိုက်တာ။
    တခါတလေ f/b လိုနေရာမှာတောင် status ရေးရင်
    တင်လို့မရ ပျက်ပျက်သွားတယ်။
    ဒါကြောင့်စာအများကြီးမရိုက်ဖြစ်တော့ဘူး။
    ဒီ ရွာထဲမှာတောင် တင်လို့ရလိုက်မရလိုက်နဲ့။

  • မင်းမင်း

    July 2, 2013 at 10:38 am

    ခုတောင်တန်းလန်းနဲ့ တခုတတ်သွားတယ်။
    စိတ်မရှည်ဘူးဗျာ။သင်တန်းလဲမတတ်အား
    ရတဲ့အချိန်လေးလုပြီးလိုင်းပေါ်တတ်တော့
    လိုင်းကနှေး။ စိတ်ကမရှည်။အချိန်ကမပေးနိုင်။
    ဂွကျတယ်ဗျာ။ လိုင်းမကောင်းတာက ကျနော်အတွက်
    သိချင်တာ နဲနဲလေးလုပ်ချင်တာ တွေကိုပိတ်သလိုဖြစ်နေတယ်။
    တလံပြရင် လက်တသစ် လောက်ပဲ မြင်တာကလည်းဆိုးတယ်
    ဗျ။ ဒါပါပဲဗျာ။ ခုတော့လေ့ပဲလာလိုက်မယ်။လိုင်း ကောင်းသော
    ခေတ်ကိုမှီခဲ့ရင် ကလိလိုက် မေးလိုက်လုပ်မယ်ဗျာ။

Leave a Reply