“ဆုတောင်းလေးလည်း ပြည့်စေချင်´´

 

သံသာချိုအေး ခေါင်းလောင်းထိုးတော့

ကလေးတွေလည်း ကျောင်းတက်မယ်၊

မင်္ဂလာပါ ဆရာမလို့

လက်ကလေးပိုက်ခါ နုတ်ဆက်တယ်၊

ဆရာမလည်း အပြုံးလေးနဲ့

မင်္ဂလာပါ တပည့်တို့တဲ့နုတ်ဆက်ကွယ်၊

စာသင်နှစ်လေး စကာပေးလို့

ကြိုးစားကြကွယ် ကလေးတို့ရယ်၊

ဆရာမတွေလည်း စေတနာထားလို့

သင်ပေးကြပါ ပြောချင်တယ်၊

တစ်နှစ်တစ်တန်း မှန်မှန်အောင်တော့

မိဘတွေလည်း ကျေနပ်ဖွယ်၊

ဂုဏ်ထူးတွေလည်း စီကာထွက်တော့

ပျော်ကြရွှင်ကြ ဖြစ်ကြမယ်၊

ဒီလိုအတွေး ဒီလိုရေးတာ

တကယ်ဖြစ်စေ ဆုတောင်းတယ်

ပြည့်ကွယ် ပြည့်ကွယ်။   ။

 

( ၂၀၁၃ ခုနှစ် ဇွန်လ ၃ ရက်နေ့ ကျောင်းဖွင့်ရက်ကို ကြိုဆိုသောအားဖြင့် ရေးပါသည်။)

 

ငြိမ်းမောင်

2013 June 1

About ကို ငြိမ်းမောင်

ကို ငြိမ်းမောင် has written 6 post in this Website..