စည်းမရှိ ကမ်းမရှိ ၊ လုပ်ချင်တိုင်း လုပ်နေကြတာတွေ ရပ်သင့်ပြီ ။

alinsettMay 31, 20131min34245

စည်းမရှိ ကမ်းမရှိ  ၊ လုပ်ချင်တိုင်း  လုပ်နေကြတာတွေ  ရပ်သင့်ပြီ ။

Exif_JPEG_420

 

အဖြစ်အပျက်တွေကို ပြောနေရမှာတောင် စိတ်ကုန်တယ် ။

ပုံကိုသာကြည့်ကြပါတော ့. ။

အလုပ် အသွားမှာ.. အဲဒီလို လမ်းကြောင်းတွေ ကြောင့်.. အလုပ်သမားပြည်သူတွေ စီးနေတဲ ့ ကားမှန်သမျှကို.မညှာမတာ ပိတ် ထားတဲ ့ လမ်းကြောင်းးတွေ. .။

အဲဒီ လမ်းကြောင်းတွေ ကြောင့်  … အလုပ်နောက် ကျပေါင်းလည်း.များပြီ ။

လူတိုင်းလည် း.. မခံစားချင်တော့ဘူးဆိုတာ သေချာတယ် ။

သူတို ့… သွားရာ လမ်းတလျှောက်မှ ာ..လမ်းရှင်းဖို ့ပဲ..သိပြီ းး.. ကျန်တဲ ့ ခရီးသွားပြည်သူတွေနဲ ့..

အလုပ်သမားတွေ  ရဲ ့ တန်ဖို းရှ်ိတဲ့အချိန်တွေကို ..   မငဲ ့တတ်တဲ့ အလုပ်တွေ    ..ကို…

အဲဒီ အဖွဲ ့အစည်းတွေက ပဲ..လုပ်နေကြတာ… ။

လွန်နေပြီ ။

 

===========

အလုပ်နောက်ကျရ တာ များပြီ ။

ဒေါသ ထွက်လွန်းလို ့.. တင်တယ်ကွာ.. ။ ကဲ..

နောက် တစ်ပုံ …။

 

ကြည့် ။ ပိတ်ရပ်ထားတာ ။ ကန့်လန့်ဖြတ်ကို ပိတ်ရပ်ထားတာ ။ ဟိုဘက်က ကားအဖြူလေးးး ။
ကြည့်  ။ ပိတ်ရပ်ထားတာ ။ ကန့်လန့်ဖြတ်ကို ပိတ်ရပ်ထားတာ ။ ဟိုဘက်က ကားအဖြူလေးးး ။
ကြည့် ။ ပိတ်ရပ်ထားတာ ။ ကန့်လန့်ဖြတ်ကို ပိတ်ရပ်ထားတာ ။ ဟိုဘက်က ကားအဖြူလေးးး ။

 

=======

တကယ်ဆို ….

သူတို ့.. စီမံထားတဲ ့ လမ်းရှင်းစနစ်ထဲ မှာ.. သူတို ့.သွားနိုင်ရမှာပေါ့ ။

လမ်းကြောတွေ ပိတ်နေတဲ ့  ဒဏ်ကို ပြည်သူတွေက ခံ ။ သူတို ့ကျတော့.. ပြည်သူတွေ ကို ချနင်းထားပြီ းမှ ရှင်းထားတဲ ့ လမ်းရှင်းရှင်းလေးထဲ..

လှလှပပ မောင် းးး ။

သူတိ ု့ပဲ.. အရေးကြီးတယ် ..ပေါ့လေ ။

သူတို့လည်း..နိုင်ငံ ဝန်ထမ်း.. ။

ကိုယ်တွေလည်း..နိုင်ငံ့ ဝန်ထမ်းပဲ …။

======

စိတ်တိုဒယ်ကွာ…။

=====

နောက်တစ်ခါ…

အလုပ် နောက် မကျချင်ဘူး ။

အချိန်မှန်ကြေး.အပြုတ်မခံနိုင်ဘူးးး။

=====

ဘာလုပ်ရမလဲ …. ။

အဲဒီလို အဖြစ်မျိုး.. ထပ်မကြုံရအောင်..ဘာလုပ်ရမလဲ. ….။

=====

 

 

45 comments

  • အလင်း ဆက်

    May 31, 2013 at 8:25 pm

    အဲ… ပုံတစ်ပုံက
    ဘေး.ချော်ထွက်နေပါ့လားးးး။
    ပြန်လည်း .မတည့်တတ်ဘူး ။
    ရှိစေတော့….
    :kwi:

  • နင့်ပုံတွေ မမြင်ရသေးဘူး …
    ဒါပေမယ့် စာဖတ်ပြီး ဘာပုံတွေ ဖြစ်မယ်ဆိုတာ သိနေဒလယ် …
    ဟုတ်အိ …
    ဤသို့ မဖြစ်သင့်ဟု ဆိုဂျင်အိ …

  • kyaw hteik

    May 31, 2013 at 9:34 pm

    ဒီလိုမကြုံခြင်​းရင်​ ​လူကြီးဖြစ်​​အောင်​လုပ်​။

    စစ်​မှန်​​သော ဒီမိုက​ရေစီ ဖြစ်​​အောင်​ကိုယ်​ကစ ကြိုးစားကြပါစို့။ဒါမှ သူတို့လုပ်​တိုင်​းမဖြစ်​မှာ။

  • အလင်း ဆက်

    May 31, 2013 at 9:54 pm

    အသက်လေးဆယ်ကျော်ရင်တော ့…လူကြီးဖြစ်ကောင်းပါရဲ ့…
    ဟိဟိ
    :kwi:

  • uncle gyi

    May 31, 2013 at 11:08 pm

    အဲဒီလို အဖြစ်မျိုး.. ထပ်မကြုံရအောင်..ဘာလုပ်ရမလဲ.
    အိမ်ထဲကအိမ်ပြင်မထွက်ပါနဲ့
    ထပ်မကြုံရအောင်လုံးဝအာမခံပါတယ်
    ကိုလင်းရေ

  • marblecommet

    May 31, 2013 at 11:51 pm

    ကဘာကျော် စစ်နှင့်ငြိမ်းချမ်းရေးကို
    လှည်းတန်းမီးပွိုင့်မှာအပြီးဖတ်ပစ်ခဲ့တာ
    လေရူးသုန်သုန်ကို
    ရွှေဂုံတိုင်ပွိုင့်မှာဖတ်ပစ်ခဲ့တာ….
    အရှေ့နေဝန်းထွက်သည့်ပမာကို
    ဘုရင့်နောင်လမ်းဆုံမှာဖတ်ပစ်ခဲ့တာ……..
    ဟိဟိ
    (ခွစ်ဒစ်တူ ဆရာကြီးဂျက်)

  • kyeemite

    June 1, 2013 at 9:20 am

    ဘာလုပ်ရမလဲ …. ။
    အဲဒီလို အဖြစ်မျိုး.. ထပ်မကြုံရအောင်..ဘာလုပ်ရမလဲ. ….။
    အခုနေ အကြံပေးရရင်တော့ ဒီထက်ပိုစောထွက်လို့ပဲ..ပြောရမှာပဲ အလက်ဆင်းရေ..
    ကိုယ်လည်း ဘုရင့်နောင်နေ့တိုင်းဖြတ်နေရတော့ အချိန်စောထွက်နေရပါတယ်… 🙄

  • အလင်း ဆက်

    June 1, 2013 at 9:46 am

    အန်ကယ် ဂျီး ရေ
    အိမ် ထဲက အိမ်ပြင် မထွက်ပဲ နေချင် တယ်
    ခြစ်တုဝေ လေးနဲ့ ။

    🙂

  • အလင်း ဆက်

    June 1, 2013 at 9:50 am

    ကိုကမ်း ရေ
    ကျွန်တော် လည်း စာအုပ်ထူထူ ကို သွား လေ ရာ ဆောင် ထားရတယ်။
    အချိန်က အရမ်းကပ် ပြီး နောက်ကျတော့ မယ် ့ အခြေအနေ ဆိုရင်တော့
    ဒေါသ ထူထူ ကိုပဲ ထုတ်သုံး နေမိရဲ ့

    🙂

  • အလင်း ဆက်

    June 1, 2013 at 10:01 am

    ဦးကြီးး မိုက် ရေ
    အခုလောလော ဆယ် ဦး မိုက် ပြောသလိုပဲ အိမ်က စောထွက်နေ ရတယ်
    ကားပေါ် ရောက်တာ နဲ့ စိတ်ကို တစ်နာရီမိုင် ၂ဝ ထက်မပို အောင် ထိန်းရတယ်
    လမ်းကြောင်းစုတ်တွေ နဲ ့တိုးတိုင်း ဒေါသ တွေ က မီးခိုးလို တလူလူ ထွက်တယ်
    :buu:

  • ဦးကြောင်ကြီး

    June 1, 2013 at 10:19 am

    လုပ်ချင်ဒိုင်းလုပ်
    ကျုပ်မြင်ဗျိုင်းအုပ်
    သုတ်လျင်ဆိုင်းဘုတ်
    ငြုပ်စင်ပြိုင်းတုပ်
    ရုပ်ရှင်လိုင်းဟုတ်
    ဖုတ်ဝင်ဂိုဏ်းချုပ်
    လုပ်အင်ဂျိုင်းနှုတ်
    ခုတ်ထွင်သိုင်းကုတ်..

  • အလင်း ဆက်

    June 1, 2013 at 10:30 am

    အူးကျောင် ဂျီး

    အက်ဒိ ဖုတ်ဝင် ဂိုင်းချုပ် တွေက
    ဖြုတ်ချင် တိုင်း မပြုတ် လေတော့
    တုတ် ချင် တိုင်းသာ တုတ် နေရ တဲ့
    ကျနော်တို ့ဘွဘာာာ နော့
    :kwi:

  • မောင် ပေ

    June 1, 2013 at 12:33 pm

    နောက်ကို မြို ့ထဲ သွားရင်
    လေးခွ နဲ ့လောက်စလုံး ယူသွား
    အမြင် မတော်တဲ့ ကားတွေ ့ရင်
    ထုပြီး ပြေး
    ဟီ ဟိ

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 1, 2013 at 12:44 pm

    ဖြစ်ခြင်တာရယ် ဖြစ်နေတာရယ် ဖြစ်သင့်တာရယ်
    ဖြစ်နေတာရယ် ဖြစ်ခြင်တာရယ် ဖြစ်သင့်တာရယ်
    ဖြစ်သင့်တာရယ် ဖြစ်ခြင်တာရယ် ဖြစ်နေတာရယ်
    ဖြစ်ခြင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်နေတာရယ်
    ဖြစ်သင့်တာရယ် ဖြစ်နေတာရယ် ဖြစ်ခြင်တာရယ်
    ဖြစ်နေတာရယ် ဖြစ်သင့်တာရယ် ဖြစ်ခြင်တာရယ်
    အတိတ်ကောက်ပြီး ချဲထိုးကြည့်ပါလား :mrgreen: ပြောလို့မထူးတော့ ချဲထိုးကျိရင် ထူးကောင်းထူးမယ်ထင်တယ်

  • ကို ငြိမ်းမောင်

    June 1, 2013 at 12:58 pm

    ကားပျက်နေတာလားကွယ်။

  • အလင်း ဆက်

    June 1, 2013 at 2:18 pm

    လေး လေးပေ

    ပြောတဲ ့အကြံ မဆိုးဘူးးး။
    ရွာ ကို လူ ကြုံနဲ ့ လေးခွ ကောင်း ကောင်း မှာမယ်

  • အလင်း ဆက်

    June 1, 2013 at 2:23 pm

    အူးမိုက်ကယ် ရေ
    ချဲ ထိုးရင် လည်း စိတ်တို ရတာပဲ ။
    များများကို မထိုးရဲဘူး။ ဒိုင်က ပြေးမယ်ဆိုတာ ချည်း ပဲလေ ။
    ဟိဟိ။
    ဘယ်နေရာ ကျိကျိ စိတ်တို စရာအတိ
    ကွိကွိ
    🙂

  • အလင်း ဆက်

    June 1, 2013 at 2:28 pm

    ဦးဦး ကိုငြိမ်းမောင်

    အက်ဒိ ကားက လေ ကဘာ အေးဘက်က နေ ကျိုက်ဝိုင်း ဘက်သွားမယ့်
    ကားတွေ အ ရှေ့မှာ ကန့်လန် ့ဖြတ် ကြီး ရပ်
    ကားပေါ်က နေ ယူနီဖောင်းကြီးနဲ့ဆင်းလာ
    ပြီးတော့ မလာသေးတဲ့ ယာဉ်တန်းကို ဟန်ပါပါ နဲ့ စောင့်ကြို နေတာာာ
    ဒါနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအရ ဆိုရင်
    အက်သလို ပိတ် ရပ် ခွင့် မရှိလောက်ပါဘူး နော်
    ဟီးဟိ
    မတိလို ့ပါ။
    :kwi:

  • Mr. MarGa

    June 1, 2013 at 2:50 pm

    လူကလေး အလင်းဆက် ရဲ့
    လူကလေးနဲ့ ဟို လူဂျီးတွေနဲ့တော့ ဘယ် တူမလဲကွယ်
    မတူတာကို မတုချင်ပါနဲ့
    ဟီဟိ

  • အလင်း ဆက်

    June 1, 2013 at 3:09 pm

    ဒီ သကြားမင်းကလည်းးး လက်မတည့်တာခက်တယ်

    တူက လက်မတည့်တော့ တူ ့ဝလစိန် လက်နက်ကြီးက ဘာမှ သုံးမရ

    ကျိမနေပါနဲ ့ အရှင် သကြားမင်း
    ဒီနိုင်ငံရဲ ့ အမိုက်အမဲ လေးတွေ ကို ဗွေယူတော်မူပါ
    :kwi:

    • Mr. MarGa

      June 1, 2013 at 3:15 pm

      ယူလို့ ရဘူးကွယ့်
      အဲဒါ သိကြားအတွက် လမ်းရှင်းထားတာလေကွယ်
      အဲသလောက်ဆို သိတော့ :harr:

  • myanmarcitizen

    June 1, 2013 at 3:59 pm

    တလောကသတင်းစာထဲမှာလား(သိပ်မမှတ်မိတော့) ရုရှားက ပူတင်းကြီးက helicopter နဲကရုံးတက်တော့
    မယ်ဆိုလား။ သူ့ကြောင့်ပြည်သူတွေ ကားလမ်းပိတ်တာ မဖြစ်ချင်လို့တဲ့။

  • may july

    June 1, 2013 at 4:43 pm

    လမ်းတွေက ပိတ်ပါတယ်ဆို ဒီလူချီးတွေ ကတမျိုးးးးးးးး 😕

  • အရီးခင်လတ်

    June 1, 2013 at 4:47 pm

    အကောင်းဆုံး အကြံပေးမဟေ့။ ကကြီးမိုက်လိုဘဲ။
    အိမ်က နေ တတ်နိုင်သမျှ ကားတွေ မပိတ်ခင် စောထွက်။
    အဲဒါ အဖြစ်နိုင်ဆုံး လက်တွေ့ ဖြေရှင်းနည်းဘဲ၊
    အရီး လဲ ဒီမှာ ဒီလိုဘဲ လုပ်ရပါတယ်။ 😆

    နောက်တနည်း။ စက်ဘီး နဲ့ သွားရင်ရောရလား။

  • အလင်း ဆက်

    June 1, 2013 at 5:35 pm

    myanmarcitizen ရေ
    တို ့ဆီက ဟာကြီးတွေ လည်း အက်သလို သာ သွားကြ ရင် ကောင်းမယ်
    ဒါမှ တို ့တွေ အလုပ် နောက်ကျ သက်သာမယ်။
    ဟိဟိ

  • အလင်း ဆက်

    June 1, 2013 at 10:30 pm

    myanmarcitizen ရေ…
    ဒီ က ဟာကြီးတွေလည်း..အဲဒလိုသာ သွားကြပါတော့…လို ့ဆုတောင်းပါတယ် ။
    ဒါမှ ဒို ့ အလုပ် နောက်မကျမှာာ..။
    :kwi:
    :kwi:

    ==================
    may july ရေ…
    လမ်းတွေ ပိတ်တာတော့ပြောမနေတော့နဲ ့.. ။
    ကိုကမ်းလို..စာအုပ် ထူထူ ဆောင် ထားရပါတယ်..ဆို ။
    ဟိဟိ ။
    သူတို ့..လာရင်တော့.. ပိတ်နေတဲ့ လမ်းတွေ ရှင်းလို ့….။
    ကိုယ်တွေက… ချောင်ထိုးခံလိုက်ရတာကိုးးးး
    🙂
    ==================
    အရီး ..ရေ….
    အခုတော့..
    အလုပ်ကို အိမ်ကနေ စောပြီး ထွက်နေရပါတယ် ။

    စက်ဘီးနဲ့ ကျတော့လည်း…
    မော်တော်ပီကယ် ဖမ်းလို ့.. မစီး ရဲ……..
    မင်္ဂလာဒုံကနေ…..
    စော်ဘွားကြီးကုန်းလောက်ထိ ပဲ.ရမယ် ။
    စော်ဘွားကြီးကုန်း ..ဒီ ဘက် ဆယ်မိုင်ဘက် ကို… (ရှစ်မိုင် ဘက်ကို )
    စက်ဘီး စီးလို ့ မရတော့…ဘူး ။
    အဖြစ်တွေ..များ.ဆိုးပါ ့….။
    :kwi:
    :kwi:

  • ဦး ကြိမ်

    June 2, 2013 at 2:08 am

    ဘယ်တော့မှရပ်မှာမဟုတ်ဘူး………
    စည်းမရှိ….ကမ်းမရှိ…..အဆင့်မရှိသူတွေစီမံခန့်ခွဲအုပ်ချုပ် နေသမျှတော့………။

  • kai

    June 2, 2013 at 2:59 am

    မီဒီယာတွေတာဝန်ဖြစ်ပါတယ်..
    အခွင့်ထူးခံသူဘယ်သူဆိုတာ.. ဓါတ်ပုံရိုက်သတင်းစာထဲထည့်ရတာပါ…

    အဲလိုများများလုပ်ပေးမှ… သူ့အထက်ကအရာရှိတွေ.. “ထု”မှာမို့.. နောက်နောင်အဲလိုအခွင့်ထူးခံတာတွေလျှော့ကျလာမှာဖြစ်ပါကြောင်း…။

  • အလင်း ဆက်

    June 2, 2013 at 3:52 pm

    comment များ ချီးမြှင့် ပေးပါသော

    သူကြီး နှင့်

    ဦးကြိမ် တို ့အားးး
    ကျေးဇူးတင်ပါအိ။

  • e tone

    June 2, 2013 at 8:25 pm

    တိုက်တိုက်ဆိုင်ဆိုင်ပဲတော် .. မနေ့က လမ်းပိတ်နေတဲ့ ဘုရင့်နောင် လမ်းမှာ … လမ်းကြောင်းကား တစီးနဲ့ ကြုံတယ် .. ကားတွေပိတ်နေတာကို … ရှေ့ပြေးဘဲဥက … အတင်းလမ်းရှင်းတယ် . … ဆိုင်ကယ်နဲ့ … ဟွန်းအတင်းတီး .. မီးတွေဖွင့် ဥဩဆွဲပြီး….. လမ်းတောင်းတယ် … ကားကြပ်လွန်းချိန် …ရထားတဲ့ လမ်းလေးကို ဘယ်သူက ဖယ်ပေးချင်ပါ့မလဲ … ဒါကို မဖယ်ပေးရကောင်းမလားဆိုပြီး … ကားရှေ ့ ဆိုင်ကယ် အတင်းပိတ်ဖြတ်ဝင်တယ် …… မုန်းစရာကောင်းလိုက်တာ အရမ်းပဲ …

    တခါတလေများ ဒင်းတို့လည်းပြည်သူတွေနဲ့ တသားတည်းဖီလင်မျိုးရအောင် … ကားပိတ်တဲ့ ဒဏ်လေးဘာလေး .. မြည်းစမ်းကြည့်စေချင်ပါစေရဲ့တော် … :eee:

  • ကြက်အူလှည့်

    June 3, 2013 at 1:17 pm

    ဖွတ်တီးကတ်ပျောသလို ဝင်ဒါမီယာ ကို ဗဟိုပြုပီး မက်ထရိုဖောက်လိုက်ရင် ဒီပြဿနာဟာ အသေးအဖွား ဖြစ်သွားမှာပါကွီ…
    ကွိကွိ..

    :harr:

  • TNA

    June 3, 2013 at 5:19 pm

    ဟိုနေ့ကဆို ဟံသာဝတီအဝိုင်းမှာပါ အဝိုင်းပါတ်ယာဉ်တွေကို တားထားဒါ။ သောက်ကျိုးနဲ့ပိတ်လိုက်တဲ့ ကား။ ဆွေမျိုးမေ့ကရောပဲ။ အဝိုင်းမှာ ကားတွေကိုပြင်လိုက်ကြီး။ တဖက်ပဲတောက်လျှောက်ဖွင့်ထားတယ်။ တကယ်ဆင်းရိုက်ပစ်ချင်တာ။

  • အလင်း ဆက်

    June 3, 2013 at 5:28 pm

    အန်တီ သဲ ရေ

    အက်ဒိ ဒဏ်တွေ ကို ဘယ်အချိန်ထိများ ဆက် ခံနေရ အုံးမလဲ နော်

    =============
    ကိုဂီ ရေ

    အက်သလိုဆို အဆင်ပြေ နိုင်လားး
    ဟိဟိ

  • Shwe Ei

    June 3, 2013 at 5:39 pm

    ဒီမနက်ကားပိတ်တဲ့ကိတ်စတော့ မခံစားနိုင်လွန်းလို့ ပျောလိုက်အူးမယ်။

    ရွှေတောင်ကြားက မူကြို နဲ့ မူလွန် ယှဉ်ဖွင့်ထားတဲ့နေရာတော်…

    ကျောင်းပို့တဲ့ ကားက ကျောင်းဆင်းချိန်ထိ လမ်းပိတ်ရပ်သတဲ့….နေရာယူပုံကိုလဲ ကျိအုံး..

    အတက်တစီး အဆင်းတစီး မနဲရှောင်နေရတဲ့ မြရိပ်ညိုဘက်အထွက် လမ်းကြားလေးမှာ ကျကျနန ကားရပ်ပီး နေရာယူသတဲ့။ ဖစ်ပုံ :gee:

    အခြား အခြားသော ကျောင်းဖယ်ရီ အိမ်ဖယ်ရီ အစုံပလုံကလဲ Ginki Kids ရှေ့မှာ ဘယ်တခြမ်း ညာတခြမ်း တန်းစီထားလိုက်တာ အပြည့်။

    ပြောချင်တာက မနက်က အိုက်လမ်းက ဖြတ်တော့ ရုံးကိုရောက်ခါနီးလေး ကပ်ပြီး နာရီဝက် စောင့်လိုက်ရတယ်လို့ :byae:

  • အလင်း ဆက်

    June 3, 2013 at 6:08 pm

    အက်သလို တွေ မ ရွှေ အိ ရဲ ့
    တို ့မြို့ကြီး ဖြစ်နေ ပုံက

  • Ma Ma

    June 3, 2013 at 6:47 pm

    အဲဒီလို စည်းမရှိ ကမ်းမရှိ လုပ်ချင်သလို လုပ်နေကတာတွေ ပပျောက်အောင်…

    စည်းမဲ့ကမ်းမဲ့လုပ်ရပ်တွေတွေ့ရင် ပြည်သူပြည်သားတွေက (အမှန်အကန်) ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး ပေးပို့ရင် အစိုးရအနေနဲ့ အရေးယူတာမျိုး လုပ်သင့်တယ်။

    ဒါဆိုရင် စောင့်ကြည့်နေကြတဲ့ မျက်လုံးတွေ အများကြီး ဖြစ်သွားပြီး စည်းကမ်းမဲ့လုပ်ရပ်တွေကို အများကြီး ထိန်းချုပ်နိုင်သွားလိမ့်မယ် ထင်ပါတယ်။

    ခုခေတ်ကြီးမှာ ဖုံးကိုင်နိုင်တဲ့လူက အများစု ဖြစ်သွားသလို ဖုံးဟန်းဆက်တိုင်းကလည်း ကင်မရာပါနေတယ်။

    ဒါ့ကြောင့် ဘယ်သူမဆို လွယ်လင့်တကူ ဓာတ်ပုံရိုက်နိုင်တော့ မှတ်တမ်း အခိုင်အမာရဖို့ မခဲယဉ်းနိုင်တော့ဘူး။

    အဲဒီအားသာချက်ကို အသုံးချပြီး လူ့အသိုင်းအဝိုင်းစည်းကမ်းရှိအောင် တိုးတက်အောင် လုပ်နိုင်ရင်ကောင်းမယ်။ :hee:

  • အလင်း ဆက်

    June 4, 2013 at 11:01 am

    စည်းမဲ့ကမ်းမဲ့လုပ်ရပ်တွေတွေ့ရင် ပြည်သူပြည်သားတွေက (အမှန်အကန်) ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး ပေးပို့ရင် ………………………
    အစိုးရအနေနဲ့ အရေးယူတာမျိုး လုပ်သင့်တယ်။

    ===========
    ဟုတ်ပါတယ် ။ အန်တီ မမ ရေ.. ။
    အက်သလို လုပ်ကြရမှာ.. ။
    ———————-

    • kai

      June 4, 2013 at 2:51 pm

      အခုထိတော့.. ယူအက်စ်လာသမျှကြီးတကာ့ကြီးတွေကို.. မန်းဂဇက်ဝက်ဘ်ဆိုက်အကြောင်းပြောပြောပြီး..နေတယ်..
      ဟုတ်တယ်နော..သမ္မတကြီး… :kwi:

      နောက်ပြီးတကယ်ပြောတာမဟုတ်ဖူးဆိုတာ.. ဟုတ်ပါတယ်..

      • အရီးခင်လတ်

        June 4, 2013 at 3:22 pm

        သမ္မတကြီး ????
        အိုဘားမား က မြန်မာလိုလဲ ဖတ်တတ်တယ်လား????
        တော်သဟေ့။

  • အရီးခင်လတ်

    June 4, 2013 at 3:18 pm

    ကန့်လန့် လုပ်ပြီး ပြန်ဝင်ဦးမယ်။
    အခုမနက်ဘဲ တွေ့ခဲ့တာလေး။
    ကျောင်းချိန်၊ ရုံးချိန် ကားကြပ် နေတဲ့ ချိန်၊ ဒီက လမ်းတွေ (အမြန်လမ်း ကလွဲလို့) က မြန်မာပြည် နဲ့ ယှဉ်ရင် အရမ်းကျဉ်း တယ်။
    Ambulance တစ်စီး လမ်းတောင်းပြီး လာတယ်။
    တကယ်က ဘယ်လိုမှရွှေ့ မရတဲ့ အခြေအနေ။
    နောက်ဆုံး ကားတွေ က ကိုယ့် ကားဘီး တွေ အနာခံပြီး ဘေး ပလက်ဖောင်း ပေါ် ကို ထိုးတက် ပေးလိုက် ကြတယ်။
    လမ်းဖယ်ပေးဖို့ ကို ဘာလမ်းကြောင်းမှ လာ ရှင်းပေးဖို့ မလို။
    ကိုယ့် အသိ စိတ်နဲ့၊ ကူညီဖို့ စိတ် ကို ရှေ့ထားပေးတဲ့ အလေ့အကျင့် က အလိုလို ဖြစ်နေပြီ။

    တို့ နိုင်ငံ မှာ လဲ ဒီလို မျိုး အကျင့် တစ်ဦးချင်းက စလို့ စ ပြီး လုပ် သင့် နေပြီ။
    (မြေးတော်လေးတို့လို လူမျိုးတွေလဲ အခွင့်ထူးခံဖို့ မဟုတ်တာ သတိပြု ၊ တကဲ့ အရေးကြီး သူ နဲ့ အခြေအနေ တွေ အတွက်)
    တစ်ခါ ဓာတ်ပုံ တွေ့လိုက်တယ်။
    မီးသတ်ကား ကိုတောင် လမ်းဖယ် မပေးဘဲ ကိုယ်နဲ့ မဆိုင် သလို နေနေ ကြတဲ့ ကားတွေ။
    🙄

  • အလင်း ဆက်

    June 4, 2013 at 3:58 pm

    ကျနော်တော့… မီးပွှိုင့်တွေမှာ..မကြာခနတွေ့တတ်တာက…
    အရေးပေါ်လူနာတင်ကား တို ့.. ဘာတို ့ အသ့ တညံညံနဲ ့ လာနေရင်.လည်း..မီး ပွို င့် က ..ပံမှန်ပါပဲ ။
    တလောကဆို လှည်းတန်း ( တံတားကြိးမပီးခင် က ) လမ်းဆုံမှာ.ပိတ်ကြပ်နေတဲ ့ ကားတန်းကြီးအနောက်ဆုံးမှာ…
    လူနာတင်ယာဉ်တစ်စီး… အသံတညံညံပေးပြီး…လမ်းတောင်းနေတာ ။ဘယ်ကားကမှ လည်း.. ဖယ်ဖပးလို့မရ ။ ပွိုင့်ကလည်းးးတော်တော်နဲ ့ လွတ်ဖို ့ လမ်းမမြင်… ။
    နောက်ဆု့းတော့.. လူနာတင်ယာဉ် က.. မတတ်နိုင်တဲ့အဆုံးမှာ..
    မျက်နှာချင်းဆိုင် ယာဉ်ကြောကနေ..မိုက်ကြေးခွဲ မောင်းချသွားတာ… ။
    မျက်နှာချင်းဆိုင်က လာနေတဲ ့ ကားတွေ အားလုံးက..အက်ဒိ ..လူနာတင်ယာဉ်ကြီး.တည်းတည့်ကနေ.
    ဝင်ချ လာတော့မှ ဘေးကို အမြန်ကပ်ကြတာပေါ့ ။
    အက်ဒီလို မောင်းချသွားတာ..အန္တရယ် များတယ် ။
    ဒါပေမယ့်..အထဲမှာ.. လူနာက ဘယ်လောက်များအရေးကြီးနေလဲမှ မသိတာနော် ။
    ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ နဲ ့ တိုုက်ခို်ကမှု အန္တရယ်ကို မကြောက် မရွ ံ့ ချိုးဖောက်သွားရဲမှ…
    အသက်တစ်ချောင်း ကယ်တင်နိုင်မယ် ။
    ဒီနိုင်ငံမှာ….။

    အဲဒီလို အခြေအနေမျိုးမှာ…
    လမ်းရှင်းပေးမယ့် လူ မရှိဘူး ။
    :buu:

    ဟိုလမ်းကြောင်းတွေ လာရင်တော့….
    လေးဘက် လေးတန် က ကားတွေ အကုန်ရပ်ပေးထားရတဲ ့အထိ…….
    :buu:

Leave a Reply