“အဲဒါငါနဲ့ မဆိုင်ဘူး´´

 

နေရာက ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရဲ့ လ.၀.က ရုံးဌာနတစ်ခုမှာ စစ်တမ်းကောက်ယူနေကြတာပါ။

မန်နေဂျာရုံးခန်း တံခါးဝတွင် ၀န်ထမ်းတစ်ဦးရပ်စောင့်နေပြီး ထိုအခန်းရှေ့တွင် ဤဒေသ အနီးတစ်ဝိုက်တွင် နေထိုင်ကြသော မြန်မာ ရခိုင် တရုတ် ဘင်္ဂါလီ …. စသည်လူမျိုးများ၏ အိမ်ထောင်ဦးစီးများ ဟိုတစ်စု ဒီတစ်စု ရှိနေကြပါသည်။ အဲဒီအချိန်မှာဘဲ တံခါးဝတွင်ရှိ ၀န်ထမ်းမှ

ဝန်ထမ်း – ဦးလောရှည် ရှိပါလား

ဦးလောရှည် – ရှိပါတယ်၊

ဝန်ထမ်း – အထဲဝင်ပါ ( ဆိုတဲ့အတွက် ဦးလောရှည် အထဲဝင်သွားပါတယ်၊ အထဲရောက်တော့ စားပွဲရှေ့က ထိုင်ခုံမှာထိုင်လိုက်ပြီး သူနဲ့မျက်နှာချင်းဆိုင်မှာ လူကြီး ၃ ဦး ထိုင်နေပါတယ်)

လူကြီး – ခင်ဗျားဘာလူမျိုးလဲ

ဦးလောရှည် – တရုတ်ပါ

လူကြီး – အဖေ ကရော

ဦးလောရှည် – တရုတ်ပါဘဲ

လူကြီး – အမေ ကရော

ဦးလောရှည် – တရုတ်ပါဘဲ

လူကြီး – အိမ်ထောင်ရှိလား

ဦးလောရှည် – ရှိပါတယ်

လူကြီး – ကလေး ကောရှိလား

ဦးလောရှည် – ရှိပါတယ် ၄ ယောက်ပါ

လူကြီး – နောက်ထပ်ကော ကလေးထပ်ယူဖို့ အစီစဉ်ရှိသေးလား

ဦးလောရှည် – ရှိတာပေါ့၊ ၀ တို့ တရုတ်ပြည်မှာ အခုလို အများကြီးမွေးလို့ မရဘူး၊ ဒါကြောင့် မြန်မာပြည်ထဲ လာနေပြီး ကလေးယူရတာလေ ဖြစ်နိုင်ရင် ၇ ယောက် ၈ ယောက်လောက် ၀ မိန်းမကို မွေးစေချင်တာလေ။

လူကြီး – မွေးပါဗျာ သဘောရှိမွေးဗျာ။ ပြန်လို့ရပါပြီ။

( ဦးလောရှည် အခန်းထဲမှထွက်သွားလေ၏)

 

ဝန်ထမ်း – နောက်တစ်ယောက် ဦးသာထွန်း

ဦးသာထွန်း – ရှိပါတယ်။ ( ဆိုပြီး အခန်းထဲဝင်ကာ ခုံလေးမှာ ထိုင်လိုက်ပေါ့)

လူကြီး – ဘာလူမျိုးလဲ

ဦးသာထွန်း – ရခိုင်ပါ။

လူကြီး – မိဘတွေကရော ဘာလူမျိုးလဲ

ဦးသာထွန်း – အဖေရခိုင် အမေရခိုင်ပါ။

လူကြီး – အိမ်ထောင်ရှိလား

ဦးသာထွန်း – ရှိပါတယ်

လူကြီး – ကလေးရောရှိလား

ဦးသာထွန်း – ၂ ယောက်ရှိပါတယ်။

လူကြီး – နောက်ထပ် ကလေးထပ်ယူဖို့ရော အစီအစဉ်ရှိလား

ဦးသာထွန်း – အခုက သား ၂ ယောက်မို့ သမီးမိန်းကလေး ရအောင် နောက်တစ်ယောက်တော့ စမ်းယူမလို့ စိတ်းကူးတော့ရှိပါတယ်။

လူကြီး – အေးဗျာ ဦးသာထွန်း ဆန္ဒအတိုင်း သမီးမိန်းကလေးရပါစေဗျာ ဆက်ကြိုးစားပေါ့။ ရပါပြီ။

(ဦးသာထွန်း တစ်ယောက်အခန်းထဲက ထွက်သွားတော့)

 

ဝန်ထမ်း – နောက်တစ်ယောက် ဦးအီစွတ်

ဦးအီစွတ် – ရှိပါတယ် ( ဆိုပြီး အခန်းထဲဝင် ခုံမှာထိုင်ပေါ့)

လူကြီး – ဘာလူမျိုးလဲ

ဦးအီစွတ် – ဘင်္ဂါလီပါ

လူကြီး – မိဘတွေကရော

ဦးအီစွတ် – နှစ်ယောက်စလုံး ဘင်္ဂါလီပါဘဲ

လူကြီး – ဒီဒေသကို ဘယ်လိုရောက်လာသလဲ

ဦးအီစွတ် – ဆရာနေရာကို အရင်တာဝန်ယူရောက်လာတဲ့ လူကြီးဆီ ဘာလေးညာလေးပွဲစားကတဆင့် ပေးပြီး နေခွင့်ရတာပါ။

လူကြီး – ထားပါတော့၊ အဲဒါငါနဲ့ မဆိုင်ဘူး၊ အိမ်ထောင်ရှိလား

ဦးအီစွတ် – ရှိပါတယ်၊ ကလေးလည်း ၁ ယောက်ရှိပါတယ်၊

လူကြီး – နောက်ထပ် ကလေး ၁ ယောက်ဘဲယူရမယ်နော်၊ အဲဒီ ၁ ယောက်ယူလို့ အဖတ်တင်ရင် ထပ်ယူခွင့် မရှိဘူး။

ဦးအီစွတ် – အာပါးဆရားကြီးရယ် မလုပ်ပါနဲ့ ၄ ယောက်လောက်တော့ ရရင် ယူပါရစေ။

လူကြီး – မရဘူး ဒါသတ်မှတ်ချက်ဘဲ ကလေး ၂ ယောက်ထက် ပိုယူခွင့်မရှိဘူး။

ဦးအီစွတ် – ဆရာကြီးရယ် အခန်းဝမှာ အနော်ဝင်ဖို့စောင့်နေရင်းနဲ့ ကြားမိပါတယ် အနော်ရှေ့က အသားဖြူဖြူ ခပ်ချောချော တရုတ်ကြီးက ၄ ယောက်ရှိတာတောင် ထပ်မွေးလို့ရတယ်ပြောတာလေ၊ အနော်ကျတော့ ၂ ယောက် ဘဲလားဟင်

လူကြီး – ရှာမရှည်နဲ့ ၂ ယောက်ဘဲ ယူရမည်။ ဒါ ဒီဒေသရဲ့ ကန့်သတ်ချက်အမိန့်ဘဲ မလိုက်နာရင် အရေးယူ မယ်၊

ဦးအီစွတ် – ဒါဆို မောင်တောမှာ ကလေး ၂ ယောက် ရပြီး၊ ကျောက်ဖြူပြောင်းတော့ ဟိုမှာကော ထပ်ယူရင် ရလားဟင်

လူကြီး – အဲဒါငါနဲ့ မဆိုင်ဘူး၊ အဲဒီရောက်မှ အဲဒီမှာရှင်း ဒါဘဲ၊ သွားလို့ရပြီ။

(ဦးအီစွတ်လည်း အခန်းထဲမှ ထွက်သွားလေသတည်း)

 

ဘာရယ်လို့မဟုတ်ပါဘူး ဟိုတွေးဒီတွေး ရယ်စရာလေး အဖြစ်ရေးတာပါ။

 

ဖတ်ရှု့သူများကျေးဇူးပါ၊

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..